





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထိုင်ဝိုင်းတစ်ခုသို့ ရောက်သွားသောအခါ စလာမ်ဆိုပါ။ ထိုင်ဝိုင်းမှထလိုသောအခါ စလာမ်ဆိုပါ။ ပထမဆိုလိုက်သောစလာမ်သည် ဒုတိယစလာမ်ထက် ပို၍မသာမြတ်ပါ။ (၎င်းစလာမ်နှစ်မျိုးစလုံးသည် အတူတူပင်ဖြစ်သည်။)
رواه أبو داود والترمذي والنسائي في الكبرى وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့ထိုင်နေရာ နေရာသို့ရောက်ရှိလာသူအား ထိုသူများအား ဦးစွာစလာမ်ပေးရန် လမ်းညွှန်ထား သည်။ ထို့ပြင် ထိုနေရာမှ ထွက်ခွာလိုပါက ကျန်ရှိသူများအား စလာမ်ပေး၍ နှုတ်ဆက်ရန်လည်း မိန့်ကြားထားသည်။ အကြောင်းမှာ လာရောက်စဉ်က စလာမ်ပေးခြင်းသည် ထွက်ခွာချိန်၌ စလာမ်ပေးခြင်းထက် ပိုမိုအခွင့်ထူးခံထိုက်သော အခွင့်အရေးရှိသည်မဟုတ်ပေ။
မုစ်ွအတ်ဗ် ဗင်န် စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)သည် မိမိကိုယ်ကို မိမိအောက်လူများထက် သာလွန်သည်ဟု မြင်လေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ – “သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး ရိက္ခာချီးမြှင့်ခံရခြင်း ဖြစ်သည်မဟုတ်လော။”
رواه البخاريစအ်ဒ် ဗင်န် အဘီဝက္ကားစ်ွ (ရဿွိယလ္လာဟုအန်ဟု) သည် မိမိ၏ရဲစွမ်းသတ္တိနှင့် အခြားသောဂုဏ်အင်္ဂါများကြောင့် မိမိထက်နိမ့်ကျသော အားနည်းသူများထက် မိမိ၌ ဂုဏ်သိက္ခာ ပိုမိုရှိသည်ဟု ထင်မှတ်မိသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူခဲ့သည်– သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး စားနပ်ရိက္ခာချီးမြှင့်ခြင်း ခံကြရသည်မဟုတ်လော။ ဤသည် သူတို့၏ ဒုအာဆုတောင်းခြင်းများ၊ ဆွလားသ်ဝတ်ပြုမှုများနှင့် စိတ်စေတနာစင်ကြယ်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ဒုအာဆုတောင်းရာတွင် အိခ်လားစ်ွစိတ်စေတနာစင်ကြယ်မှု အရှိဆုံးဖြစ်ကြပြီး၊ လောကီပစ္စည်းဥစ္စာ၏ တန်ဆာဆင်မှုကို စွဲလမ်းမှု ကင်းရှင်းသော စိတ်နှလုံးများရှိသောကြောင့် ဝတ်ပြုကိုးကွယ်ရာတွင်လည်း ခိုရှူအ် (အာရုံစူးစိုက်မှု) အရှိဆုံးလည်း ဖြစ်ကြသည်။
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ အစားအစာ စားသောက်သည့်အခါတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) စတင်မစားမခြင်း မိမိတို့ရဲ့လက်များကို (အစားအစာထဲသို့) မထည့်ခဲ့ကြပါ။ တစ်ကြိမ်တွင် ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ အစားအစာ စားသောက်နေစဉ် ရုတ်တရက် မိန်းကလေးတစ်ဦးသည် သူမအား တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် ရောက်ရှိလာကာ သူမ၏လက်ကို အစားအစာထဲသို့ ထည့်( နှိုက်) ရန်လုပ်လေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူမ၏လက်ကို ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် ကျေးတောသားတစ်ဦးသည် တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် ရောက်ရှိလာရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်း၏ လက်ကို ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ- “ရှိုင်တွာန်သည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် စတင်ခြင်း မရှိသောအစားအစာကို မိမိအတွက်ဟလာလ် အဖြစ် မှတ်ယူလေ့ရှိသည်။ စင်စစ် ၎င်းရှိုင်တွာန်ကပင် ထိုမိန်းကလေးအား ခေါ်ဆောင်လာပြီး သူမ၏အကြောင်းခံအားဖြင့် အစားအစာကို ( မိမိအတွက် )ဟလာလ်ဖြစ်စေရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ငါကိုယ်သည် ထိုမိန်းကလေး၏လက်ကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ရှိုင်တွာန်သည် ထိုကျေးတောသားအား ခေါ်ဆောင်လာပြီး ၎င်း၏အကြောင်းခံဖြင့်အားဖြင့် မိမိအတွက် အစားအစာကို ဟလာလ်ဖြစ်စေရန် ကြိုးပမ်းပြန်ရာ ငါကိုယ်တော်သည် သူ၏လက်ကိုလည်း ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။” (ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က) “ ငါကိုယ်တော်မြတ်၏အသက်ကို စိုးပိုင်တော်မူသောအရှင်မြတ်၏ ကစမ်၊ ဧကန်မုချ ရှိုင်တွာန်၏လက်သည် ထိုမိန်းကလေး ၏လက်နှင့်အတူ ငါကိုယ်တော်မြတ်၏လက်တွင် ရှိခဲ့သည်။
رواه مسلمဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန် တင်ပြခဲ့သည်မှာ- ၎င်းတို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူ အစားအစာ စားသောက်သည့်အခါ တမန်တော်မြတ် စတင်မစားမခြင်း မိမိတို့၏လက်များကို အစားအစာထဲ မထည့်ခဲ့ကြပါ။တစ်ကြိမ်တွင် ကျွန်ုပ်တို့သည် တမန်တော်မြတ်နှင့်အတူ အစားအစာ စားသောက်နေစဉ် ရုတ်တရက် မိန်းကလေးတစ်ဦးသည် သူမအား တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် အလွန်လျှင်မြန်စွာ ရောက်ရှိလာကာ သူမ၏လက်ကို အစားအစာထဲသို့ ထည့်( နှိုက်) ရန်လုပ်လေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူမ၏လက်ကို ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် ကျေးတောသားတစ်ဦးသည် တစ်စုံတစ်ဦးက မောင်းနှင်နေသကဲ့ပုံစံဖြင့် (အလျင်အမြန် )ရောက်ရှိလာရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်း၏ လက်ကို အစားအစာအား မထိမီအရင် ဆုပ်ကိုင်လိုက်တော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကယ်၍ လူသားတစ်ဦးသည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မရွတ်ဆိုဘဲ ( ဗိစ်မိလ္လာဟ် မဆိုဘဲ ) စားသောက်ပါက၊ မုချ ရှိုင်တွာန်သည် ထိုအစာအစားတွင် အတူပါဝင်( စားသောက် ) ခွင့်ရသွားပါသည်။ စင်စစ် ၎င်းရှိုင်တွာန်ကပင် ထိုမိန်းကလေးအား ခေါ်လာကာ သူမ၏အကြောင်းခံအားဖြင့် အစားအစာကို ( မိမိအတွက် )ဟလာလ်ဖြစ်စေရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ငါကိုယ်သည် ထိုမိန်းကလေး၏လက်ကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ ထို့နောက် ရှိုင်တွာန်သည် ထိုကျေးတောသားအား ခေါ်လာကာ ၎င်း၏အကြောင်းခံဖြင့်အားဖြင့် မိမိအတွက် အစားအစာကို ဟလာလ်ဖြစ်စေရန် ကြိုးပမ်းပြန်ရာ ငါကိုယ်တော်သည် သူ၏လက်ကိုလည်း ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ (ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က) “ ငါကိုယ်တော်မြတ်၏အသက်ကို စိုးပိုင်တော်မူသောအရှင်မြတ်၏ ကစမ်၊ ဧကန်မုချ ရှိုင်တွာန်၏လက်သည် ထိုမိန်းကလေး ၏လက်နှင့်အတူ ငါကိုယ်တော်မြတ်၏လက်တွင် ရှိခဲ့သည်။ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် “ဗိစ်မိလ္လာဟ်” ဆိုပြီး အစားအစာကို စားသုံးတော်မူသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။
رواه مسلمတမန်တော်မြတ် ﷺ မိန့်ကြားတော်မူခဲ့သည်မှာ- မုအ်မင်န် သက်ဝင်ယုံကြည်သူအတွက် ဤဒွန်ယာ လောက၏သက် တမ်းသည် အကျဉ်း ထောင်ကဲ့သို့ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် သူသည် အမိန့်တော်များကို ဆောင်ရွက်ရန်၊ တားမြစ်ချက်များမှ ရှောင်ကြဉ်ရန် ဆိုသည့် ရှရီအဟ် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူသေဆုံးသွားသောအခါမှသာ ထိုတာဝန်အားလုံးမှ လွတ်မြောက်ကာ အလ္လာဟ်အရှင်မြတ် သူ့အတွက် အဆင်သင့်ပြင်ဆင်ထားတော်မူသော ထာဝရသုခချမ်းသာဆီသို့ ပြောင်းရွှေ့သွားရလေသည်။ သို့သော် ထိုဒွန်ယာသည် ကာဖိရ်အတွက်မူ သုခဘုံပမာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိစိတ်နှလုံးသား၏ တပ်မက်မှုများနှင့် စိတ်အလိုဆန္ဒအတိုင်း လိုက်စားပြီး ပြုမူနေထိုင်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် သူသေဆုံးသောအခါတွင် အလ္လာဟ်အရှင်မြတ် ကိယာမတ်နေ့တွင် အဆင်သင့်ပြင်ထားတော်မူသော မပြတ်တမ်းးခံစားရမည့် ပြစ်ဒဏ်သို့ ပြောင်းရွှေ့ရောက်ရှိလိမ့်မည်။
ဟကီးမ် ဗင်န် ဟိဇာမ် (رضي الله عنه)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ရဲ့တမန်တော်ထံတွင် တောင်းခံခဲ့ရာ ကိုယ်တော်က ကျွန်ုပ်အား ပေးတော်မူခဲ့သည်။ ထို့နောက် ထပ်မံတောင်းခံခဲ့ရာ ကိုယ်တော်က ကျွန်ုပ်အား ထပ်ပေးတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကျွန်ုပ်အား ဤသို့ မိန့်ကြားတော်မူလေသည်။ အို - ဟကီးမ် စင်စစ် ဤဥစ္စာပစ္စည်းသည် ( လူတေရဲ့အမြင်မှာ ) စိမ်းလန်းပြီး၊ ချိုမြိန်သည်။ သို့ရှိရာ မည်သူမဆို ယင်းဥစ္စာပစ္စည်းအား