





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ဂျူး(ယဟူဒီ)တို့သည် သောင်ရာသ်ကျမ်းကို ဟီဗရူးဘာသာစကားဖြင့် ဖတ်ရွတ်ပြီးမွတ်စ်လင်မ်များကို အရဗီဘာသာစကားဖြင့် ရှင်းပြလေ့ရှိကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။) ကုရ်အာန် (၂:၁၃၆)
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏အွမ္မသ်နောက်လိုက်များကို ကျမ်းရပုဂ္ဂိုလ်များက ၎င်းတို့၏ ကျမ်းဂန်များမှ ဖတ်ကြားပြောပြသည့် စကားများဖြင့် လှည့်ဖျားမခံရစေရန် သတိပေးတော်မူခဲ့သည်။ ကျမ်းရပုဂ္ဂိုလ် ယဟူဒီတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ခေတ်သမယ၌ သောင်ရာသ်ကျမ်းကို ၎င်းတို့၏ဘာသာစကားဖြစ်သည့် ဟီဗရူးဘာသာစကားဖြင့်ဖတ်ပြပြီး အစ္စလာမ်ဘာသာဝင်များကို အရဗီဘာသာဖြင့် ရှင်းပြလေ့ရှိသည်။ ၎င်းတို့ပြောကြားချက်များသည် အမှားအမှန်မသိရသည့်အတွက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသင်တို့ ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလည်းမပြုကြနှင့် ငြင်းပယ်ခြင်းလည်းမပြုကြနှင့်ဟု မိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့အပေါ်ချပေးထားသည့် ကုရ်အာန်ကျမ်းမြတ်နှင့် ၎င်းတို့အပေါ်ချပေးခဲ့သည့် ကျမ်းဂန်များအပေါ် အီမာန် သက်ဝင်ယုံကြည်ရန် အမိန့်ပေးထားသည်။ သို့သော် ၎င်းတို့တင်ပြလိုက်သည့်အရာများနှင့်စပ်လျဥ်း၍ ကျွန်ုပ်တို့၏ ရှရီအဟ်တရားတော်၌ အမှားအမှန် ရှင်းပြထားခြင်းမရှိလျှင် ထိုကျမ်းဂန်များမှ ၎င်းတို့၏တင်ပြချက်များသည် မှန်ကန်ပါသည်ဟု သိနိုင်ရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထောက်ခံခြင်းလဲမပြု၊ ငြင်းပယ်ခြင်းလည်း မပြုကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ပြောင်းလဲထားသည့် ကဏ္ဍများတွင် ကျွန်ုပ်တို့သည်၎င်းတို့နှင်အတူ မဖြစ်စေရန်အတွက် ၎င်းတို့အား ထောက်ခံခြင်းမပြုပေ။ ထို့အတူ ၎င်းတို့၏တင်ပြချက်သည် မှန်ကောင်းမှန်နေလျှင် ကျွန်ုပ်တို့သည် ယုံကြည်ရန်အမိန့်ခြင်းခံရသောအရာကို ငြင်းပယ်သလို ဖြစ်သွားနိုင်သည့်အတွက် ငြင်းပယ်ခြင်းလဲမပြုပေ။ သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ဤကဲ့သို့ပြောဆိုရန်သာ အမိန့်ပေးတော်မူခဲ့သည်။ (အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့သည် ဤသို့ပြောဆိုကြကုန်လော့၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ အကျွန်ုပ်တို့ထံ ပို့ချသော ဓမ္မဒေသနာ (ကုရ်အာန်ကျမ်းမြတ်) ကို လည်းကောင်း၊ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)၊ နဗီတမန်တော် အစ္စမာအီလ်(အလိုင်းဟိစ္စလာမ်)၊ နဗီတမန်တော် အစ္စဟာက်(အလိုင်းဟိစ္စလာမ်)၊ နဗီတမန်တော် ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)နှင့် နဗီတမန်တော် ယအ်ကူဗ်(အလိုင်းဟိစ္စလာမ်)၏ အမျိုးအနွယ် သားမြေးတို့ထံ ထုတ်ပြန်ပို့ချသော တရားဒေသနာတော်များကို လည်းကောင်း၊ ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော် မူစာ(အလိုင်းဟိစ္စလာမ်)နှင့် နဗီတမန်တော် အီစာ(အလိုင်းဟိစ္စလာမ်)တို့အား ပေးသနားတော်မူခြင်းခံရသော တရားဓမ္မများကိုလည်း