





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်− “လူသားသည် ငါအရှင်မြတ်အား ဒုက္ခပေးသည်။ သူသည် ခေတ်ကာလကို ဆဲဆိုမကောင်းပြော၏။ စင်စစ် ငါအရှင်မြတ်သည်ကား ခေတ်ကာလပင် ဖြစ်တော်မူ၏။ အရေးကိစ္စဟူသရွေ့သည် ငါအရှင်မြတ်၏လက်တော်၌ ရှိ၏။ နေ့နှင့်ညကိုလည်း ငါအရှင်မြတ်ကပင် လှည့် ပတ်စေတော်မူ၏။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးစ်ကွဒ်စီတွင် မိန့်ကြားတော်မူသည်− “"လူသားသည် ဘေးအန္တရာယ်များနှင့် မနှစ်မြို့ဖွယ်ရာများ ကျရောက်ချိန်တွင် အချိန်ကာလကို မကောင်းပြောဆိုကာ ကဲ့ရဲ့ရှုံ့ချခြင်းဖြင့် ငါအရှင်မြတ်အား ဒုက္ခပေးပြီး ငါအရှင်၏ဂုဏ်တော်ကို နှိမ့်ချသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်တစ်ပါးတည်းကသာ အရာခပ်သိမ်းကို စီမံခန့်ခွဲတော်မူသောအရှင်၊ ဖြစ်ပေါ်လာသော အဖြစ်အပျက်များကို စီရင်ဖန်တီးတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် အချိန်ကာလကို မကောင်းပြောဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်ကို မကောင်းပြောဆိုခြင်းပင်ဖြစ်၏။ အချိန်ကာလသည် ထိန်းချုပ်ခြင်းခံထားရသောဖန်ဆင်းခံတစ်ခုမျှသာဖြစ်၍ ထိုအချိန်ကာလအတွင်း၌ ဖြစ်ပေါ်လာသော အဖြစ်အပျက်များသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အဗူ ရိုကိုင်ယ်ရဟ် သမီမ် ဗင်န် အောင်စ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်” ကျွန်တော်တို့က မည်သူ့အတွက်ပါနည်းဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က “အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ ကျမ်းဂန်အတွက်၊ အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်၊ မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်နှင့် အများမွတ်စ်လင်မ်တို့အတွက်ဖြစ်သည်”ဟု ဖြေကြားတော်မူခဲ့သည်
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် သာသနာသည် ပေါ့လျော့ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းတို့မပါဘဲ အလ္လာဟ်အရှင်မြတ် တာဝန်ပေးထားသည့်အတိုင်း ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရန်အတွက် ‘အိခ်လာဆ်ွ’နှင့် မှန်ကန်မှုအပေါ်၌ အခြေခံထားသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကောင်းကျိုးလိုလားခြင်းသည် မည်သူ့အတွက်ပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်ကဖြေကြားတော်မူသည်မှာ (၁) အလ္လာဟ်အရှင်မြတ်အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် အမလ်ကျင့်ဆောင်ခြင်းများကို ရှိရ်က်( ဖက်စပ်ယှဥ်တွဲမှု )မပါဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းရှင်တော်မူသောအရှင် ၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူသောအရှင်၊ ဂုဏ်တော်များ နာမတော်များကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ကြောင်း ကျွန်ုပ်တို့အီမာန်သက်ဝင်ယုံကြည်ခြင်း၊ အရှင်မြတ်၏ အမိန့်ကို ဂုဏ်ပေးလေးစားခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ရန် ဒအ်ဝဟ် ဖိတ်ခေါ်ခြင်းတို့ဖြစ်သည်။ (၂) အရှင်မြတ်၏ ကျမ်းဂန် (ကုရ်အာန်ကျမ်းမြတ်)အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ကျွန်ုပ်တို့အနေဖြင့် ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်နှင့် နောက်ဆုံးကျမ်းဂန်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုကျမ်းဂန်သည် လွန်လေပြီးသော တရားလမ်းစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်းကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်း၊ ကျမ်းတော်မြတ်အား ဂုဏ်ပေးလေးစားခြင်း၊ ရွတ်ဖတ်ထိုက်သည့်အတိုင်း ရွတ်ဖတ်ခြင်း၊ ထိုကျမ်းမြတ်၏ ပေါ်လွင်ထင်ရှားပြီး အဓိပ္ပာယ်တစ်မျိုးတည်းထွက်သော အာယသ်တော်များကို လိုက်နာကျင့်သုံးပြီး အဓိပ္ပာယ်များပြားသော ဆင်တူရိုးမှားဖြစ်သော အာယသ်တော်များကို သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့ပြင်ကျမ်းတော်မြတ်ကုရ်အာန်၏ အဓိပ္ပာယ်များကို ပြောင်းလဲပစ်သူများ၏ ဖွင့်ဆိုချက်များမှ ၎င်းကျမ်းမြတ်အား ထိန်းသိမ်းကာကွယ် ရမည်။ ကုရ်အာန်ကျမ်းမြတ်၏ တရားဒေသနာများမှ တရားရယူပြီး ၎င်း၏ အသိပညာများကို ဖြန့်ဝေကာ ကျမ်းမြတ်ဖက်သို့ ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရမည်။ (၃) အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် တမန်တော်မြတ်သည် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း၊ တမန်တော်မြတ်ယူဆောင်လာသည့်အရာများနှင့် ပတ်သက်၍ တမန်တော်မြတ်အားထောက်ခံခြင်း၊ တမန်တော်မြတ်၏ အမိန့်တော်များကို လိုက်နာကျင့်သုံးခြင်း၊ တမန်တော်မြတ် တားမြစ်ထားသည့် အရာများမှ ရှောင်ကြဉ်ခြင်း၊ တမန်တော်မြတ်ယူဆောင်လာသည့်တရားလမ်စဥ်အတိုင်းသာ အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်း၊ တမန်တော်မြတ်နှင့်သက်ဆိုင်သည့် ဝတ္တရားများကို လေးစားခြင်း၊ တမန်တော်မြတ်အား ဂုဏ်ပေးလေးစားခြင်း၊ တမန်တော်မြတ်၏ ဒအ်ဝသ်ပေး ဖိတ်ခေါ်မှုနှင့် ရှရီအသ် တရားလမ်းစဥ်ကို ဖြန့်ချီခြင်း၊ တမန်တော်မြတ်အား မဟုတ်မမှန်စွပ်စွဲချက်များကို ငြင်းပယ်ခြင်းတို့ဖြစ်သည်။ (၄) မွတ်စ်လင်မ် ခေါင်းဆောင်များအတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည်အမှန်တရားအပေါ်၌ ၎င်းတို့အားရိုင်ပင်းကူညီခြင်း၊ အရေးကိစ္စများ၌ ၎င်းတို့နှင့် ဆန့်ကျင်မှုမပြုခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ကိုက်ညီသည့် ကဏ္ဍများတွင် ၎င်းတို့၏အမိန့်ကိုနာခံခြင်းတို့ဖြစ်သည်။ (၅) အများမွတ်စ်လင်မ်တို့အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ၎င်းတို့အား ကျေးဇူးပြုခြင်း၊ ဒအ်ဝဟ်ဖိတ်ခေါ်ခြင်း၊ ၎င်းတို့ထံမှ ဘေးအန္တရာယ်များအား တားဆီးဖယ်ရှားပေးခြင်း၊ ၎င်းတို့အတွက်ကောင်းသည့် ကိစ္စများကိုနှစ်သက်ခြင်း၊ ကောင်းမှုနှင့် သက္ကဝါတရားအပေါ်၌ ၎င်းတို့အား ရိုင်းပင်းကူညီခြင်းတို့ဖြစ်သည်။
အုဗာဒဟ် ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် ခက်ခဲသည့်အခါတွင်ဖြစ်စေ၊ လွယ်ကူသည့်အခါတွင်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ကျွန်ုပ်တို့ထက်ပိုပြီးဦးစားပေးခံရသည်ဖြစ်စေ (အာဏာပိုင်တို့အား) နာခံမည်ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းအာဏာပိုင်တို့အား မပုန်ကန်ကြရန်နှင့် မည်သည့်နေရာ၌ပင်ရှိစေ အမှန်တရားကိုသာ ပြောမည်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်အတွက် မည်သည့် ပြစ်တင်ကဲ့ရဲ့သူ၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမျှ ကြောက်ရွံ့စိုးရိမ်မည် မဟုတ်ကြောင်း အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ပဋိညာဉ်ပြုခဲ့ကြသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ် သာဝကကြီးများအား လွယ်ကူသည့်အခါတွင်ဖြစ်စေ၊ ခက်ခဲသည့်အခါတွင်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အုပ်ချုပ်သူများ၊ အာဏာပိုင်များ၏ အမိန့်ကိုနာခံကြရန်၊ ၎င်းတို့၏အမိန့်များကို မိမိတို့စိတ်ထဲမှ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ နောက်ဆုံးထိုအာဏာပိုင်များသည် ပြည်သူ့ဘဏ္ဍာများ၊ ရာထူးအာဏာများ အခြားအရာများကို အုပ်ချုပ်ခံတို့ထက် မိမိတို့ကိုယ်ကို ပိုဦးစားပေးကြလျှင်လည်း ၎င်းတို့၏အမိန့်ကို ကောင်းမွန်စွာ နာခံကြမည်ဖြစ်ကြောင်း ပဋိညာဉ်ရယူခဲ့သည်။ ၎င်းတို့အားဆန့်ကျင်ပုန်ကန်မှု မပြုရခြင်းမှာ ထိုသို့ပုန်ကန်မှုကြောင့်ဖြစ်ပါ်လာသော ပြသနာများ၊ ဆိုးကျိုးများ၊ ပျက်စီးဆုံးရှုံးမှုများသည် ၎င်းတို့၏မတရားမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများထက် ပို၍ပြင်းထန်သောကြောင့်ဖြစ်သည်။ ထို့ပြင် ဆွဟာဗဟ်ကြီးများ ကိုယ်တော်ထံ၌ ကတိပြုခဲ့သည့် အချက်များတွင် မည်သည့်နေရာ၌ပင်ရှိစေ အမှန်တရားကိုသာ ပြောမည်ဖြစ်ကြောင်းနှင့် ထိုသို့ အလ္လာဟ်အရှင်မြတ်အတွက် အမှန်တရားကိုပြောဆိုရာတွင် မည်သည့် ပြစ်တင်ကဲ့ရဲ့သူ၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမျှ ကြောက်ရွံ့စိုးရိမ်မည် မဟုတ်ကြောင်းလည်းပါဝင်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမှန်ပင် အသင်တို့အပေါ်ဝယ် ခေါင်းဆောင်အချို့အား ခန့်အပ်ခြင်းခံရလိမ့်မည်။ အသင်တို့သည် ၎င်းတို့၏ လုပ်ရပ်အချို့ကို လက်ခံကြပြီး အချို့ကို ငြင်းပယ်ကြလိမ့်မည်။ အကြင်သူသည် (၎င်းတို့၏ ကောင်းသောလုပ်ရပ်များကို) လက်ခံပါက အပြစ်ကင်းစင်သူဖြစ်သည်။ အကြင်သူသည် (၎င်းတို့၏ မကောင်းသောလုပ်ရပ်အား) ငြင်းပယ်ပါက ငြိမ်းချမ်းသူဖြစ်သည်။ သို့သော် အကြင်သူသည် ယင်းမကောင်းသောလုပ်ရပ်များကို ကျေနပ်နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် (အပြစ်ထိုက်မည်)ဖြစ်သည်။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်ုပ်တို့သည် ၎င်းတို့အား စစ်တိုက်ရမည်မဟုတ်လောဟု လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်က မိန့်တော်မူသည်မှာ ၎င်းတို့သည် အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကျွန်ုပ်တို့အပေါ်တွင် အုပ်ချုပ်သူ အာဏာပိုင်များ ခန့်အပ်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ အချို့လုပ်ရပ်များသည် ‘ရှရီအဟ်’ တရားတော်နှင့် ကိုက်ညီသည့်အတွက် ကျွန်ုပ်တို့ လက်ခံကြမည်ဖြစ်ပြီး