လောဘမပါဘဲ ရယူခဲ့လျှင် ၎င်းအဖို့ ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်မင်္ဂလာတိုးပွားမှု ချီးမြှင့်ခြင်းခံရမည်ဖြစ်ပြီး၊ လောဘဖြင့် ရယူခဲ့ပါက ၎င်းအဖို့ ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်မင်္ဂလာတိုးပွားမှု ချီးမြှင့်ခြင်းခံရမည်မဟုတ်ပေ။ ထိုသူသည် စားသော်လည်း ဗိုက်မဝသူကဲ့သို့ ဖြစ်ပေမည်။ အပေါ်က (ပေးကမ်းသော) လက်သည် အောက်က ( တောင်းခံသော )လက်ထက် ပို၍ကောင်းသည်။ ဟကီးမ် ( ရဿွိယလ္လာဟုအန်ဟု ) ကပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် ဤသို့လျှောက်ထားခဲ့သည်။ အို - အလ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကိုယ်တော့်အား အမှန်တရားနှင့်အတူ စေလွှတ်တော်မူသော် အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောမည်။ ကျွန်တော်မျိုးသည် ကိုယ်တော်မြတ်နောက်တွင် ဒွန်ယာကနေခွဲခွါတယ့်အထိ ( သေဆုံးတယ့်အထိ )မည်သူတစ်ဦးတစ်ယောက်စီကမှ ဘယ်အရာကိုမျှ တောင်းခံတော့မည် မဟုတ်ပါ။ အဗူဗကရ် ( ရဿွိယလ္လဟုအန်ဟု )သည် ဟကီးမ် ( ရဿွိယလ္လာဟုအန်ဟု )အား ချီးမြှင့်ပေးကမ်းရန် အတွက် ခေါ်လေ့ရှိသည်။ သို့ရာတွင် ၎င်းသည် မည်သည့်အရာကိုမျှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ တဖန် အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) သည်လည်း ၎င်းအား ချီးမြှင့်ပေးကမ်းရန် အတွက် ခေါ်ခဲ့သည်။ သို့ရာတွင် ၎င်းသည် လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုအခါ အုမရ်( ရဿွိယလ္လာဟုအန်ဟု )က မိန့်ကြားခဲ့သည်မှာ - အို မုစ်လင်မ်အပေါင်းတို့၊ ဟကီးမ်နဲ့ ပတ်သတ်ပြီး အသင်တို့အား ကျွန်ုပ် သက်သေအဖြစ်ထားပါသည်။ ဤလက်ရပစ္စည်းများထဲမှ ၎င်းအတွက် အလ္လာဟ်အရှင်မြတ် ခွဲဝေသတ်မှတ်ထားသည့် ၎င်း၏ရ ပိုင်ခွင့်ကို ကျွန်ုပ်သူ့အား ပေးရန် ကမ်းလှမ်းခဲ့ပါသည်။ သို့သော် ၎င်းသည် ယူဖို့ငြင်းဆန်ခဲ့ပါသည်။ ဟကီးမ် ( ရဿွိယလ္လာဟုအန်ဟု )သည် တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နောက်တွင် ကွယ်လွန်သေဆုံးသည်အထိ မည်သူတစ်ဦးတစ်ယောက်စီကမှ တောင်းခံခြင်း မရှိခဲ့ပေ။
متفق عليهဟကီးမ် ဗင်န် ဟိဇာမ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံတွင် လောကီ၏ဥစ္စာပစ္စည်းတချို့တောင်းခံခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းအား ပေးကမ်းချီးမြှင့်တော်မူခဲ့သည်။ တစ်ဖန် ထပ်မံတောင်းခံခဲ့ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကလည်း ၎င်းအား ထပ်မံ၍ ပေးကမ်းချီးမြှင့်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအား ဤသို့ မိန့်ကြားတော်မူခဲ့သည်- အို- ဟကီးမ်၊ ဤဥစ္စာပစ္စည်းသည် အလိုရမ္မက်ဖြစ်ဖွယ်၊ တပ်မက်ဖွယ်ကောင်းသောအရာ ဖြစ်၏။ ထို့ကြောင့် မည်သူမဆို မတောင်းဘဲ၊ လိုလားမှုမရှိဘဲ၊ ထပ်ခါ ထပ်ခါ တောင်းခြင်းမရှိဘဲ ရရှိခဲ့လျှင် ၎င်းအဖို့ ထိုဥစ္စာပစ္စည်း၌ ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူခြင်း ခံရ၏။ သို့ရာတွင် မည်သူမဆို စိတ်၏လိုလားမှုနှင့် လောဘတပ်မက်မှုဖြင့် ယူဆောင်ခဲ့လျှင် ထိုဥစ္စာပစ္စ္စည်းတွင် ၎င်းအဖို့ ဗရ်ကသ်မင်္ဂလာ ချီးမြှင့်တော်မူခြင်းခံရမည် မဟုတ်ပေ။ ထိုသူသည် စားသော်လည်း မဝသူကဲ့သို့ပင် ဖြစ်၏။ ပေးကမ်းလှူဒါန်းသော အပေါ်လက်သည် တောင်းခံသော အောက်လက်ထက် အလ္လာဟ်အရှင်မြတ်ထံတော်၌ သာလွန်မြင့်မြတ်၏။ ထိုအခါ ဟကီးမ်(ရဿွိယလ္လာဟုအန်ဟု) က ပြောပြခဲ့သည်- ကျွန်ုပ်က ဤသို့လျှောက်ထားခဲ့သည်။ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော့်အား မှန်ကန်သော တရားလမ်းစဥ်ဖြင့် စေလွှတ်တော်မူသော အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောပါသည်။ ကျွန်တော်မျိုးသည် ကိုယ်တော်မြတ်နောက်တွင် ဒွန်ယာကနေခွဲခွါတယ့်အထိ ( သေဆုံးတယ့်အထိ )မည်သူတစ်ဦးတစ်ယောက်၏ ဥစ္စာပစ္စည်းကိုမျှ တောင်းခံတော့မည် မဟုတ်ပါ။ ထို့နောက် တမန် တော်မြတ် (စလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ခလီဖဟ်ဖြစ်သူ အဗူဗကရ် (ရဿွိယလ္လာဟုအန်ဟု) သည် ဟကီးမ် (ရဿွိယ လ္လာဟုအန်ဟု) ပေးကမ်းချီးမြှင့်ရန်အတွက် ဖိတ်ခေါ်လေ့ရှိခဲ့ သော်လည်း ၎င်းသည် မည်သည့်အရာကိုမျှ လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ တဖန် မုအ်မင်န်တို့၏ ခေါင်းဆောင်ဖြစ်သူ အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) သည်လည်း ၎င်းအား ချီးမြှင့်ပေးကမ်းရန် အတွက် ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် ၎င်းသည် လက်မခံဘဲ ငြင်းဆန်ခဲ့သည်။ ထိုအခါ အုမရ်( ရဿွိယလ္လာဟုအန်ဟု )က မိန့်ကြားခဲ့သည်မှာ - အို- မုစ်လင်မ်အပေါင်းတို့၊ ကျွန်ုပ်သည် ဟကီးမ်အား မုစ်လင်မ်တို့အတွက် ကာဖိရ်များထံမှ စစ်မတိုက်ဘဲ ရရှိထားသည့် လက်ရပစ္စည်းများမှ ၎င်းအဖို့ အလ္လာဟ်အရှင်မြတ် ခွဲဝေသတ်မှတ်ထားသော ၎င်း၏ အခွင့်အရေးကို ပေးအပ်ရန် ကမ်းလှမ်းသော်လည်း လက်မခံဘဲ ငြင်းဆန်နေပါသည်။ ဟကီးမ် (ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ နောက်တွင် ၎င်းကွယ်လွန်သည်အထိမည်သူတစ်ဦးတစ်ယောက်ထံကမှ ဥစ္စာပစ္စည်း တောင်း ခံခဲ့ခြင်း မရှိခဲ့ပေ။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါက အရှင်မြတ်သည် ထိုကျိန်ဆိုချက်ကို ပြည့်စုံစေတော်မူ၏။”