ယုံကြည်ကြပါပြီ။ ထို့ပြင်အကျွန်ုပ်တို့သည် နဗီတမန်တော်အပေါင်းတို့ထံသို့ ထိုနဗီတမန်တော်များကို မွေးမြူတော်မူသောအရှင်၏ အထံတော်မှ ပေးသနားတော်မူခြင်းခံရကုန်သော ဒေသနာတော်များကိုလည်း ယုံကြည်ကြပါပြီ။ (ထိုသို့ယုံကြည်ရာ၌) အကျွန်ုပ်တို့သည် ထိုနဗီတမန်တော် အပေါင်းတို့အနက်မှ နဗီတမန်တော်တစ်ပါးကို အခြားနဗီတမန်တော်တစ်ပါးနှင့် လုံးဝခွဲခြားခြင်းလည်း မပြုကြပါ၊ အမှန်သော်ကား ကျွန်ုပ်တို့သည် ထိုအလ္လာဟ် အရှင်မြတ်၏ ဒေသနာတော်ကိုသာလျှင် လိုက်နာသူများပင် ဖြစ်ကြပါသည်။ စူရဟ် ဗကရဟ် - (၂:၁၃၆)
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအပေါ် (بِسْمِ ٱللّٰهِ ٱلرَّحْمٰنِ ٱلرَّحِيْمِ) မကျရောက်သေးသရွေ့ စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြား ပိုင်းခြားထားသည့် နေရာကိုမသိရှိခဲ့ပေ။
رواه أبو داودအိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ရှင်းပြခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်၏ စူရဟ်များသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ကျရောက်ခဲ့ပြီး (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ)မကျရောက်သေးသရွေ့ ကိုယ်တော်မြတ်သည် စူရဟ်တစ်ပုဒ်နှင့် တစ်ပုဒ်ကြားပိုင်းခြားထားသည့် နေရာနှင့် စူရဟ်တစ်ပုဒ်ပြီးဆုံးသွားသည့်နေရာကို မသိရှိခဲ့ပေ။ (بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ) ကျရောက်လာမှသာ ယခင်စူရဟ်ပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ၎င်းသည် စူရဟ်အသစ်၏ အစဖြစ်ကြောင်း သိရှိတော်မူသည်။
အဗ်ဒုလ္လာဟ်ဗင်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။
رواه أبو داود والترمذي والنسائي في الكبرى وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ရွတ်သူ၊ ကျမ်းလာအတိုင်း အမလ်ကျင့်ဆောင်သူ၊ ကုရ်အာန်ကျမ်းမြတ်ကို အမြဲတစေဖတ်ရွတ်ပြီး အာဂုံဆောင်သူသည် ဂျန္နသ်သို့ဝင်ရောက်သည့်အခါ ဤသို့ပြောကြားခြင်းခံရမည်ဖြစ်သည်။ အသင်ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ပါ၊ ဂျန္နသ်၏အဆင့်များသို့တက်ပါ အသင်လောက၌ ရှိစဥ်အခါက ဖြည်းညင်းတည်ငြိမ်စွာဖြင့် ဌာန်ကရိုဏ်းကျစွာဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။ အသင်၏ အဆင့်အတန်းသည် တစ်အာယသ်ပြီးတိုင်း အဆင့်တစ်ဆင့်တက်သွားပြီး သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ အဆင့်အတန်းရရှိမည်ဖြစ်သည်။
အဗူအဗ်ဒိရ်ရဟ်မာန် အတ်စ်စုလမီ(ရဟိမဟုလ္လာဟ်)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
رواه أحمدဆွဟာဗဟ်သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယာသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာများကို သင်ယူပြီး ၎င်းတို့အပေါ် လိုက်နာကျင့်သုံးမှု မပြုသေးသမျှ နောက်ထပ်အာယာသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ သာဝကကြီးများသည် ‘အိလ်မ်’အသိပညာနှင့်အတူ အမလ်ကျင့်ဆောင်မှုကိုပါတွဲ၍ သင်ယူခဲ့ကြသည်။
