





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဟိရှာမ် ဗင်န် ဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား)ဒေသရှိ အန်ဘာတ်လူမျိုး (အာရပ်မဟုတ်သူများ) အချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ သူက "သူတို့ ဘာဖြစ်နေတာလဲ" ဟု မေးမြန်းခဲ့သည်။ လူတို့က "သူတို့သည် ဂျိဇ်ယဟ်(အခွန်ကြေး ) မပေးဆောင်သည့်အတွက် ဖမ်းဆီးဒဏ်ပေးခံထားရခြင်းဖြစ်သည်" ဟု ပြောခဲ့ကြသည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ "ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။"
رواه مسلمဟိရှာမ်ဗင်န်ဟကီးမ်ဗင်န်ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် ရှာမ်(ဆီးရီးယား) ဒေသရှိ အာရပ်မဟုတ်သောတောင်သူလယ်သမားအချို့ရဲ့အနားမှ ဖြတ်သွားခဲ့သည်။ ထိုသူများသည် နေပူထဲတွင် ရပ်ခိုင်းခြင်းခံထားရသည်။ ထိုအခါသူက ၎င်းတို့ရဲ့အခြေအနေနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။ ထိုအခါ သူ့အား ၎င်းတို့သည် တတ်စွမ်းနိုင်ပါလျက် ဂျိဇ်ယဟ်( အခွန်ကြေး ) မပေးဆောင်ခြင်းကြောင့် ထိုသို့ပြုမူခြင်းခံရကြောင်း အသိပေးခဲ့သည်။ ထိုအခါ ဟိရှာမ်က "ကျွန်ုပ် သက်သေထူ၍ ပြောပါမည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝတွင် လူတို့အား မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်သူများကို (နောင်တမလွန်ဘဝ၌) ညှင်းပန်းနှိပ်စက်ပြစ်ဒဏ်ပေးမည် ဖြစ်သည်။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား (သူစိမ်းအမျိုးသမီးအပေါ်မရည်ရွယ်ဘဲ) ရုတ်တရက် ကြည့်ရှုမိခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့ရာ၊ ကိုယ်တော်သည် ကျွန်ုပ်အား မျက်စိလွဲရန် အမိန့်ပေးတော်မူခဲ့သည်။
رواه مسلمဂျရီရ်ဗင်အဗ်ဒုလ္လာဟ်(ရဿိယလ္လာဟုအန်ဟု) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ယောက်ျားတစ်ဦးသည် သူစိမ်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်ကြည့်မိသွားခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အားသတိပြုမိသည်နှင့်တပြိုင်နက် ချက်ချင်း မိမိ၏မျက်နှာကို အခြားဘက်သို့ လှည့်လိုက်ရန် အမိန့်ပေးတော်မူပြီး၊ ထိုသို့ပြုလျှင် သူ့အတွက် အပြစ်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏အဝတ်များအနက် အဖြူရောင်ကို ဝတ်ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အသင်တို့၏ အကောင်းဆုံးအ ဝတ်များထဲမှတစ်ခုဖြစ်၏။ ထို့ပြင် သင်တို့၏ ကွယ်လွန်သေဆုံးသူများကို ၎င်းအဖြူရောင်အဝတ်ဖြင့် ကဖန်ထုပ်ကြလော့။
رواه أبو داود والترمذي وابن ماجهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုး သားများအား အဖြူရောင်အဝတ်များဝတ်ဆင်ရန်နှင့် သေဆုံးသူများကို အဖြူရောင်အဝတ်စဖြင့် ကဖန်ထုပ်ပေးရန် လမ်းညွှန်ထား သည်။ အကြောင်းမှာ အဖြူရောင်သည် အဝတ်များတွင် အ ကောင်းဆုံးဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်ပြောကြားသည်- “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖျာတစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော့်အတွက် ကျွန်တော်မျိုးတို့ အိပ်ရာတစ်ခု ပြု လုပ်ပေးပါရစေ’ ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ် တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”
