





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အုဗိုင်ယ် ဗင်န် ကအ်ဗ် ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ( အန်စွာရီ ) အမျိုးသားတစ်ဦးရှိခဲ့သည်။ ၎င်းထက်ပို၍ ဗလီနှင့် အဝေးမှာနေတယ့် အခြားသူတစ်ဦးကို ကျွန်ုပ်မသိပါ။ သို့သော် ၎င်းသည် ဆွလာသ်တစ်ကြိမ်မှ ပျက်ကွ က်ခဲ့ခြင်းမရှိပေ။ အချို့က ၎င်းအား ပြောဆိုကြသည်။ သို့မဟုတ် ကျွန်ုပ်သည် ၎င်းအားအကယ်၍ သင်သည် ည၏အမှောင်ထုနှင့် နေ့၏ပူပြင်းမှုအတွင်း စီးနင်းရန် မြည်းတစ်ကောင်ဝယ်ထားလျှင် (ကောင်းမည် ဟု ပြောခဲ့သည်) ထိုအခါ သူက -ကျွန်ုပ်၏အိမ်သည် ဗလီအနီးတွင် ရှိခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ အဘယ် ကြောင့်ဆိုသော် ကျွန်ုပ်၏ဗလီသို့ ဆွလာသ်ဝတ်ပြုရန် သွားသည့် ခြေလှမ်းများနှင့် ကျွန်ုပ်၏ မိသားစုထံ ဗလီမှ (လမ်း လျှောက်၍) ပြန်လာခြင်း ( ခြေလှမ်းများ၏ အကျိုးစဝါးဗ် ) ကို ရေးသားမှတ်တမ်းတင်ခံရခြင်းကို ကျွန်ုပ်လိုလားသောကြောင့်ဖြစ်သည် ဟု ပြန်ပြောခဲ့သည်။ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က -"အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို သင့်အတွက် စုစည်းပေးတော်မူခဲ့လေပြီ" ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمအုဗိုင်ယ် ဗင်န် ကအ်ဘ်(ရဿွိယလ္လာဟု အန်ဟု)က ဆင့်ပြန်ပြောပြခဲ့သည်။ အန်ဆွာရီဆွဟာဗီတစ်ဦးရှိခဲ့ပြီး ၎င်း၏အိမ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)၏ ဗလီနှင့် အဝေးဆုံးနေရာတွင် ရှိခဲ့သည်။ သို့သော်လည်း ထိုသူသည် ဆွလာသ်တစ်ကြိမ်မျှ မလွတ်ခဲ့ပေ။ ဤမျှသာမက သူသည် ဆွလာသ်တိုင်းတွင် တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ပါဝင်ဝတ်ပြုခဲ့သည်။ ထိုအခါ လူတို့က သူ့အား ဤသို့ပြောခဲ့သည်။ အကယ်၍ သင်သည် ည၏အမှောင်ထုနှင့် နေ့၏ပူပြင်းမှုအတွင်း စီးနင်းရန် မြည်းတစ်ကောင်ဝယ်ထားလျှင် (ကောင်းမည် ဟု ပြောခဲ့သည်) ထိုအခါ သူက - ကျွန်ုပ်၏အိမ်သည် ဗလီအနီးတွင် ရှိခြင်းကို ကျွန်ုပ် မနှစ်သက်ပါ။ အဘယ် ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်၏ဗလီသို့ ဆွလာသ်ဝတ်ပြုရန် လမ်းလျှောက်သွားခြင်း နှင့် ကျွန်ုပ်၏မိသားစုထံဗလီမှ (လမ်း လျှောက်၍) ပြန်လာခြင်း၏ (အကျိုးစဝါးဗ်ကို ) ရေးသားမှတ်တမ်းတင်တော်မူရန် ကျွန်ုပ်လိုလားသောကြောင့်ဖြစ်သည် ဟု ပြန်ပြောခဲ့သည်။ နောက်ဆုံးတွင် သူ၏စကားသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ရောက်ရှိခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က - "အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးကို သင့်အတွက် စုစည်းပေးတော်မူခဲ့လေပြီ" ဟု မိန့်ကြားတော်မူခဲ့သည်။
တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူမထံရှိနေစဉ် ဟောင်လာအ် ဗင်န်သေ သုဝိုင်သ် ဗင်န် ဟဘီးဗ် ဗင်န် အစဒ် ဗင်န် အဗ်ဒွလ်အွဇ္ဇာက သူမအနားမှ ဖြတ်သွားခဲ့သည်။ ကျွန်မက ဤသို့ပြောကြားခဲ့သည်: "ဤသည်မှာ ဟောင်လာအ် ဗင်န်သေ သုဝိုင်သ်ဖြစ်ပြီး သူမသည် တစ်ညလုံးအိပ်စက်ခြင်းမရှိဟု လူတို့က ယူဆပြောဆိုကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်: "သူမသည် တစ်ညလုံး အိပ်စက်ခြင်းမရှိလေသလော။ အသင်တို့သည် မိမိတို့စွမ်းဆောင်နိုင်သည့်အရာများကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ အရှင်မြတ်သည် (သင်တို့အား ဆုလာဘ်ချီးမြှင့်ရာတွင်) ငြီးငွေ့သွားတော်မူခြင်း မရှိပေ။ သို့ရာတွင် သင်တို့ကသာလျှင် (ကောင်းမှုကုသိုလ် ပြုလုပ်ရာတွင်) ငြီးငွေ့သွားကြပေသည်။
متفق عليهဟောင်လာအ် ဗင်န်သေ သုဝိုင်သ် (ရဿွိယလ္လာဟုအန်ဟာ)သည် မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံ၌ ရှိနေခဲ့စဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အာအိရှဟ်သခင်မထံသို့ ရောက်ရှိလာတော်မူရာ သူမသည် သခင်မထံမှ ထွက်ခွာသွားခဲ့သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားခဲ့သည်မှာ - ဤအမျိုးသမီးသည် တစ်ညလုံး အိပ်စက်ခြင်းမရှိဘဲ ညဉ့်အချိန်များကို ဆွလာသ်ဝတ်ပြုခြင်းဖြင့် နိုးကြားစွာဖြတ်သန်းလေ့ရှိပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူမ၏ မိမိကိုယ်ကို အလွန်အမင်း ပင်ပန်းစေသော အပြုအမူကို ကန့်ကွက်တော်မူသည်အနေဖြင့် မိန့်ကြားတော်မူခဲ့သည်မှာ - သူမသည် တစ်ညလုံး အိပ်စက်ခြင်းမရှိလေသလော။ (အို လူအပေါင်းတို့) သင်တို့ ပုံမှန်စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်သည့် ကောင်းမှုကုသိုလ်များကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ကစမ်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဖြောင့်မှတ်မှန်ကန်သောဗန္ဒဟ်ကျေးကျွန်များအား ၎င်းတို့၏အမိန့်နာခံမှုများ၊ ကောင်းမှုကုသိုလ်များနှင့် ကောင်းမြတ်သောအမလ်ကျင့်ဆောင်မှုများအပေါ် အကျိုးဆုလာဘ်ချီးမြှင့် တော်မူရန် လုံးဝငြီးငွေ့တော်မူခြင်းမရှိပေ။ နောက်ဆုံး သင်တို့ကိုယ်တိုင် ထိုအလုပ်များကို ငြီးငွေ့လာပြီး စွန့်လွှတ်ကြသည်အထိဖြစ်သည်။
အွတ်စ်မာန်ရှတ်ဟားမ်ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းကပြောပြသည်မှာ - “ကျွန်ုပ်နှင့် ဖရ်ကဒ်ဆဗခီးတို့သည် မွတ်စ်လင်မ် ဗင်န် အဘူဗကရဟ် ထံသို့ သွား ရောက်ခဲ့ကြသည်။ ထိုအချိန်တွင် ၎င်းသည် သူ၏မြေနေရာ၌ ရှိနေသည်။ ကျွန်ုပ်တို့ သူ့ထံဝင်ရောက်ပြီး ‘သင့်ဖခင်ထံမှ ဖိသ်နဟ်စမ်းသပ်မှုများ နှင့် ပတ်သက်၍ ဟဒီးစ်တော်တစ်ခုခု ကြားခဲ့ပါသလား’ ဟု မေးမြန်းခဲ့သည်။ ထိုအခါ မွတ်စ်လင်မ်က ‘ဟုတ်ကဲ့၊ ကျွန်ုပ်သည် (မိမိ၏ ဖခင်)အဘူ ဗကရဟ်(ရဿွိယလ္လာဟုအန်ဟု) က ဟဒီးစ်ဆင့်ပြန်ပြောကြားသည်ကို ကြားခဲ့ရပါသည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည် - “ဧကန်စင်စစ် ဖိသ်နဟ်စမ်းသပ်မှုများ ပေါ်ပေါက်လိမ့်မည်။ သတိပြုကြလော့။ ထို့နောက် ဖိသ်နဟ်စမ်းသပ်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဖိသ်နဟ်စမ်းသပ်မှုဖြစ်ပေါ်နေစဉ် အတောအတွင်း၌ ထိုင်နေသူသည် လမ်းလျှောက်သွားလာသူထက် ပိုမိုကောင်းမွန်သည်။ လမ်းလျှောက်သွားလာသူသည် ထိုဖိသ်နဟ်စမ်းသပ်မှုဆီသို့ အပြေးအ လွှားသွားသူထက် ပိုမိုကောင်းမွန်သည်။ သတိပြုကြလော့။ ထိုဖိသ်နဟ်စမ်းသပ်မှုကျရောက်လာသောအခါ မည်သူမဆို မိမိ၌ ကုလားအုပ်များရှိပါက မိမိ၏ ကုလားအုပ်များထံသို့ ခိုလှုံပါလေ။ မိမိ၌ သိုး၊ ဆိတ်များရှိပါက မိမိ၏ သိုးဆိတ်များထံသို့ ခိုလှုံပါလေ။ မိမိ၌ မြေယာရှိပါက မိမိ၏ မြေယာ၌ ခိုလှုံနေပါလေ။”ထိုအခါ လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကုလားအုပ်၊ သိုး၊ ဆိတ်၊ မြေယာ ဘာတစ်ခုမျှ မရှိသူအတွက် မည်သို့ ပြုရမည်နည်း’ ဟု လျှောက်ထားမေးမြန်းလေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “သူသည် မိမိ၏ ဓားကိုယူ၍ ထက်သောအနားကို ကျောက်တုံးဖြင့် ရိုက်ချိုးပြီးနောက် (တိုက်ခိုက်မှုမှ ရှောင်ရှားလျက်) လွတ်မြောက်ရန် တတ်နိုင်သမျှ ကြိုးစားပါလေ။ (ထို့နောက် တမန်တော်မြတ်က) အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသ(အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော' ဟု (သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူ (မွတ်စ်လင်မ် ဗင်န် အဘူဗကရဟ်) က ဆက်လက်ပြောပြသည်- ထိုအခါ နောက်ထပ် လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား အနိုင်အထက်ပြုခံရပြီး စစ်တပ်နှစ်တပ်အနက်မှ တစ်တပ်သို့ ခေါ်ဆောင်သွားခြင်းခံရလျှင် သို့မဟုတ် အုပ်စုနှစ်စုအနက်မှ တစ်စုသို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး တစ်စုံတစ်ဦးက ဓားဖြင့်ရိုက်ခြင်း သို့မဟုတ် မြားတစ်စင်းရောက်လာပြီး ကျွန်တော်မျိုးအား သတ်ပစ်လိုက်ပါက (ကျွန်တော်မျိုး ၏အခြေအနေမှာ မည်သို့ရှိပါမည်နည်း)’ ဟု လျှောက် ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “ထိုသူ (သတ်သူ) သည် မိမိ၏အပြစ်နှင့် သင်၏အပြစ်ကို ထမ်းရွက်ရလိမ့်မည်။ ထို့ပြင် ငရဲသားများထဲမှ ဖြစ်လိမ့်မည်။”
رواه مسلمအွတ်စ်မာန်ရှတ်ဟားမ်နှင့် ဖရ်ကဒ်ဆဗခီးတို့သည် စွဟာဗီကြီး အဘူဗကရဟ်၏သားဖြစ်သူ မွတ်စ်လင်မ် အား ၎င်း၏ ဖခင်ထံမှ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖိသ်နဟ်စမ်းသပ်မှုများနှင့် မွတ်စ်လင်မ်များအချင်းချင်း တိုက်ခိုက်ကြမည့်စစ်ပွဲများနှင့် ပတ်သက်၍ ဟဒီးစ်တစ်ပုဒ်ပုဒ် ကြားသိခဲ့ပါသလားဟု မေးမြန်းခဲ့သည်။ ထိုအခါ မွတ်စ်လင်မ်က “ဟုတ်ကဲ့” ဟု ဖြေကြားပြီး အောက်ပါအတိုင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိကွယ်လွန်တော်မူပြီးနောက် ဖိသ်နဟ်စမ်းသပ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုဖိသ်နဟ်စမ်းသပ်မှု