အုဗိုင်းယ္ယုဗ်နုကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလား။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ တဖန်ကိုယ်တော်က အို-အဗုလ်မွန်ဇိရ် အသင့်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်သည်ကို အသင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က (ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (စူရဟ် ဗကရဟ်- ၂၅၅) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထိုအခါ ကိုယ်တော်သည်ကျွန်ုပ်၏ရင်ဘတ်ကိုပုတ်၍ မိန့်တော်မူသည်မှာ “အို-အဗုလ်မွန်ဇိရ် သင့်အတွက် အသင်၏အိလ်မ်အသိပညာသည် မင်္ဂလာရှိပါစေ။”
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အုဗိုင်းယ္ယုဗ်နုကအ်ဗ်အား ကုရ်အာန်ကျမ်းတော်မြတ်တွင် မည်သည့်အာယသ်တော်သည် အကြီးမြတ်ဆုံးဖြစ်ကြောင်း မေးမြန်းတော်မူခဲ့သည်။ ၎င်းက အဖြေပေးရန်တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက်(ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ) (အာယသုလ်ကုရ်စီ) ဖြစ်သည်ဟု ဖြေကြားလိုက်သည်။ ထိုအခါ ကိုယ်တော်သည် ၎င်းကိုထောက်ခံခဲ့ပြီး သူ၏အသိပညာနှင့် ဉာဏ်အမြော်အမြင် ပြည့်စုံမှုကို ညွှန်ပြသည့်အနေဖြင့် သူ၏ရင်ဘတ်ကို ပုတ်တော်မူခဲ့သည်။ ထို့ပြင် ဤအသိပညာကိုအကြောင်းပြု၍ မင်္ဂလာရှိစေရန်နှင့် အကျိုးဖြစ်ထွန်းစေရန်အတွက် ဆုတောင်းပေးတော်မူခဲ့သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်တို့ကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။ ထို့နောက် ၎င်းလက်ဖဝါးနှစ်ဖက်ဖြင့် ရောက်နိုင်သလောက် ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ကိုယ်တော်သည် လက်ဖဝါးနှစ်ဖက်ဖြင့် ပထမဦးဆုံး ဦးခေါင်း၊ ၎င်းနောက်မျက်နှာ၊ ၎င်းနောက်ခန္ဓာကိုယ်အရှေ့ဘက်မှစ၍ ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ထိုအတိုင်းပင် သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကျင့်ဆောင်မှုနည်းလမ်းတစ်ခုမှာ ကိုယ်တော်သည် အိပ်စက်ရန်အိပ်ရာဝင်သည့်အခါ ဒုအာတောင်းသူ ပြုလုပ်သကဲ့သို့ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး အပေါ်သို့မြှောက်ကာ စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်၊ သုံးပုဒ်ကို ဖတ်ရွတ်တော်မူပြီး ထိုလက်ဖဝါးနှစ်ဖက်ထဲသို့ တံတွေးအနည်းငယ်ပါသောလေဖြင့် ဖြေးညင်းစွာမန်းမှုတ်တော်မူသည်။ ၎င်းနောက် ထိုလက်နှစ်ဖက်ဖြင့် ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်၏ ရှေ့ပိုင်းတို့မှ စတင်၍ ရောက်နိုင်သမျှ ခန္ဓာကိုယ်နေရာအနှံ့ကို ပွတ်သပ်တော်မူသည်။ ကိုယ်တော်သည် ဤအတိုင်း သုံးကြိမ်သုံးခါ ပြုလုပ်တော်မူသည်။
အဒီဗင်န် ဟာသင်မ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ယဟူဒီ (ဂျူး) များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ (ခရစ်ယာန်) များသည် လမ်းလွဲနေသူများဖြစ်ကြသည်။
