





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အစ်ဗ်နု အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ) ကျန်းမာခြင်းနှင့် အားလပ်ချိန် ဖြစ်သည်။"
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ လူသားတို့အပေါ်ရှိ နိအ်မသ်ကျေးဇူးတော်များအနက်မှ ကြီးမားလှသော နိအ်မသ်ကျေးဇူးတော်နှစ်ပါးအကြောင်း မိန့်ကြားတော်မူခဲ့သည်။ ယင်းကျေးဇူးတော်နှစ်ပါးကို လူအများအပြားသည် ၎င်းတို့၏ သင့်လျော်သောနေရာ၌ အသုံးမချခြင်းကြောင့် ဆုံးရှုံးနစ်နာကြရသည်။ အကြောင်းမှာ လူတစ်ဦးသည် ကျန်းမာခြင်း၏ နိအ်မသ်ကျေးဇူးတော်နှင့် အားလပ်ချိန်၏ နိအ်မသ်ကျေးဇူးတော် နှစ်ခုလုံးကို ရရှိထားသော်လည်း အလ္လာဟ်အရှင်မြတ်အား အမိန့်နာခံမှု၌ ပျင်းရိခြင်းက ၎င်းအား လွှမ်းမိုးသွားခဲ့လျှင် ထိုသူသည် ဆုံးရှုံးနစ်နာသွားသူ ဖြစ်သည်။ ဤသည် လူအများစု၏ အခြေအနေပင်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏အားလပ်ချိန်နှင့် ကျန်းမာခြင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံရာတွင် အသုံးချခဲ့လျှင် ထိုသူသည် အမြတ်အစွန်းရသွားသူ ဖြစ်သည်။ အကြောင်းမှာ လောကီသည် နောင်တမလွန်ဘဝအတွက် စိုက်ပျိုးရာမြေဖြစ်ပြီး၊ ယင်းလောကီ၌ ကုန်သွယ်မှုရှိသည်။ ထိုကုန်သွယ်မှု၏ အမြတ်သည် နောင်တမလွန်ဘဝတွင် ပေါ်လွင်ထင်ရှားမည်ဖြစ်သည်။ အားလပ်ချိန်ပြီးနောက် အလုပ်ရှုပ်ချိန် ရောက်လာတတ်ပြီး ကျန်းမာခြင်းပြီးနောက် ရောဂါဘယများ ရောက်လာတတ်သည်။အိုမင်းခြင်း ဆိုသည့်အရာတစ်ခုတည်းပင် လုံလောက်သော (သတိပေးချက်ဖြစ်သည်။)
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- (اللهُمَّ اغْفِرْ لِي ذَنْبِي) "အလ္လာဟုမ္မဂ်ဖိရ်လီ ဇမ်ဘီ" အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ တစ်နည်း အပြစ်များကို ဖုံးကွယ်ပေးတော်မူပြီး ၎င်း၏ အကျိုးဆက်ဘေးမှ ကာကွယ်တော်မူပါ၊ သည်းခံတော်မူပါ၊ မျက်နှာလွှဲတော်မူပါဟု ဆိုလိုသည်။ (كُلَّهُ )"ကုလ္လဟူ" ဆိုသည်မှာ အပြစ်အားလုံးဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ (دِقَّهُ) "ဒိက္က-ဟု" ခေါ်သော အသေးအဖွဲနှင့် အနည်းငယ်မျှသောအပြစ်၊ (وَجِلَّهُ)"ဝဂျိလ္လဟူ-ဟု" ခေါ်သော ကြီးလေးသေ၊ များပြားလှသောအပြစ်၊ (وَأَوَّلَهُ)"ဝ အောင်ဝ်ဝလဟူ" ဟု ခေါ်သော ရှေးဦးစွာ ကျူးလွန်ခဲ့သော အပြစ်၊(وَآخِرَهُ) "ဝအာခီရဟူ-ဟု" ခေါ်သော နောက်ဆုံးကျူးလွန်ခဲ့သောအပြစ်နှင့် ကြားတွင်ကျူးလွန်ခဲ့သောအပြစ်၊ (عَلَانِيَتَهُ وَسِرَّه) "အလာနိယသဟူ ဝ စိရ်ရဟူ" ဟု ခေါ်သော လူသိရှင်ကြား ကျူးလွန်ခဲ့သော အပြစ်များ နှင့် လျှို့ဝှက်စွာ ကျူးလွန်ခဲ့သော အပြစ်များ၊ အရှင်မြတ်မှတစ်ပါး မည်သူမျှ မသိနိုင်သော အပြစ်များ အားလုံးကို လွှတ်တော်မူပါဟု ဆိုလိုသည်။
