





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်ယုံကြည်သူများအပေါ် သို့မဟုတ် ငါကိုယ် တော်ရဲ့အွမ္မသ်သားများအပေါ် အခက်အခဲ ဖြစ်သွားမှာကို မစိုးရိမ်ဘူးဆိုလျှင် ဆွလာသ်အချိန်တိုင်းတွင် မိစ်ဝါးက်တံပူတိုက်ဖို့ မုချငါကိုယ်တော် အမိန့်ပေးတော်မူမည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အကယ် ၍ ကိုယ်တော်သည် မိမိအွမ္မသ်နောက်လိုက်သားများအနက် မုအ်မင်န်ယုံကြည်သူများအခက်အခဲနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခြင်းမရှိခဲ့လျှင်၊ကိုယ်တော်သည် ၎င်းတို့အား ဆွလားသ်တိုင်းအတွက် မိစ်ဝါက်သုံးစွဲရန် မဖြစ်မနေ တာဝန်ပေးအပ်ပြဋ္ဌာန်းခဲ့မည် ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန် ပြောကြားခဲ့သည်။ ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦးစလုံးသည် (ဂျုနုဗ်) ရေချိုးရန် တာဝန်ထိုက်နေကြပါသည်။ ကိုယ်တော်သည် ကျွန်မ ဓမ္မတာသွေးဆင်းနေစဉ် လုံချည်ဝတ်ရန်စေခိုင်းလေ့ရှိပြီး ကိုယ်တော်သည် ကျွန်မနှင့်ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်သည် အိသိကာဖ် ထိုင်နေစဉ် ကျွန်မအခန်းဘက်သို့ ဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး ကျွန်မသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် ကိုယ်တော်၏ဦးခေါင်းကို ရေဆေးကြောပေးသည်။
متفق عليهမုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် သူမကြားရှိ သီးသန့်ဆက်ဆံရေး အခြေအနေများကို ပြောပြခဲ့သည်။ ၎င်းတို့အနက် အချို့မှာ သူမသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရေအိုးတစ်လုံးထဲမှပင် ရေအတူခပ်ကာ ဂျနာဗသ်အတွက် ရေချိုးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူမဓမ္မတာသွေး ဆင်းနေချိန် အတူနေလိုပါက သူမခန္ဓာကိုယ်အား ချက်မှ ဒူးအထိ ဖုံးအုပ်ခိုင်းတော်မူပြီး ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဗလီထဲတွင် အိသိကာဖ် ထိုင်နေစဉ် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆီသို့ မိမိဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး သူမသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် သူမအိမ်အတွင်းမှနေ၍ ကိုယ်တော်၏ ဦးခေါင်းကို ရေဆေးကြောပေးသည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ငါကိုယ်တော့်အပေါ် စလာမ်ပို့သလျှင်၊ ငါတော်သည် ထိုသူ့အား စလာမ်ပြန်လည် ဖြေကြားနိုင်ရန် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော့်ဝိညာဉ်ကို ငါကိုယ်တော့်ထံ ပြန်လည်ပေးတော်မူသည် ။
رواه أبو داود وأحمدတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ - မည်သူမဆို အနီးမှဖြစ်စေ၊ အဝေးမှဖြစ်စေ ကိုယ်တော်မြတ်အပေါ် စလာမ်ပို့သလျှင် ထိုသူ့အား စလာမ်ပြန်လည် ဖြေကြားနိုင်ရန် ကိုယ်တော်၏ဝိညာဉ်ကို (အလ္လာဟ်အရှင်မြတ်က) ပြန်လည်ပေးတော်မူသည်ဟု မိန့်ကြားခဲ့သည်။ သို့ရာတွင် သိနားလည်ထားရမည့် အချက် မှာ - ဗရ် ဇခ်လောက (သေပြီးနောက်ရှိသော ကြားကာလဘဝ) နှင့် ကဗရ်သင်္ချိုင်းများအတွင်း ရှိသောအရာများသည် အကွယ်မှကိစ္စရပ်များဖြစ်ပြီး၊ ယင်းတို့၏ အမှန်တကယ်အခြေအနေကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။
ဗရာအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " ဆံပင်ပုခုံးထိရှည်လျားပြီး၊ အနီရောင်ဝတ်ရုံကို ဝတ်ထားတယ့်အခါ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထက်ပို၍ လှပတဲ့သူကို ကျွန်တော် မမြင်ဖူးပါ။ ကိုယ်တော်၏ဆံပင်များသည် ပခုံးနှစ်ဘက်အထိ ရောက်နေပြီး၊ ပခုံးနှစ်ဘက်ကြားသည် ကျယ်ဝန်းကာ(ကိုယ်တော်၏အရပ်မှာ ) မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အလယ်အလတ်ရှိသည်။”
متفق عليهဗရာအ် ဗင်န် အာဇိဗ် (ရဿွိယလ္လာဟုအန်ဟ်) က ပြောပြသည်မှာ- ၎င်းသည် ဦးခေါင်းဆံပင်သည် ပခုံးများအထိ ရှည်လျားပြီး အနက်ရောင်၌ အနီစင်းများပါသော ဝတ်ရုံကို ဝတ်ဆင်ထားသူများအနက် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထက်ပို၍ လှပသူကို သူမမြင်ဖူးကြောင်း၊ ထို့အပြင် ကိုယ်တော်၏ ရုပ်အဆင်းသွင်ပြင်လက္ခဏာများအနက် ပခုံးနှစ်ဘက်ကြား ကျယ်ဝန်းခြင်း၊ ရင်ဘတ်ကျယ်ခြင်းနှင့် အရပ် မမြင့်လွန်း၊ မနိမ့်လွန်းဘဲ အလယ်အလတ်ရှိခြင်းတို့ ဖြစ်သည်။
အဘူဗကရ် စွိဒ်ဒီးက် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်တို့သည်( ဆောင်ရ် )လိုဏ်ဂူအတွင်း၌ရှိစဉ် မုရှ်ရိက်များ၏ ခြေထောက်များကို ကျွန်ုပ်တို့၏ဦးခေါင်းများအပေါ်၌ မြင်တွေ့ခဲ့ရသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်တော်မျိုးတို့အား သူတို့၏ခြေရင်း၌ (ရှိနေသည်ကို )တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က ဤသို့မိန့်ကြားတော်မူသည်- "အို-အဘူဘကရ်၊ ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။ အလ္လာဟ်အရှင်မြတ်သည် ( ၎င်းတို့နှစ်ဦးနှင့်အတူ ) တတိယမြောက်အဖြစ် ရှိတော်မူ၏။
متفق عليهမုအ်မင်န်တို့၏ ခေါင်းဆောင် အဘူဘကရ် စွစ်ဒ္ဒီးက် (ရဿွိယလ္လာဟုအန်ဟု)က ဟိဂျ်ရသ်ပြုချိန်၌ ပြော ကြားခဲ့သည်မှာ- ကျွန်ုပ်သည် မုရှ်ရိက်များ၏ခြေထောက်များကို မြင်တွေ့ခဲ့ရသည်။ သူတို့သည် ဆောင်ရ်လိုဏ်ဂူ၏အပေါ်တွင် ကျွန်ုပ်တို့၏ခေါင်းများအပေါ်၌ ရပ်လျှက်ရှိနေကြပြီး ကျွန်ုပ်တို့သည် လိုဏ်ဂူအတွင်း၌ ရှိနေကြသည်။ ထို့နောက် ကျွန်ုပ်က "အို- အလ္လာဟ်၏ရစူလ်တမန်တော်၊ အကယ်၍ သူတို့ထဲမှ တစ်ဦးဦးသည် မိမိ၏ခြေရင်းဘက်သို့ ကြည့်လိုက်ပါက ကျွန်ုပ်တို့အား သူတို့၏ခြေရင်း၌ တွေ့မြင်သွားကြမည်ဖြစ်သည်" ဟု ပြောခဲ့သည်။ ထိုအခါ တမန်တော်မြတ် ﷺ က "အို- အဘူဘကရ်၊ အလ္လာဟ်အရှင်မြတ်သည် တတိယမြောက်အဖြစ်ရှိတော်မူပြီးအောင်နိုင်မှု၊ ကူညီစောင်မမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် လမ်းညွှန်တည့်မှတ်ပေးသနားတော်မူမည်ဖြစ်သော ထိုနှစ်ဦး (တမန်တော်နှင့် အဘူဘကရ်) ပတ်သတ်၍ အသင်မည်သို့ ထင်မြင်ယူဆသနည်း။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) တတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃) ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိတ်နှလုံးထိတ်လန့်တုန်လှုပ်လျက် ထိုအာယသ်တော်များနှင့် အတူပြန်လာခဲ့ပြီး၊ ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ "ကျွန်ုပ်ကို စောင်ခြုံပေးကြပါ။ ကျွန်ုပ်ကို စောင်ခြုံပေးကြပါ" ဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော့်အား စောင်ခြုံပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ ‘ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ‘ထိုသို့လုံးဝမဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ထား၏။ အင်အားချိနှဲ့သူတို့၏ ဝန်ထုပ်ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ဧည့်သည်အား ဧည့်ဝတ်ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်တွင် ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် ဟီဗရူးဘာသာဖြင့် ကျမ်းဂန်ရေးသားလေ့ရှိခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေးသားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက ‘အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား မူစာနဗီထံသို့ အလ္လာဟ်အရှင်မြတ် က ဆင်းသက်စေတော်မူခဲ့သော ကောင်းကင်စေတမန်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက် ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက် ရှိလျက်ရှိနေလျှင် ကောင်းလေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်။ အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်’။ ထို့နောက် များမကြာမီမှာပင်ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။
متفق عليهအွမ္မုလ်မုအ်မီနီးန်အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) အွမ္မုလ်မုအ်မီနီးန်ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ပင်ပန်းကာခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ပင်ပန်းကာခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်း ကင်တမန်က) တတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃) ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုအာယသ်တော်များနှင့်အတူ သေဆုံးရမည်ကိုစိုးရိမ်ပြီး စိတ်နှ လုံးထိတ်လန့်တုန်လှုပ်လျက် ပြန်လာခဲ့ပြီး၊ အွမ္မုလ်မုအ်မီနီးန် ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ ဤသို့ မိန့်တော်မူ၏။ ကျွန်ုပ်ကို ခြုံထည်များဖြင့် ပတ်ထားပေးကြပါ။ ကျွန်ုပ်ကို ခြုံထည်များဖြင့်အပတ်ထားပေးကြပါဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူ(အိမ်သား)တို့သည် ကိုယ်တော့်အား ခြုံထည်ဖြင့် ပတ်ထားပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ မိန့်တော်မူသည်မှာ - ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို (ရုတ်တရက်) သေဆုံးသွားမည်ကိုပင် စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ထိုအခါ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ထိုသို့လုံးဝမဖြစ်နိုင်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုး သားချင်းများနှင့် အဆက်အသွယ်ထား၏။ မိမိကိစ္စကို မထမ်းဆောင်နိုင်သော အင်အားချိနှဲ့သူတို့၏ ဝန်ထုပ် ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ကိုယ်တော်သည် မိမိမှအပ အခြားသူများထံ မရရှိနိုင်သောအရာကို လူတို့အား ပေးကမ်းစွန့်ကြဲတတ်သူဖြစ်၏။ဧည့်သည်အား ဧည့်ဝတ် ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်၏ ထုံးတမ်းစဉ်လာများအား စွန့်လွှတ်၍ (စစ်မှန်သည့်) ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေး သားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက သူ့အား ပြောကြားခဲ့သည်မှာ- အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား အလ္လာဟ်အရှင်မြတ်က မိမိ၏နဗီတမန်တော်မူစာ (အလိုင်ဟိစ္စလာမ်)ထံသို့ ဆင်းသက်စေတော်မူခဲ့သော ကောင်း ကင်တမန်ဂျစ်ဗ်ရီလ်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက်ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက်ရှိနေလျှင် ကောင်းလေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်' အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ဒုက္ခပေးခံရခြင်း၊ ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်။ ထို့နောက် များမကြာမီမှာပင် ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။
အဘူဟာဇင်မ်က ဆင့်ပြန်သည်။ ၎င်းက ပြောပြခဲ့သည်။ ကျွန်ုပ်သည် အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) နှင့် ငါးနှစ်တိုင်တိုင် အတူနေခဲ့သည်။ ၎င်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဟဒီးဆ်ဆင့်ပြန်ပြောကြားခဲ့သည်ကို ကျွန်ုပ်ကြားသိခဲ့ရသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဗနီအစ္စရာအီလ်မျိုးနွယ်တို့၏ (အရေးကိစ္စအဝဝကို) နဗီတမန်တော်များက တာဝန်ယူ အုပ်ချုပ်ခဲ့ကြသည်။ နဗီတမန်တော်တစ်ပါး ကွယ်လွန်သွားသည့်အခါတိုင်း အခြားနဗီတမန်တော်တစ်ပါးက ၎င်းနေရာကို ဆက်ခံခဲ့သည်။ သို့သော် ငါကိုယ်တော်၏နောက်တွင် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။ များမကြာမီ ခလီဖဟ်ခေါင်းဆောင်များ အမြောက်အများ ပေါ်ထွန်းလာကြမည် ဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်များက လျှောက် ထားကြသည် - ကိုယ်တော်ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးညွှန်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်။ "ပထမဦးဆုံး ဗိုင်အသ်ကတိသစ္စာပြုခံရသော ခလီဖဟ်၏ ကတိသစ္စာကို ဖြည့်ဆည်းကြလော့။ ထို့နောက် ၎င်းနောက်မှလာသူ၏ ကတိသစ္စာကို ဖြည့်ဆည်းကြလော့။ ၎င်းတို့၏ အခွင့်အရေးကို ၎င်းတို့အား အပြည့်အဝ ပေးဆောင်ကြလော့။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တာဝန်ပေးအပ်ခဲ့သော (လက်အောက်ငယ်သားတို့၏) ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အား စစ်ဆေးမေးမြန်းတော်မူမည့် အရှင်ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့် ကြားတော်မူသည်မှာ - ဗနီအစ္စရာအီလ်အမျိုးသားတို့အား နဗီတမန်တော်များက အုပ်ချုပ်ခဲ့ကြပြီး၊ ၎င်းတို့သည် ထိုဗနီအစ္စရာအီလ်အမျိုးသားတို့၏ အရေးကိစ္စများကို ခေါင်းဆောင်အာဏာပိုင်များနှင့် အုပ်ချုပ်သူများက ပြည်သူတို့ကို စီမံအုပ်ချုပ်သကဲ့သို့ (၎င်းတို့၏အရေးကိစ္စများကို) တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။ သူတို့တွင် ဖောက်ပြန်ပျက်စီးမှု ပေါ်ပေါက်လာတိုင်း အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် နဗီတမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး ထိုနဗီတမန်တော်သည် သူတို့၏ အခြေအနေကို ပြုပြင်ပေးကာ သူတို့ပြောင်းလဲထားသော အမိန့်ပညတ်ချက်များကို ဖယ်ရှားပေးလေ့ရှိသည်။ စင်စစ် ငါကိုယ်တော်၏နောက်တွင် ထိုသူတို့ ပြုလုပ်ခဲ့သည့်အတိုင်း