





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အရ်ဖဂျဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့၏ကိစ္စအဝဝသည် ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် တညီတညွတ်တည်းရှိနေသည့်အခါတွင် တစ်ဦးတစ်ယောက်က အသင်တို့၏ စုစည်းညီညွတ်မှုအား ပြိုကွဲစေရန်နှင့် အသင်တို့၏အုပ်စုအား အကွဲကွဲအပြားပြားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပါက သင်တို့သည် ၎င်းသူအား သတ်ဖြတ်ကြလေကုန်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တို့သည် အုပ်ချုပ်သူ ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် အုပ်စုတစ်စုတည်းအဖြစ် စုစည်းညီညွတ်သွားပြီးနောက် ထိုခေါင်းဆောင်၏ အာဏာကိုလုယူမည့်သူ သို့မဟုတ် မွတ်စ်လင်မ်တို့အား အုပ်စုများကွဲသွားအောင် ခွဲထုတ်လိုသူတစ်ဦး ရောက်ရှိလာပါက ၎င်း၏ရန်မှကာကွယ်ရန်နှင့် မွတ်စ်လင်မ်တို့၏ အသက်သွေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသူအား တိုက်ခိုက်ကာ တားဆီးရမည်ဖြစ်သည်။
အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြီးမားဆုံးဂျိဟာဒ်(သက် စွန့်ကြိုးပမ်းအားထုတ်မှု)တစ်ခုမှာ မတရားသော အုပ်စိုးသူဘုရင်ထံ မှန်ကန်တရားမျှတသောစကားကို ပြောဆိုခြင်းဖြစ်သည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဂျိဟာဒ်ပြုခြင်း၏ အကြီးမြတ်ဆုံးနှင့် အကျိုးအများဆုံးသော အမျိုးအစားမှာ မတရားသော အုပ်စိုးသူအား တရားမျှတမှုနှင့် အမှန်တရားအတွက် ပြောဆိုခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းသောအမှုမှ တားမြစ်ခြင်း၏ ကြီးကျယ်သည့် အထိမ်းအမှတ် (လုပ်ရပ်)ကို လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် အကျိုး ကျေးဇူးရရှိနိုင်ကာ မကောင်းမှုဒဏ်(ဆုပ်ယုတ်ပျက်စီးခြင်း)မှ ကာကွယ်လွတ်မြောက်နိုင်သည်။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မကြာမီ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသင်တို့မနှစ်မြို့သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ သာဝကတော်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ကျေပွန်ရမည့်ဝတ္တရားများကို ကျေပွန်ကြကုန်။ အသင်တို့ ရရှိမည့်အရာများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံကြကုန်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တို့၏ဥစ္စာပစ္စည်းများနှင့် အခြားလောကီရေးကိစ္စများတွင် မိမိတို့ကောင်းစားရေးကို ရှေ့တန်းတင်ကြသည့် အာဏာပိုင်းများ မကြာမီ မွတ်စ်လင်မ်တို့အား အုပ်ချုပ်လာကြမည်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့စိတ်ကြိုက်သုံးစွဲကြပြီး ထိုဥစ္စာပစ္စည်းများနှင့် ပတ်သက်၍ အများမွတ်စ်လင်မ်တို့၏ ရပိုင်ခွင့်ကို ပိတ်ပင်တားဆီးကြမည်ဖြစ်သည်။ ထို့အတူ သာသနာ့ရေးအရ မနှစ်မြို့ဖွယ်ရာများ ၎င်းတို့တွင် ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်) များက ထိုအခြေအနေမျိုး၌ မည်သို့ပြုလုပ်ရမည်ကို မေးမြန်းခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ဥစ္စာပစ္စည်းများနှင့်ပတ်သက်၍ ၎င်းတို့၏တစ်ကိုယ်ကောင်းဆန်မှုသည် ယင်းအာဏာပိုင်များ၏ အမိန့်ကိုနာခံရန် တာဝန်ရှိသည့် အချက်ကို အဟန့်အတားမဖြစ်ပါစေနှင့်။ ထို့ပြင် အသင်တို့သည်းခံကြပါ၊ နာခံကြပါ၊ အမိန့်အာဏာနှင့်ပတ်သက်၍ ၎င်းတို့အား အငြင်းမပွားကြနှင့်၊ အသင်တို့၏အခွင့်အရေးများကို အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ တောင်းခံကြပါ။ ၎င်းအပြင် ထိုအာဏာပိုင်များအား ပြုပြင်ပေးရန်နှင့် ၎င်းတို့၏ဆိုးကျိုးများ၊ မတရားမှုများမှ ဖယ်ရှားရန် အရှင်မြတ်ထံတောင်းခံကြပါ။
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်။ သင်္ဘောအောက်ထပ်တွင်ရှိနေသူများသည် ရေသောက်ချင်သောအခါ အပေါ်ထပ်၌ရှိနေသူများ၏ အနားမှ ဖြတ်သန်းသွားကြရသည်။ ထိုအခါ အောက်ထပ်တွင်ရှိနေသူများက အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့ရသည့် ဝေစုထဲ၌ အပေါက်တစ်ပေါက်ဖောက်လိုက်လျှင် အပေါ်ထပ်တွင်ရှိနေသူတို့အား ဒုက္ခပေးရာရောက်မည်မဟုတ်ဟု ပြောဆိုကြသည်။ အကယ်၍ အပေါ်ထပ်၌ရှိနေသူများသည် အောက်ထပ်ရှိသူတို့အား သူတို့ကြံရွယ်ထားသည့်အတိုင်း လွှတ်ပေးထားပါက ၎င်းတို့အားလုံးသေကြေပျက်စီးသွားကြမည်ဖြစ်သည်။ အကယ်၍ အပေါ်ထပ်တွင်ရှိနေသူတို့သည် အောက်ထပ်တွင်ရှိနေသူများအား တားဆီးလိုက်ပါက (တားဆီးခဲ့သော) သူများလွတ်မြောက်သွားကြမည်ဖြစ်ပြီး (စီးနင်းသူများ) အားလုံးလည်း လွတ်မြောက်သွားကြမည်ဖြစ်သည်။