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ ယဟူဒီ (ဂျူး) များသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ရှခြင်းခံရသူများဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမှန်တရားကိုသိပြီး လိုက်နာကျင်သုံးခြင်း မရှိကြပေ။ နဆ်ွရာနီ (ခရစ်ယာန်) များသည် လမ်းလွဲနေသူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည်အသိပညာမရှိဘဲ ကောင်းမှုများပြုကြသည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည်။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအယာသ်တော်ကိုဖတ်ရွတ်တော်မူခဲ့၏။ (ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချတော်မူသော အရှင်မြတ်ပင်တည်း။ထိုကျမ်းမြတ်အနက် မပြောင်းမလဲပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပါယ် တစ်မျိုးတစ်စားတည်းထွက်သော အာယသ်တော်များလည်းရှိပေ၏။ ယင်းအာယသ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏ မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တစ်ဝ အခြားအာယသ်တော်များမှာမူကား အဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များလည်းရှိ၏။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသော သူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယသ်တော်များ၏ အဓိပ္ပါယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်းဆင်တူယိုးမှား အာယသ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပါယ်ပြားသော ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များ၏ မှန်ကန်သော အနက်အဓိပ္ပါယ်အလိုသဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂူများကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာသ်၊ မုသရှာဗိဟာသ်၊ အာယသ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယသ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပါယ်ပြားသော၊ ဆင်တူယိုးမှားဖြစ်သော အာယသ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟုပြောဆိုကြကုန်၏။ အမှန်သော်ကား ပညာဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်မရနိုင်ချေ။) (ကုရ်အာန်- ၃:၇) အထက်ပါ အာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူထားသည်မှာ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို မိမိ၏ နဗီတမန်တော်အပေါ်သို့ ချပေးတော်မူခဲ့ပြီး ထိုကျမ်းဂန်တွင် အဓိပ္ပါယ်ပေါ်လွင်ထင်ရှားသည့် အာယသ်တော်များ၊ ရှုပ်ထွေးမှုမရှိဘဲ တိကျပြတ်သားသည့် အမိန့်ပညတ်ချက်များပါရှိသည်။ ထိုအာယသ်တော်များသည် ကုရ်အာန်ကျမ်းတော်မြတ်၏ အဓိကအရင်းအမြစ်ဖြစ်ပြီး ကွဲလွဲမှုများဖြစ်ပေါ်လာသည့်အခါ ပြန်လှည့်ရမည့် အာယသ်တော်များလည်းဖြစ်သည်။ ၎င်းပြင် ထိုကျမ်းမြတ်တွင် အဓိပ္ပါယ်အမျိုးမျိုးထွက်သော အခြားအယသ်တော်များလည်းရှိသည်။ ယင်းအာယသ်များသည် အချို့သူများအတွက် အဓိပ္ပါယ်ရှုပ်ထွေးမှုများ သို့မဟုတ် ယင်းအာယသ်တော်များနှင့် အခြားအာယသ်တော်များကြားတွင် ဆန့်ကျင်ကွဲလွဲမှုများရှိသည်ဟု အထင်ရောက်နိုင်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က အာယာသ်တော်များနှင့်ပတ်သက်၍ လူတို့၏ ဆောင်ရွက်ပုံကိုရှင်းပြတော်မူသည်။ အမှန်တရားမှ စိတ်နှလုံးယိမ်းယိုင်သူများသည် အဓိပ္ပါယ်ရှင်းလင်းသည့်ပြတ်သားသည့် အာယသ်တော်များကိုစွန့်ကာ အဓိပ္ပါယ်အမျိုးမျိုးထွက်သော