ဖြစ်ပေါ်နေစဉ် အတောအ တွင်း၌ ၎င်းတို့ကို သတိလစ်မေ့လျော့လျက်(မိမိအိမ်၌ သာ)ထိုင်နေသူသည် ၎င်း(ဖိသ်နဟ်များ)တွင် လမ်း လျှောက်နေသူ (ဆိုလိုသည်မှာ အနည်းငယ်မျှ ပါဝင်ပတ်သက်နေသူ) ထက် သာလွန်ကောင်းမွန်သည်။ သို့ရာတွင် ထိုသူသည် ၎င်း(ဖိသ်နဟ်များ)ကို အာရုံစိုက်ခြင်းမရှိသလို ၎င်းတို့ကို ရှာဖွေနေခြင်းလည်း မရှိပေ။ လမ်းလျှောက်သွားလာသူသည် ထိုဖိသ်နဟ်စမ်းသပ်မှုဆီသို့ အပြေးအ လွှားသွားသူထက် (ဆိုလိုသည်မှာ ၎င်းတို့ကို ရှာဖွေကာ ပါဝင်ပတ်သက်နေသူ) ထက် သာလွန်ကောင်းမွန်သည်။ ထို့နောက် မိမိ၏ခေတ်ကာလတွင် ဖိသ်နဟ်စမ်းသပ်မှုများ ကျရောက်လာပါက ခိုလှုံစရာနေရာ တစ်စုံတစ်ရာတွေ့ရှိလျှင် ထိုနေရာသို့ဝင်ရောက်ခိုလှုံရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က လမ်းညွှန်တော်မူခဲ့သည်။ မည်သူမဆို မိမိ၌ ကျက်စားနေသည့်ကုလားအုပ်များရှိပါက မိမိ၏ ကုလားအုပ်များထံသို့ ခိုလှုံနေပါလေ။ မိမိ၌ ကျက်စားနေသည့် သိုး၊ ဆိတ်များရှိပါက မိမိ၏ သိုး၊ ဆိတ်များထံသို့ ခိုလှုံနေပါလေ။ မိမိ၌ မြေယာနှင့် လယ်ယာရှိသူသည် မိမိ၏ မြေယာ၌ ခိုလှုံနေပါလေ။” ထိုအခါ လူတစ်ယောက်က “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကုလားအုတ်၊ သိုး၊ မြေယာစသည့် ခိုလှုံစရာ တစ်စုံတစ်ရာမျှ မရှိသူအတွက် မည်သို့ မိန့်ကြားတော်မူပါသနည်း” ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- သူသည် မိမိ၏လက်နက်ကိုယူ၍ ရိုက်ချိုးဖျက်စီးလိုက်ရမည်။ ထို့နောက် မိမိကိုယ်ကိုယ်နှင့် သားသမီးများကို တတ်နိုင်သမျှ ကယ်တင်လျက် ထွက်ပြေးတိမ်းရှောင်ရမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး (အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော။ အို ‘အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး(အမိန့်တော်ကို) ပို့ဆောင်ပေးခဲ့ပြီလော' ဟု သုံးကြိမ်တိုင်တိုင် (အလ္လာဟ်အရှင်မြတ်အား) သက်သေထူတော်မူခဲ့သည်။ ထိုအခါ (နောက်ထပ်) လူတစ်ဦးက ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးအား စစ်တပ်နှစ်တပ်အနက်မှ တစ်တပ်သို့ပါဝင်ရန် အတင်းအကြပ်ပြုခံရလျှင် သို့မဟုတ် အုပ်စုနှစ်စုအနက်မှ တစ်စုသို့ အတင်းအကျပ် ခေါ်ဆောင်ခံရပြီး တစ်စုံတစ်ဦးက မိမိ၏ဓားဖြင့် ကျွန်တော်မျိုးအား ရိုက်ခြင်း သို့မဟုတ် မြားတစ်စင်းရောက်လာပြီး ကျွန်တော်မျိုးအား သတ်ပစ်လိုက်ပါက (ကျွန်တော်မျိုး၏အခြေအနေမှာ မည်သို့ရှိပါမည်နည်း)’ ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်- “ထိုသူ (သတ်သူ) သည် မိမိကိုယ်တိုင်၏အပြစ်နှင့် မိမိသတ်လိုက်သူ၏အပြစ်ကို ပါ ထမ်းရွက်ရလိမ့်မည်။ ထို့ပြင် ငရဲသားများထဲမှ ဖြစ်လိမ့်မည်။”