رواه البخاريအလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီးအရှင်မြတ်၏သာသနာအပေါ် မြဲမြံစွာနေသူများ၊ ကောင်းရာညွှန်ကြားပြီး မကောင်းရာမှတားမြစ်သူများနှင့် အရှင်မြတ်၏တရားတော်ကို ချိုးဖောက်ပြီး ပြစ်မှုဒုစရိုက်၌ ကျရောက်သွားသူများ၊ ကောင်းရာညွှန်ကြားခြင်းကို စွန့်လွှတ်ပြီး လူ့အဖွဲ့အစည်း၏ အောင် မြင်မှုကိုပါ ထိခိုက်စေသည့် မကောင်းမှုများကို ကျူးလွန်ကြသူများသည် သင်္ဘောတစ်စင်းအား စီးနင်းခဲ့ကြသောလူတစ်စုနှင့်တူကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ထိုလူစုသည် မည်သူက သင်္ဘောအပေါ်ထပ်တွင်ထိုင်ရမည်၊ မည်သူက အောက်ထပ်တွင်ထိုင်ရမည်ကို မဲနှိုက်ဆုံးဖြတ်ခဲ့ကြရာ အချို့သည် အပေါ်ထပ်တွင်မဲပေါက်ပြီး အချို့က အောက်ထပ်တွင် မဲပေါက်သွားသည်။ အောက်ထပ်တွင်ရှိသူများသည် ရေယူလိုသောအခါ အပေါ်ထပ်ရှိသူများ၏အနားမှ ဖြတ်သွားရသည်။ ထို့ကြောင့် အောက်ထပ်တွင်ရှိနေသူများက ကျွန်ုပ်တို့သည် အပေါ်ထပ်တွင်ရှိနေသူများကို ဒုက္ခမပေးလို၍ မိမိတို့ရှိကြသည့် အောက်ထပ်၌ပင် အပေါက်ဖောက်၍ ရေယူကြလျှင် ပိုကောင်းမည်ဟု ပြောဆိုကြသည်။ အကယ်၍ အပေါ်ထပ်၌ရှိသောသူများသည် အောက်ထပ်ရှိသူတို့၏ ထိုလုပ်ရပ်ကို လျစ်လျှူရှုထားပါက ၎င်းတို့အားလုံးနှင့် သင်္ဘောပါနစ်မြုပ်သွားကြမည်ဖြစ်သည်။ အကယ်၍ အပေါ်ထပ်တွင်ရှိနေသူတို့သည် အောက်ထပ်တွင်ရှိနေသူများအား တားဆီးလိုက်ပါက နှစ်ဖွဲ့စလုံးလွတ်မြောက်သွားကြမည်ဖြစ်သည်။
အဗူဘကရ်ဆွဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ပြောကြားခဲ့သည်- အို-လူအပေါင်းတို့... အသင်တို့သည် ဤအာယသ်တော်ကို ဖတ်ရွတ်ကြ၏- "အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ် ပို့ချ ညွှန်ကြား ပြသပြီးနောက်) အသင်တို့ ကိုယ်ကို အသင်တို့ (ထိန်းသိမ်း စောင့်ရှောက်ရန်) အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ပေ။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ဤသို့ မိန့်ကြားသည်ကို ကြားခဲ့၏- “ စင်စစ် လူတို့သည် မတရားပြုကျင့်သူကို တွေ့မြင်ကြသော်လည်း သူ့ကို (မတရားမှုမှ) မတားမြစ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးအပေါ် ပြစ်ဒဏ်ချမှတ်တော်မူရန် အလွန်နီးကပ်နေပြီဖြစ်သည်။
رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمدအဗူဘကရ်ဆွဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု) အသိပေးတင်ပြခဲ့သည်- လူတို့သည် ဤအာယသ်တော်ကို ဖတ်ရွတ်ကြ၏- “ အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ် ပို့ချ ညွှန်ကြား ပြသပြီးနောက်) အသင်တို့ ကိုယ်ကို အသင်တို့ (ထိန်းသိမ်း စောင့်ရှောက်ရန်) အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ပေ။" (စူရဟ်မာအိဒဟ် - ၁၀၅ )။ သို့ရာတွင် ၎င်းတို့သည် ဤအာယသ်တော်မှ လူသားတစ်ဦးအပေါ်၌ မိမိကိုယ်ကို ပြုပြင်ရန်သာ တာဝန်ရှိပြီး၊ အခြားသူတစ်ဦးဦး လမ်းမှားရောက်ခြင်းသည် မိမိအား အကျိုးယုတ် နစ်နာစေနိုင်မည် မဟုတ်ဟု (မှားယွင်းစွာ) နားလည်သဘောပေါက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ကောင်းမှုကို ညွှန်ကြားခြင်း (အမ်ရ်ဘိလ်မအ်ရူဖ်) နှင့် မကောင်းမှုမှ တားမြစ်ခြင်း (နဟီအနိလ်မွန်ကရ်) ကိုပြုလုပ်ရန်တာဝန်မရှိဟုလည်း ထင်မှတ်ကြသည်။ ထို့ကြောင့် အဗူဘကရ်( ရဿွိယလ္လာဟု အန်ဟု ) ထိုသို့မဟုတ်ကြောင်း ၎င်းတို့အား သိစေခဲ့သည်။ ထို့ပြင် အဗူဘကရ်( ရဿွိယလ္လာဟု အန်ဟု )က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဧကန်အမှန် လူတို့သည် မတရားသူကို မြင်လျက်၊ သူ့ကို တားဆီးနိုင်စွမ်းရှိပါလျက် သူ၏မတရားမှုမှ မတားဆီးကြပါက၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို မိမိထံတော်မှ ပြစ်ဒဏ်ချမှတ်ရန် အလွန်နီးကပ်နေပြီဖြစ်သည်။ (ထိုပြစ်ဒဏ်သည်) မကောင်းမှုကို ပြုလုပ်သူအတွက်သာမက (မြင်လျက်နှင့် မတားဆီးဘဲ) ဆိတ်ဆိတ်နေသူအတွက်ပါ သက်ရောက်လိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်ကို ကြားသိခဲ့ရကြောင်း ၎င်းတို့အား ပြောကြားခဲ့သည်။
ဝါအိလ် အလ်ဟဿ်ွရမီ ကဆင့်ပြန်ခဲ့သည်။ စလမဟ် ဗင်န် ယဇီးဒ် ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လ လ္လာဟု အလိုင်ဟိဋစလ္လမ် ) အား ဤသို့လျှောက်ထား မေးမြန်းခဲ့သည်။ အို- လ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်၊ အကယ်၍ ကျွန်ုပ်တို့အပေါ်၌ သူတို့၏ အခွင့်အရေးကိုတော့ တောင်းဆိုပြီး ကျွန်ုပ်တို့၏ အခွင့်အရေးကိုမူ ကျွန်ုပ်တို့အား မပေးသော အုပ်ချုပ်သူများ စိုးမိုးလာခဲ့လျှင်၊ ထိုကိစ္စနှင့်ပတ်သက်၍ ကိုယ်တော်သည် ကျွန်ုပ်တို့အား မည်သို့အမိန့်ပေးတော်မူမည်နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုသူထံမှ မျက်နှာလွှဲတော်မူခဲ့သည်။ ထို့နောက် ထိုသူက ထပ်မံမေးမြန်းပြန်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထပ်မံမျက်နှာလွှဲတော်မူခဲ့သည်။ ထို့နောက် ဒုတိယအကြိမ် (သို့မဟုတ်) တတိယအကြိမ်တွင် ထိုသူက ထပ်မံမေးမြန်းပြန်ရာ အရှ်အတ်စ် ဗင်န် ကိုင်စ်က ထိုသူကို ဆွဲယူ(တားမြစ်)ခဲ့သည်။ (ထိုအခါ) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သင်တို့သည် (အုပ်ချုပ်သူတို့၏ စကားကို) နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်စင်စစ် ၎င်းတို့အပေါ်၌ ၎င်းတို့အားတာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိပြီး၊ သင်တို့အပေါ်၌လည်း သင်တို့အား တာဝန်ပေးအပ်ခြင်းခံရသော တာဝန်ဝတ္တရားများ ရှိကြသည်”ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ် (ဆွ) သည် ဤသို့လျှောက်ထားမေးမြန်းခံခဲ့ရသည် - လူများထံမှ အမိန့်နာခံမှုနှင့် လိုက်နာမှုစသည့် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုကြသော်လည်း၊ တရားတရားမျှတစွာ စီရင်ခြင်း၊ စစ်သုံ့ပန်းပစ္စည်းများ ခွဲဝေပေးခြင်း၊ မတရားမှုများကို ဖယ်ရှားပေးခြင်း၊ မျှတမှုရှိခြင်းစသည့် သူတို့အပေါ်တွင် တာဝန်ရှိသည့် အခွင့်အရေးများကိုမူ ငြင်းပယ်ကြသည့် အုပ်ချုပ်သူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ပြုလုပ်ရန် ကိုယ်တော် အမိန့်ပေးပါမည်နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုသူ့ထံမှ မျက်နှာလွှဲတော်မူခဲ့သည်။ကိုယ်တော်သည် ဤမေးခွန်းမျိုးကို မနှစ်သက်ဟန်ရှိခဲ့သည်။ သို့ရာတွင် မေးမြန်းသူက ဒုတိယနှင့် တတိယအကြိမ် ထပ်မံမေးမြန်းပြန်ရာ အရှ်အတ်စ် ဗင်န် ကိုင်စ် (ရဿွိယလ္လာဟု အန်ဟု) က ထိုသူကို ဆွဲယူပြီး နှုတ်ဆိတ်စေခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ဖြေကြား မိန့်ဆိုတော်မူခဲ့သည် - သင်တို့သည် ၎င်းတို့၏ စကားကို နားထောင်ကြလော့၊ ၎င်းတို့၏ အမိန့်ကို လိုက်နာကြလော့။ ဧကန်အမှန်ပင် ၎င်းတို့အပေါ်၌ ၎င်းတို့ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရသည့် တရားမျှတမှု၊ တိုင်းသူပြည်သားတို့၏ အခွင့်အရေးများကို ပေးအပ်ခြင်းစသည့် တာဝန်ဝတ္တရားများ ရှိ၏။ ထိုနည်းတူစွာ သင်တို့အပေါ်၌လည်း သင်တို့ထမ်းဆောင်ရန် တာဝန်ပေးခြင်းခံထားရသည့် အမိန့်နာခံခြင်း၊ အခွင့်အရေးများကို ပေးဆောင်ခြင်းနှင့် ဘေးဒုက္ခများကို သည်းခံခြင်းစသည့် တာဝန်ဝတ္တရားများ ရှိ၏။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ စင်စစ်သာသနာသည် လွယ်ကူပေသည်။ တစ်ဦးတစ်ယောက်သည် သာသနာအား(လုပ်နိုင်သည်ထက်ပို၍လုပ်ပြီး) ခက်ခဲအောင်ပြုလုပ်ပါက သာသာနာသည် သူ့ကိုလွှမ်းမိုးသွားပေမည်။ (ဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။) ထို့ကြောင့် အသင်တို့သည် (ကျင့်ဆောင်ရာ၌လွန်ကျူးမှုနှင့်ပေါ့လျော့မှုမရှိဘဲ) အလယ်အလက်ကို ကျင့်ဆောင်ကြပါ။ အသင်တို့သည် (ခဝပ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက) အနီးစပ်ဆုံးကို ကျင့်ဆောင်ကြပါ။ ထို့ပြင်(တတ်စွမ်းနိုင်သည့်အတိုင်းအတာကို စွဲမြဲစွာကျင့်ဆောင်ခြင်းဖြင့်လည်း ကုသိုလ်အပြည့်ရမည်ဖြစ်ကြောင်း) ပျော်ရွှင်ဖွယ်သတင်းကောင်းရယူလိုက်ပါ။ ထို့ပြင် မနက်ခင်း၊ ညနေခင်းနှင့် ည၏နောက်ဆုံးပိုင်းအချိန်မှ အချိန်တစ်ချိန်၌(အိဗာဒသ် ပြုလုပ်ပြီး) အကူအညီရယူကြပါ။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းတင်ပြတော်မူသည်မှာ စင်စစ် အစ္စလာမ်သာသနာတော်၏အရေးကိစ္စအားလုံးသည် လွယ်ကူမှုကို အခြေခံထားသည်။ မတတ်စွမ်းနိုင်သည့်အခါမျိုးနှင့်လိုအပ်ချက်ရှိလာသည့်အခါမျိုးတွင် ပို၍လွယ်ကူမှုပေးထားသည်။ သာသနာ့အလုပ်ထဲ၌နစ်မြုပ်နေခြင်း၊ နူးညံ့မှုကိုစွန့်ပယ်ခြင်းတို့၏နောက်ဆုံးရလဒ်မှာ ဆက်မလုပ်နိုင်တော့ခြင်း၊ သာသနာ့အလုပ်၏တစ်စိတ်တစ်ဒေသမှဖြစ်စေ၊သို့မဟုတ် အားလုံးမှဖြစ်စေ ပြတ်တောက်သွားခြင်းတို့ဖြစ်သည်။ တဖန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လွန်ကျူးမှုမရှိဘဲ အလယ်အလတ်ကိုသာကျင့်သုံးရန် တိုက်တွန်းထားသည်။ ထို့ကြောင့် လူသားသည်အလ္လာဟ်အရှင်မြတ်က အမိန့်ပေးထားသည့်အရာ၌ပေါ့လျော့မှုမရှိစေရ။ မနိုင်သည့်ဝန်ကိုလည်း မထမ်းရ။ ခဝပ်ကိုးကွယ်မှု၌အပြည်ဝဆုံးကို ပြုကျင့်နိုင်ရန် မတတ်စွမ်းနိုင်ပါက အနီးစပ်ဆုံးကို ကျင့်ဆောင်ရမည်။ ၎င်းနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အပြည့်ဝဆုံးကို ပြုကျင့်ရန်မတတ်စွမ်းနိုင်သူဖြစ်ပါက နည်းပါးသော်လည်း စွဲမြဲစွာပြုကျင့်သော ကောင်းမှုအား ကြီးကျယ်လှသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးထားပေသည်။ ဤသည် မတတ်စွမ်းနိုင်ခြင်းကို မိမိကိုယ်တိုင်လုပ်ယူထားခြင်းမဟုတ်ပါက မိမိရရှိမည့်ကုသိုလ်မှ ကုသိုလ်လျော့နည်းသွားမည် မဟုတ်ဘဲအပြည့်အဝသာရရှိပေမည်။ လောကီ၏စစ်မှန်သည့်သဘောတရားမှာ အာခိရသ်နောင်တမလွန်ဘဝဘက်သို့ကူးပြောင်းရန် အစီးအနင်းနှင့် ခရီးသည်တို့၏ယာယီဌာနဖြစ်ပေသည်။ ထို့ကြောင့် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တက်ကြွလန်းဆန်းသောအချိန်သုံးချိန်၌အိဗာဒသ်အရှင်မြတ်အားခဝပ်ကိုးကွယ်မှုကို စွဲမြဲစွာပြုကျင့်ခြင်းဖြင့် အရှင်မြတ်ထံအကူညီတောင်းခံရန် အမိန့်ပေးထားသည်။ အချိန်သုံးချိန်မှာ - ၁။ မနက်ခင်းအချိန်။ ။ဖဂ်ျရ်အချိန်မှနေထွက်ချိန်ထိ ၂။ ညနေခင်း။ ။နေမွန်းတည့်ပြီးချိန် ၃။ ည၏နောက်ဆုံးပိုင်းအချိန်။ ။ညတစ်ညလုံးဖြစ်စေ သို့မဟုတ် ည၏အချို့သောအချိန်။ နေ့ပိုင်း၌အိဗာဒသ်ပြုလုပ်ခြင်းထက် ညပိုင်းတွင်အိဗာဒသ်ပြုလုပ်ခြင်းသည် ပို၍ခက်ခဲသောကြောင့် ကိုယ်တော်မြတ်က ည၏နောက်ဆုံးပိုင်းအချိန်မှ အချိန်တစ်ချိန်၌အိဗာဒသ်ပြုရန်အမိန့်ပေးခဲ့သည်။