ဆောင်ရွက်ပေးမည့် မည်သည့်နဗီတမန်တော်တစ်ပါးမျှ ပွင့်ပေါ်လာတော့မည် မဟုတ်ပေ။ (သို့ရာတွင်) ငါကိုယ်တော်၏နောက်တွင် ခလီဖဟ်ခေါင်းဆောင်များ အမြောက်အများ ပေါ်ထွန်းလာကြမည်ဖြစ်ပြီး၊ ၎င်းတို့အကြား ပဋိပက္ခများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆွဟာဗဟ်များက အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထားကြသည်မှာ - ကိုယ်တော်ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးညွှန်ကြားတော်မူပါမည်နည်း။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ - ခလီဖဟ်တစ်ဦးပြီးတစ်ဦး ဗိုင်အသ်ကတိသစ္စာခံခြင်း ဖြစ်ပေါ်လာပါက ပထမဦးဆုံး ဗိုင်အသ်ကတိသစ္စာပြုခဲ့သော ခလီဖဟ်၏ ဗိုသ်အသ်သည် မှန်ကန်ပြီး ၎င်းကို ဖြည့်ဆည်းလိုက်နာရန် တာဝန်ရှိသည်။ ဒုတိယဗိုင်အသ်ကတိသစ္စာခံခြင်းမှာ မှားယွင်းပြီး ထိုရာထူးကို လိုလားတောင်းဆိုခြင်းသည် ၎င်းအပေါ် ဟရာမ်ဖြစ်သည်။ ၎င်းခလီဖဟ်များ၏ အခွင့်အရေးကို ၎င်းတို့အား အပြည့်အဝ ပေးဆောင်ကြလော့။ ၎င်းတို့၏ အမိန့်ကို နာခံကြလော့။ အပြစ်အကုသိုလ် မဟုတ် သောကိစ္စရပ်တွင် အမိန့်နာခံခြင်းဖြင့် ၎င်းတို့နှင့် အတူယှဉ်တွဲနေထိုင်ကြလော့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့က သင်တို့အား မည်သို့ပြုမူဆက်ဆံခဲ့ကြသည်ကို ၎င်းတို့အား စစ်ဆေးမေးမြန်းကာ စာရင်းရှင်းတော်မူမည် ဖြစ်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ " တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် တမန်တော်မြတ်၏ ဇနီးကြင်ယာတော်များထံ ကိုယ်တော်၏ အကွယ်၌ လျှို့ဝှက်စွာသော ပြုလုပ်သော အမလ်အကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့က (မိမိတို့၏ ဝတ်ပြုမှုကို နည်းသည်ဟု ထင်ကာ) "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသား စားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ (ထိုသတင်း ကိုယ်တော့်ထံ) ရောက်ရှိသောအခါ ကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီးနောက် မိန့်ကြားတော်မူသည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ ငါကိုယ်တော်သည် ည၌ ဆွလားသ်ဝတ်ပြုသည်၊ အိပ်စက်ခြင်းကိုလည်းပြုသည်။ ရိုဇာဥပုသ်လည်း စောင့်ထိန်းသည်။ ရိုဇာမထားဘဲလည်းနေသည်။ အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ စွန္နသ်လမ်းစဉ်မှ ကျောခိုင်းခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် ကိုယ်တော်၏ ဇနီးကြင်ယာတော်တွေရဲ့အိမ်တွေဆီကို လာရောက်ပြီး ကိုယ်တော်၏ အိမ်တွင်း၌ လျှို့ဝှက်ပြုလုပ်အပ်သော အေဗာဒသ်ခဝပ်ဆည်းကပ်မှုအကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့အား (ကိုယ်တော်၏ အေဗာဒသ်ခဝပ်ဆည်းကပ်မှုအကြောင်း) ပြောပြသည့်အခါ သူတို့သည် ထိုဝတ်ပြုမှုကို နည်းပါးသည်ဟု ထင်မြင်ကြပြီး ဤသို့ ပြောဆိုခဲ့ကြသည်- "ကျွန်ုပ်တို့နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဘယ်သို့တူနိုင်မည်နည်း။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောက်မှပြုမည့် အပြစ်များ အားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီး ဖြစ်သည့်(အတွက် အပြစ်မှ လုံးဝကင်းစင်သည်။) ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် မိမိအား