





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "အကြင်သူသည် «سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ» (အလ္လာဟ်အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း ဖြင့် ကျွန်တော်မျိုးမြွက်ဆိုပါသည်)ဟု ရွတ်ဆိုခဲ့သော်၊ ထိုသူ့အတွက် ဂျန္နသ်သုခဘုံတွင် စွန်ပလွံပင်တစ်ပင်ကို စိုက်ပျိုးပေးခြင်းခံရ၏။"
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အရှင်မြတ်၏ ဇာတိတော်၊ ဂုဏ်တော်နှင့် လုပ်ဆောင်တော်မူချက်များ၏ မြင့်မြတ်ကြီးကျယ်ပုံနှင့်အတူ အရှင်မြတ်အား စင်ကြယ်တော်မူကြောင်း ဖော်ပြပြီး ချီးမွမ်းထောမနာပြုခြင်းကိုလည်း ထည့်သွင်း ရွတ်ဆိုသူသည် ထိုသို့ရွတ်ဆိုသည့် အကြိမ်တိုင်းတွင်ဂျန္နသ်သုခဘုံ၏မြေပြင်တွင် ၎င်းအတွက် စွန်ပလွံပင်တစ်ပင်ကို စိုက်ပျိုးပေးခြင်းခံရသည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဂတ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗီတစ်ပါးဖြစ်သည်။ ၎င်းက ပြောပြခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။"
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူအပေါင်းတို့အား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (အလ္လာဟ်အရှင်မြတ်ထံ) ခွင့်လွှတ်မှုတောင်းခံခြင်းကို များမြောင်စွာ ပြုလုပ်ကြရန် အမိန့်ပေးတော်မူသည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း တစ်ရက်တွင် အကြိမ်တစ်ရာကျော် အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (ခွင့်လွှတ်မှုတောင်းခံခြင်း) ပြုလုပ်ကြောင်း မိန့်ကြားတော်မူသည်။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောင်ကျူးလွန်မည့် အပြစ်များ(ရှိခဲ့လျှင်ကို)ပင် အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီးဖြစ်ပါလျက် ဤသို့ ပြုလုပ်တော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် စိုးမိုးနာခံမှု၏ ပြည့်စုံခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချမှုအပြည့်အဝရှိခြင်းကို ဖော်ပြနေပေသည်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
رواه أبو داود وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးအတွက် ၎င်း၏ ‘အိဇာရ်’ (အောက်ပိုင်းကို ဖုံးအုပ်သော အဝတ်အစား) နှင့် ပတ်သက်၍ အခြေအနေ သုံးမျိုးရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ၁။ မွတ်စ်သဟဗ် (နှစ်သက်ဖွယ်ဖြစ်သည်) - ခြေသလုံးတစ်ဝက်အထိ ဖြစ်သည်။ ၂။ မက္ကရူဟ်မဖြစ်ဘဲ ခွင့်ပြုထားသည် - ၎င်းမှာ ခြေသလုံးတစ်ဝက်အောက်မှ ခြေကျင်းဝတ်အထိ ဖြစ်သည်။ (ခြေကျင်းဝတ်ဆိုသည်မှာ ခြေသလုံးနှင့်ခြေထောက်ဆုံရှိ ပေါ်ထွက်နေသောအရိုး(ခြေမျက်စိ)နှစ်ဖက်ဖြစ်သည်)။ ၃။ ဟရာမ် (တားမြစ်ထားသည်) - ခြေကျင်းဝတ်အောက်သို့ ကျနေခြင်းဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းအားဖြင့် ဂျဟန္နမ်ငရဲမီးနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ရသည်။ အကယ်၍ မာန်မာန၊ ဝင့်ကြွားမှု၊ အမိန့်ဖီဆန်ခြင်းအားဖြင့် ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