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ဧကန်စင်စစ်၊ များမကြာမီပင် မုသားပြောဆိုကြမည့်၊ ဖိနှိပ်ညှဉ်းပန်းကြမည့် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာလိမ့်မည်။ သို့ဖြစ်ပေရာ၊ မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံပြီး သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင် ကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်တော် လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ထို့ပြင် ထိုသူသည် (ကိယာမသ်နေ့တွင်) ငါကိုယ်တော် ၏ (ကောင်စရ်) ရေကန်တော်သို့လည်း လာရောက်ခွင့်ရမည် မဟုတ်ပေ။ ထို့ပြင် မည်သူမဆို သူတို့၏ မုသားပြောဆိုမှုကို မထောက်ခံဘဲ၊ သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင်လည်း မကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် သက်ဆိုင်သလို၊ ငါကိုယ်တော်လည်း ထိုသူနှင့်သက်ဆိုင်သည်။ ထို့ပြင် ထိုသူသည် ငါကိုယ်တော် ၏ (ကောင်စရ်) ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။"
رواه أحمدတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏ နောက်တွင် အုပ်ချုပ်သူခေါင်းဆောင်များ ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသူတို့သည် စကားပြောသောအခါ မုသားပြောကြလိမ့်မည်။ မိမိတို့ ကိုယ်တိုင်မလုပ်ဆောင်သည့်အရာများကို ပြောဆိုကြလိမ့်မည်။ တရားစီရင်ဆုံးဖြတ်ရာတွင်လည်း မတရားသဖြင့် စီရင်ကြမည်။ ထို့ကြောင့် မည်သူမဆို ထိုသူတို့ထံဝင်ရောက်၍ သူတို့၏ မုသားပြောဆိုမှုကို ထောက်ခံအားပေးသည်၊ သို့မဟုတ် သူတို့ကို မတရားလုပ်ရပ် သို့မဟုတ် အပြောအဆိုဖြင့် ကူညီသည်၊ ဥပမာ-သူတို့နှင့် နီးကပ်မှုရရန် သို့မဟုတ် သူတို့ထံမှ တစ်စုံတစ်ရာရရှိရန်မျှော်ကိုး၍ သူတို့အတွက် ဖသ်ဝါဓမ္မသတ်ထုတ်ပြန်ပေးခြင်းတို့ ပြုလုပ်ပါက၊ ငါကိုယ်တော်သည် ထိုသူနှင့် ကင်းရှင်းတော်မူ၏။ ထို့ပြင် ထိုသူသည် ငါကိုယ်တော်နှင့် မသက်ဆိုင်တော့ပေ၊ ငါကိုယ်တော်လည်း ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ထိုသူသည် ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ကောင်စရ်ရေကန်တော်သို့လည်း လာရောက်ခွင့်ရမည် မဟုတ်ပေ။ ထို့ပြင် မည်သူမဆို ထိုသူတို့ထံ မဝင်ရောက်၊ သူတို့၏ မုသားပြောဆိုမှုကို မထောက်ခံ၊ သူတို့၏ ဖိနှိပ်ညှဉ်းပန်းမှုတွင်လည်း မကူညီပါက၊ ထိုသူသည် ငါကိုယ်တော်နှင့် သက်ဆိုင်သလို၊ ငါကိုယ်တော်လည်း ထိုသူနှင့်သက်ဆိုင်သည်။ ထို့ပြင် ထိုသူသည် ငါကိုယ်တော် ၏ကောင်စရ် ရေကန်တော်သို့ ဧကန်အမှန် လာရောက်ရမည် ဖြစ်သည်။
စုဟိုင်ဘ် (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့ မတိုင်မီ ခေတ်ကာလ၌ ဘုရင်တစ်ပါးရှိခဲ့ပြီး၊ ထိုဘုရင့်ထံတွင် စာဟိရ်( ဂျာဒူမှော်အတတ်ပညာတတ်ကျွမ်းသူ )တစ်ဦးရှိခဲ့သည်။ ထိုမှော်ဆရာသည် အသက်ကြီးလာသောအခါ ဘုရင်အား ‘ကျွန်တော်မျိုးသည် အသက်ကြီးရင့်လာပါပြီ။ သို့ဖြစ်ပါ၍ ဂျာဒူမှော်အတတ်ပညာကို ကျွန်တော်မျိုး သင်ပေးနိုင်ရန် လူငယ်တစ်ဦးကို ကျွန်တော်မျိုးထံ စေလွှတ်တော်မူပါ’ ဟု တင်ပြလေသည်။သို့ရှိရာ ဘုရင်သည် မှော်ပညာသင်ကြားရန် လူငယ်တစ်ဦးကို စေလွှတ်လိုက်လေသည်။ ထိုလူငယ်သွားသော လမ်းတွင် နစွရာနီဘုန်းတော်ကြီး (ရာဟိဘ်) တစ်ပါးရှိ၏။ လူငယ်သည် ထိုဘုန်းတော်ကြီးထံ ထိုင်ကာ သူ၏စကားကို နားထောင်မိ၏။ ထိုစကားများက သူ့အား အလွန်နှစ်သက်စေခဲ့သည်။ ထို့နောက်မှစ၍ မှော်ဆရာထံသို့သွားတိုင်း ဘုန်းတော်ကြီးထံ ခေတ္တဝင်ရောက်၍ ထိုင်လေ့ရှိလာသည်။ ဤသို့ဖြင့် မှော်ဆရာထံ(နောက်ကျမှရောက်သောကြောင့် မှော်ဆရာက သူ့အား ရိုက်နှက်လေ့ရှိသည်။ ထိုအခါ လူငယ်သည် ဤဒုက္ခကို ဘုန်းတော်ကြီးထံ ညည်းငြူတိုင်တန်းရာ ဘုန်းတော်ကြီးက “ အကယ်၍ အသင်သည် မှော်ဆရာကို ကြောက်ရသည့်အခါတွင် ‘မိသားစုက ချုပ်နှောင်ထားသဖြင့်(နှောင့်နှေးကြန့်ကြာစေပါသည်’ )ဟု ပြောလိုက်ပါ။ အကယ်၍ မိသားစုကို ကြောက်ရသည့်အခါတွင် ‘မှော်ဆရာက ချုပ်နှောင်ထားသဖြင့် ( နှောင့်နှေးကြန့်ကြာစေပါသည်’) ဟု ပြောလိုက်ပါ” ဟု အကြံပေးလေသည်။ ဤသို့ရှိနေစဉ် တစ်နေ့တွင် လူအုပ်ကြီးကို ခြောက်လှန့်ပိတ်ဆို့ထားသော ကြီးမားသည့် သတ္တဝါကြီးတစ်ကောင်နှင့် လူငယ်တို့ဆုံမိလေသည်။ ထိုအခါ လူငယ်က ဤသို့ဆို၏- “ယနေ့ပင် မှော်ဆရာနှင့် ဘုန်းတော်ကြီး မည်သူက ပိုမိုမြင့်မြတ်သည်ကို ကျွန်ုပ် သိရတော့မည်”။ ထို့နောက် သူသည် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ “အို-အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဤဘုန်းတော်ကြီး၏ ရပ်တည်ချက်မှာ မှော်ဆရာ၏ ရပ်တည်ချက်ထက် အရှင်မြတ်ထံတွင် ပိုနှစ်သက်မြတ်နိုးဖွယ်ဖြစ်လျှင် လူအများသွားလာနိုင်ရန် အတွက် ဤသတ္တဝါကို အရှင်မြတ် သတ်ပစ်တော်မူပါ' ဟုဆုတောင်းကာ ကျောက်တုံးကို ပစ်လိုက်သည်။ ကျောက်တုံးသည် သတ္တဝါကို ထိမှန်ကာ သေစေလိုက်၏။ လူများလည်း ဆက်လက်သွားလာနိုင်ကြလေသည်။ လူငယ်သည် ဘုန်းတော်ကြီးထံသို့သွားကာ ဖြစ်စဉ်ကို ပြောပြလေသည်။ ထိုအခါ ဘုန်းတော်ကြီးက “ချစ်သား၊ ယနေ့ သင်သည် ကျွန်ုပ်ထက် သာလွန်မြင့်မြတ်သွားပြီ။ သင်၏အဆင့်အတန်းသည် ကျွန်ုပ်မြင်ရသည်ထက် ကျော်လွန်နေပြီ။ သင်သည် စမ်းသပ်ခြင်းကို ခံရတော့မည်။ အကယ်၍ စမ်းသပ်ခံရပါက ကျွန်ုပ်အကြောင်း မည်သူ့ကိုမျှ မဖော်ပြလေနှင့်” ဟု ပြောဆိုလိုက်လေသည်။ ထို့နောက် ထိုလူငယ်သည် မွေးရာပါမျက်စိကန်းသူများနှင့် အနာကြီးရောဂါသည်များကို ကျန်းမာစေနိုင်သည့် စွမ်းရည်ကို ရရှိလာကာ အခြားသော ရောဂါဝေဒနာများကိုလည်း ကုသနိုင်စွမ်းရှိလာလေသည်။ ဘုရင်၏ အပါးတွင် ထိုင်လေ့ရှိသော မျက်စိကန်းနေသူတစ်ဦးသည် ဤသတင်းကို ကြားသိရ၍ လက်ဆောင်ပဏ္ဏာများစွာယူဆောင်ကာ လူငယ်ထံသို့ရောက်လာပြီး “အကယ်၍ သင်သည် ကျွန်ုပ်အား သက်သာပျောက် ကင်းအောင်ပြုလုပ်ပေးပါက ဤလက်ဆောင်အားလုံးသည် သင့်အတွက်ဖြစ်ပါစေ” ဟု ပြောဆိုလေသည်။ ထိုအခါ လူငယ်က “ကျွန်ုပ်သည် မည်သူ့ကိုမျှသက်သာ ပျောက်ကင်းအောင်မပြုနိုင်ပါ။ သက်သာ ပျောက်ကင်း စေသောသူမှာ အလ္လာဟ်အရှင်မြတ်သာလျှင်ဖြစ်ပါသည်။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါက အရှင်မြတ်က သင့်အား သက်သာ ပျောက် ကင်းမှုပေးတော်မူရန် ကျွန်ုပ်ဆုတောင်းပေးမည် ' ဟု ပြောဆိုလေသည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်လိုက်ရာ ကာ အရှင်မြတ်က သူ့အား သက်သာ ပျောက်ကင်း စေတော်မူလိုက်လေသည်။ ထိုသူသည် ဘုရင်ထံသို့ ယခင်ကဲ့သို့ပင် ဝင်ရောက်ခစား ထိုင်နေလေသည်။ ဘုရင်က “မည်သူက သင့်မျက်စိအမြင်ကို ပြန်လည်ပေးသနည်း” ဟု မေးမြန်းရာ သူက “ကျွန်ုပ်၏အရှင်သခင်က ပေးတော်မူပါသည်” ဟု ဖြေကြားလေသည်။ ဘုရင်က “ကျွန်ုပ်မှတစ်ပါး သင့်အတွက် အခြားအရှင်ရှိသေးသလော” ဟု မေးရာ သူက “ကျွန်ုပ်၏ အရှင်နှင့် သင့်ရဲ့အရှင်မှာ အလ္လာဟ်အရှင်မြတ်ပင်ဖြစ်ပါသည်” ဟု ဖြေလေသည်။ ဘုရင်သည် ထိုသူအား ဖမ်းဆီးညှင်းပန်းနှိပ်စက်ကာ နောက်ဆုံးတွင် လူငယ်ကို မည်သို့ရှာဖွေရမည်ကို ညွှန်ပြနိုင်အောင် ပြုလုပ်လိုက်သည်။ လူငယ်အား ဘုရင်ထံသို့ ခေါ်ဆောင်လာကြသည်။ ဘုရင်က “ချစ်သား၊ သင်၏မှော်ပညာသည် မွေးရာပါမျက်စိကန်းသူနှင့် အနာကြီးရောဂါသည်များကို ပျောက်ကင်းစေနိုင်သည့် အဆင့်သို့ရောက်နေပြီလော” ဟု မေးမြန်းရာ လူငယ်က “ကျွန်တော်သည် မည်သူ့ကိုမျှ သက်သာ ပျောက်ကင်းစေနိုင်သည်မဟုတ်ပါ။ သက်သာ ပျောက်ကင်းစေသူမှာ အလ္လာဟ်အရှင်မြတ်သာဖြစ်ပါသည်” ဟု ဖြေကြားလေသည်။ ထိုအခါ ဘုရင်သည် ၎င်းအား ဖမ်းဆီးညှင်းပန်းနှိပ်စက်ပြန်ရာ နောက်ဆုံးတွင် ဘုန်းတော်ကြီးအကြောင်း ဖော်ပြနိုင်အောင် ပြုလုပ်လိုက်သည်။ ဘုန်းတော်ကြီးအား ခေါ်ဆောင်လာကြသည်။ ဘုရင်က “ သင်၏ ( လက်ရှိ ) သာသနာကိုစွန့်လွှတ်ပါ” ဟု ပြောဆိုသော်လည်း ဘုန်းတော်ကြီးက ငြင်းဆန်လိုက်သည်။ ဘုရင်က လွှသွားတစ်ခုကို တောင်းဆိုကာ ဦးခေါင်း၏အလယ်ဗဟိုတွင် ထားစေပြီး ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းစေလိုက်သည်။ ထို့နောက် ဘုရင်၏အနားတွင် ထိုင်လေ့ရှိသူ (ယခင်က မျက်စိကန်းခဲ့သူ) အား ခေါ်ဆောင်လာကာ ၎င်း၏ သာသနာကို စွန့်လွှတ်ရန် ပြောဆိုသော်လည်း ၎င်းကလည်း ငြင်းဆန်လိုက်သဖြင့် ဘုန်းတော်ကြီးအား ပြုလုပ်ခဲ့သည့်နည်းအတိုင်း နှစ်ပိုင်းပိုင်းစေလိုက်ပြန်သည်။ နောက်ဆုံးတွင် လူငယ်အား ခေါ်ဆောင်လာကာ ၎င်း၏သာသနာကို စွန့်လွှတ်ရန် ပြောဆိုသော်လည်း လူငယ်က ငြင်းဆန်လိုက်သည်။ ဘုရင်သည် ၎င်းအား မိမိ၏လူအချို့ထံ လွှဲအပ်ကာ “ဤလူငယ်ကို တောင်တစ်ခုသို့ ခေါ်ဆောင်သွားကြပါ။ တောင်ထိပ်သို့ ရောက်လျှင် အကယ်၍ ၎င်းသည် မိမိသာသနာကိုစွန့်လွှတ်ပြီး (ပြန်လာချင်ရင် )ပြန်ခေါ်လာကြ။ မဟုတ်ရင်တော့ ( တောင်ပေါ်မှ ) သူ့ကို ပစ်ချလိုက်ကြ” ဟု အမိန့်ပေးခဲ့၏။ ထို့နောက်သူတို့သည် ထိုလူငယ်ကို ခေါ်ဆောင်သွားပြီး တောင်ပေါ်သို့ တက်ကြ၏။ ထိုအခါလူငယ်က “အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကို ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါ” ဟု ဆုတောင်းခဲ့၏။ ထိုအခါတောင်သည် သူတို့နှင့်အတူ ပြင်းစွာလှုပ်ခတ်ခဲ့သဖြင့် သူတို့အားလုံး တောင်ခြေသို့ လိမ့်ကျသေဆုံးခဲ့ကြ၏။ ထိုလူငယ်မှာမူဘုရင်ထံသို့ လမ်းလျှောက်ပြန်လာခဲ့၏။ ဘုရင်က“မင်းရဲ့အဖော်တွေ ဘယ်ရောက်သွားတာလဲ” ဟု မေး၏။ လူငယ်က“အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို သူတို့မှ ကာကွယ်စောင့်ရှောက်ပေးသနားတော်မူခဲ့၏" ဟု ဖြေကြား၏။ ထို့နောက် ဘုရင်သည် သူ့လက်အောက်ခံ အခြားသူများထံ သူ့ကိုထပ်မံအပ်နှင်းကာ “သူ့ကို လှေတစ်စီးပေါ်သို့ တင်ဆောင်ပြီး ပင်လယ်ပြင်အလယ်ခေါင်သို့ ခေါ်သွားကြ။ အကယ်၍ သူက သူ့ရဲ့သာသနာကို စွန့်လွှတ်ပြီး ( ပြန်လာချင်ရင်) ပြန်ခေါ်လာကြ။ မဟုတ်ရင်တော့ သူ့ကို ပင်လယ်ထဲ ပစ်ချလိုက်ကြ” ဟု မိန့်တော်မူ၏။ ၎င်းတို့သည်ထိုလူငယ်ကို ခေါ်ဆောင်သွားကြ၏။ ထိုအခါလူငယ်က “အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကို ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါ” ဟု ဆုတောင်းခဲ့၏။ ထိုအခါလှေသည် သူတို့နှင့်အတူ လှည့်ပြီး လှန်ချော်ကာ သူတို့အားလုံး ရေနှစ်သေဆုံးခဲ့ကြ၏။ ထိုလူငယ်မှာမူဘုရင်ထံသို့ လမ်းလျှောက်ပြန်လာခဲ့၏။ ဘုရင်က“မင်းရဲ့အဖော်တွေ ဘယ်ရောက်သွားတာလဲ” ဟု မေး၏။ လူငယ်က“အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို သူတို့မှ ကာကွယ်စောင့်ရှောက်ပေးသနားတော်မူပါပြီ” ဟု ဖြေကြား၏။ ထို့နောက် လူငယ်သည် ဘုရင်အား “ ကျွန်ုပ် အသင့်ကို ညွှန်ကြားသည့်အတိုင်း မပြုလုပ်မချင်း အသင် ကျွန်ုပ်ကို သတ်နိုင်မည် မဟုတ်ပါ” ဟု ပြော၏။ ဘုရင်က“အဘယ်နည်း” ဟု မေး၏။ လူငယ်က“လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေ၍ အကျွန်ုပ်ကို သစ်ပင်၏ ပင်စည်တစ်ခုပေါ်တွင် ကြိုးဖြင့်ချိတ်ဆွဲထားပါ။ ထို့နောက် အကျွန်ုပ်၏ မြားအိမ်ထဲမှ မြားတစ်စင်းယူပါ။ ထိုမြားတံကို လေးအတွင်း၌ တပ်ဆင်ပါ။ ထို့နောက် “ဤလူငယ်၏ ရဗ်အရှင်သခင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏” ဟု ဆိုကာ ကျွန်ုပ်ကို မြားဖြင့်ပစ်လွှတ်ပါ။ အကယ်၍ အသင် ထိုသို့ပြုလုပ်လျှင် အသင် ကျွန်ုပ်ကို သတ်နိုင်မည် ဖြစ်ပါသည်” ဟု ပြော၏။ ထိုအခါ ဘုရင်သည် လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေ၍ ထိုလူငယ်ကို သစ်ပင်၏ ပင်စည်တစ်ခုပေါ်တွင် ကြိုးဖြင့်ချိတ်ဆွဲထားစေ၏။ ထို့နောက် သူ၏ မြားအိမ်ထဲမှ မြားတစ်စင်းယူကာ လေးကိုင်း အတွင်း၌ တပ်ဆင်လိုက်၏။ ထို့နောက် “ ဤလူငယ်၏ ရဗ် အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့်အစပြုပါ၏” ဟု ဆိုကာ သူ့အား မြားဖြင့် ပစ်လွှတ်လိုက်၏။ မြားသည်လူငယ်၏ နားထင်သို့ ထိမှန်ကာ လူငယ်သည် မြားထိမှန်ရာ နားထင်ကို လက်ဖြင့် ကိုင်တွယ်ကာ သေဆုံးကွယ်လွန်သွားခဲ့၏။ ထိုအခါ လူအုပ်ကြီးက “ကျွန်ုပ်တို့သည် ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့သည် ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင် ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့သည် ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင် ယုံကြည်ကြပါပြီ” ဟု ကြွေးကြော်ခဲ့ကြ၏။ ထိုသတင်းသည် ဘုရင်ထံသို့ ရောက်ရှိလာပြီး “အရှင်မင်းကြီး စိုးရိမ်ထိတ်လန့်နေခဲ့တဲ့ အရာ နောက်ဆုံးတော့ ဖြစ်လာပါပြီ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မင်းကြီး စိုးရိမ်ခဲ့သည့်အတိုင်း လူတွေ အားလုံးနီးပါး ယုံကြည်သူဖြစ်သွားကြပါပြီ” ဟု လျှောက်တင်ကြ၏။ ထိုအခါ ဘုရင်သည် လမ်းဆုံလမ်းခွတိုင်းတွင် မီးတွင်းကြီးများ တူးစေပြီး မီးများ ထွန်းညှိစေ၏။ ထို့နောက် “မည်သူမဆို မိမိ ( လက်ရှိ ယုံကြည်နေသည့် ) သာသနာကို မစွန့်လွှတ်ပါက ထိုမီးတွင်းကြီးများထဲသို့ သူတို့ကို ပစ်ချလိုက်ကြ” သို့မဟုတ် “မီးထဲသို့ ခုန်ချခိုင်းကြ” ဟု အမိန့်ထုတ်ပြန်၏။ လူများသည်ထိုကဲ့သို့ပင် ပြုလုပ်ကြ၏။ နောက်ဆုံးတွင်မိခင်တစ်ဦးသည် သူမ၏ ကလေးငယ်နှင့်အတူ ရောက်ရှိလာခဲ့၏။ မီးတွင်းထဲသို့ ခုန်ချရန် သူမသည် တွန့်ဆုတ်နေခဲ့၏။ ထိုအခါကလေးငယ်က ဤသို့ ပြောဆိုခဲ့၏။ “အို- ကျွန်ုပ်၏ ချစ်လှစွာ သော မိခင်၊ သည်းခံခိုင်မြဲပါ။ ဧကန်စင်စစ် အသင်မသည် အမှန်တရားပေါ်၌ ရှိနေပါသည်"။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ ကျွန်ုပ်တို့မတိုင်မီက လူမျိုးတစ်မျိုးတွင် ဘုရင်တစ်ပါး ရှိခဲ့ဖူးသည်။ ထိုဘုရင်ထံတွင် မှော်အတတ်ပညာရှင် တစ်ဦးရှိခဲ့သည်။ ထို မှော်ဆရာသည် အိုမင်းလာသောအခါ ဘုရင်အား ဤသို့လျှောက်ထားသည်- “ကျွန်ုပ် အိုမင်းလာပါပြီ။ ထို့ကြောင့် လူငယ်တစ်ဦးကို ကျွန်ုပ်ထံသို့ စေလွှတ်ပေးပါ။” ကျွန်ုပ် ထိုလူငယ်အား မှော်ပညာကို သင်ကြားပေးပါမည်။ ထိုအခါဘုရင်သည် မှော်ဆရာထံ မှော်အတတ်ပညာကို သင်ယူစေရန် လူငယ်တစ်ဦးကို စေလွှတ်လိုက်လေသည်။ ထိုလူငယ်သည် မှော် ဆရာထံသွားသော လမ်းတွင် နစ်ွရာနီဘုန်းတော်ကြီး တစ်ပါးနှင့် တွေ့လေ၏။ တစ်ကြိမ်တွင် ထိုဘုန်းတော်ကြီးထံ ထိုင်နေရင်း သူ၏စကားကို ကြားလိုက်ရသဖြင့် နှစ်သက်သဘောကျသွားလေသည်။ ထို့နောက်မှစ၍ သူသည် မှော်ဆရာဆီသို့ သွားတိုင်း ထိုဘုန်းကြီးထံတွင် ထိုင်နေကာ စကားနားထောင်တတ်လာသည်။ မှော်ဆရာက ၎င်းအား နောက်ကျသည့်အတွက် ရိုက်နှက်လေ့ရှိသည်။ ထို့ကြောင့် လူငယ်သည် ထိုအကြောင်းကို နစ်ွရာနီဘုန်းကြီးထံ ညည်းညူတိုင်းတန်လေရာ ဘုန်းကြီးက “သင်သည် မှော်ဆရာကို ကြောက်ရသည့်အခါတွင် ‘ကျွန်ုပ်၏ မိသားစုက ချုပ်နှောင်ထားသဖြင့် နောက်ကျပါသည်’ ဟု ပြောလော့။ ထိုနည်းတူ မိသားစုကို ကြောက်ရလျှင် ‘မှော်ဆရာက ချုပ်နှောင်ထားသဖြင့် နောက်ကျပါသည်’ ဟု ပြောလော့” ဟု အကြံပေးလိုက်လေသည်။ ဤအတိုင်း