





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- " ငါအရှင်သည်မိမိ၏သူ တော်ကောင်းကျေးကျွန်များအတွက် ဘယ်မျက်စိကမှ မမြင်ဖူးသော၊ ဘယ်နားကမှ မကြားဖူးသော၊ ဘယ်လူသားတစ်ဦးတစ်ယောက်၏စိတ်နှလုံးသားထဲသို့လည်း မဝင်ရောက်ဖူးသော အရာများကို ပြင်ဆင်ထားရှိတော်မူ၏။" ထို့နောက် အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ- "အကယ်၍ အသင်တို့ အလိုရှိလျှင် ဤအာယတ်တော်ကို ရွတ်ဖတ်ကြလော့-" {فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ} [السجدة: 17]. (ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့် လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှမသိပေ။) (အတ်စ်စဂ်ျဒဟ်၊ ၁၇)
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်။ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- ငါအရှင်သည် မိမိ၏သူတော်ကောင်းကျေးကျွန်များအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့အတွက် ဘယ်မျက်စိကမှ မမြင်ဖူးသော၊ ဘယ်နားကမှ မကြားဖူးသော၊ လူသား၏စိတ်နှလုံးသားထဲသို့လည်း မဝင်ရောက်ဖူးသော အရာများကို ပြင်ဆင်ထားရှိတော်မူ၏။ အဘူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောသည်မှာ- "အကယ်၍ အသင်တို့ အလိုရှိလျှင် ဤအာယတ်တော်ကို ရွတ်ဖတ်ကြလော့-" (ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့် လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှမသိပေ။) (အတ်စ်စဂ်ျဒဟ်၊ ၁၇)
အဘူအဗ်ဒုလ္လာဟ်အလ်ဂျဒလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ- “ကျွန်ုပ်သည် မိခင်မွန်ကြီးအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ် ကျင့်တရားနှင့် ပတ်သက်၍ မေး မြန်းခဲ့ပါသည်။ ထိုအခါ သူမက ဖြေကြားခဲ့သည်မှာ - “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။ "
رواه الترمذي وأحمدမိခင်မွန်ကြီးအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ် ကျင့်တရားနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ သူမက ဤသို့ဖြေကြားတော်မူခဲ့သည်- ကိုယ်တော်၏ စကားနှင့် အပြုအမူတို့တွင် ရုန့်ရင်း ကြမ်းတမ်းခြင်း၊ စက်ဆုပ်ဖွယ်ရာများ မရှိခဲ့ပါ။ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အသံကျယ်လောင်စွာအော်ဟစ်ပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ကောင်းမှုဖြင့်သာ တုန့်ပြန်တော်မူ၏။ အတွင်းသဘောအားဖြင့် ခွင့်လွှတ်တော်မူပြီး အပြင်ပန်းအားဖြင့်လည်း သည်းခံတော်မူ၍ မျက်ကွယ်ပြုတော်မူ၏။
ဟာနီ (အွတ်စ်မားန် ရဿွိယလ္လာဟုအန်ဟု သူကောင်းပြုထားသည့်ကျွန်) က ပြောပြသည်– အွတ်စ်မားန် ရဿွိယလ္လာဟုအန်ဟုသည် ကဗရ်သင်္ချိုင်းတစ်ခုအနား ရပ်သည့်အခါ မိမိ၏မုတ်ဆိတ်မွေးများ စိုရွှဲသွားသည်အထိ ငိုကြွေးလေ့ရှိသည်။ ထိုအခါ သူ့အား “အသင်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို တင်ပြခြင်းခံရလျှင် (ထိုမျှ) မငိုဘဲ ဤကဗရ်သင်္ချိုင်း(ကိုမြင်ရင်) ငိုရခြင်းမှာ အဘယ့်ကြောင့်နည်း” ဟု မေးခြင်းခံရလေရာ၊ ၎င်းက “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘ကဗရ်သင်္ချိုင်းသည် အာခိရသ်နောင်တမလွန်၏ ပထမဆုံးသော စခန်းနေရာဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ၎င်း(ကဗရ်)မှ လွတ်မြောက်ခဲ့လျှင် ၎င်းနောက်ပိုင်းသည် ၎င်းထက် ပိုမိုလွယ်ကူ၏။ အကယ်၍ ၎င်းမှ မလွတ်မြောက်ခဲ့လျှင် ၎င်းနောက်ပိုင်းသည် ၎င်းထက် ပိုမိုပြင်းထန်သည်’ ဟု မိန့်ကြားထားတော်မူကြောင်း ဖြေကြားခဲ့သည်။