မအ်ကလ် ဗင်န် ယစားရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။ "ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းသည် ငါကိုယ်တော်မြတ်ထံသို့ ဟိဂ်ျရသ်ရွှေ့ပြောင်းခြင်းနှင့်တူ၏"။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၊ သွေးထွက်သံယိုမှုများနှင့် လူတို့၏ကိစ္စများ ရှုပ်ထွေးနေချိန်တွင် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းနှင့် ၎င်းကို ဆုပ်ကိုင်ထားရန် လမ်းညွှန်တော်မူခဲ့သည်။ ထို့ပြင် ၎င်း၏ကုသိုလ်အကျိုးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရွှေ့ပြောင်းခြင်းနှင့် တူညီသည်ဟု မိန့်ကြားထားသည်။ အကြောင်းမှာ ထိုအချိန်တွင် လူတို့သည် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းမှ မေ့လျော့သွားကြပြီး တခြားအရာများတွင် အလုပ်ရှုပ်(မွေ့လျော)နေကြကာ လူအနည်းငယ်သာ ၎င်းအတွက် အချိန်ပေးနိုင်ကြသော ကြောင့် ဖြစ်သည်။
အဗူစအီးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "မည်သည့် မွတ်စ်လင်မ်မဆို အပြစ်အကုသိုလ်နှင့် သွေးသားတော်စပ်သူအား ဆက်ဆံရေးဖြတ်တောက်ခြင်းမပါဝင်သော မည်သည့် ဒုအာဆုတောင်းမှုကိုမဆို ပြုလုပ်ပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား (အောက်ပါ) သုံးမျိုးအနက်မှ တစ်မျိုးကို ဧကန်အမှန် ပေးသနားတော်မူမည်။ ထိုသူ၏ ဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူခြင်း၊ သို့မဟုတ် ထိုသူအတွက် နောင်တမလွန်ဘဝ၌ အကျိုးပေးရန် သိုလှောင်ထားတော်မူခြင်း၊ သို့မဟုတ် ထိုဒုအာဆုတောင်းခြင်းနှင့် ညီမျှသော မကောင်းမှုဒုက္ခကို ထိုသူ့ထံမှ ဖယ်ရှား ပေးသနားတော်မူခြင်း ဖြစ်သည်။" ထိုအခါ ဆွဟာဗဟ်သာဝကများက "သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - "အလ္လာဟ်အရှင်မြတ်သည် (သင်တို့တောင်းသမျှထက်) ပို၍ ရက်ရောတော်မူသောအရှင် ဖြစ်သည်။"
رواه أحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- မွတ်စ်လင်မ်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်ထံ ဒုအာဆုတောင်းပြီး အပြစ်အကုသိုလ်မဟုတ်သည့်အရာတစ်ခုကို တောင်းခံလျှင် ဥပမာ- အပြစ်အကုသိုလ်နှင့် မတရားမှုကို လွယ်ကူစေရန် ဒုအာဆုတောင်းခြင်းမျိုး၊ သို့မဟုတ် ဆွေမျိုးတော်စပ်မှုကို ဖြတ်တောက်ရန် ဆုတောင်းခြင်း၊ ဥပမာ- မိမိ၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများကို ကျိန်ဆဲခြင်းမျိုး မပြုဘဲ ဒုအာဆုတောင်းလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ ဒုအာဆုတောင်းခြင်းကြောင့် အောက်ပါသုံးမျိုးအနက် တစ်မျိုးမျိုးကို ပေးသနားတော်မူမည်ဖြစ်သည်။ ၁။ ထိုသူ၏ တောင်းဆုဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူပြီး၊ ထိုသူအား သူတောင်းခဲ့သည့်အရာကို ပေးသနားတော်မူခြင်း။ ၂။ အလ္လာဟ်အရှင်မြတ်သည် ထိုတောင်းဆုဒုအာကို ၎င်းအဖို့ ကိယာမသ်နေ့၌ အဆင့်အတန်းမြှင့်မားစေခြင်း သို့မဟုတ် ကရုဏာတော်နှင့် အပြစ်များမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူခြင်း စသည့် အကျိုးဆုလာဘ်များကို ရရှိရန်အတွက် နောက်ဆိုင်းထားတော်မူပေမည်။ ၃။ ထိုတောင်းဆုဒုအာနှင့်ညီမျှသော မကောင်းမှုဒုက္ခကို ဤလောက၌ပင် ထိုသူ့ထံမှ ဖယ်ရှားပေးသနားတော်မူခြင်း။ ထိုအခါ ဆွဟာဗဟ်သာဝကများက သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဤကျေးဇူးတော်များအနက်မှ တစ်ခုခုကို ရရှိရန်အတွက် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်ဟု လျှောက် ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိတော်မူသောအရာသည် သင်တို့တောင်းခံနေသည့်အရာထက် ပိုမိုများပြားပြီး ကြီးကျယ်လှပေသည်။ ဧကန်စင်စစ် အရှင်မြတ်၏ ပေးသနားတော်မူခြင်းသည် ကုန်ဆုံးခြင်းမရှိသည့်အပြင် အဆုံးသတ်လည်းမရှိပေ။