အနတ်စ်ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တအကောင်းဆုံးဖြစ်တော်မူသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူသားတို့အနက် အကျင့်စာရိတ္တ အပြည့်ဝဆုံးဖြစ်တော်မူသည်။ ကိုယ်တော်သည် စကားချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ မျက်နှာချိုခြင်း၊ သူတစ်ပါး ဒုက္ခရောက်စေမည့် ကိစ္စရပ်များကို ဖယ်ရှားပေးခြင်း၊ အခြားသူများက ပေးသည့် ဒုက္ခများအပေါ်သည်းခံခြင်းစသည့် ကောင်းမြတ်သည့် အကျင့်စာရိတ္တနှင့် ကောင်းခြင်းများ၌ အားလုံး၏ရှေ့ဆုံးတွင်ရှိသူဖြစ်သည်။
စအဒ်ဗင်န် ဟိရှာမ်ဗင်န် အာမိရ် က ဆင့်ပြန်ပြောပြခဲ့သည်။ သူသည် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံ ဝင်ရောက်သောအခါ အို မုအ်မင်န်တို့၏ မိခင်ကြီး အလ္လာဟ်အရှင်မြတ် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားအား ကျွန်တော့်အား ပြောပြပါဟု ပြောကြားခဲ့သည်။ ထိုအခါ မိခင်ကြီးက အသင်သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သည် မဟုတ်လားဟု မေးမြန်းခဲ့ရာ ကျွန်တော်က ဟုတ်ကဲ့ ဖတ်ပါသည်ဟု ဖြေကြားလိုက်လေသည်။ ထိုအခါ မိခင်ကြီးက ပြောကြားသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ပင် ဖြစ်သည်။
رواه مسلم في جملة حديثٍ طويلٍမုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းခြင်းခံရသည့်အခါ အလွန်ပင် ပြည့်စုံလှသည့် စကားဖြင့် အဖြေပေးခဲ့ပြီး မေးမြန်းသူအား ပြီးပြည့်စုံသည့် အရည်အချင်းများ စုစည်းထားသော ကုရ်အာန်ကျမ်းမြတ်ဘက်သို့ လှည့်ပေးခဲ့သည်။ သူမကပြောသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကုရ်အာန်ကျမ်းမြတ်၌ ဖော်ပြထားသော ကိုယ့်ကျင့်တရားအတိုင်း အကျင့်စာရိတ္တမွေးမြူသူဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်က အမိန့်ပေးထားသောအရာများကို ဆောင်ရွက်ပြီး တားမြစ်ထားသောအရာများကို ရှောင်ကြဥ်သည်။ ကိုယ်တော်၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်အတိုင်း လိုက်နာကျင့်သုံးခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ ကန့်သတ်ချက်များကို မကျော်လွန်ခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ အာဒဗ်ကျင့်ဝတ်များအတိုင်း လိုက်နာခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ ဥပမာတင်ပြချက်များ၊ အဖြစ်အပျက်အကြောင်းအရာများမှ တရားရယူခြင်းတို့ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂုဏ်ပေးလေးစားထိုက်သော အရာများတွင် ညာဘက်မှ စတင်ခြင်းကို နှစ်သက်ပြီး၊ ဦးစားပေးတော်မူသည်။ ထိုအရာများအနက်အချို့မှာ - ဖိနပ်စီးရာတွင် ညာခြေဖြင့် စတင်စီးခြင်း။ · ဆံပင်နှင့် မုတ်ဆိတ်မွေးကို ဖြီးခြင်း၊ ဖြောင့်အောင်ပြုခြင်း၊ ဆီလိမ်းခြင်း တို့တွင် ညာဘက်မှ စတင်ခြင်း။ · ဝူဿွူပြုလုပ်ရာတွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ဘယ်ဘက်ထက် ညာဘက်ကို အရင်ဆေးကြောခြင်း တို့ဖြစ်သည်။