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်− လူတို့အနက် ဆံပင်များရှုပ်ပွနေပြီး ဖုန်များပေလူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ဆံပင်ကို ဆီမလိမ်း၊ မကြာခဏလည်း မလျှော်။ လူတို့ထံ၌ သူသည်အလေးထားခြင်းလည်း မခံရပေ။ လူတို့က သူ့အား မိမိတို့၏ အိမ်တံခါးဝများမှ တွန်းထုတ်ပစ်ကြပြီး မထီမဲ့မြင်ပြု၍ မောင်းထုတ်ကြသည်။ သို့ရာတွင် ထိုသူသည် အကြောင်းတစ်ခုခုကို ကျိန်ဆို၍ ဖြစ်စေရန် ဆုတောင်းခဲ့လျှင် ထိုအရာကို အလ္လာဟ် အရှင်မြတ်က ဖြစ်ပေါ်စေတော်မူ၏။ ယင်းမှာ ထိုသူ၏ ဆုတောင်းကို ဖြေကြားပေးခြင်းဖြင့် ဂုဏ်ပြုတော်မူခြင်းနှင့် သူ၏ကျိန်ဆိုချက် မမှားယွင်းစေရန် ကာကွယ်ပေးတော်မူခြင်း ဖြစ်၏။ အကြောင်းမှာ ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်း မြင့်မြတ် သောကြောင့်ပင်ဖြစ်သည်။
စအဒ် ဗင်န် အဗီဝက္ကါစ်ွ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အပါးတော်၌ ကျွန်ုပ်တို့ ရှိနေကြစဉ် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား။" ထိုအခါ ကိုယ်တော်မြတ်၏ (ထိုင်ဝိုင်းတွင်)ထိုင်နေသူများထဲမှတစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်မှာ- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- သူသည် "سبحان الله" 'စူဗ်ဟာနလ္လာဟ်' အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည် သို့မဟုတ် သူ၏ အပြစ်အကုသိုလ်တစ်ထောင် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ်ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူဖို့ မတတ်စွမ်းနိုင်ကျဘူးလား။ ထိုအခါ ကိုယ်တော်မြတ်၏အပါးတော်၌ ထိုင်နေကြသူများထဲမှ တစ်ဦးက လျှောက်ထားမေးမြန်းခဲ့သည်- ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးတစ်ယောက်သည် တစ်ရက်မှာ ကောင်းမှုကုသိုလ်တစ်ထောင်ကို မည်သို့ လွယ်လွယ်ကူကူ ရယူနိုင်မည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- သူသည် 'စူဗ်ဟာနလ္လာဟ်' (အလ္လာဟ်အရှင်မြတ် ပကတိစင်ကြယ်မြင့်မြတ်တော်မူကြောင်း) ကို အကြိမ်တစ်ရာ ရွတ်ဆိုရမည်။ ထိုသို့ ရွတ်ဆိုခြင်းအားဖြင့် သူ့အတွက် ကောင်းမှုကုသိုလ် တစ်ထောင် ရေးမှတ်ခြင်းခံရမည်။ အဘယ် ကြောင့်ဆိုသော် ကောင်းမှုတစ်ခုသည် အဆဆယ်ဆ ရှိသောကြောင့်တည်း။ သို့တည်းမဟုတ် သူ့မှ အပြစ်ပေါင်း တစ်ထောင်ကို ပယ်ဖျက်ပေးခြင်း ခံရမည် ဖြစ်သည်။
အနတ်စ်ဗက်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - အို- အလ္လာဟ်အရှင်မြတ်၊ နောင်တမလွန်၏ ရှင်သန်မှုလွဲ၍ စစ်မှန်သည့် ဘဝရှင်သန်မှုဟူ၍ လုံးဝမရှိပါ။ ထို့ကြောင့် အန်ဆွာရီများနှင့် မုဟာဂျိရ်များအား ခွင့်လွှတ်တော်မူပါ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - စင်မှန်သည့် ဘဝရှင်သန်မှုဟူသည် အာခိရသ်နောင်တမလွန်ဘဝတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု၊ ကရုဏာတော်နှင့် ဂျန္နသ်သုခဘုံတွင် နေရသော ရှင်သန်မှုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လောကီ၏ ရှင်သန်မှုသည် ခဏတာမျှသာဖြစ်ကာ ပျက်စီးချုပ်ငြိမ်းသွားမည်ဖြစ်ပြီး အာခိရသ်၏ ရှင်သန်မှုသည်သာလျှင် ထာဝရတည်မြဲသောကြောင့် ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) သည် အန်ဆွာရီဆွဟာဗဟ်များအတွက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်း သာခွင့်၊ ဂုဏ်ပေးလေးစားခြင်းနှင့် အဆင်ပြေချောမွေ့မှုများ ပေးသနားတော်မူရန် ဒုအာပြုတော်မူခဲ့သည်။ အကြင် အန်ဆွာရီ ( မဒီနဟ်မြို့သား ) ဆွဟာဗဟ်များသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် မုဟာဂျိရ် ( မက္ကဟ်မှ ရွှေ့ပြောင်းလာသော ဆွဟာဗဟ် )များအား ခိုလှုံခွင့်ပေးခဲ့ကြပြီး အကူအညီပေးခဲ့ကြသည့်အပြင် မိမိတို့၏ ဥစ္စာပစ္စည်းများကိုပင် မျှဝေပေးခဲ့ကြသည်။ ထိုနည်းတူ မုဟာဂျိရ်များအတွက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်၊ ဂုဏ်ပေးလေးစားခြင်းနှင့် အဆင်ပြေချောမွေ့မှုများ ပေးသနားတော်မူရန် ဒုအာပြုတော်မူခဲ့သည်။ အကြင် မုဟာဂျိရ်ဆွဟာဗဟ်များသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကျေနပ်နှစ်သက်မှုကို ရှာဖွေဆည်းပူးရန် မိမိတို့၏ နေရပ်များနှင့် ပစ္စ္စည်းဥစ္စာများကို စွန့်လွှတ်ခဲ့ကြသူများ ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "သတိပြုကြလော့။ ဤလောကကြီးသည် ကျိန်စာသင့်ခြင်းခံရပြီး၊ ၎င်းအတွင်းရှိအရာအားလုံးသည်လည်း ကျိန်စာသင့်ခြင်းခံရပေသည်။ အလ္လာဟ်အရှင်မြတ်၏ဇိကရ်(သတိရတသမှု) နှင့် ၎င်းနှင့်ဆက်နွှယ်သောအရာများ၊ သာသနာ့ပညာရှင်နှင့် ပညာသင်ယူဆည်းပူးနေသူတို့သာ ထိုအရာမှကင်းလွတ်၏။"
رواه الترمذي وابن ماجهတမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က လောကီနှင့် ၎င်းအတွင်းရှိအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုန်းတီးခြင်းခံရသော၊ ကဲ့ရဲ့ခြင်းခံရသော၊ စွန့်ပယ်ခြင်းခံရသော၊ ဖယ်ရှားခြင်းခံရသောအရာများဖြစ်ကြောင်း၊ ၎င်းတွင်ရှိသော အရာများသည် ချီးမွမ်းထိုက်ဖွယ်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ လောကီနှင့် ၎င်းအတွင်းရှိအရာအားလုံးသည် အရှင်မြတ်ထံမှ ဖယ်ရှားစေပြီး ဝေးကွာစေသောကြောင့်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်အား ဇိကိရ်သတိရတသခြင်း နှင့် ၎င်းနှင့်နီးစပ်သောအရာ၊ အရှင်မြတ်နှစ်သက်တော်မူသောအရာများ၊ သို့မဟုတ် လူဆို့အား ရှရီအဟ်ပညာရပ်ကို သင်ကြားပေးသော ပညာရှင်၊ သို့မဟုတ် ထိုပညာကို သင်ယူဆည်းပူးနေသူတို့သာ ထိုအရာမှကင်းလွတ်၏။