နေထိုင်လျက်ရှိစဉ် တစ်နေ့တွင် လူငယ်သည် လူတို့အား သွားလာခြင်းမှ ဟန့်တားနေသော ကြီးမားသည့် တိရစ္ဆာန်ကြီးတစ်ကောင်နှင့် ကြုံလေသည်။ ထိုအခါ လူငယ်က “ယနေ့ပင်လျှင် မှော်ဆရာ၏ရပ်တည်ချက်က သာလွန်သည်လော၊ သို့တည်း မဟုတ် နစ်ွရာနီဘုန်းတော်ကြီး ၏ရပ် တည်ချက်က သာလွန်သည်လော ဆိုသည်ကို သိရတော့မည်” ဟု ပြောဆိုခဲ့၏။ ထို့နောက်သူသည် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ “အို-အလ္လာဟ်အရှင်မြတ်၊ အကယ်၍ ဘုန်းတော်ကြီး၏ ရပ်တည်ချက်သည် မှော်ဆရာ၏ ရပ်တည်ချက်ထက် အရှင်မြတ်နှစ်သက်တော်မူသည့် အရာဖြစ်လျှင် လူတို့ သွားလာနိုင်ရန်အတွက် ဤတိရစ္ဆာန်ကြီးကို သတ်ပစ်တော်မူပါ” ဟု ဆုတောင်းကာ ထိုကျောက်ခဲဖြင့် ပစ်လိုက်လေသည်။ ကျောက်ခဲသည် ထိုတိရစ္ဆာန်ကြီးကို ထိမှန်ကာ သေစေလိုက်သဖြင့် လူတို့သည် ထိုလမ်းမှ သွားလာနိုင်ကြကုန်၏။ ထို့နောက် လူငယ်သည် ဘုန်းတော်ကြီးထံသို့ သွားရောက်ကာ ဖြစ်စဉ်ကိုပြန်လည်ပြောပြလေသည်။ ထိုအခါ ဘုန်းတော်ကြီးက သူ့အားဤသို့ ပြောဆိုလေ၏။ ထိုအခါ ဘုန်းတော်ကြီးက ၎င်းအားပြောသည်မှာ - “ အို- ချစ်သား... ယနေ့မှစ၍ သင်သည် ကျွန်ုပ်ထက် သာလွန်နေပါပြီ။ သင်၏အရည်အချင်းသည် ကျွန်ုပ်မြင်နေရသည့်အတိုင်း မြင့်မားစွာ ရောက်ရှိလာပါပြီ။ မကြာမီ သင်သည် စမ်းသပ်ခြင်းကို ခံရမည်။ အကယ်၍ စမ်းသပ်ခံရပါက ကျွန်ုပ်အား ဖော်ထုတ်ညွှန်ပြခြင်း မပြုလေနှင့်”။ ထိုလူငယ်သည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ဖြင့် မျက်စိကန်းသူများ၊ အနာကြီးရောဂါသည်များကို သက်သာပျောက်ကင်းစေနိုင်ကာ အခြားသော ရောဂါများကိုလည်း ကုသနိုင်စွမ်း ရှိလာခဲ့လေသည်။ ထိုသတင်းကို ဘုရင်၏ အနားတွင် အမြဲထိုင်လေ့ရှိသော မျက်စိကန်းနေသူတစ်ဦးက ကြားသိရသဖြင့် လက်ဆောင်ပဏ္ဏာ အများအပြားယူဆောင်ကာ လူငယ်ထံသို့ ရောက်လာပြီး- “အကယ်၍သင်သည် ကျွန်ုပ်အား သက်သာ ပျောက်ကင်းအောင်ပြုလုပ်ပေးပါက ( မျက်စိအမြင်အာရုံကိုပြန်လည်ရရှိရန် ကုသပေးပါက) ဒီမာရှိတယ့် လက်ဆောင်အားလုံးဟာ သင့်အတွက်ဖြစ်တယ်” ဟု ပြောဆိုလေသည်။ လူငယ်က “ကျွန်ုပ်သည် မည်သူ့ကိုမျှသက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်စွမ်းမရှိပါ။ အလ္လာဟ်အရှင်မြတ်သာလျှင် သက်သာ ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်တော်မူသည်။ အကယ်၍ အသင်သည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်လျှင် ကျွန်ုပ်သည် အရှင်မြတ်ထံ ဆုတောင်းပေးမည်၊ ထိုအခါ အရှင်မြတ်က အသင့်အား သက်သာပျောက်ကင်းစေတော်မူမည်” ဟု ပြောလိုက်လေသည်။ ထို့ကြောင့် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်လိုက်ရာ အလ္လာဟ်အရှင်မြတ်က သူ့အား သက်သာပျောက်ကင်းစေတော်မူလိုက်လေသည်။ ထို့နောက် သူသည် ဘုရင်ထံသို့ သွားရောက်ကာ ယခင်ကဲ့သို့ပင် ဘုရင်၏အနားတွင် ထိုင်နေလေသည်။ ဘုရင်က သူ့အား-မည်သူက သင့်မျက်စိအမြင်ကိုပြန်ပေးသနည်း” ဟု မေးလေရာ၊ သူက “ကျွန်ုပ်၏ ရဗ်အရှင်သခင်က ပြန်ပေးတော်မူသည်” ဟု ဖြေလိုက်၏။ ဘုရင်က “ငါ့အပြင် သင့်အတွက် အခြားအရှင်သခင် ရှိသေးသလော” ဟု မေးပြန်ရာ- သူက“ကျွန်ုပ်၏ ဖန်ဆင်းရှင်လည်းဖြစ်၊ အသင်၏ ဖန်ဆင်းရှင်လည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်” ဟု ဖြေလိုက်လေသည်။ ထိုအခါဘုရင်သည် ထိုသူကို ဖမ်းဆီးကာ လူငယ်အကြောင်းကို ဖော်ထုတ်ပြောဆိုသည်အထိ ဆက်တိုက် ညှဉ်းပန်းနှိပ်စက်လေသည်။ ထို့နောက် လူငယ်ကို ခေါ်ဆောင်လာကြ၏။ ဘုရင်က လူငယ်အား- “ချစ်သားသင်၏မှော်အတတ်သည် မျက်စိကန်းသူနှင့် အနာကြီးရောဂါသည်တို့ကို သက်သာပျောက်ကင်းစေနိုင်သည် အဆင့်အထိ ရောက်ရှိလာပြီ။ သင်သည် ဤသို့သော အမှုကိစ္စများကို ပြုလုပ်နိုင်နေပြီ” ဟု ပြောဆိုလေသည်။ ထိုအခါလူငယ်က “ကျွန်ုပ်သည် မည်သူ့ကိုမျှ သက်သာပျောက်ကင်းစေနိုင်ခြင်းမရှိပါ။ အလ္လာဟ်အရှင်မြတ်သာလျှင် သက်သာပျောက်ကင်းစေနိုင်တော်မူသည်” ဟု ဖြေကြားလိုက်လေသည်။ ထို့ကြောင့် ဘုရင်သည် သူ့အား ဖမ်းဆီးကာ နစ်ွရာနီဘုန်းတော်ကြီးအကြောင်းကို ဖော်ထုတ်ပြောဆိုသည်အထိ ဆက်တိုက် ညှဉ်းပန်းနှိပ်စက်ပြန်လေသည်။ ထို့နောက် ဘုန်းတော်ကြီးကို ခေါ်ဆောင်လာကြ၏။ သူ့အား “သင်၏ဒီန်သာသနာကို စွန့်လွှတ်ပါ” ဟု ပြောဆိုကြသော်လည်း သူသည် ငြင်းဆန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်သည် လွှသွားတစ်ခုကို ခိုင်းယူကာ သူ၏ဦးခေါင်း အလယ်ဗဟိုတွင် ထားစေ၍ နှစ်ပိုင်းကွဲအောင် ခွဲစေလိုက်လေသည်။ ထိုနည်းတူဘုရင်၏အဆွေတော် (မျက်စိကန်းခဲ့သူ)ကိုလည်း ခေါ်ဆောင်လာကာ “သင်၏ဒီန် သာသနာကို စွန့်လွှတ်ပါ” ဟု ပြောဆိုကြသော်လည်း သူကလည်း ငြင်းဆန်လိုက်သဖြင့် လွှသွားဖြင့် သူ၏ဦးခေါင်း အလယ်ဗဟိုမှ နှစ်ပိုင်းကွဲအောင် ခွဲစေလိုက်ပြန်လေသည်။ ထို့နောက်လူငယ်ကို ခေါ်ဆောင်လာကြ၏။ သူ့အား “သင်၏ဒီန်သာသနာကို စွန့်လွှတ်ပါ” ဟု ပြောဆိုကြသော်လည်း သူသည် ငြင်းဆန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်သည် သူ့အား သူ၏လူများ (၃ ယောက်မှ ၁၀ ယောက်အထိရှိသော