အချို့လုပ်ရပ်များသည် ‘ရှရီအဟ်’ တရားတော်နှင့် ဆန့်ကျင်သည့်အတွက် ကျွန်ုပ်တို့ ငြင်းပယ်ကြမည်ဖြစ်သည်။ အကြင်သူသည် မကောင်းမှုကို မတားမြစ်နိုင်လျှင်လည်း စိတ်တွင်းမှ ယင်းမကောင်းမှုကို မုန်းတီးလျှင် ထိုသူသည် အပြစ်နှင့် ‘နိဖာက်’ အယောင်ဆောင်မှုမှ ကင်းလွတ်မည်ဖြစ်သည်။ အကြင်သူသည် လက်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မကောင်းမှုကို တားမြစ်နိုင်စွမ်းရှိပါက ၎င်းတို့အား တားမြစ်ရမည်ဖြစ်သည်။ သို့ဖြစ်၍ ထိုသူသည် အပြစ်ကျူးလွန်ခြင်းနှင့် မကောင်းမှု၌ ပါဝင်ပတ်သက်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။ သို့သော်အကြင်သူသည် ထိုသူတို့၏လုပ်ရပ်ကို နှစ်သက်ပြီး ၎င်းတို့နောက်သို့လိုက်ပါက ၎င်းတို့ကဲ့သို့ပင် ပျက်စီးသွားမည်ဖြစ်သည်။ ထို့နောက် သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အာဏာပိုင်များကို စစ်တိုက်ရမည် မဟုတ်လောဟု မေးမြန်းခဲ့ကြရာ ကိုယ်တော်က ၎င်းတို့အား တားမြစ်တော်မူပြီး ၎င်းတို့အသင်တို့ထဲတွင် ဆွလာသ်ဆောက်တည်နေသရွေ့ ၎င်းတို့အား စစ်မတိုက်ကြလေနှင့်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျေးကျွန်တစ်ဦး နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အခါတွင် ၎င်းသူ မိမိ၏ဒေသ၌ ကျန်းမာသန်စွမ်းစဉ် ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ်ရေးမှတ်ခြင်းခံရမည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ပတ်သက်၍ ပြောပြတော်မူခဲ့သည်။ မွတ်စ်လင်မ်တစ်ဦးသည် ကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေစဉ် အမလ်ကောင်းမှုများ ပြုလုပ်လေ့ရှိပါက ထိုသူနာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ခရီးထွက်သည့်အတွက် မအားလပ်သည့်အခါ သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ထိုအမလ်ကောင်းမှုများကို မဆောင်ရွက်နိုင်သည့်အခါ ထိုသူကျန်းမာသန်စွမ်းပြီး မိမိဒေသ၌ရှိနေချိန်တွင် အမလ်ကောင်းမှုများ ကျင့်ဆောင်ခဲ့သည့်အတိုင်း အကျိုးကုသိုလ် အပြည့်အဝ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။
သမီမ် အဒ္ဒါရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သာသနာဟူသည် “ကောင်းကျိုးလိုလားခြင်းဖြစ်သည်” ကျွန်တော်တို့က မည်သူ့အတွက်ပါနည်းဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က “အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ ကျမ်းဂန်အတွက်၊ အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်၊ မွတ်စ်လင်မ်ခေါင်းဆောင်များအတွက်နှင့် အများမွတ်စ်လင်မ်တို့အတွက်ဖြစ်သည်”ဟု ဖြေကြားတော်မူခဲ့သည်