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်စင်စစ် များစွာလအ်နသ်(ကျိန်ဆဲခြင်း) ပြုသူများသည် ကိယာမသ်နေ့တွင် (အခြားသူနှင့်ပတ်သတ်၍) သက်သေခံခွင့်ရမည့်သူများ မဟုတ်သလို ၊ ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရမည့်သူများလည်း မဟုတ်ပေ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လအ်နသ်ကျိန်ဆဲခြင်းမခံထိုက်သူအား ကျိန်ဆဲခြင်းများစွာ ပြုလုပ်သူသည် ပြစ်ဒဏ်နှစ်မျိုး ခံစားရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ပထမတစ်ခုမှာ - ကိယာမသ်နေ့တွင် ရှေးယခင်အွမ္မသ်သားများထံ ၎င်းတို့၏ ရစူလ်တမန်တော်များက အလ္လာဟ်အရှင်မြတ်၏ သတင်းစကားများကို ပို့ဆောင်ခဲ့ခြင်းကြောင်း သက်သေခံခွင့် ရရှိမည်မဟုတ်ပေ။ ဤလောကတွင်လည်း ဖစ်က်(မတရားပြုမှုကြောင့်) သူ၏သက်သေခံချက်ကို လက်မခံအပ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှဟီးဒ်ဖြစ်ခြင်း၏ (အသတ်ခံရခြင်း၏) အခွင့်အရေးကိုလည်း ရရှိမည်မဟုတ်ချေ။ ဒုတိယအချက်မှာ - ကိယာမသ်နေ့တွင် အခြားသော မုအ်မင်န်သက်ဝင်ယုံကြည်သူများက ဂျဟန္နမ်ငရဲခံထိုက်သူများဖြစ်ကြသော မိမိတို့၏ မုအ်မင်န် ညီနောင်များအတွက် ရှဖာအသ်ကြားဝင်အသနားခံပေးချိန်တွင် သူသည် ရှဖာအသ်ကြားဝင်အသနားခံပေးခွင့် ရရှိမည်မဟုတ်ပေ။
စလ်မားန် အလ်ဖာရီစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့ တော်မူသော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိ၏ ကျေးကျွန်က လက်နှစ်ဖက်မြှောက်၍ ဒုအာဆုတောင်းသော အခါ ၎င်းအား လက်မဲ့ပြန်လွှတ်ရန် ရှက်တော်မူ၏။
رواه أبو داود والترمذي وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဒုအာဆုတောင်းရာတွင် လက်နှစ်ဖက်ကို မြှောက်၍ တောင်းရန် တိုက်တွန်းတော်မူခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်သည် (حَيي) - အလွန်ရှက်ရွံ့တော်မူသောအရှင်၊ ချီးမြှင့်ပေးကမ်းခြင်းကို စွန့်လွှတ်ထားခြင်း မရှိသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် မိမိ၏ကျေးကျွန် နှစ်သက်ပျော်ရွှင်စေမည့်အရာများကိုသာ ပြုတော်မူပြီး၊ ထိုကျေးကျွန်အား နစ်နာစေမည့်အရာကို ပြုလုပ်တော်မမူပေ။ (كريم) ဟူသော် ဂုဏ်တော်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်ပြီး၊ မတောင်းလျှင်ပင် ပေးသနားတော်မူသောအရှင်ဖြစ်လျှင် တောင်းခံပါက မည်သို့အခြေအနေရှိမည်ကို စဉ်းစားကြည့်ပါလေ။ အရှင်မြတ်သည် မိမိ၏ မုအ်မင်န်ကျေးကျွန်က လက်နှစ်ဖက်ကို မြှောက်ပြီးနောက် ဒုအာဆုတောင်းလျှင်၊ ထိုလက်နှစ်ဖက်ကို ဆုတောင်းပြည့်ခြင်း မရှိဘဲ၊ လက်ဗလာဖြင့်လည်းကောင်း ပြန်လည်လွှတ်လိုက်ခြင်းကို ရှက်တော်မူသည်။