အဖွဲ့) ထံ အပ်နှင်းလိုက်လေသည်။ ဘုရင်က“သူ့ကို တောင်တစ်ခုခုသို့ခေါ်သွားကြလော့။ ပြီးရင် သူ့ကိုတောင်ပေါ်သို့ ခေါ်ဆောင်သွားကြ။ တောင်ထိပ်သို့ ရောက်လျှင် အကယ်၍ သူသည် သူ၏ဒီန်သာသနာကို စွန့်လွှတ်ပါက ( သူ့ကိုပြန်ခေါ်လာကြ ) မစွန့်လွှတ်ပါက သူ့ကို ပစ်ချကြလော့” ဟု အမိန့်ပေးလိုက်၏။ ထို့ကြောင့် သူတို့သည် လူငယ်ကို ခေါ်ဆောင်သွားကာ တောင်ပေါ်သို့ တက်ကြ၏။ ထိုအခါ လူငယ်က " အို - အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းလမ်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကို ကယ်တင်တော်မူပါ” ဟု ဆုတောင်းလိုက်၏။ ထိုအခါ တောင်သည် ပြင်းထန်စွာ လှုပ်ခါသဖြင့် ထိုလူများ အားလုံး လဲကျသေဆုံးကုန်၏။ လူငယ်မှာမူ ဘုရင်ထံသို့ လမ်းလျှောက်ကာ ပြန်လာလေသည်။ ဘုရင်က သူ့အား“သင့်ကို ခေါ်ဆောင်သွားသော လူများ ဘယ်ရောက်သွားကြသနည်း” ဟု မေးလေရာ- လူငယ်က“အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်မှ သူတို့ကို ဖယ်ရှားတော်မူပြီး ဖြစ်သည်” ဟု ဖြေလိုက်၏။ ထိုအခါ ဘုရင်သည်သူ့အား သူ၏လူများထဲမှ အခြားလူစုတစ်စုထံ အပ်နှင်းပြန်ကာ “သူ့ကို ခေါ်သွားကြလော့။ သူ့ကို လှေငယ်လေးဖြင့် သယ်ဆောင်ကာ မြစ်အလယ်သို့ သွားကြလော့။ အကယ်၍ သူသည် သူ၏ဒီန်သာသနာကို စွန့်လွှတ်ပါက (ပြန်ခေါ်လာကြ။) မစွန့်လွှတ်ပါက သူ့ကို ပင်လယ်ထဲသို့ ပစ်ချကြလော့” ဟု အမိန့်ပေးလိုက်၏။ ထို့ကြောင့် သူတို့သည် လူငယ်ကို ခေါ်ဆောင်သွားကြ၏။ လူငယ်က“အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်အလိုရှိတော်မူသော နည်းလမ်းဖြင့် ဤသူတို့မှ ကျွန်တော်မျိုးကိုကယ်တင်တော်မူပါ” ဟု ဆုတောင်းလိုက်၏။ ထိုအခါ လှေသည်မှောက်သွားသဖြင့် ထိုလူများ အားလုံး ရေနစ်၍ သေဆုံးကျကုန်၏။ လူငယ်မှာမူ ဘုရင်ထံသို့ လမ်းလျှောက်ကာ ပြန်လာခဲ့ လေသည်။ ဘုရင်က သူ့အား“သင့်ကို ခေါ်ဆောင်သွားသော လူများ ဘယ်ရောက်သွားကြသနည်း” ဟု မေးပြန်ရာ- လူငယ်က အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်မှ သူတို့ကို ဖယ်ရှားတော်မူပြီး ဖြစ်သည် ဟု ဖြေလိုက်၏။ ထို့ နောက် လူငယ်က ဘုရင်အား အသင်သည် ကျွန်ုပ်အသင့်ကို အမိန့်ပေးစေခိုင်းသည့်အတိုင်းမလုပ်ဆောင်မခြင်း အသင်ကျွန်ုပ်ကို သတ်နိုင်မည် မဟုတ်ပါဟု ပြောလိုက်၏။ ဘုရင်- က“အဘယ်နည်း” ဟု မေးလေရာ- လူငယ်က အသင်သည် လူအားလုံးကို ကျယ်ပြန့်သော ကွင်းပြင်တစ်ခုတွင် စုရုံးစေပါ။ ထို့နောက် ကျွန်ုပ်ကို သစ်ပင်တစ်ပင်၏ပင်စည်ပေါ်တွင် လက်ဝါး ကပ်တိုင် စင်တင်ပါ။ ထို့နောက် ကျွန်ုပ်၏ မြားအိမ်ထဲမှ မြားတစ်စင်းယူပါ။ ထိုမြားကို လေးကိုင်း၌ ထားကာ “ဤလူငယ်၏ ရဗ်အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏”ဟု ဆိုပြီး ကျွန်ုပ်ကို (မြားဖြင့် )ပစ်ပါ။ အကယ်၍ အသင်သည် ထိုသို့ပြုလုပ်ပါက ကျွန်ုပ်ကို သတ်နိုင်မည် ဖြစ်သည်” ဟု ပြောလိုက်၏။ ထို့ကြောင့် ဘုရင်သည် လူအားလုံးကို တစ်နေရာတည်းတွင် စုရုံးစေကာ လူငယ်ကို သစ်ပင်၏ ပင်စည်ပေါ်တွင် လက်ဝါးကပ်တိုင် စင်တင်စေ၏။ ထို့နောက် လူငယ်၏မြားအိမ်ထဲမှ မြားတစ်စင်းကို ယူစေ၍ လေးကိုင်း၏အလယ်တွင် ထားကာ “ဤလူငယ်၏ ရဗ်အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစပြုပါ၏” ဟု ဆိုကာ ပစ်လွှတ်လိုက်၏။ ထိုမြားသည် လူငယ်၏ နားထင်နှင့် မျက်လုံးကြားရှိ နားရွက်အနီးသို့ ဝင်ရောက်သွားလေသည်။ လူငယ်သည် မိမိ၏လက်ဖြင့် မြားထိရောက်ရာနေရာကို ဖိထားလိုက်ကာ သေဆုံးကွယ်လွန်သွားလေသည်။ ထိုအခါလူတို့က “ကျွန်ုပ်တို့ ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့ ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ။ ကျွန်ုပ်တို့ ဤလူငယ်၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြပါပြီ” ဟု ကြွေးကြော်ကြကုန်၏။ ထိုအခါ( မူးမတ်တို့သည် ) ဘုရင်ထံသို့ လာရောက်ကာ “ အသင် စိုးရိမ်နေခဲ့သည်အရာကို မြင်တွေ့နေရပြီမဟုတ်လော ” ဟု ပြောဆိုကြ၏။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အသင် စိုးရိမ်ကြောက်ရွံ့ခဲ့သည့် အရာပင် အသင့်အပေါ် ကျရောက်လာပြီ ဖြစ်သည်။ ထိုအရာမှာ လူတို့အားလုံး ထိုလူငယ်ကို လိုက်နာကာ သူ၏ ရဗ်အရှင်သခင်ကို အီမာန်သက်ဝင်ယုံကြည်ကြခြင်းပင် ဖြစ်သည်”။ ထိုအခါ ဘုရင်သည် လမ်းဆုံလမ်းခွတို့တွင် ကြီးမားကျယ်ပြန့်သော မြေတွင်းကြီးများ တူးစေပြီး ထိုအတွင်းသို့ မီးများထွန်းညှိကာ မီးရှို့စေ၏။ ထို့နောက် “မည်သူမဆို ၎င်း၏ဒီန်သာသနာကို မစွန့်လွှတ်ပါက ထိုမီးတွင်းထဲသို့ ပစ်ချကြလော့” ဟု အမိန့်ပေးလိုက်၏။ ထိုအခါ မူးမတ်တို့သည် ဘုရင်၏အမိန့်အတိုင်း ဆောင်ရွက်ကြ၏။ နောက်ဆုံးတွင် အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးနှင့်အတူ ရောက်ရှိလာ၏။ သူမသည် မိမိ၏နေရာ၌ပင် မလုပ်မရပ် ရပ်တန့်ကာ မီးထဲသို့ ဝင်ရန် မဝံ့မရဲ ဖြစ်နေလေသည်။ ထိုအခါ သူမ၏ကလေးငယ်က- “အို-အမေ...သည်းခံပါ။ အမေသည် အမှန်တရားပေါ်၌သာ ရှိနေပါသည်” ဟု ပြောဆိုလိုက်လေသည်။