رواه الترمذي وابن ماجهအမီရွလ်မုအ်မိနီးန် အွတ်စ်မားန်ဗင်န်အတ်ဖ်ဖားန် (ရဿွိယလ္လာဟုအန်ဟု) သည် ကဗရ်သင်္ချိုင်းတစ်ခုအနီး၌ ရပ်သည့်အခါ မိမိ၏မုတ် ဆိတ်မွေးများသည်မျက်ရည်များဖြင့် စိုရွှဲသွားသည်အထိ ငိုကြွေးလေ့ရှိသည်။ထိုအခါ သူ့အား “အသင်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို တင်ပြခြင်းခံရလျှင် ဂျန္နသ်ကို အောက် မေ့တမ်းတစိတ်ဖြင့်လည်းကောင်း၊ ဂျဟန္နမ်ငရဲကို ကြောက်ရွံ့သောစိတ်ဖြင့်လည်း ကောင်း(ထိုမျှ) မငိုဘဲ ဤကဗရ်သင်္ချိုင်း(ကိုမြင်ရင်) ငိုရခြင်းမှာ အဘယ့်ကြောင့်နည်း” ဟု မေးခြင်းခံရလေသည်။ ထိုအခါ ၎င်းက “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘ကဗရ်သင်္ချိုင်းသည် အာခိရသ်နောင်တမလွန်၏ ပထမဆုံးသော စခန်းနေရာဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ၎င်း(ကဗရ်)မှ လွတ်မြောက်ခဲ့လျှင် ၎င်းနောက် တွင်ရှိသောစခန်းများသည် ၎င်းထက် ပိုမိုလွယ်ကူ၏။ အကယ်၍ ၎င်း၏ အဇားဗ်ပြစ်ဒဏ်မှ မလွတ်မြောက်ခဲ့လျှင် ၎င်းနောက် တွင်ရှိသော ပြစ် ဒဏ်သည် ၎င်းထက် ပိုမိုပြင်းထန်သည်’ ဟု မိန့်ကြားထားတော်မူ ကြောင်း ဖြေကြားခဲ့သည်။
ဗဟ်ဇ် ဗင်န် ဟကီးမ် ၎င်း၏ဖခင်မှတစ်ဆင့်၊ ၎င်း၏ဖခင်က ၎င်း၏ အဘိုးမှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်က လျှောက်ထားသည်မှာ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ မည်သူ့ကို ကျွန်တော်မျိုး အကောင်းဆုံးပြုမူဆက်ဆံရမည်နည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏မိခင်၊ ထို့နောက် သင်၏ဖခင်၊ ထို့နောက် အဆင့်လိုက် သင့်အနီးစပ်ဆုံးဆွေမျိုးများ ဖြစ်ကြသည်။
رواه أبو داود والترمذي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျေးဇူးပြုခြင်း၊ ကောင်းမှုပြုခြင်း၊ ကောင်းမွန်စွာဆက်ဆံခြင်း၊ ပေါင်းသင်းဆက်ဆံရာတွင် ချိုသာစွာပြုမှုဆက်ဆံခြင်းနှင့် အဆက်အသွယ်ထားခြင်းတို့၌ အရှေ့ဦးစွာခံစားထိုက်သူမှာ မိခင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ မိခင်၏ အခွင့်အရေးသည် အခြားသူများထက် သာလွန်မြင့်မြတ်ကြောင်း သုံးကြိမ်တိုင်တိုင် ထပ်ခါ ထပ်ခါ မိန့်ကြားတော်မူခြင်းဖြင့် အလေးပေးဖော်ပြခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိခင်ပြီးလျှင် ကောင်းမွန်စွာဆက်ဆံရန် အခံထိုက်ဆုံးသူမှာ ဖခင်ဖြစ်ကြောင်း၊ ထို့နောက် ဆွေမျိုး သားချင်းများအနက် အနီးကပ်ဆုံးသူမှ အစပြု၍ အဝေးဆုံးသူအထိ ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ဆွေမျိုးနီးစပ်သူသည် ဝေးကွာသူထက် ဆက်ဆံပေါင်းသင်းရန် ပို၍ထိုက်တန်သည်။
အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို ‘رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَّسُولًا’ (အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသော်အရှင် အဖြစ်လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်လည်း ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ရစူလ်တမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။”
رواه أبو داودတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းရှင်၊ ကိုးကွယ်ခံထိုက်တော်မူသောအရှင်၊ ပြုစုပျိုးထောင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို ပိုင်စိုင်တော်မူသောအရှင်၊ အစိုးရတော်မူသောအရှင်၊ ပြုပြင်ပြောင်းလဲတော်မူသောအရှင်အဖြစ်လည်း ကောင်း၊ အစ္စလာမ်သာသနာ၏ ပညတ်ချက်များဖြစ်သည့် အမိန့်တော်များနှင့် တားမြစ်ချက်များကို ဘာသာတရားနှင့် ရှရီအသ်လမ်းစဥ်၊ ယုံကြည်ချက်အဖြစ်လည်း ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို ၎င်းအား စေလွှတ်တော်မူခဲ့သော အရာများနှင့် ကျွန်ုပ်တို့ထံ ပို့ဆောင်ပေးခဲ့သော အရာအားလုံးအတွက် ရစူလ်တမန်တော်၊ နဗီတမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။
အုဗာဒဟ် ဗင်န် ဆွာမစ်သ် (ရဿွယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းသည် ဗဒရ်စစ်ပွဲတွင် ပါဝင်ခဲ့ပြီး၊ အက်ဗဟ်ည(တွင် ဗိုင်အသ်သစ္စာခံယူခြင်း၌ ပါဝင်ခဲ့သည့် ) ကိုယ်စားလှယ်ဆယ့်နှစ်ဦးထဲမှ တစ်ဦးလည်းဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ အနီးတစ်ဝိုက်တွင် မိမိ၏ တပည့်သာဝကများထဲမှ အုပ်စုတစ်စုရှိနေစဉ် မိန့်ကြားတော်မူခဲ့သည်- "သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့် တစ်စုံ တစ်ရာကိုမျှ ရှိရ်ရ်ပြုလုပ်ကြမည်မဟုတ် ကြောင်း၊ ခိုးဝှက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ဇိနာ(အိမ်ထောင်ရေးဖောက်ပြန်မှု) ကျူးလွန်မည် မဟုတ်ကြောင်း၊ မိမိတို့၏ သားသမီးများကိုသတ်ဖြတ်ခြင်း ပြုမည်မဟုတ်ကြောင်း၊ မိမိတို့ကိုယ်တိုင်စွပ်စွဲလုပ်ကြံဖန်တီးထားသော မုသားလိမ်လည်မှုတစ်ခုကို ယူဆောင်လာကြမည် မဟုတ်ကြောင်း၊ ကောင်းသည့်ကိစ္စရပ်တွင် အမိန့်ဖီဆန်ကြမည် မဟုတ်ကြောင်း ငါကိုယ်တော်အား အသင်တို့ ဗိုင်အသ်ကတိသစ္စာပြုကြလော့။ သင်တို့ထဲမှ မည်သူမဆို (ထိုဗိုင်အသ်ကတိသစ္စာကို) စောင့်ထိန်းပါက သူ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တာဝန်ရှိသည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်မိပြီး လောကီဘဝ၌ပင် အပြစ်ဒဏ်ခံရလျှင် ထိုပြစ်ဒဏ်သည် သူ့အတွက် အပြစ်ဖြေပေးမည့် ကဖ်ဖါရဟ် ဖြစ်သည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်မိပြီးနောက် အလ္လာဟ်အရှင်မြတ်က သူ့အပြစ်ကို ဖုံးကွယ်ထားတော်မူပါက၊ ထိုသူ၏ အရေးကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ ရောက်ရှိသွားသည်။ အရှင်မြတ် အလိုရှိတော်မူလျှင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်၊ အရှင်မြတ် အလိုရှိတော်မူလျှင်လည်း သူ့ကို အပြစ်ဒဏ်စီရင်တော်မူမည်။" ထို့နောက် ကျွန်ုပ်တို့သည် တမန်တော်မြတ်ထံ ထိုအချက်များအပေါ်၌ ဗိုင်အသ်ကတိသစ္စာပြုခဲ့ကြပါသည်။