မုအ်မင်န်တို့၏ မိခင်ကြီး ဂျုဝိုင်ရိယဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် သူမထံမှ နံနက်စောစော ဖဂျရ်ဆွလာသ် ဝတ်ပြုပြီးချိန်၌ ထွက်သွားတော်မူခဲ့သည်။ ထိုအချိန် သူမသည် မိမိ၏ ဆွလာသ်ဝတ်ပြုရာနေရာ၌ ရှိနေလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် နေမြင့်ပြီးချိန်တွင် ပြန်လည်ကြွမြန်းလာခဲ့ရာ သူမသည် ထိုင်နေလျက်ပင် ရှိနေသည်။ ထိုအခါ ကိုယ်တော်မြတ်က “အသင်မသည် ငါကိုယ်တော်အသင်မအား ထားခဲ့သည့် အနေအထားအတိုင်းပင် ရှိနေသလော’ ဟု မေးတော်မူရာ သူမက “ဟုတ်ကဲ့” ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က “အသင်မနှင့် ခွဲခွာသွားပြီးနောက် ငါကိုယ်တော်သည် ကလိမဟ်(စကားလုံး)လေးခုကို သုံးကြိမ် ရွတ်ဆိုတော်မူခဲ့သည်။ ယင်းတို့သည် ဒီနေ့တမနက်လုံး အသင်မရွတ်ဆိုခဲ့သမျှအရာများဖြင့် ချိန်ဆပါက ထိုကလိမဟ်တော်လေးခုသည် ယင်းတို့ထက် အလေးချိန်အားဖြင့် သာပေမည်။ (ထိုကလိမဟ်တော်များမှာ) « سُبْحَانَ اللهِ وَبِحَمْدِهِ، عَدَدَ خَلْقِهِ وَرِضَا نَفْسِهِ وَزِنَةَ عَرْشِهِ وَمِدَادَ كَلِمَاتِهِ » (အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၏ ဖန်ဆင်းခံများ၏ အရေအတွက်နှင့်အမျှ၊ အရှင်မြတ်၏ ကျေနပ်နှစ်သက်တော်မှုသည်နှင့်အမျှ၊ အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏ အလေးချိန်နှင့်အမျှ၊ အရှင်မြတ်၏ စကားတော်များ၏ မှင်ပမာဏနှင့်အမျှ ချီးမွမ်းခြင်းနှင့်အတူ အလွန်စင်ကြယ်တော်မူကြောင်း မြွက်ဆိုပါ၏။ )”
رواه مسلمတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ ဇနီးကြင်ယာတော်ဖြစ်သူ မိခင်မွန်ကြီး ဂျူဝိုင်ရိယဟ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဖဂျရ်ဆွလာသ်ပြီးနောက် နံနက်အစောပိုင်း၌ ထွက်ခွာတော်မူခဲ့သည်။ ထိုအချိန် သူမသည် မိမိ၏ ဆွလာသ်ဝတ်ပြုရာနေရာ၌ ထိုင်လျက်ရှိနေလေသည်။ ထို့နောက် ကိုယ်တော်မြတ်သည် နေမြင့်ပြီးချိန်တွင် ပြန်လည်ကြွမြန်းလာခဲ့ရာ သူမသည် ထိုင်နေလျက်ပင် ရှိနေလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မသည် ငါကိုယ်တော်အသင်မအား ထားခဲ့သည့် အနေအထားအတိုင်းပင် ရှိနေသလော’ သခင်မက “ဟုတ်ကဲ့”ဟု