အာယသ်တော်များကို လိုက်စားကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းတို့အနေဖြင့် သံသယများကို နှိုးဆွပေးရန်နှင့် လူတို့အားလှည့်ဖျားရန်အတွက်ဖြစ်ပြီး ထိုအာယာသ်များကို မိမိတို့ဆန္ဒနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုကြရန်လည်းဖြစ်သည်။ သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာရင့်သန်သော ပညာရှင်များသည် ကုရ်အာန်ကျမ်းလာ မုသရှာဗိဟာသ် အာယသ်တော်များကို သိရှိကြပြီး ၎င်းတို့ကိုကုရ်အာန်ကျမ်းလာ မုဟ်ကမာသ် အာယသ်တော်များဘက်သို့ ပြန်လှည့်ကြသည်။ ၎င်းတို့က ထိုအာယသ်တော်များသည် သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျရောက်လာသော အာယသ်တော်များဖြစ်ပြီး အဓိပ္ပါယ်ရှုပ်ထွေးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်းတို့မရှိကြောင်း ယုံကြည်ကြသည်။ အမှန်စင်စစ် ယင်းနှင့်ပတ်သက်၍ မှန်ကန်ဖြောင့်မတ်သော အသိဉာဏ်ရှိသူတို့မှအပ အခြားသူများ တရားလမ်းမှန်ရယူနိုင်ခြင်းမရှိပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)အား မိန့်ကြားတော်မူသည်မှာ “အသင်မအနေဖြင့် အဓိပ္ပါယ်အမျိုးမျိုးထွက်သော ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က “စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများ”ဟု (ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ကြပါ။ သူတို့ပြောကြားသည့်အရာများကို နားမထောင်ကြလေနှင့်။
အာအိရှဟ်(رَضِيَ اللّٰهُ عَنْهَا)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ﷺ)၏ ရှေ့တော်မှောက်တွင်ထိုင်၍ လျှောက်ထားသည်မှာ အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတွင် ကျွန်နှစ်ယောက်ရှိပါသည်။ ၎င်းတို့သည် ကျွန်တော့်အား မုသားစကားပြောကြသည်။ ကျွန်တော့်အား သစ္စာဖောက်ကြသည်။ ကျွန်တော့်အမိန့်ကို မနာခံကြပေ။ ကျွန်တော်သည် ၎င်းတို့အား ဆူပူကြိမ်းမောင်းကာ ရိုက်ပါသည်။ သို့ဖြစ်၍ ၎င်းတို့နှင့်ပတ်သက်၍ ကျွန်တော်မျိုး၏အမှုကိစ္စသည် မည်သို့ဖြစ်မည်နည်း။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့အပြစ်များ၏ အတိုင်းအတာနှင့်အညီဖြစ်ခဲ့လျှင် (ပြစ်မှု နှင့်ပြစ်ဒဏ်) နှစ်မျိုးစလုံး ညီမျှသွားပြီဖြစ်သဖြင့် သင့်အတွက်မည်သည့် ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းမရှိပေ။ အကယ်၍ ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်ထက်နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်။ အကယ်၍ ၎င်းတို့အားသင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်ထက်ပိုများပါက ပိုသွားသမျှကို သင်၏အကျိုးကုသိုလ်မှယူပြီး ၎င်းတို့အားပေးမည်ဖြစ်သည်။ ဆင့်ပြန်သူကပြောသည်မှာ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာ ငိုကြွေးလေတော့သည်။ ထိုအခါ တမန်တော်(ﷺ)က မိန့်ကြားတော်မူသည်မှာ အသင်သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့်နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေ့တစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိသော်ငြားလည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။) ကုရ်အာန် (၂၁:၄၇) ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ ကိုယ်တော့်အား သက်သေထားပါသည်။ ဧကန်မုချ ၎င်းတို့အားလုံးသည် ကျွန်အဖြစ်မှလွတ်မြောက်ကာ လွတ်လပ်သူများ ဖြစ်သွားကြပါပြီ။