متفق عليهအုဗာဒဟ် ဗင်န် ဆွာမစ်သ် (ရဿွယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ၎င်းသည် ဗဒရ်စစ်ပွဲကြီးတွင် ပါဝင်ခဲ့ပြီး၊ မီနာရှိ အက်ဗဟ် (တောင်ခြေတွင်ပြုလုပ်သည့် ဗိုင်အသ်သစ္စာခံယူသည့်) ညတွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကူညီရန်အတွက် ဗိုင်အသ်သစ္စာခံယူရန် လာရောက်ခဲ့ကျသော လူမျိုးစု၏ အကြီးအကဲလည်း ဖြစ်သည်။ (အဆိုပါဖြစ်ရပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မဒီနာသို့ ရွှေ့ပြောင်းခြင်းမပြုမီ မက္ကာတွင်ရှိစဉ်က ဖြစ်သည်။) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်သာဝကများကြားတွင် ထိုင်လျက်ရှိနေခဲ့သည်။ ထို့နောက် ၎င်းတို့အား အောက်ပါကိစ္စရပ်များအတွက် ဗိုင်အသ်ကတိသစ္စာပြုကြရန် တောင်းဆိုခဲ့သည်- ၁။ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရာတွင် အရှင်မြတ်နှင့် တစ်စုံတစ်ရာကို အနည်းငယ်မျှပင် ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း) ပြုမည်မဟုတ်။ ၂။ ခိုးဝှက်ခြင်း မပြု။ ၃။ စက်ဆုပ်ဖွယ်ရာဇိနာကို ကျူးလွန်မည် မဟုတ်။ ၄။ ဆင်းရဲနွမ်းပါးမည်စိုးရိမ်၍ သားယောကျ်ားလေးများကို သတ်ဖြတ်ခြင်းနှင့် အရှက်တကွဲ ဖြစ်မည်ကိုစိုးရိမ်၍ သမီးမိန်းကလေးများကို သတ်ဖြတ်ခြင်း ပြုမည်မဟုတ်။ ၅။ မိမိတို့၏ လက်များနှင့် ခြေများဖြင့် မည်သည့်မုသားလိမ်လည်မှုတစ်ခုကိုကိုမျှ မယူဆောင်လာရပေ။ (အများအားဖြင့် လုပ်ရပ်အများစုသည် ဤအစိတ်အပိုင်းနှစ်ခုမှ ဖြစ်ပေါ်တတ်သော်လည်း အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများလည်း ပါဝင်နိုင်သည်)။ ၆။ ကောင်းသည့်ကိစ္စရပ်များတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝသလ္လမ်)၏ အမိန့်ဖီဆန်ခြင်းမပြုပါ။ ၎င်းတို့အနက် မည်သူမဆို ထိုကတိတော်အတိုင်း စွဲမြဲစွာရပ်တည်ပြီး လိုက်နာကျင့်သုံးပါက ထိုသူ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည်။ မည်သူမဆို ဖော်ပြပါအရာများအနက် တစ်စုံတစ်ရာ (အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုလုပ်ခြင်းမှအပ)ကို ကျူးလွန်ပြီး လောကီဘဝ၌ပင် အပြစ်ဒဏ်ခံရလျှင် ထိုပြစ်ဒဏ်သည် သူ့အတွက် အပြစ်ဖြေပေးမည့် ကဖ်ဖါရဟ်ဖြစ်ပြီး ထိုသို့သောအားဖြင့် အပြစ်အကုသိုလ်မှာ ကင်းရှင်းသွားသည်။ မည်သူမဆို ထိုအရာများထဲမှ တစ်စုံတစ်ရာကို ကျူးလွန်ပြီးနောက် အလ္လာဟ်အရှင်မြတ်က ဖုံးကွယ်ထားတော်မူပါက၊ ထိုသူ၏အရေးကို အလ္လာဟ်အရှင်မြတ်သာ စီရင်တော်မူမည်။ အကယ်၍ အရှင်မြတ်အလိုတော်ရှိပါက လွှတ်ငြိမ်းခွင့်ပေးတော်မူမည်၊ သို့မဟုတ်ပါက အပြစ်ဒဏ်ခတ်တော်မူမည်။ ထို့နောက် ရောက်ရှိလာသူအားလုံးတို့သည် တမန်တော်မြတ်ထံ ထိုအချက်များအပေါ်၌ ဗိုင်အသ်ကတိသစ္စာပြုခဲ့ကြပါသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အစ္စလာမ်သည် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သို့ဖြစ်၍ ထို သူစိမ်းတစ်ရံဆံများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းရှိ၏။”
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစ္စလာမ်သာသနာသည် လူအနည်းငယ်ထဲတွင် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ရပြီး၊ များမကြာမီလက်ခံကျင့်သုံးသူနည်းပါးသွားကာ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့၏။ သို့ဖြစ်၍ ထိုလူနည်းစုများအတွက် ရွှင်လန်းမှု၊ ကောင်းမှုနှင့် မျက်စိအေးချမ်းမှုဖြစ်စေသော သတင်း ကောင်းရှိ၏။