ဖြေကြားလေသည်။ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မနှင့် ခွဲခွာသွားပြီးနောက် ငါကိုယ်တော်သည် ကလိမဟ်(စကားလုံး)လေးခုကို သုံးကြိမ်တိုင် ရွတ်ဆိုတော်မူခဲ့သည်။ အကယ်၍ ၎င်းကလိမဟ်တော်များ၏ အကျိုးကျေးဇူးကို အသင်မ ဒီမှာထိုင်ပြီး ရွတ်ဆိုနေသမျှအားလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် ဤစကားလုံးလေးလုံးက ၎င်းတို့အားလုံးထက် ပိုမိုလေးလံသာလွန်နေပေလိမ့်မည်။” "စွဗ်ဟာနလ္လာဟ်" (အလ္လာဟ်အရှင်မြတ်သည် ချို့ယွင်းချက်အားလုံးမှ စင်ကြယ်တော်မူပါသည်) - အရှင်မြတ်သည် ချို့ယွင်းချက်များနှင့် အပြစ်အနာများမှ စင်ကြယ်တော်မူကြောင်း ဖော်ပြခြင်းဖြစ်သည်။ "ဝဗိဟမ်ဒီဟီ" (အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်အတူ) - အကြောင်းမှာ အရှင်မြတ်သည် ထိုသို့ လမ်းညွှန်တော်မူသော လှပတင့်တယ်သော ချီးမွမ်းခြင်းကို ပိုင်ဆိုင်တော်မူသောကြောင့်ဖြစ်သည်။ "အဒဒ ခလ်ကိဟီ" (အရှင်မြတ်၏ ဖန်ဆင်းခံများ၏ အရေအတွက်နှင့်အညီ) - အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှ မရေတွက်နိုင်သော အရှင်မြတ်၏ ဖန်ဆင်းခံသတ္တဝါအပေါင်းတို့၏ အရေအတွက်နှင့်အညီ၊ "ဝရိဿွာ နဖ်စီဟီ" (အရှင်မြတ် ကျေနပ်နှစ်သက်တော်မူသည့်အတိုင်း) - အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ခံရသော ကျေးကျွန်တို့နှင့် ပတ်သက်၍ အရှင်မြတ် နှစ်သက်တော်မူသည့် ပမာဏအတိုင်း၊ ယင်းသည် အတိုင်းအဆကို မသိနိုင်သော အရာဖြစ်၏၊ "ဝဇိနသ အရ်ရှိဟီ" (အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်၏ အလေးချိန်နှင့်အညီ) - အကြင် အရ်ရှ်ပလ္လင်တော်သည် အကြီးမားဆုံးနှင့် အလေးဆုံးသော ဖန်ဆင်းခံဖြစ်သည်။ "ဝမိဒါဒ ကလိမာသိဟီ" ( ထို့ပြင် အရှင်မြတ်၏ ကလိမဟ်(စကား) တော်များ၏ မှင်ပမာဏနှင့်အညီ) - အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်များသည် အကန့်အသတ်မရှိ၊ ကုန်ဆုံးခြင်းလည်းမရှိပေ။ ဤအချက်သည် အပိုင်း (၃)ပိုင်းလုံးကို လွှမ်းခြုံ၏။ အကြောင်းမှာ အရှင်မြတ်၏ စကားတော်များ၏ မှင်ပမာဏသည် ၎င်း၏ ပမာဏ၊ ၎င်း၏ ဂုဏ်တော်၊ ၎င်း၏ အရေအတွက်တို့၌ အဆုံးအစ မရှိသောကြောင့်တည်း။ သို့သော် ရည်ရွယ်ချက်မှာ များပြားလှခြင်းကို အလေးပေး ဖော်ပြခြင်းပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှေးဦးစွာ ဖန်ဆင်းခံသတ္တဝါတို့၏ အရေအတွက်ကို ကိန်းဂဏန်းဖြင့် ရေတွက်နိုင်သည့် ပမာဏကို ဖော်ပြခဲ့ပြီး၊ ထို့နောက် ထိုထက်ကြီးမြတ်သော အရာသို့ တက်လှမ်းကာ အရှင်မြတ်၏ နှစ်သက်တော်မူခြင်းဖြင့် ဖော်ပြခဲ့၏။ ထို့နောက် အကြီးမားဆုံး ဖန်ဆင်းခံတည်းဟူသော အရ်ရှ်ပလ္လင်တော်၏ အလေးချိန်ဖြင့် ဖော်ပြခဲ့၏။ သို့ဖြစ်၍ ပထမအချက်သည် အရေအတွက်နှင့် အတိုင်းတာပမာဏအတွက်၊ ဒုတိယအချက်သည် ဂုဏ်တော်နှင့် အရည်အသွေးအတွက်၊ တတိယအချက်သည် ကြီးမားခြင်းနှင့် လေးလံခြင်းအတွက် ဖြစ်လေသတည်း။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ၎င်းတို့အတွက် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အရာ ဖြစ်လိမ့်မယ်။ အကယ်၍ (အလ္လာဟ်အရှင်မြတ်က) အလိုရှိတော်မူလျှင် သူတို့ကို အပြစ်ဒဏ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင်လည်း ခွင့်လွှတ်တော်မူမည်။"
رواه أبو داود والترمذي والنسائي في الكبرىတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း(ဇိကရ်)မှ မေ့လျော့ခြင်းနှင့်ပတ်သက် ၍ သတိပေးတား မြစ်ထားတော်မူသည်။ မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ကိယာမသ်နေ့တွင် ၎င်းတို့အတွက် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်း၊ နောင်တရခြင်း၊ ဆုံးရှုံးခြင်းနှင့် ထိခိုက်နစ်နာခြင်း၏ အကြောင်း ခံ ဖြစ်လိမ့်မည်။ အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင် ၎င်းတို့၏ ယခင်က ပြုလုပ်ခဲ့သော အပြစ်များနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လစ်ဟင်းချက်များကြောင့် ၎င်းတို့အား အပြစ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင် ၎င်းတို့အား မိမိ၏ကျေးဇူးတော်နှင့် ကရုဏာတော်အရ ခွင့်လွှတ်တော်မူမည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြား တော်မူသည်။ အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့် တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန် တို့ဖြစ်ကြသည်။ သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟုမေးမြန်းခဲ့ကြသည်။ကိုယ်တော်မြတ်(ﷺ)က မာနထောင်လွှားသူများဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
رواه الترمذيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ- “သင်တို့အနက် လောကီဘဝ၌ ငါကိုယ်တော် အချစ်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးကပ်ဆုံးနေထိုင်ရသူမည့်မှာ အသင်တို့ထဲတွင် အကျင့်စာရိတ္တအကောင်းဆုံးသူပင် ဖြစ်၏။ သင်တို့အနက် လောကီဘဝ၌ ငါကိုယ်တော် အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အဝေးဆုံး နေထိုင်ရသူမှာ အသင်တို့အနက် အကျင့်စာရိတ္တအဆိုးဆုံးသူ၊ (အသ်စရ်ဆာစူးန်) စကားများလွန်းပြီး