Hedayat “A fruitful harvest”
from the gardens of “ Verses and Hadiths ”
Inspiring Dawah cards that highlight the profound meanings of Quranic verses and Prophetic Hadiths. Presented in an accessible and engaging style to help Muslims gain a deeper understanding of their faith with ease.
About Hedayat
Hedayat is a platform that combines simplicity of design and ease of use
displaying the benefits derived from Verses and Hadiths in
attractive cards with unique designs.
Unique Designs
Cards with unique and attractive designs that express the content of the text
Reliable Materials
Scientifically reliable benefits reviewed by a group of scholars
Easy Browsing
You can browse the cards easily and display them effortlessly
Different Languages
Cards are available in more than 40 languages for the benefit of all
Hadith Cards
အုမရ် (ရဿွိယလ္လာဟု အန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ”သူသည် ဟဂျ်ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"
متفق عليهအမီရုလ်မိုအ်မီနီးန် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟု) သည် ကအ်ဗဟ်ကျောင်းတော်၏ ထောင့်တွင်ရှိသော ဟဂျ်ရေအတ်စ်ဝဒ်ရှိရာသို့ရောက်ရှိလာပြီး ၎င်းအား နမ်းရှုပ်ခဲ့သည်။ ထို့နောက် (ဤသို့) ပြောကြားခဲ့သည်- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်းကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။"
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် မိမိ၏အဝတ်ကို မာန်မာနထောင်လွှားပြီး တရွတ်ဆွဲ၍ (လမ်းလျှောက်) ခဲ့လျှင်အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မာန်မာနနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းတို့ကြောင့် အဝတ်အထည် သို့မဟုတ် ခါးဝတ်ပုဆိုးကို ခြေကျင်းဝတ်အောက်ချ၍ ဝတ်ဆင်ခြင်းအား တားမြစ်တော်မူခဲ့ပြီး၊ ထိုသို့ပြုလုပ်သူအား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ကရုဏာတော်၏ အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ဟူသော ပြင်းထန်သည့် ခြိမ်းခြောက်ချက်ကို ခံယူထိုက်သူဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
မသွရ်ဗင်န် အုကာမိစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအားတစ်နေရာ၌ ကွယ်လွန်သေဆုံးရန် သတ်မှတ်ခဲ့ပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာ(သို့သွားရောက်ရန်) လိုအပ်ချက် ဖြစ်ပေါ်စေသည်။
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအား ၎င်းမရှိသည့်နေရာတွင် ကွယ်လွန်သေဆုံးရန် သတ်မှတ်၊ဆုံးဖြတ်ထားပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာသို့သွားရောက်ရန် လိုအပ်ချက်ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ၎င်းသူသည် ယင်းနေရာသို့ ရောက်ရှိသွားပြီး ထိုနေရာ၌ အသက်နှုတ်သိမ်းခြင်းခံရသည်။
အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျှက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။
رواه الإمام أحمد والترمذي والنسائي وابن ماجه وابن حبان في صحيحه والحاكمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့အား လောကီရေးနှင့် သာသနာရေးကိစ္စများ၌ အကျိုးရှိသောအရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသောအရာများကို ဖယ်ရှားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးအားထားပြုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မှန်ကန်စွာယုံကြည်အားကိုး၍ အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးကာ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်းလိုက်နာဆောင်ရွက်နေသရွေ့ နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြကာ ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသော ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။ ငှက်တို့၏လုပ်ရပ်သည် အကြောင်းခံကိုစွန့်လွှတ်ခြင်း၊ ပျင်းရိခြင်းမရှိဘဲ ရိုဇီရိက္ခာကိုကျိုးစားရှာဖွေသည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ဖတ်တတ်သူမဟုတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) တတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃) ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိတ်နှလုံးထိတ်လန့်တုန်လှုပ်လျက် ထိုအာယသ်တော်များနှင့် အတူပြန်လာခဲ့ပြီး၊ ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ "ကျွန်ုပ်ကို စောင်ခြုံပေးကြပါ။ ကျွန်ုပ်ကို စောင်ခြုံပေးကြပါ" ဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော့်အား စောင်ခြုံပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ ‘ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ‘ထိုသို့လုံးဝမဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ထား၏။ အင်အားချိနှဲ့သူတို့၏ ဝန်ထုပ်ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ဧည့်သည်အား ဧည့်ဝတ်ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်တွင် ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် ဟီဗရူးဘာသာဖြင့် ကျမ်းဂန်ရေးသားလေ့ရှိခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေးသားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက ‘အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား မူစာနဗီထံသို့ အလ္လာဟ်အရှင်မြတ် က ဆင်းသက်စေတော်မူခဲ့သော ကောင်းကင်စေတမန်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက် ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက် ရှိလျက်ရှိနေလျှင် ကောင်းလေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်။ အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်’။ ထို့နောက် များမကြာမီမှာပင်ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။