ခွင့်လွှတ်မည် သို့မဟုတ် ခွင့်မလွှတ်မည်ကို မသိသူသည် ခွင့်လွှတ်ချမ်းသာပေးမှုရရှိရန်အတွက် ဝတ်ပြုကိုးကွယ်မှုကို များများပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ၎င်းတို့အနက်မှ အချို့က "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသားစားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ ( ဤသတင်း ကိုယ်တော့်ထံရောက်ရှိသောအခါ ကိုယ်တော်သည် အမျက်ဒေါသထွက်တော်မူခဲ့သည်။ ထို့နောက် လူတို့အား မိန့်ခွန်းပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီး ဤသို့ မိန့်ကြားတော်မူခဲ့သည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ဧကန်စင်စစ် ငါကိုယ်တော်သည် သင်တို့အနက် အလ္လာဟ်အရှင်မြတ်ကို အကြောက်ဆုံး၊ သက္ကဝါတရားအရှိဆုံးသူ ဖြစ်သည်။ သို့ရာတွင် ငါကိုယ်တော်သည် ည၌ထ၍ ဆွလာသ်ဆောက်တည်ဖို့အတွက် အင်အားပြည့်ဝနေရန် အိပ်စက်ခြင်းကိုလည်း ပြုသည်။ ငါကိုယ်တော်သည် (နဖိလ်)ရိုဇာဥပုသ်စောင့်ထိန်းဖို့အတွက် အင်အားပြည့်ဝနေရန်(နေ့စဉ်ရက်ဆက် ဆက်တိုက်ရိုဇာဥပုသ် စောင့်ထိန်းခြင်းမပြုဘဲ တရက်ရိုဇာထား တရက်) ရိုဇာမထားဘဲ စားသောက်တော်မူသည်။ ထို့ပြင် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ လမ်းစဉ်မှ ကျောခိုင်းပြီး၊ အခြားသော လမ်းစဥ်ကို ပြီးပြည့်စုံသော လမ်းစဥ်ဟု ထင်မြင်ပြီး ငါကိုယ်တော်၏ လမ်းစဥ်မှတစ်ပါး အခြားသူ၏ လမ်း စဉ်ကို ကျင့်သုံးပါကထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ ထိုပို၍လွယ်ကူသောအရာသည် အပြစ်မဟုတ်သရွေ့ကာလပတ်လုံး (ပို၍လွယ်ကူသောအရာကိုသာ ရွေးချယ်တော်မူလေ့ရှိသည်။) အကယ်၍ ထိုပို၍လွယ်ကူသောအရာသည် အပြစ်ဖြစ်ခဲ့လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာအတွက် လက်တုံ့ ပြန်တော်မမူခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းတော်များ၊ ဂုဏ်တော်များကို ချိုးဖောက်ကျူးလွန်ခြင်းခံရလျှင်မူ ထိုအရာကိုအကြောင်းခံပြီးကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်အတွက် လက်တုံ့ ပြန်တော်မူသည်။
متفق عليهမိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့သောကိုယ်ကျင့်တရားများနှင့်ပတ်သက်၍ အသိပေးတင်ပြခဲ့ပြီး ၎င်းအနက်အချို့မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ သို့သော် ထိုလွယ်ကူသောအရာသည် အပြစ်တစ်စုံတစ်ရာ ဖြစ်စေနိုင်လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပို၍ခက်ခဲသောအရာကိုသာ ရွေးချယ်တော်မူသည်။ ထို့အတူ တမန်တော်မုတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာကိစ္စများအတွက် မည်သည့်အခါမျှ လက်တုံ့ပြန်တော်မမူခဲ့ပေ။ မိမိ၏ရပိုင်ခွင့်ကို ကျူးလွန်ခံရလျှင်ပင် ခွင့်လွှတ်တော်မူသည်၊ လျစ်လျူရှုတော်မူသည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကို ချိုးဖောက်ကျူးလွန်မှုများ (အလ္လာဟ်၏ စည်းမျဉ်းတော်များ ချိုးဖောက်ခံရခြင်း) နှင့် ကြုံတွေ့ရသောအခါတွင်မူ အလ္လာဟ်အရှင်မြတ်အတွက်သာ လက်တုံ့ပြန်တော်မူသည်။ ထိုသို့သော အခြေအနေမျိုးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်မှုအတွက် အမျက်တော်သည် အခြားကိစ္စရပ်များထက် အဆမတန်ပိုမိုပြင်းထန်လေ့ရှိသည်။