အိဗ်နေအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ» (ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလွန်စိုးရိမ်ပူပန်ရသည့်အခါ၊ အလွန်ပူဆွေးသောကရောက်သည့်အခါတွင် ဤဒုအာကိုရွတ်ဆိုတော်မူလေ့ရှိခဲ့သည်- "လာ အိလာဟ အိလ္လလ္လာဟ်" «لا إله إلا الله» ဆိုသည်မှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့် ကိုးကွယ်ထိုက်သော အရှင်ဟူ၍ မရှိ။ "အလ်-အဇီမ်" «العظيم » ဆိုသည်မှာ- အရှင်မြတ်၏ ဇာတိတော်၊ ဂုဏ်တော်များ နှင့် လုပ်ဆောင်ချက်များ၌ ဂုဏ်သရေနှင့် ပြည့်စုံတော်မူသော၊ သာလွန်မြင့်မြတ်တော်မူသော အရှင်။ "အလ်-ဟလီမ်" «الحليم» ဆိုသည်မှာ- အပြစ်ကျူးလွန်သူအား ချက်ချင်း အပြစ်ဒဏ် မပေးဘဲ နောက်ဆိုင်းထားတော်မူ၏။ တစ်ခါတစ်ရံအပြစ်ဒဏ်ပေးရန် စွမ်းဆောင်နိုင်လျက်နှင့်လည်း ခွင့်လွှတ်တော်မူ၏။ စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ "ရဗ္ဗုလ် အရ်ရှိလ် အဇွီးမ်" « رب العرش العظيم » ဆိုသည်မှာ- ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။ "ရဗ္ဗုစ်စမာဝါသိ ဝလ်အရ်ဿ်ွ" «رب السموات والأرض» ဆိုသည်မှာ- မိုးကောင်းကင်များ၊ မြေပထဝီများနှင့် ၎င်းတို့အတွင်းရှိ အရာအားလုံးကို ဖန်ဆင်းတော်မူသော၊ စိုးပိုင်တော်မူသော၊ ပြုပြင်ဖွဲ့စည်းပေးတော်မူသော၊ အလိုတော်ရှိသည့်အတိုင်း စီမံခန့်ခွဲတော်မူသော အရှင်သခင် ဖြစ်သည်။ "ရဗ္ဗုလ် အရ်ရှိလ် ကရီးမ်" «رب العرش الكريم» ဆိုသည်မှာ - ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် သမ်းဝေသောအခါ ပါးစပ်ပေါ်လက်အုပ်ထားပါ။(ထိုသို့မပြုပါက)ရှိုက်သွာန် ဝင်သွားပေလိမ့်မည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ပျင်းရိခြင်း သို့မဟုတ် ဝမ်းဗိုက်ပြည့်ခြင်းစသည့် အကြောင်းကြောင့် ပါးစပ်ဟ၍ သမ်းဝေသူအား မိမိ၏လက်ကို ပါးစပ်ပေါ်တင်၍ ပိတ်ထားရန် လမ်းညွှန်တော်မူခဲ့သည်။ အကြောင်းမှာ ပါးစပ်ဟထားလျှင် ရှိုင်သွာန်သည် အတွင်းသို့ ဝင်ရောက်တတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်ဖြင့် ပါးစပ်ကို ဖုံးအုပ်ခြင်းသည် ရှိုင်သွာန်ဝင်ရောက်ခြင်းကို တားဆီးရာရောက်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား လောကီရေးရာကိစ္စရပ်များဖြစ်သည့် ရာထူး၊ စည်းစိမ်ဥစ္စာ၊ အဆင့်အတန်း စသည်တို့တွင် မိမိထက်နိမ့်ကျသူများကိုသာ ကြည့်ရှုရန် အမိန့်ပေးထားပြီး မိမိ၏ လောကီရေးရာကိစ္စရပ်များတွင် မိမိထက် အဆင့် အတန်းမြင့်သူများ၊ သာလွန်သူများကို မကြည့်ရှုရန် ညွှန်ကြားတော်မူခဲ့သည်။ အကြောင်းမှာ မိမိထက် နိမ့်ကျသူကိုကြည့်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ် ပေးအပ်ထားသော နိအ်မသ်တော်များကို အထင်မသေးမိစေရန်၊ မရှုံ့ချမိစေရန် ပို၍ထိုက်တန်သောကြောင့်ဖြစ်ပါသည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူသည် မိမိ၏အဝတ်ကို မာန်မာနထောင်လွှားပြီး တရွတ်ဆွဲ၍ (လမ်းလျှောက်) ခဲ့လျှင်အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မာန်မာနနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းတို့ကြောင့် အဝတ်အထည် သို့မဟုတ် ခါးဝတ်ပုဆိုးကို ခြေကျင်းဝတ်အောက်ချ၍ ဝတ်ဆင်ခြင်းအား တားမြစ်တော်မူခဲ့ပြီး၊ ထိုသို့ပြုလုပ်သူအား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က ကရုဏာတော်၏ အရှုဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ဟူသော ပြင်းထန်သည့် ခြိမ်းခြောက်ချက်ကို ခံယူထိုက်သူဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။