رواه الترمذيပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ﷺ)ထံ လာရောက်၍ မိမိ၏ကျွန်များ၏ မကောင်းသည့်အကျင့်စရိုက်များနှင့်ပတ်သက်၍ တိုင်တန်းသည်။ ၎င်းတို့သည် သူ့အားလိမ်လည်ပြောဆိုကြပြီး အပ်နှံထားသောအရာနှင့်ပတ်သက်၍ သစ္စာမရှိကြပေ။ အပေးအယူကိစ္စများ၌ လိမ်လည်လှည့်ဖြားကြသည်။ သူ၏အမိန့်ကို ဖီဆန်ကြသည်။ထို့ကြောင့် ၎င်းကလည်း ကျွန်များအား ဆုံးမသည့်အနေဖြင့် ဆဲဆိုကြိမ်းမောင်းကာ ရိုက်နှက်သည်။ သို့ဖြစ်၍ ထိုပုဂ္ဂိုလ်သည် ကိုယ်တော့်အား ကိယာမသ်နေ့၌ ၎င်းတို့နှင့်စပ်လျဉ်း၍ မိမိ၏အခြေအနေ မည်သို့ရှိမည်ကို မေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ﷺ)က ဖြေကြားသည်မှာ သင့်အပေါ် ၎င်းတို့၏ သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်အပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းတာမည်ဖြစ်သည်။ အကယ်၍ ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များနှင့် ညီမျှပါက သင့်အတွက်မည်သည့်ကောင်းကျိုးမျှမရှိသလို မည်သည့်ပြစ်ဒဏ်မျှလည်းရှိမည်မဟုတ်ပေ။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်၏ ပမာဏသည် ၎င်းတို့၏အပြစ်များထက် နည်းပါက သင်အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကယ်၍ သင်ပေးသည့်ပြစ်ဒဏ်သည် ၎င်းတို့၏အပြစ်များထက်များပါက သင်အပြစ်ပေးခြင်းခံရမည်ဖြစ်ပြီး ပိုသမျှအတိုင်းအတာကို သင့်ထံမှယူ၍ ၎င်းတို့အား အစားပြန်ပေးသွားမည်ဖြစ်သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် အခြားတနေရာသို့သွားကာအသံကျယ်လောင်စွာ ငိုကြွေးနေသည်။ ထိုအခါတမန်တော်(ﷺ)က ၎င်းအားမိန့်ကြားတော်မူသည်မှာ အသင်သည်အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်၌ မဖတ်ခဲ့လေသလော (စင်စစ် ငါအရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်း ငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေစင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။) ကုရ်အာန် (၂၁:၄၇) ဆိုလိုသည်မှာ ကိယာမသ်နေ့၌ မည်သူမျှ မတရားပြုခြင်းခံရမည်မဟုတ်ပေ။ လူတို့၏ကြား၌ မျှတသောချိန်ခွင်များ ရှိနေမည်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကပြောသည်မှာ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပါသည် အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ၎င်းတို့နှင့်ခွဲခွါလိုက်ခြင်း၊ ၎င်းတို့ကို စွန့်လွှတ်လိုက်ခြင်းထက် ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ပိုကောင်းသည့်အရာကို ကျွန်တော်မတွေ့တော့ပါ။ကိုယ်တော့်အား သက်သေထားပါသည်။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ရန်၊ စာရင်းစစ်ဆေးခြင်းနှင့် အဇာဗ်ပြစ်ဒဏ်တို့အား ကြောက်ရွံ့သည့်အတွက် ၎င်းတို့အား ကျွန်အဖြစ်မှသူကောင်းပြုလိုက်ပါပြီ။