رواه الترمذي وابن ماجهအဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အပင်(သို့) မြက်အချို့ဖြင့် ရက်လုပ်ထားသော ဖျာငယ်တစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က လျှောက်ထားခဲ့ကြသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ ကိုယ်တော့်အတွက် ဤကြမ်းတမ်းသော ဖျာပေါ်တွင် အိပ်စက်ခြင်းထက် ပိုမိုကောင်းမွန်သည့်နူးညံ့ပျော့ပျောင်းသော အိပ်ယာခင်းတစ်ခုကို ပြုလုပ်ပေးပါရစေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၌ လောကီကို ချစ်ခင်တွယ်တာခြင်းနှင့် ရင်းနှီးကျွမ်းဝင်လိုခြင်းမရှိသောကြောင့် ယင်းအား လိုလားတပ်မက်ခြင်းမရှိပေ။ ထို့ကြောင့် ဒွန်ယာလောက၌ ငါကိုယ်တော်၏တည်ရှိနေခြင်း၏ ဥပမာသည် အရိပ်ရသော သစ်ပင်တစ်ပင်အောက်တွင် ခေတ္တနားပြီး ထွက်ခွာသွားသော ခရီးသည်တစ်ဦးကဲ့သို့သာ ဖြစ်၏။
ဟစန်(ရဟိမဟုလ္လာ)ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ ကျွန်ုပ်တို့အား ဤဗလီဝတ်ကျောင်းတော်၌ ဂျွန်ဒွဗ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု) သည် ဟဒီးစ်ဆင့်ပြန်ပြောကြားခဲ့သည်။ ထိုဟဒီးစ်တော်ကို ကျွန်ုပ်တို့အား သူဆင့်ပြန်ပြောကြားပြီးကတည်းက ကျွန်ုပ်တို့ မေ့လျော့ခြင်း မရှိခဲ့ပါ။ ထို့ပြင် ဂျွန်ဒွဗ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် မဟုတ်မမှန်လိမ်ညာပြောဆိုမည်ဟုလည်း ကျွန်ုပ်တို့ မစိုးရိမ်ကြပေ။ ၎င်းက ပြောပြခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- “သင်တို့အရင်မှာရှိခဲ့သည့် လူမျိုးစုတစ်စုတွင်အမျိုးသားတစ်ဦးရှိခဲ့သည်။ ထိုသူ၌ ဒဏ်ရာတစ်ခုရှိခဲ့၏။ ထို့နောက် သူသည် (နာကျင်မှုကို) သည်းမခံနိုင်တော့ဘဲ ဓားတစ်ချောင်းကို ယူ၍ မိမိလက်ကို ဖြတ်လိုက်၏။ ထို့နောက်(ဒဏ်ရာမှာ) သွေးမတိတ်ဘဲ သေဆုံးသွားလေ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်၏ ကျေးကျွန်သည် ငါအရှင်မြတ်ထက် ဦးစွာ မိမိအသက်ကို သတ်ရန် အလျင်လိုခဲ့ပေပြီ။ ထို့ကြောင့် ငါအရှင်သည် ထိုသူ့အပေါ် ဂျန္နသ်ကို ဟရာမ်အဖြစ်သတ်မှတ်တော်မူလိုက်လေပြီ။”
متفق عليهတမန်တော်မြတ်် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ကျွန်ုပ်တို့အရင်မှာရှိခဲ့သည့် လူမျိုးစုတစ်စုတွင် အမျိုး သားတစ်ဦးရှိခဲ့သည်။ သူသည် ဒဏ်ရာရရှိခဲ့၏။ ထို့နောက် ဒဏ်ရာ ၏ပြင်းထန်သောဝေဒနာကို သည်းခံနိုင်စွမ်းမရှိဘဲ ဓားတစ်ချောင်းကိုယူကာ မိမိလက်ကို ဖြတ်လိုက်၏။ ထို့အတူ သေခြင်းကိုလည်း အလျင် အမြန်တောင်းဆိုလိုက်၏။ ထို့နောက် သွေးတိတ်ခြင်း မရှိသေးမီမှာပင် သူသေဆုံးသွားလေ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်၏ ကျေးကျွန်သည် ငါအရှင်မြတ်ထက် ဦးစွာ မိမိအသက်ကို သတ်ရန် အလျင်လိုခဲ့ပေပြီ။ ထို့ကြောင့် ငါအရှင်သည် ထိုသူ့အပေါ် ဂျန္နသ်ကို ဟရာမ်အဖြစ်သတ် မှတ်တော်မူလိုက်လေပြီ။
အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ် လွန်သေဆုံးမည်မဟုတ်ပါ။ ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။