متفق عليهအွမ္မုလ်မုအ်မီနီးန်အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပထမဦးဆုံးစတင်ခဲ့သော ဝဟီဗျာဒိတ်တော်မှာ မှန်ကန်သည့် အိပ်မက်ကောင်းများ ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မြင်မက်တော်မူသည့် အိပ်မက်တိုင်း သည် နံနက်မိုးသောက်ယံအလင်းကဲ့သို့ ထင်ရှားစွာ ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့နောက် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာ၌နေခြင်းကို နှစ်သက်ခုံမင်တော်မူလာ၏။ ထို့ကြောင့် ကိုယ်တော်မြတ်သည် ဟီရာလိုဏ်ဂူ၌ တစ်ဦးတည်း သွားနေလေ့ရှိတော်မူသည်။ မိမိမိသားစုထံပြန်မလာဘဲ ထိုလိုဏ်ဂူ၌ပင် ညပေါင်းများစွာ အေဗာဒသ်တရားအားထုတ်တော်မူလေ့ရှိသည်။ ယင်းအတွက် စားနပ်ရိက္ခာကိုပါ သယ်ဆောင်သွားတော်မူ၏။ ထို့နောက် (စားနပ်ရိက္ခာကုန်သွားသည့်အခါ၌) အွမ္မုလ်မုအ်မီနီးန်ခဒီဂျဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ပြန်လာပြီး ထိုရက်အတိုင်းအတာအတွက် စားနပ်ရိက္ခာ ထပ်မံသယ်ဆောင်သွားတော်မူလေ့ရှိ၏။ နောက်ဆုံးတွင် ကိုယ်တော်မြတ်သည် ဟီရာဂူအတွင်း၌ရှိစဉ် ကိုယ်တော်မြတ်ထံ အမှန်တရား (ဝဟီ) ရောက်ရှိလာလေသည်။ ကောင်းကင်တမန်သည် ကိုယ်တော့်ထံရောက်လာပြီး "အသင်ဖတ်ပါ"ဟု ပြောဆိုလေ၏။ ကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ဖြေကြားလေ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ထိုအခါ (ကောင်းကင်တမန်က) ‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ပင်ပန်းကာခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ တစ်ဖန် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်းကင်တမန်က) ဒုတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ နောက်ဆုံး ငါကိုယ်တော်သည် ပင်ပန်းကာခံနိုင်ရည်မရှိတော့သည့်အထိ ဖြစ်သွားရ၏။ ထို့နောက် ငါကိုယ်တော်အား လွှတ်လိုက်၏။ ထို့နောက် "အသင်ဖတ်ပါ"ဟု ပြောဆိုပြန်လေ၏။ ငါကိုယ်တော်က ‘ကျွန်ုပ် ကောင်းစွာမဖတ်တတ်ပါ’ ဟု ပြန်ဖြေ၏။ ထိုအခါ (ကောင်း ကင်တမန်က) တတိယအကြိမ်‘ငါကိုယ်တော်အား ဖက်ပြီး ညှစ်လေ၏။ ထို့နောက် ငါကိုယ်တော်အား ပြန်လွှတ်လိုက်ပြီး ပြောသည်မှာ- {အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ဖြင့် (အစပြု)ဖတ်ပါ။ ထိုအရှင်မြတ်သည် လူသားကို သွေးခဲ၊ (တွယ်ကပ်နေသောအရာ၊ မျှော့ကောင်ကဲ့သို့သောအရာ)မှ ဖန်ဆင်းတော်မူခဲ့သည်။ အသင်ဖတ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်အရက်ရောဆုံး ပေးကမ်းတော်မူသောအရှင် ဖြစ်တော်မူသည်။} (စူရဟ် အလက် ၉၆:၁-၃) ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုအာယသ်တော်များနှင့်အတူ သေဆုံးရမည်ကိုစိုးရိမ်ပြီး စိတ်နှ လုံးထိတ်လန့်တုန်လှုပ်လျက် ပြန်လာခဲ့ပြီး၊ အွမ္မုလ်မုအ်မီနီးန် ခဒီဂျဟ် ဗင်န်သု ခိုဝိုင်လစ်ဒ်(ရဿွိယလ္လာဟုအန်ဟာ)ထံသို့ ဝင်ရောက်တော်မူကာ ဤသို့ မိန့်တော်မူ၏။ ကျွန်ုပ်ကို ခြုံထည်များဖြင့် ပတ်ထားပေးကြပါ။ ကျွန်ုပ်ကို ခြုံထည်များဖြင့်အပတ်ထားပေးကြပါဟု မိန့်တော်မူလေ၏။ ထို့ကြောင့် သူ(အိမ်သား)တို့သည် ကိုယ်တော့်အား ခြုံထည်ဖြင့် ပတ်ထားပေးလိုက်ကြ၏။ နောက်ဆုံး စိုးရိမ်ထိတ်လန့်မှုများ ပပျောက်သွားလေ၏။ ထိုအခါ ကိုယ်တော်မြတ်က ခဒီဂျဟ်သခင်မအား ဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ မိန့်တော်မူသည်မှာ - ကျွန်ုပ်သည် ကိုယ့်ကိုယ်ကို (ရုတ်တရက်) သေဆုံးသွားမည်ကိုပင် စိုးရိမ်မိပါသည်’ ဟု မိန့်တော်မူ၏။ ထိုအခါ ခဒီဂျဟ်သခင်မက လျှောက်ထားပြောဆိုသည်မှာ- ထိုသို့လုံးဝမဖြစ်နိုင်ပါ။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် ကိုယ်တော့်အား ဘယ်တော့မျှ အရှက်တကွဲအကျိုးနည်း ဖြစ်စေမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ဆွေမျိုး သားချင်းများနှင့် အဆက်အသွယ်ထား၏။ မိမိကိစ္စကို မထမ်းဆောင်နိုင်သော အင်အားချိနှဲ့သူတို့၏ ဝန်ထုပ် ဝန်ပိုးကို ကူညီသယ်ပိုး၏။ မရှိဆင်းရဲသားများအား (စားနပ်ရိက္ခာ) ရှာဖွေပေးတော်မူ၏။ ကိုယ်တော်သည် မိမိမှအပ အခြားသူများထံ မရရှိနိုင်သောအရာကို လူတို့အား ပေးကမ်းစွန့်ကြဲတတ်သူဖြစ်၏။ဧည့်သည်အား ဧည့်ဝတ် ကျေပွန်၏။ အမှန်တရားအတွက် ကျရောက်သောဒုက္ခဘေးအန္တရာယ်များ၌ အကူအညီပေးတော်မူ၏။ ထို့နောက် ခဒီဂျဟ်သခင်မသည် ကိုယ်တော်မြတ်အား ခေါ်ဆောင်ကာ သူမ၏အစ်ကိုဝမ်းကွဲ ဝရကဟ် ဗင်န် နောင်ဝ်ဖလ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အုဇ္ဇာထံသို့ ခေါ်သွားလေ၏။ သူသည် ဂျာဟိလိယသ်အမိုက်ခေတ်၏ ထုံးတမ်းစဉ်လာများအား စွန့်လွှတ်၍ (စစ်မှန်သည့်) ခရစ်ယာန်သာသနာဝင်ဖြစ်ခဲ့၏။ သူသည် အင်န်ဂျီလ်ကျမ်းအား အလ္လာဟ်အရှင်မြတ် အလိုတော်ရှိသလောက် ဟီဗရူးဘာသာဖြင့် ရေး သားခဲ့၏။ သူသည် အသက်အရွယ်ကြီးရင့်သူဖြစ်ပြီး မျက်စိပင်ကွယ်သွားခဲ့ပြီဖြစ်၏။ ခဒီဂျဟ်သခင်မက သူ့အား ပြောကြားခဲ့သည်မှာ- အို-ကျွန်မဘကြီးရဲ့ သား၊ အသင့်တူဖြစ်သူထံမှ နားထောင်ပါဦး’ ဟု ပြောလေ၏။ ထိုအခါ ဝရကဟ်က ကိုယ်တော့်အား ‘အို-တူတော်မောင်၊ အသင် မြင်တွေ့ခဲ့ရသောအရာကား အဘယ်နည်း’ ဟု မေးလေ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကြုံတွေ့ခဲ့ရသည့်အကြောင်းကို ပြန်ပြောပြလေ၏။ ထိုအခါ ဝရကဟ်က ‘ဤသည်ကား အလ္လာဟ်အရှင်မြတ်က မိမိ၏နဗီတမန်တော်မူစာ (အလိုင်ဟိစ္စလာမ်)ထံသို့ ဆင်းသက်စေတော်မူခဲ့သော ကောင်း ကင်တမန်ဂျစ်ဗ်ရီလ်ပင် ဖြစ်သည်။ ထို (အသင် သာသနာဘက်ကို ဖိတ်ခေါ်သည့်) အချိန်ကာလ၌ ကျွန်ုပ်သည် တောင့်တင်းသန်မာသောလူငယ်တစ်ယောက်ဖြစ်လျှင် ကောင်းလေစွ။ အသင်၏ အမျိုးသားတို့က သင့်အား