စဟ်လ် ဗင်န် စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသေးစားအပြစ်များမှ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား၊ သေးငယ်သောအပြစ်များ၏ ဥပမာမှာ ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသောာ လူများနှင့် တူ၏။ ထိုအထဲမှ တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ နောက်တစ်ယောက်က ထင်းတစ်တုံး ယူလာ၏၊ ဤသို့ဖြင့် သူတို့သည် (စုပေါင်း၍) မိမိတို့၏ မုန့်ကို ကျက်အောင်လုပ်နိုင်ကြ၏။ စင်စစ် အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာပင်၊ ၎င်းတို့သည် ကျူးလွန်သူအား ဖမ်းဆီးကိုင်တွယ်သောအခါ ဖျက်ဆီးပစ်တတ်သည်။"
رواه أحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အသေးစားအပြစ်များကို ပေါ့ပေါ့တန်တန်သဘောထားခြင်း၊ များစွာကျူးလွန်ခြင်းတို့ကို သတိပေးတော်မူခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် စုစည်းသွားသောအခါ ဖျက်ဆီးတတ်သောကြောင့်ဖြစ်သည်။ ထို့အတွက် ကိုယ်တော်မြတ်သည် ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချနေထိုင်ကြသော လူများကို ဥပမာပေးတော်မူခဲ့သည်။ ထိုလူတစ်ဦးစီသည် ထင်းတုံးအသေးတစ်တုံးစီ ယူဆောင်လာကြရာ၊ ၎င်းတို့စုဆောင်းခဲ့သော ထင်းတုံးများဖြင့် မုန့်ကိုကျက်အောင်လုပ်နိုင်ကြ၏။ အသေးစားအပြစ်များသည်လည်း ထိုနည်းတူစွာ၊ ကျူးလွန်သူအား ၎င်းတို့ဖြင့် ဖမ်းဆီးကိုင်တွယ်သောအခါ (ထိုသူသည် သောင်ဗဟ်မလုပ်၊ အလ္လာဟ်အရှင်မြတ်က ခွင့်လွှတ်တော်မူခြင်းမရှိပါက) ဖျက်ဆီးပစ်တတ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ်၊ ငါကိုယ်တော်သည် မြင့်မြတ်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံစေရန်အတွက်သာ စေလွှတ်ခြင်းခံရတော်မူသည်။"
رواه البخاري في الأدب المفرد وأحمد والبيهقيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်သည် မိမိအား မြင့်မြတ်သည့်၊ကောင်းမွန်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံစေရန်အတွက်သာ စေလွှတ်တော်မူကြောင်း မိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိရှေ့ရှိ နဗီတမန်တော်အားလုံးတို့ပြီးနောက် စေလွှတ်ခြင်းခံရပြီး ၎င်းတို့၏လုပ်ငန်းကို ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိစေရန်နှင့် အာရပ်တို့၏ ရှိရင်းစွဲကောင်းမွန်သော စာရိတ္တများကို ပိုမိုပြည့်စုံစေရန် ဖြစ်သည်။ အာရပ်လူမျိုးတို့သည် သဘာဝအားဖြင့် ကောင်းမှုကို နှစ်သက်ကြပြီး မကောင်းမှုကို မုန်းတီးကြသည်။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိသူ၊ ရက်ရောသူ၊ ရဲစွမ်းသတ္တိရှိသူများဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စာရိတ္တပိုင်း - ဥပမာ- မျိုးရိုးစဉ်ဆက်ကို ဝါကြွားခြင်း၊ မာနထောင်လွှားခြင်း၊ ဆင်းရဲသားကို အထင်သေးခြင်းစသည့် စာရိတ္တပိုင်းတို့တွင် လိုအပ်ချက်များရှိခဲ့ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ထိုအားနည်းချက်များကို ပြုပြင်ဖြည့်စွက်ရန် စေလွှတ်ခြင်းခံရသည်။