





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆင့်ပြန်ထားသော ဟဒီးဆ်တော်တွင်လာရှိထားသည်။ သူမကပြောပြသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တောင်းဆုဒုအာများအနက် ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများကို နှစ်သက်တော်မူပြီး ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။
رواه أبو داود وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လောကီ၊လောကုတ္တရာ ကောင်းကျိုးများ စုဝေးရာ တောင်းဆုဒုအာများကို နှစ်သက်တော်မူခဲ့သည်။ ယင်းတောင်းဆုဒုအာများသည် စကားလုံး အနည်းငယ်သာ ရှိသော်လည်း အဓိပ္ပါယ်ကြွယ်ဝပြီး အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းနှင့် ကောင်းမြတ်သော ရည်ရွယ်ချက်များ ပါဝင်သည်။ ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "ကျိန်ဆိုခြင်းသည် အရောင်းအဝယ်ပစ္စည်းကို ရောင်းတန်းဝင်စေသော် လည်း အမြတ်အ စွန်း၏ ဗရ်ကသ်ကို ဆုတ်ယုတ်စေ သည်။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျိန်ဆိုခြင်းများစွာ မပြုလုပ်ရန် သတိပေးတော်မူခဲ့သည်။ အကယ်၍ မိမိပြောဆိုရာတွင် မှန်ကန်နေသည့်တိုင် ကျိန်ဆိုခြင်းကို ရှောင်ကြဉ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ ကျိန်ဆိုခြင်းသည် ကုန်ပစ္စည်းများ အရောင်းအဝယ်ဖြစ်လာစေရန် အကြောင်းဖန်လာတတ်သော်လည်း၊ ရရှိလာသော အမြတ်အစွန်းနှင့် ဝင်ငွေတို့၏ဗရ်ကသ်ကို လျော့နည်းပျက်စီးစေတတ်သောကြောင့် ဖြစ်သည်။ ထိုသို့ကျိန်ဆိုကာ ရောင်းဝယ်ခြင်းကြောင့် ရရှိလာသောဥစ္စာပစ္စည်းများသည် ခိုးခံရခြင်း၊ မီးလောင်ခြင်း၊ ရေနစ်မြုပ်ခြင်း၊ မတရားသိမ်းယူခံရခြင်း၊ လုယက်ခံရခြင်းစသည့် ဘေးအန္တ ရာယ်အမျိုးမျိုး ကျရောက်ကာ ပျက်စီးဆုံးရှုံးရတတ်သည်။
အုဗိုင်ယ် ဗင်န် ကအ်ဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ ”လေ” ကို မကောင်းမပြောကြလေနှင့်။ သင်တို့ မနှစ်သက်သောအရာကို တွေ့မြင်သောအခါ ဤဒုအာကို ဖတ်လော့။ «اللَّهُمَّ إِنَّا نَسْأَلُكَ مِنْ خَيْرِ هَذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وَخَيْرِ مَا أُمِرَتْ بِهِ، وَنَعُوذُ بِكَ مِنْ شَرِّ هَذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ». (“အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် ဤလေ၏ကောင်းကျိုး၊ ၎င်းလေအတွင်း၌ရှိသော ကောင်းကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ကောင်းကျိုးကို အရှင်မြတ်ထံတော်မှ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တော်မျိုးတို့သည် ဤလေ၏ ဆိုးကျိုး၊ ၎င်းလေအတွင်း၌ရှိသော ဆိုးကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ဆိုးကျိုးမှ အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။)
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လေကို မကောင်းပြောခြင်း သို့မဟုတ် ကျိန်ဆဲခြင်းမှ တားမြစ်တော်မူခဲ့သည်။ အကြောင်းမှာ လေသည် ၎င်းကို ဖန်ဆင်းတော်မူသော အရှင်၏ အမိန့်ပေးခြင်းခံရသော အရာတစ်ခုဖြစ်ပြီး ကရုဏာတော်နှင့် ပြစ်ဒဏ်၏ (လေ) နှစ်မျိုးလုံးကို သယ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လေကို မကောင်းပြောခြင်းသည် လက်တွေ့တွင် ၎င်းကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကို မကောင်းပြောရာရောက်ပြီး အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရာရောက်သည်။ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လေကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ပြန်လည်ဦးလှည့်ကာ လေ၏ကောင်းကျိုး၊ ၎င်း၌ရှိသော ကောင်းကျိုးနှင့် မိုးရွာစေခြင်း၊ ဝတ်မှုန်ကူးခြင်းကို သယ်ဆောင်ခြင်း စသည့် လေအား စေလွှတ်ခံရသည့်အတိုင်း ဆောင်ရွက်ခြင်း၏ ကောင်းကျိုးကို တောင်းခံရန်နှင့် ၎င်း၏ ဆိုးကျိုး၊ ၎င်း၌ရှိသော ဆိုးကျိုးနှင့် အပင်များ၊ သစ်ပင်များ ဖျက်ဆီးခြင်း၊ တိရစ္ဆာန်များသေကျေပျက်စီးခြင်း၊ အဆောက်အဦများကို ပြိုလဲစေခြင်း စသည့် လေအား စေလွှတ်ခံရသည့်အတိုင်း ဆောင်ရွက်ခြင်း၏ ဆိုးကျိုးမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံရန် လမ်းညွှန်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်ထံ ဤအရာများကို တောင်းခံခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် ကျွန်ပီသကြောင်းကို ဖော်ပြရာရောက်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့အနက် မည်သူမျှ (ဤသို့)ဒုအာဆုတောင်းခြင်း မပြုကြနှင့်၊ 'အိုအလ္လာဟ်အရှင်မြတ် အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ပေးသနားတော်မူပါ'။ သို့သော် မိမိ၏ဆုတောင်းချက်ကို ပြတ်ပြတ်သားသား (ယုံကြည်စိတ်ချစွာ) တောင်းဆိုကြလေကုန်။ အကြောင်းမှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုရှိရာကိုသာ ပြုလုပ်တော်မူပြီး၊ အရှင့်အား အတင်းအကြပ် ပြုလုပ်နိုင်သူ (မည်သူမျှ) မရှိပေ။" မွတ်စ်လင်မ်ကျမ်း၏ ရိဝါယသ်တွင် ဤသို့ လာရှိသည်- "သို့သော် သင်တို့သည် ဆုတောင်းခြင်းကို ပြတ်သားစွာ(စိတ်ချယုံကြည်မှုအပြည့်ဖြင့်) ပြုကြလေကုန်။ ထို့ပြင် (အရှင့်ထံတော်မှ) အလိုဆန္ဒများကို ကြီးမားစွာ တောင့်တကြလေကုန်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် မိမိ ချီးမြှင့်တော်မူသည့် မည်သည့်အရာကိုမဆို (ချီးမြှင့်ရန်) ခဲယဉ်းသည်ဟူ၍ မရှိပေ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဒုအာဆုတောင်းခြင်းကို အရာတစ်ခုခုနှင့်ချိတ်ဆက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ အကယ်၍ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်ချိတ်ဆက်ခြင်းဖြစ်လျှင်လည်း (ထိုသို့ ချိတ်ဆက်ခြင်း မပြုရန် တားမြစ်တော်မူခဲ့သည်။) အကြောင်းမှာ ထိုအချက်သည် သေချာပေါက် သိရှိထားပြီးသား အကြောင်းအရာဖြစ်သည်။ (ဆိုလိုသည်မှာ) အလ္လာဟ်အရှင်မြတ် အလိုတော်ရှိမှသာလျှင် ခွင့်လွှတ်တော်မူမည် ဆိုသည့်အချက်ကို မည်သူမဆို သိရှိထားကြပြီးဖြစ်သည်။ ထို့ကြောင့် အလိုတော်ရှိမှသာလျှင် ဆိုသည့် သတ်မှတ်ချက်သည် အဓိပ္ပါယ်မရှိလှပေ။အကြောင်းမှာ အလိုတော်ရှိခြင်းဟူသည့် သတ်မှတ်ချက်သည် အတင်းအကြပ်ခိုင်းစေခြင်းနှင့် အခြားသော အကြောင်းများကြောင့် ကိစ္စတစ်ခုကို မိမိဆန္ဒမပါဘဲ လုပ်ဆောင်ရသူအတွက်သာ သတ်မှတ်လေ့ရှိသည်။ အလ္လာဟ်အရှင်မြတ်မူကား ထိုအရာများမှ အလွန်ကင်းစင်တော်မူသည်။ အဆိုပါအချက်ကိုပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဟဒီးစ်တော်၏ နောက်ဆုံးပိုင်းတွင် "အကြောင်းမှာ ဧကန်စင်စစ် အရှင်မြတ်အား အတင်းအကြပ် ပြုလုပ်စေခိုင်းနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။" ဟူ၍ ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိ၍ ပေးသနားတော်မူသော အရာတစ်ခုခုသည် အရှင်မြတ်အတွက် ကြီးမားခဲယဥ်းလွန်းသည်ဟူ၍ မရှိပေ။ (အကြောင်းမှာ) အရှင်မြတ်သည် စွမ်းဆောင်နိုင်စွမ်း မရှိသူ မဟုတ်သည့်အပြင် မည်သည့်အရာမျှ အရှင်မြတ်အတွက် ကြီးမားလွန်းသည်ဟူ၍ မရှိပေ။ သို့ဖြစ်ရာ "အကယ်၍ အရှင်မြတ် အလိုတော်ရှိလျှင်" ဟု ဆိုရန် မလိုအပ်ပေ။ ဒုအာကို အလိုတော်ရှိခြင်းနှင့် ချိတ်ဆက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို မလိုအပ်ဟု ယူဆသည့် သဘောမျိုး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးက "အကယ်၍ သင်အလိုရှိလျှင် ကျွန်တော့်အား ဤသို့ပေးသနားပါ" ဟု ပြောဆိုခြင်းသည် ဆုတောင်းခံရသူအနေဖြင့် (ဆုတောင်းသူ၏ ဆုတောင်းခြင်းကို) လိုအပ်ချက်မရှိသူ ဖြစ်ခြင်း သို့မဟုတ် ဖြည့်ဆည်းပေးရန် စွမ်းဆောင်နိုင်စွမ်း မရှိသူ ဖြစ်ခြင်းတို့နှင့်သာ သင့်လျော်သော စကားဖြစ်သည်။ စွမ်းဆောင်နိုင်စွမ်းရှိသူနှင့် မိမိသည် ထိုအရာကို အလွန်အမင်း လိုအပ်နေသူ၊ ဆင်းရဲပင်ပန်းနေသူအတွက်မူကား သူသည် မိမိတောင်းဆိုသည့်အရာတွင် ပြတ်သားစွာ တောင်းဆိုရမည်ဖြစ်သည်။ ဆင်းရဲသော၊ မိမိတောင်းဆိုသည့်အရာကို အလွန်အမင်း လိုအပ်နေသောသူ၏ တောင်းဆိုချက်အတိုင်း တောင်းဆိုရမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးစားအားထားရမည်ဖြစ်သည်။ အကြောင်းမှာ အရှင်မြတ်သည်သာလျှင် စင်စစ် ကြွယ်ဝချမ်းသာတော်မူသောအရှင်၊ ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသောကြောင့် ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။
رواه الترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သုံးမျိုးသောသူတို့အား အရှက်တကွဲ၊ အကျိုးနည်းခြင်း၊ ဆုံးရှုံးခြင်းတို့ဖြင့် ၎င်းတို့၏ နှာခေါင်းများကို မြေကြီးနှင့် လူးထိနေစေရန် ကျိန်ဆဲတော်မူခဲ့သည်။ ပထမအမျိုးအစား- မိမိ၏ရှေ့မှောက်တွင် ကိုယ်တော့်အား ဖော်ပြခံရသော်လည်း ကိုယ်တော့်အပေါ် ဆွလာသ် မပို့သသူ (ဥပမာ - 'ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်' စသဖြင့် မရွတ်ဆိုသူ) ဖြစ်သည်။ ဒုတိယအမျိုးအစား- လမြတ်ရမဿွာန်ကို ကြုံကြိုက်ပါလျှက်နှင့် ကောင်းမှုကုသိုလ်ပြုလုပ်ရာတွင် လစ်ဟင်းမှုကြောင့် လမြတ်ရမဿွာန်ကုန်ဆုံးသွားသော်လည်း အပြစ်များခွင့်လွှတ်ခြင်းမခံရသူ ဖြစ်သည်။ တတိယအမျိုးအစား- မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ၎င်းတို့အား မနာခံမှု၊ ၎င်းတို့၏ ရပိုင်ခွင့်များကို ကျေပြွန်အောင် မဆောင်ရွက်ပေးနိုင်သည့်အတွက် ထိုမိဘနှစ်ပါးသည် ၎င်း ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်သည့် အကြောင်းခံ မဖြစ်စေနိုင်ခဲ့သူ ဖြစ်သည်။
ဗရာအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်နှစ်ဦး တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ကြပါက ၎င်းတို့နှစ်ဦး မခွဲခွာမီအလျှင် အပြစ်များမှ ခွင့်လွှတ်ချမ်းသာ ပေးခြင်းခံရပေမည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မွတ်စ်လင်မ်နှစ်ဦး လမ်း၌ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ တွေ့ဆုံကြသည့်အခါတိုင်း ၎င်းတို့အနက်မှ တစ်ဦးက အခြားတစ်ဦးကို စလာမ်ပေးပြီး လက်ဆွဲနှုတ်ဆက်ပါက ၎င်းတို့၏ ခန္ဓာကိုယ်များ ခွဲခွါသွားခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်မှု ပြီးဆုံးသွားခြင်းမပြုမီပင် ၎င်းတို့နှစ်ဦးမှာ ခွင့်လွှတ်တော်မူခြင်းခံရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိသည်။ အရှင်မြတ်သည် အလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူ၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ ဆုတောင်းတော်မူခဲ့သည်။ "အို- စိတ်နှလုံးသားများကို လှည့်ပြောင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးသားများကို အရှင့်အမိန့်တော်ကို