နှင်ထုတ်သည့်အချိန်တွင် ကျွန်ုပ် အသက်ရှင်လျက်ရှိနေလျှင် ကောင်းလေစွ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ‘သူတို့သည် ကျွန်ုပ်အား နှင်ထုတ်ကြမည်လော’ဟု မေးမြန်းတော်မူ၏။ ဝရကဟ်က ပြန်ဖြေသည်မှာ ‘ဟုတ်ပါသည်' အသင်ယူဆောင်လာသည့် အရာ(ဝဟီ)မျိုးကို ယူဆောင်လာခဲ့သည့်သူတိုင်း ဒုက္ခပေးခံရခြင်း၊ ရန်ပြုခြင်းမခံရသည်ဟူ၍ မရှိပါ။ အကယ်၍ အသင်၏နေ့ရက် (နှင်ထုတ်ခံရသည့်အချိန်ကာလ) ကို ကျွန်ုပ်ကြုံခဲ့လျှင် သင့်အား ကျွန်ုပ် အစွမ်းကုန်အကူအညီပေးပါမည်။ ထို့နောက် များမကြာမီမှာပင် ဝရကဟ်မှာ ကွယ်လွန်သွားခဲ့ပြီး ဝဟီကျရောက်မှုလည်း ခေတ္တရပ်ဆိုင်းသွားလေ၏။
အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ပတ်သက်၍ ပြောပြတော်မူခဲ့သည်။ မွတ်စ်လင်မ်တစ်ဦးသည် ကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေစဉ် အမလ်ကောင်းမှုများ ပြုလုပ်လေ့ရှိပါက ထိုသူနာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အတွက် မအားလပ်သည့်အခါ သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ထိုအမလ်ကောင်းမှုများကို မဆောင်ရွက်နိုင်သည့်အခါ ထိုသူကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေချိန်တွင် အမလ်ကောင်းမှုများ ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ် အပြည့်အဝ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။
စအဒ်ဗင်န်အဗီဝကာဆ်ွ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
رواه مسلمအချို့ကျေးကျွန်များကို အလ္လာဟ်အရှင်မြတ်က ချစ်မြတ်နိုးတော်မူကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) သက္ကဝါတရားရှိသူ - အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်သူ၊ (၂) လိုလားတောင့်တမှုကင်းသူ - လူတို့ထံမှ လိုအပ်ချက်ကင်းကာ အလ္လာဟ်အရှင်မြတ်ဖြင့်သာ လုံလောက်ပြီး အရှင်မြတ်မှလွဲ၍ မည်သူ့အပေါ်မျှ အာရုံမထားသူ၊ (၃) ထင်ပေါ်ခြင်းမရှိသူ - ရိုကျိုးနှိမ့်ချသူ၊ မိမိအရှင်မြတ်ကို ခဝပ်ကိုးကွယ်သူ၊ မိမိအတွက် အကျိုးရှိသည့်အရာဖြင့်သာ အချိန်ကုန်ဆုံးသူ၊ အခြားသူများက မိမိအားသိရှိကြရန်နှင့် မိမိအကြောင်း ချီးမွမ်းပြောဆိုကြရန် အလေးမထားသူတို့ဖြစ်သည်။
အုမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမျိုးသမီးတစ်ဦးသည် ကွယ်လွန်သူတစ်ဦးဦးအတွက် သုံးရက်ထက်ပို၍ (ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်သည့်အနေဖြင့်) အလှပြင်ဆင်မှုကို စွန့်လွှတ်ခြင်း မပြုရ။ သို့ရာတွင် ခင်ပွန်းသည် အတွက်မူ လေးလနှင့် ဆယ်ရက် (ထိုသို့ ပြုနိုင်သည်)။ ထို့ပြင် (ထိုကာလအတွင်း) အရောင်ပါသောအဝတ်ကို မဝတ်ရ။ သို့ရာတွင် 'အိစ်ဗ်' (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် မျက်စိတွင်ကာဂျလ် မဆိုးရ။ အမွှေးအ ကြိုင် မသုံးရ။ သို့ရာတွင် ဓမ္မတာလာခြင်းမှ သန့်စင်ပြီးသည့်အခါ (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။