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်သည်။ သူမကပြောသည်မှာ "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ လည်ချောင်းအတွင်းရှိ အာသီးကိုပင် မြင်နိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောခြင်းမျိုးကို ဘယ်သောအခါမှ မတွေ့မမြင်ခဲ့ဖူးပါ။ ကိုယ်တော်သည် ပြုံးရုံပြုံးတတ်ပါသည်။"
متفق عليهအာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ပြောပြခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာသီး (အာခေါင်နှင့် ကပ်နေသောအသားတစ်ခု) ပေါ်လာအောင် အလွန်အမင်း ရယ်မောခြင်းမျိုး မပြုခဲ့ပါ။ ကိုယ်တော်သည် ပြုံးရုံသာ ပြုံးတတ်ပါသည်။
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လိုက်ကာချထားသော အိမ်တွင်း၌ ပုန်းအောင်းနေသော ပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မနှစ်သက်သော အရာတစ်စုံတစ်ခုကို တွေ့မြင်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ရဲ့ မျက်နှာတော်၏အရိပ်အရောင်မှ ထိုမနှစ်သက်မှုကို သိရှိကြ လေသည်။
متفق عليهအဘူစအီဒ်အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လင်ယောက်ျားများနှင့် အိမ်ထောင်မပြု၊ မပေါင်းသင်းရသေးသော အိမ်၏အတွင်းပိုင်း၌သာ နေထိုင်သည့် အပျိုကညာတစ်ဦးထက်ပင် အရှက်တရားကြီးမားတော်မူသူဖြစ်သည်။ တမန်တော်မြတ်သည် အလွန်အရှက်တရားကြီးမားမှုကြောင့် တစ်စုံတစ်ရာကို မနှစ်သက်လျှင် ကိုယ်တော့်၏မျက်နှာတော်မှာပြောင်းလဲသွားတတ်သည်။ သို့သော် ထိုအကြောင်းကို နှုတ်ဖြင့် ထုတ်ဖော်လေ့မရှိပေ။ သို့သော် ကိုယ်တော့်၏ တပည့်သာဝကများသည် ကိုယ်တော်မြတ်၏ မျက်နှာထားမှတစ်ဆင့် ထိုအရာကိုကိုယ်တော် မနှစ်သက်ကြောင်း သိရှိနားလည်ကြလေသည်။
အဗ်ဒုလ္လာဟ်ဗင်န် မာလိက်ဗင်န် ဗုဟိုင်းနဟ်ဟ် (ရဿွိရလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်သည့်အခါ မိမိချိုင်းတော်နှစ်ဖက်၏ဖြူဖွေးသည့်အသား ပေါ်လွင်သည်အထိ မိမိလက်တော်နှစ်ဖက်ကို (နံဘေးမှ) ခွာထားတော်မူသည်။
متفق عليهတော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စဂ်ျဒဟ်ဦးချသည့်အခါ မိမိ၏ လက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထားတော်မူသည်။ ကိုယ်တော်သည် လက်နှစ်ဖက်ကို အတောင်ပံနှစ်ခုပမာ ခန္ဓာကိုယ်နံဘေးမှ ခွာထားတော်မူရာ ဖြူဖွေးသည့် ချိုင်းနှစ်ဖက်ပါ ပေါ်လွင်နေသည်။ ဤသည် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှ အလွန်ကွာဝေးစွားထားကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ဤသည် လက်မောင်းနှစ်ဘက်ကို ကိုယ်ခန္ဓာ ဘေးနှစ်ဘက်နှင့် ဝေးကွာအောင်ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ပုံကြီးချဲ့ထားသော ပုံစံတစ်မျိုးပင်ဖြစ်သည်။