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် သာသနာသည် ပေါ့လျော့ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းတို့မပါဘဲ အလ္လာဟ်အရှင်မြတ် တာဝန်ပေးထားသည့်အတိုင်း ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရန်အတွက် ‘အိခ်လာဆ်ွ’နှင့် မှန်ကန်မှုအပေါ်၌ အခြေခံထားသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကောင်းကျိုးလိုလားခြင်းသည် မည်သူ့အတွက်ပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်ကဖြေကြားတော်မူသည်မှာ (၁) အလ္လာဟ်အရှင်မြတ်အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ရှိရ်က် အမလ်ကျင့်ဆောင်ခြင်းများကို ဖက်စပ်ယှဥ်တွဲမှုမပါဘဲ အလ္လာဟ်အရှင်မြတ်အတွက်သာ ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းရှင်တော်မူသောအရှင် ၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူသောအရှင်၊ ဂုဏ်တော်များ နာမတော်များကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်ကြောင်း ကျွန်ုပ်တို့အီမာန်သက်ဝင်ယုံကြည်ခြင်း၊ အရှင်မြတ်၏ အမိန့်ကို ဂုဏ်ပေးလေးစားခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ရန် ဒအ်ဝဟ် ဖိတ်ခေါ်ခြင်းတို့ဖြစ်သည်။ (၂) အရှင်မြတ်၏ ကျမ်းဂန် (ကုရ်အာန်ကျမ်းမြတ်)အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ကျွန်ုပ်တို့အနေဖြင့် ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်နှင့် နောက်ဆုံးကျမ်းဂန်ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုကျမ်းဂန်သည် လွန်လေပြီးသော တရားလမ်းစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်းကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်း၊ ကျမ်းတော်မြတ်အား ဂုဏ်ပေးလေးစားခြင်း၊ ရွတ်ဖတ်ထိုက်သည့်အတိုင်း ရွတ်ဖတ်ခြင်း၊ ထိုကျမ်းမြတ်၏ ပေါ်လွင်ထင်ရှားပြီး အဓိပ္ပာယ်တစ်မျိုးတည်းထွက်သော အာယသ်တော်များကို လိုက်နာကျင့်သုံးပြီး အဓိပ္ပာယ်ပြားသော ဆင်တူရိုးမှားဖြစ်သော အာယသ်တော်များကို သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့ပြင်ကျမ်းမြတ်၏ အဓိပ္ပာယ်များကို ပြောင်းလဲပစ်သူများ၏ ဖွင့်ဆိုချက်များခြင်းကို ရှောင်ကြဉ်ရမည်။ ကုရ်အာန်ကျမ်းမြတ်၏ တရားဒေသနာများမှ တရားရယူပြီး ၎င်း၏ အသိပညာများကို ဖြန့်ဝေကာ ကျမ်းမြတ်ဖက်သို့ ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရမည်။ (၃) အရှင်မြတ်၏ ရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် တမန်တော်မြတ်သည် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း၊ ကိုယ်တော်ယူဆောင်လာသည့်အရာများနှင့် ပတ်သက်၍ ကိုယ်တော့်အား ထောက်ခံခြင်း၊ ကိုယ်တော်၏ အမိန့်တော်များကို လိုက်နာကျင့်သုံးခြင်း၊ ကိုယ်တော်တားမြစ်ထားသည့် အရာများမှ ရှောင်ကြဉ်ခြင်း၊ ကိုယ်တော်ယူဆောင်လာသည့်တရားလမ်စဥ်အတိုင်းသာ အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်း၊ ကိုယ်တော်နှင့်သက်ဆိုင်သည့် တာဝန်များကို လေးစားခြင်း၊ ကိုယ်တော်၏ ဒဟ်ဝဟ်ဖိတ်ခေါ်မှုနှင့် ရှရီအဟ် တရားလမ်းစဥ်ကို ဖြန့်ချိခြင်း၊ ကိုယ်တော့်အား မဟုတ်မမှန်စွပ်စွဲချက်များကို ငြင်းပယ်ခြင်းတို့ဖြစ်သည်။ (၄) မွတ်စ်လင်မ် ခေါင်းဆောင်များအတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည်အမှန်တရားအပေါ်၌ ၎င်းတို့အားရိုင်ပင်းကူညီခြင်း၊ အရေးကိစ္စများ၌ ၎င်းတို့နှင့် ဆန့်ကျင်မှုမပြုခြင်း၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ကိုက်ညီသည့် ကဏ္ဍများတွင် ၎င်းတို့၏အမိန့်ကိုနာခံခြင်းတို့ဖြစ်သည်။ (၅) အများမွတ်စ်လင်မ်တို့အတွက် ကောင်းကျိုးလိုလားခြင်း။ ဤသည် ၎င်းတို့အား ကျေးဇူးပြုခြင်း၊ ဒအ်ဝဟ်ဖိတ်ခေါ်ခြင်း၊ ၎င်းတို့ထံမှ ဘေးအန္တရာယ်များအား တားဆီးဖယ်ရှားပေးခြင်း၊ ၎င်းတို့အတွက်ကောင်းသည့် ကိစ္စများကိုနှစ်သက်ခြင်း၊ ကောင်းမှုနှင့် သက္ကဝါတရားအပေါ်၌ ၎င်းတို့အား ရိုင်းပင်းကူညီခြင်းတို့ဖြစ်သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ ဤအိမ်တော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကျွန်မကြားခဲ့သည်။ «အို အလ္လာဟ်အရှင်မြတ် အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် ခက်ခဲအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း ခက်ခဲစေတော်မူပါ။ အကြင်သူသည် ကျွန်တော့်အွမ္မသ်၏ အရေးကိစ္စတစ်စုံတစ်ရာကို တာဝန်ယူထားပြီး ၎င်းတို့အပေါ် လွယ်ကူအောင်ပြုလုပ်ခဲ့လျှင် ထိုသူ့ကိုလည်း လွယ်ကူစေတော်မူပါ။»
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့၏ အရေးကိစ္စများကို တာဝန်ယူထားသူများနှင့်ပတ်သက်၍ ၎င်းတို့၏ တာဝန်ယူမှုသည် သေးငယ်သည့်ကိစ္စဖြစ်စေ၊ ကြီးကျယ်သည့်ကိစ္စဖြစ်စေ၊ အများနှင့်သက်ဆိုင်သည်ဖြစ်စေ၊ သီးသန့်ကဏ္ဍတစ်ခုနှင့်သက်ဆိုင်သည်ဖြစ်စေ တာဝန်ယူပြီးနောက် လူတို့အပေါ် ခက်ခဲအောင်လုပ်ပြီး နူးညံ့သိမ်မွေ့မှုမရှိသူတို့အား အလ္လာဟ်အရှင်မြတ်က ၎င်းတို့၏လုပ်ရပ်အတိုင်း ပြန်လည်အစားပေးပြီး ၎င်းတို့အပေါ် ခက်ခဲစေရန်အတွက် မကောင်းဆုတောင်းခဲ့သည်။ ထို့အတူ လူတို့အပေါ် နူးညံ့သိမ်မွေ့ပြီး ၎င်းတို့၏ အရေးကိစ္စများကို လွယ်ကူအောင်ပြုပေးသူအား အလ္လာဟ်အရှင်မြတ်က သနားကြင်နာတော်မူပြီး သူ၏ကိစ္စအဝဝကို လွယ်ကူမှုပေးရန် ဒုအာပြုပေးတော်မူသည်။
မအ်ကိလ် ဗင်န် ယစာရ် အလ်မုဇနီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ ထိုသူသည် ၎င်းတို့ကို လိမ်လည်လှည့်စားကာ ကွယ်လွန်ချိန်ဆိုက်ရောက်သဖြင့် ကွယ်လွန်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ဂျန္နသ်သုခဘုံကို ဟရာမ်ပြုတော်မူမည် ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ လူတို့အပေါ် အုပ်ချုပ်ရန်အတွက် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ တစ်ဦးတစ်ယောက်အား တာဝန်ခံခေါင်းဆောင်အဖြစ် ခန့်အပ်ထားလျှင် ထိုခန့်အပ်မှုသည် အများနှင့်သက်ဆိုင်သည့် ကဏ္ဍဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်ကဲ့သို့ ပုဂ္ဂိုလ်ဖြစ်စေ၊ သီးသန့်ကဏ္ဍဖြစ်သည့် အမျိုးသားတစ်ဦးအနေဖြင့် မိမိအိမ်နှင့်ပတ်သတ်၍ဖြစ်စေ၊ အမျိုးသမီးတစ်ဦးအနေဖြင့် မိမိအိမ်နှင့်ပတ်သက်၍ဖြစ်စေ မိမိတို့ တာဝန်ယူ အုပ်ထိန်းရသူများနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများကို ပေါ့လျော့ခဲ့မည်။ ၎င်းတို့အား လိမ်လည်လှည့်စားမည်။ ၎င်းတို့အား ကောင်းမွန်စွာ ဆုံးမပဲ့ပြင်ခြင်းမရှိ၊ ၎င်းတို့၏ လောကီရေး၊ သာသနာရေး အခွင့်အရေးများကို ဖျက်ဆီးခဲ့ပါက ဤပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို (မိမိခေါင်းဆောင်၏) အမိန့်နာခံမှုကို