متفق عليهနဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများအား သေဆုံးသူ (ဖခင်၊သားချင်းများ၊ သားများ သို့မဟုတ် အခြားဆွေမျိုးများ)အတွက် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အမွှေးနံ့သာသုံးခြင်း၊ မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ လက်ဝတ်လက်စား ဝတ်ဆင်ခြင်း၊ လှပ သော အဝတ်အစားများ ဝတ်ဆင်ခြင်း စသော အလှအပဆိုင်ရာ အရာများကို သုံးရက်ထက်ပို၍ မစွန့်လွှတ်၍ တားမြစ်တော်မူထားသည်။ သို့ရာတွင် ခင်ပွန်းသည် ကွယ်လွန်ပါက လေးလဆယ်ရက်တိုင်တိုင် ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်သည့်အနေဖြင့် အလှအပ ပြင်ဆင်ခြယ်သခြင်းမပြုဘဲ နေရမည်။ခင်ပွန်းအတွက် ဝမ်းနည်းပူဆွေးမှူကို ထုတ်ဖော်သည့် ထိုကာလအတွင်း သူမအနေဖြင့် အလှဆင်ရန် ရည်ရွယ်ချက်ဖြင့် ဝတ်ဆင်လေ့ရှိသော အရောင်ဆိုးထားသည့် အဝတ်အစားများကို မဝတ်ရပါ။ သို့ရာတွင် အိစ်ဗ် (ရက်ကန်းမရက်ခင်အရင် ဆေးဆိုးထားသော ယီမင်ဒေသထွက် အဝတ်) ကိုမူ ဝတ်ဆင်နိုင်သည်။ ထို့ပြင် အလှအပအတွက် မျက်စိတွင် ကာဂျယ်ဆိုးခြင်း၊ အမွှေးနံ့သာ သို့မဟုတ် ရေမွှေးများ သုံးစွဲခြင်းမပြုရပေ။ သို့ရာတွင် ရာသီသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ရေချိုးရာတွင် (အနံ့ဆိုးကို ဖယ်ရှားရန်အတွက်) အူးဒ် (အမွေးအကြိုင်တစ်မျိုး) သို့မဟုတ် 'အဇ်ဖာရ်' (အပွင့်တစ်မျိုး)ကို အနည်းငယ် အသုံးပြုနိုင်သည်။ ထိုအရာနှစ်မျိုးသည် လူသိများသော နံ့သာနှစ်မျိုးဖြစ်သော်လည်း အမွှေးအကြိုင်အတွက် ရည်ရွယ် ချက်ဖြင့်သုံးစွဲသော နံ့သာများမဟုတ်ပါ။ ရာသီသွေးဆင်းခြင်းမှ ရေချိုးသန့်စင်ပြီးသော အမျိုးသမီးအား မကောင်းသောအနံ့ကို ဖယ်ရှားရန်အတွက် ခွင့်ပြုထားခြင်းဖြစ်သည်။ ၎င်းကိုမိန်းမကိုယ်ရှိ သွေးအကြွင်းအကျန်အတွက် သုံးရန် ဖြစ်ပြီး မွှေးကြိုင်ရန်အတွက်သုံးစွဲခြင်း မဟုတ်ပါ။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သော မုအ်မင်န်၏ပမာကား ကျွဲကောသီးကဲ့သို့ပင်ဖြစ်သည်။ ကျွဲကောသီးမှာ အနံ့လည်းကောင်း၏။ အရသာလည်းကောင်း၏။ ကုရ်အာန်မဖတ်သော မုအ်မင်န်၏ပမာကား စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။ ကုရ်အာန်ဖတ်သော မုနာဖိက်၏ပမာကား မွှေးသောပန်းကဲ့သို့ဖြစ်၏။ အနံ့ကောင်းသော်လည်း အရသာခါး၏။ ကုရ်အာန်မဖတ်သော မုနာဖိက်အယောင်ဆောင်၏ ပမာကား ကျီးအာသီးနှင့်အလားတူ၏။ အနံ့လည်းမရှိ၊ အရသာလည်းခါး၏။
متفق عليهကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်ခြင်းနှင့် ထိုကျမ်းမြတ်ဖြင့် အကျိုးခံစားရာ၌ လူအမျိုးမျိုးရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ပထမအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်ကိုဖတ်ရွတ်ပြီးအကျိုးခံစားသော မုအ်မင်န်ဖြစ်သည်။ သူသည် ကျွဲကောသီးကဲ့သို့ဖြစ်သည်။ ကျွဲကောသီးသည် အနံ့လည်းကောင်း၏။ အရသာလည်းကောင်း ၏။ အရောင်လည်းလှ၏။ ကျွဲကောသီး၏ကောင်းကျိူးများစွာရှိ၏။ ယင်းမုအ်မင်မင်န်သည် ကျွဲကော သီးနှင့်တူရခြင်းမှာ ဖတ်ရွတ်ထားသည့်အတိုင်း အမလ်ကျင့်သုံးလေ့ရှိပြီး အလ္လာဟ်အရှင်မြတ်၏ကျေး ကျွန်များကိုလည်း ကောင်းကျိုးပြုသောကြောင့်ဖြစ် သည်။ ဒုတိယအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ်ဖတ်သော မုအ်မင်န်ဖြစ်သည်။ သူသည် စွန်ပလွံသီးကဲ့သို့ဖြစ်၏။ စွန်ပလွံသီးမှာ အနံ့မရှိသော်လည်း အရသာရှိ၏။ စွန်ပလွံသီး၏အထဲ၌ ချိုသောအရသာရှိသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ်ဖတ်သော မုအ်မင်န်၏နှလုံးသားတွင် အီမာန်ရှိသည်။ သို့သော် စွန်ပလွံသီးသည် လူအများနမ်းရှုပ်နိုင်သည့် ရနံ့မရှိသကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို မရွတ် ဖတ်သော မုအ်မင်န်၏ထံမှ လူသားများကလည်း ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို နားထောင်ပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မည်မဟုတ်ပေ။ တတိယအမျိုးအစားမှာ ကုရ်အာန်ဖတ်သောမုနာဖစ်က်၏ပမာကား မွှေးသောပန်းကဲ့သို့ဖြစ်၏။ အနံ့ကောင်းသော်လည်း အရသာခါး၏။ ဤသို့ပင် မုနာဖိက်သည် အီမာန်ယုံကြည်မှုဖြင့် မိမိ၏နှလုံးသားကို ပြုပြင်ပြောင်းလဲမှုမပြုခဲ့ပေ။ သူသည် ကျမ်းတော်မြတ်ကုရ်အာန်အတိုင်း လိုက်နာကျင့်သုံးမှုလည်းမပြုခဲ့ပေ။ ၎င်းအပြင် မိမိသည် မုအ်မင်န်ပါဟု လူသားများရှေ့၌ဖော်ထုတ်လေ့ရှိသည်။ မုနာဖိက်တို့ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်ခြင်းသည် မွှေးသောပန်း၏ရနံ့မွှေးခြင်းနှင့်ဆင်တူပြီး မွှေးသောပန်း၏အရသာခါခြင်းသည် မုနာဖိက်တို့၏ကုဖ်ရ်အရှင်မြတ်အား လက်မခံငြင်းပယ်ခြင်းနှင့်ပမာတူသည်။ ကုရ်အာန်မဖတ်သော မုနာဖစ်က်အယောင်ဆောင်၏ ပမာကား ကျီးအာသီးနှင့်အလားတူ၏။ အနံ့လည်းမရှိ၊ အရသာလည်းခါး၏။ ကုရ်အာန်မဖတ်သည့်မုနာဖိက်၏ပမာသည် ကျီးအာသီးတွင်အနံ့မရှိခြင်းနှင့်အလားတူပေသည်။ မုနာဖိက်၏ကုဖ်ရ်အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ခြင်း၏ခါးခြင်းသည် ကျီးအာသီး ၏အရသာ ခါးခြင်းနှင့်အလားတူပေသည်။ မုနာဖိက်၏အတွင်းပိုင်းသည် အီမာန်ယုံကြည်မှုကင်းမဲ့နေပြီး သူ၏အပြင်ပိုင်းသည် မည်သည့်ကောင်းကျိုးမျှမရှိသည့်အပြင် ဘေးအန္တရယ်ပြုသောသူဖြစ်သည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
رواه ابن ماجهပညာရှင်များအပေါ် ဂုဏ်ဖော်ကြွားဝါးရန်၊ ကျွန်ုပ်သည်လည်း အသင်တို့ကဲ့သို့ ပညာရှင်တစ်ဦးပင်ဖြစ်သည်ဟုပြသရန် သို့မဟုတ် အသိပညာနည်းပါးသူများ၊ ပညာမဲ့များနှင့် အငြင်းအခုံပြုရန် သို့မဟုတ် ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန်၊ အခြားသူများထက် ရှေ့တန်းတင်ခံရရန် စသည့်ရည်ရွယ်ချက်မျိုးဖြင့် ပညာသင်ယူဆည်းပူးခြင်းမပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုရည်ရွယ်ချက်မျိုးထားခဲ့လျှင် ပညာသင်ယူဆည်းပူးခြင်းသည် အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက် မဟုတ်ဘဲ ပြစားရန်အတွက်ဖြစ်သွားသောကြောင့် ဂျဟန္နမ်ငရဲမီးနှင့်သာ ထိုက်တန်သွားမည်ဖြစ်သည်။