متفق عليه، وهذا لفظ مسلم ورواه البخاري مختصرًاတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အမြဲတောင်းခဲ့သည့် ဒုအာတစ်ခုမှာ—(اللهم لك أسلمت) အို- အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အပ်နှင်းနာခံပါသည်။ (وبك آمنت) အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ ဝန်ခံအတည်ပြုခဲ့ပါသည်။ ထောက်ခံယုံကြည်ခဲ့ပါသည်။ (وعليك توكلت) အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ထံသာ အပ်နှံပါသည်၊ အရှင်မြတ်ကိုသာ အားကိုးရာအဖြစ် ထားရှိပါသည်။ (وإليك أنبت) အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ (وبك خاصمت) အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ (اللهم إني أعوذ)အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ (لا إله إلا أنت) အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်မှတစ်ပါး မှန်ကန်သော ကိုးကွယ်ရာအရှင်ဟူ၍ မရှိပါ။ (أنت الحي الذي لا يموت) အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ်လွန်သေဆုံးမည်မဟုတ်ပါ။ ပျက်စီးခြင်းလည်းရှိမည်မဟုတ်ပါ။ (والجن والإنس يموتون) ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။
အင်မ်ရားန် ဗင်န် ဟုစွိုင်းန် (ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး “အတ်စ်လာမု အလိုင်ကွမ်”ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (၎င်းအတွက် ကောင်းမှု) ဆယ်ခု ရှိ၏” ဟု မိန့်တော်မူလေသည်။ ဒုတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ်” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (၎င်းအတွက် ကောင်းမှု) အခုနှစ်ဆယ် ရှိ၏” ဟု မိန့်တော်မူလေသည်။ ထို့နောက် တတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ် ဝဗရကာသုဟူ” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (၎င်းအတွက် ကောင်းမှု) အခုသုံးဆယ် ရှိ၏” ဟု မိန့်တော်မူလေသည်။
رواه أبو داود والترمذي وأحمد والدارميလူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရောက်ရှိလာပြီး “အတ်စ်လာမု အလိုင်ကွမ်”ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု ဆယ်ခု ရေးမှတ်ခံရ၏” ဟု မိန့်တော်မူလေသည်။ ဒုတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ်” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု အခုနှစ်ဆယ် ရေးမှတ်ခံရ၏” ဟု မိန့်တော်မူလေသည်။ ထို့နောက် တတိယလူတစ်ယောက်ရောက်လာပြီး “အတ်စ်လာမု အလိုင်ကွမ် ဝရဟ်မသုလ္လာဟ် ဝဗရကာသုဟူ” ဟု စလာမ်ပေးလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား စလာမ်ပြန်လည်အဖြေပေးတော်မူ၏။ ထို့နောက် ၎င်းသည် ထိုင်လိုက်လေ၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအတွက် ကောင်းမှု အခုသုံးဆယ် ရေးမှတ်ခံရ ၏” ဟု မိန့်တော်မူလေသည်။ ဆိုလိုသည်မှာ စကားလုံးတစ်ခုတိုင်းအတွက် ကောင်းမှု ဆယ်ခုဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းမှန်တရားကိုလည်းကောင်း၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်းကိုလည်း ကောင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကိုလည်းကောင်း၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့် တမှုကင်းခြင်းကို လည်းကောင်း အရှင်မြတ်ထံ တောင်းခံပါ ၏။