စွန့်လွှတ်ကာ မွတ်စ်လင်မ်တို့၏ ဂျမာအသ်မှ ခွဲထွက်ပြီး သေဆုံးခဲ့ပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏သေခြင်းမျိုးဖြင့် သေဆုံးခြင်းဖြစ်သည်။ မည်သူမဆို (အမှားအမှန် ခွဲခြားနိုင်ခြင်းမရှိသော) မျက်ကန်းမျိုးချစ် အလံအောက်မှ လူမျိုးစွဲဖြင့် အမျက်ထား တိုက်ခိုက်မည်။ သို့မဟုတ် လူမျိုးစွဲထားရန် ဖိတ်ခေါ်မည်။ သို့မဟုတ် လူမျိုးစွဲထားခြင်းကို အကူအညီပေးပြီး အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရပြီး သေဆုံးသကဲ့သို့ဖြစ်သည်။ အကြင်သူသည် ငါ၏အွမ္မသ်သားတို့ကို ဆန့်ကျင်ပုန်ကန်ပြီး လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မည်။ မုအ်မင်န် ယုံကြည်သူများကို ရှောင်ရှားခြင်းလဲမရှိ၊ (အသက်ကို ကာကွယ်မှုပေးရန်) ကတိကဝတ် ပြုထားသူများ၏ ကတိကိုလည်း လိုက်နာစောင့်ထိန်းခြင်းလဲမရှိခဲ့ပါက ထိုသူသည် ငါကိုယ်တော်၏ နောက်လိုက် မဟုတ်သလို ငါကိုယ် တော်သည်လည်း ထိုသူနှင့် မသက်ဆိုင်ပေ။
رواه مسلمတမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို အာဏာပိုင် ခေါင်းဆောင်များ၏ အမိန့်နာခံမှုကို စွန့်လွှတ်ကာ အိမာမ် ခေါင်းဆောင်တစ်ဦးအပေါ် တစ်စုတစ်စည်းတည်း သစ္စာခံထားသော မွတ်စ်လင်မ်ဂျမာအသ်မှ ခွဲထွက်ပြီး ထိုသို့ အမိန့်မနာခံမှု၊ ခွဲထွက်မှု အခြေအနေမျိုး၌ပင် သေဆုံးသွားပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်ရှိသူများ သေဆုံးသကဲ့သို့ သေဆုံးသွားခြင်းပင်ဖြစ်သည်။ ထိုခေတ်ကာလ၌ ရှိသူများသည် အိမာမ် ခေါင်းဆောင်အား နာခံခြင်းမရှိ၊ ဂျမာအသ် အုပ်စုအဖြစ် တစ်စုတစ်စည်းတည်း နေထိုင်ခြင်းမရှိကြဘဲ အချင်းချင်းတိုက်ခိုက်နေသော အုပ်စုများသာ ဖြစ်ခဲ့ကြသည်။ ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက်မိန့်ကြားတော်မူသည်မှာ မည်သူမဆို အမှားအမှန်မကွဲပြားသော အလံအောက်မှ တိုက်ခိုက်မည်။ သာသနာအတွက်၊ အမှန်တရားအတွက် မဟုတ်ဘဲ လူမျိုးစွဲ၊ မျိုးနွယ်စွဲကြောင့် အမျက်ဒေါသထားမည်။ ထို့ပြင် အသိပညာနှင့် သက်သေအထောက်အထားမရှိဘဲ တစ်ယူသန်ဝါဒဖြင့် တိုက်ခိုက်ရင်း ထိုအခြေအနေမျိုး၌ပင် အသတ်ခံရပါက ထိုသူသည် အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၌ အသတ်ခံရပြီး သေဆုံးသကဲ့သို့ဖြစ်သည်။ မည်သူမဆို တမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အွမ္မသ်သားတို့ကို ဆန့်ကျင်ပုန်ကန်ပြီး လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မည်။ မိမိလုပ်ရပ်များအပေါ် ဂရုစိုက်ခြင်းမရှိ၊ မုအ်မင်န်တို့အား သတ်ဖြတ်သည့်အတွက် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် ပြစ်ဒဏ်များကိုလည်း ကြောက်ရွံ့ခြင်းမရှိ၊ အသက်ကို ကာကွယ်မှုပေးရန် ကတိကဝတ်ပြုထားသော ဘာသာခြားများနှင့်သက်ဆိုင်သည့် ကတိကိုလည်း လိုက်နာစောင့်ထိန်းခြင်းမရှိ၊ အုပ်ချုပ်သူ အာဏာပိုင်များနှင့် သက်ဆိုင်သည် ပဋိညာဉ်ကိုလည်း ချိုးဖောက်ပါက ထိုလုပ်ရပ်သည် ကြီးလေးသော ပြစ်မှုဒုစရိုက်ဖြစ်ပြီး မည်သူမဆို ထိုသို့လုပ်ပါက ဤပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ထိုက်တန်သွားမည်ဖြစ်သည်။