အမှန်တရားမှ ထွက်သွားသော အလွန်အကျွံ စကားပြောဆိုသူများ။ (အလ်မုသရှဒ်ဒီကူးန်) စကားပြောရာတွင် သတိမထားမဆင်ခြင်ဘဲ ချဲ့ကားပြောဆိုခြင်း၊ စကားများကို အလွန်အကျွံ ရှည်လျားအောင် ဖွဲ့နွဲ့ပြောဆိုတတ်သူများနှင့် (အလ်မုသဖိုင်ဟီကူးန်) တို့ ဖြစ်၏။ အချို့က “အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ စရ်ဆာစူးန်နှင့် မုသရှဒ်ဒီကူးန် တို့ကို ကျွန်တော်တို့ သိပါပြီ။ အလ်မုသဖိုင်ဟီကူးန် ဆိုသည်မှာ အဘယ်နည်း။” ဟု မေးလျှောက်ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “သူတို့သည် မာနကြီးသူ၊ လူတို့ကို ပြက်ရယ်ပြုသူ၊ စကားပြောရာတွင် ချဲ့ထွင်ကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အကြင်သူသည် အစ္စလာမ်သာသနာကို လက်ခံယုံကြည်ခဲ့ပြီး၊ လိုအပ်ချက်အလျောက် (လောက်ငှရုံ) စားဝတ်နေရေးကို ရရှိကာ၊ အလ္လာဟ်အရှင်မြတ်သည် မိမိပေးအပ်တော်မူသောအရာဖြင့် သူ့အား ရောင့်ရဲတင်းတိမ်စေတော်မူပါက၊ ဧကန်စင်စစ်ထိုသူသည် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံ အပ်နှင်းနာခံပြီး၊ တရားလမ်းမှန်ကိုရရှိကာ အစ္စလာမ်သာသနာကို လက်ခံကျင့်သုံးခွင့် ရရှိသူ၊ လိုအပ်ချက်နှင့်အညီ ဟလာလ်ဖြစ်သော စားနပ်ရိက္ခာကို ပိုခြင်းလည်းမရှိ၊ လျော့နည်းခြင်းလည်းမရှိဘဲ ရရှိသူ၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်က ရရှိသည်ကို ရောင့်ရဲကျေနပ်တတ်သော သဘောထားကို ပေးအပ်ခြင်းခံရသူသည် ၊စင်စစ် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင် ဖြစ်သည်။
အုဗိုင်ဒုလ္လာဟ် ဗင်န် မိဟ်စွတ်န် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "သင်တို့အနက်မှ မည်သူမဆို နံနက်ခင်းအချိန်သို့ဝင်သောအခါ ကျန်းမာသောကိုယ်ခန္ဓာရှိလျက်၊ မိမိအသက်ဝိညာဉ် ဘေးကင်းလျက်၊ ၎င်းထံ ထိုနေ့အတွက် စားနပ်ရိက္ခာရှိလျှင် ထိုသူသည် ဤလောကကြီးတစ်ခုလုံး စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်၏။"
رواه الترمذي وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- အို မွတ်စ်လင်မ်တို့ သင်တို့ထဲမှ မည်သူမဆို မိမိကိုယ်ခန္ဓာ၌ ရောဂါများနှင့် ဝေဒနာများမှ ကျန်းမာချမ်းသာစွာ၊ မိမိအသက်၊ မိသားစုနှင့် လမ်းခရီး၌ ကြောက်ရွံ့ထိန်လန့်မှုမရှိဘဲ အေးချမ်းလုံခြုံမှုရှိလျက်၊ ထို့ပြင် တစ်နေ့တာ လိုအပ်ချက်ကို အလုံအလောက်ဖြည့်ဆည်းနိုင်သော ဟလာလ်ရိက္ခာကို ရရှိလျက် နံနက်ခင်းသို့ ရောက်ရှိပါက၊ ထိုသူသည် ဤလောကကြီးတစ်ခုလုံးကို စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်သည်။