رواه مسلمတမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)၏ တောင်းဆုဒုအာတစ်ခုမှာ- «اللهم إني أسألك الهدى» (အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် လမ်းမှန်တရားကို အရှင်မြတ်ထံ တောင်းခံပါ၏။) တစ်နည်း အမှန်တရားကိုသိရှိပြီး ၎င်းနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သော ဖြောင့်မတ်သော လမ်းစဉ်ကို ဆိုလိုသည်။ «والتقى» (သက္ကဝါတရားကို တောင်းခံပါ၏။) တစ်နည်း အမိန့်တော်များကို လိုက်နာခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းကို တောင်းခံပါ၏။ «والعفاف» (မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကို တောင်းခံပါ၏) တစ်နည်း ခွင့်မပြုသော၊ မသင့်မလျော်သော စကား သို့မဟုတ် အပြုအမူတို့မှ ရှောင်ကြဉ်နိုင်စွမ်းကို တောင်းခံပါ၏။ «والغنى» (လိုလားတောင့်တမှုကင်းခြင်းကို တောင်းခံပါ၏) အဖန်ဆင်းခံတို့ထံမှ လိုလားတောင့်တမှုကင်းဝေးခြင်း၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင် တစ်ပါးတည်းမှလွဲ၍ အခြားသူတစ်ဦးဦးကို မလိုအပ်သော အခြေအနေကို တောင်းခံပါ၏။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ “ကျွန်မသည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထားပြောဆိုခဲ့သည်- ‘စွဖီယဟ်က ကိုယ်တော့်အတွက် ဤသို့ ဤသို့ဖြစ်ခြင်းပင် လုံလောက်ပါသည်’ (ရာဝီဆင့်ပြန်သူတစ်ဦးက သူမ(အာအိရှဟ်သခင်)သည် စွဖိယဟ်သခင်မအားအရပ်ပုသောမိန်းမဟု ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်) ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- ‘အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို သမုဒ္ဒရာ၏ ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် ထိုရေ၏ အရသာကို ပြောင်းလဲပစ်လိမ့်မည်။’ သူမက ဆက်လက်လျှောက်ထားသည်။ ‘ကျွန်မက လူတစ်ဦး၏ အမူအရာကို တုပခဲ့ခြင်းသာ ဖြစ်ပါသည်’ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ‘ငါကိုယ် တော်သည် လူတစ်ဦးတစ်ယောက်၏ အမူအရာကိုတုပခြင်းအား မနှစ်သက်ပါ၊ ထိုအလုပ်အတွက် ငါကိုယ်တော်အား ဤမျှဤမျှသော စည်းစိမ်ဥစ္စာကို ပေးစေကာမူ မနှစ်သက်ပါ။’”
رواه أبو داود والترمذي وأحمدမုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထား ပြောဆိုခဲ့သည်မှာ ကိုယ်တော့်အတွက် စွဖီယဟ်သည်(မုအ်မင်န်တို့၏မိခင်ကြီး စွဖိယဟ်သခင်မကို ဆိုလိုခြင်းဖြစ် သည်) သူမ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြစ်အနာဆာတစ်ခုဖြစ်သည့် အရပ်ပုရုံဖြင့် လုံလောက်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- “အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို ပင်လယ်ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် မုချ ထိုရေကိုလွှမ်းမိုးသွားပြီး ၎င်း၏အရသာကိုပြောင်းလဲစေ၍ ဖျက်ဆီးပစ်လိုက်လိမ့်မည်။ သခင်မက လျှောက်ထားသည်မှာ- "ကျွန်မသည် လူတစ်ဦးကို နိမ့်ချစေလိုသည့်အနေဖြင့် သူ၏ အမူအရာကို အတုခိုးပြုလုပ်မိပါသည်"။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- "အကယ်၍ ငါကိုယ်တော်အား လောကကြီးတစ်ခုလုံးကို ပေးအပ်ခဲ့သော်လည်း သူ၏အပြစ်အနာအဆာကို ပြောဆိုရန်၊ သို့မဟုတ် အထင်သေးကြောင်းပြသည့် အနေဖြင့် သူ၏အမူအရာကို အတုခိုး၍ ပြုမူရန်၊ သို့မဟုတ် သူ၏စကားကို ပြောဆိုရန် ငါကိုယ်တော် နှစ်သက်တော်မူမည် မဟုတ်ပါ။"