နာခံခြင်းဆီသို့ လှည့်ပြောင်းပေးသနားတော်မူပါ"။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိပြီး၊ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူကြောင်း မိန့်ကြားတော်မူခဲ့၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် ထိုစိတ်နှလုံးသားကို တရားလမ်းမှန်ပေါ်၌ တည်တံ့စေတော်မူပြီး၊ အလိုရှိလျှင် တရားလမ်းမှန်မှ လွဲချော်စေတော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ စိတ်နှလုံးသားအားလုံးကို စီမံခန့်ခွဲမှုသည် စိတ်နှလုံးသားတစ်ခုတည်းကို စီမံခန့်ခွဲမှုကဲ့သို့ပင် ဖြစ်သည်။ အရှင်မြတ်သည် တစ်ခုကို စီမံခန့်ခွဲရင်း နောက်တစ်ခုမှ ကင်းလွတ်သွားခြင်းမျိုး မရှိပေ။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ ဆုတောင်းတော်မူခဲ့သည်။ "အို- နှလုံးသားများကို တစ်ခါတစ်ရံအမိန့်နာခံမှုဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ အပြစ်အကုသိုလ်ဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ သတိရတသမှုဆီသို့လည်းကောင်း၊ တစ်ခါတစ်ရံ မေ့လျော့မှုဆီသို့လည်းကောင်း လှည့်ပြောင်းတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့၏ စိတ်နှလုံးသားများကို အရှင့်အမိန့်တော်ကို နာခံခြင်းဆီသို့ လှည့်ပြောင်းပေးသနားတော်မူပါ။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "ငါကိုယ်တော့်ထံမှ တစ်စုံတစ်ရာကို ကြားသိခဲ့ပြီး ထိုအကြောင်းအရာကို ကြားသိခဲ့သည့်အတိုင်း (အခြားသူများထံ) ပို့ဆောင်ပေးသော သူအား အလ္လာဟ်အရှင်မြတ်သည် ရွှင်လန်းသာယာစေတော်မူပါစေသတည်း။ တစ်ခါတစ်ရံ ပို့ဆောင်ခံရသူတို့သည် ပို့ဆောင်သူများထက် ပိုမိုနားလည် သဘော ပေါက်တတ်ကြသောကြောင့် ဖြစ်သည်"။
رواه الترمذي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ဟဒီးစ်တော်ကို ကြားနာပြီး အလွတ်ကျက်မှတ်ကာ အခြားသူများထံ ပြန်လည်ပို့ဆောင်ပေးသူအတွက် လောကီဘဝ၌ နုပျိုတင့်တယ်ခြင်း၊ ရွှင်လန်းဝပြောခြင်း နှင့် နောင်တမလွန်ဘဝ၌ ဂျန္နသ်၏ အေးမြခြင်း၊ စိမ်းစိုဝေဆာခြင်း စသော ကောင်းချီးမင်္ဂလာများရရှိရန် ဒုအာပြုပေးတော်မူခဲ့သည်။ အကြောင်းမှာ တစ်ခါတစ်ရံတွင် ဟဒီးစ်ကို လက်ခံရရှိသူသည် မူလကြားနာရသူထက်ပင် ပိုမိုနားလည် သဘောပေါက်တတ်မြောက်ပြီး ဟဒီးစ်မှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်နိုင်စွမ်း ရှိတတ်သောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် ပထမသူသည် အလွတ်ကျက်မှတ်ခြင်းနှင့် ပြန်လည်ပို့ဆောင်ခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပြီး ဒုတိယသူသည် ဟဒီးစ်တော်၏ အလိုသဘောအဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်းနှင့် အချက်အလက်များ ကောက်နုတ်ခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စွမ်းရှိသည်။
အဘူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံ၏ နိအ်မသ်စည်းစိမ်အချို့ကို သတင်းပေးတော်မူခဲ့သည်။ ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူအတွက် အလွန်ကျယ်ဝန်း၍ အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းနှင့် ဖန်တီးထားသည့် ကြီးကျယ်ခမ်းနားသော ရွက်ဖျင်တဲကြီးတစ်ခု ရှိမည်။ မိုးကောင်းကင်၌ ထိုတဲ၏ အလျားနှင့်အနံမှာ မိုင်(၆၀) ရှိသည်။ တဲ၏ လေးထောင့်တိုင်း၊ အရပ်မျက်နှာအရပ်ရှိ နေရာတိုင်း၌ ဇနီးများ ရှိကြပြီး ၎င်းတို့သည် အချင်း ချင်းမမြင်ရကြပေ။ မုအ်မင်န်ယုံကြည်သူသည် ၎င်းတို့ထံ လှည့်လည်သွားလာနေမည်ဖြစ်သည်။