





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဝဟ်ရှီ ဗင်န် ဟရ်ဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် စားသောက်ကြသော်လည်း ဗိုက်မဝကြပါ" ဟု လျှောက်ထားခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် တကွဲတပြားစီ (တစ်ဦးချင်းစီ သီးသန့်) စားသောကြောင့် ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူရာ ၎င်းတို့က "ဟုတ်ပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် (စားသောအခါ) စုပေါင်း၍စားသုံးကြလော့။ ထို့ပြင် ယင်းအစားအစာပေါ်၌ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏) ဟု ဆိုကြလော့။ ထိုသို့ပြုလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာ ချီးမြှင့်ပေးတော်မူလိမ့်မည်" ဟု မိန့်ကြားတော်မူသည်။
رواه أبو داود وابن ماجه وأحمدဆွဟာဗဟ်သာဝကအချို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့ကြသည်။ ၎င်းတို့က ("အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်) ကျွန်တော်မျိုးတို့သည် စားသောက်ပါသော်လည်း ဝမ်းဗိုက်တင်းတိမ်မှုကို မရရှိပါ။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းတို့အား မိန့်ကြားတော်မူသည်မှာ- တမန်တော်မြတ်က - သင်တို့သည် စားသောအခါ တကွဲတပြားစီ ဖြစ်ကာ၊ တစ်ဦးချင်းစီ စားသောက်ကြသလော မိန့်တော်မူရာ သူတို့က "ဟုတ်ပါသည်" ဟု ဖြေကြားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သို့ဖြစ်လျှင် သင်တို့သည် တကွဲတပြားစီမဖြစ်ဘဲ စုပေါင်း၍ စားသောက်ကြလော့။ စားသောက်ရာတွင် "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏) ဟု ရွတ်ဆိုကြလော့။ ထိုသို့ပြုလျှင် သင်တို့အတွက် ထိုအစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာချီးမြှင့်ခြင်းခံရမည် ဖြစ်ပြီး ဗိုက်ဝခြင်း (တင်းတိမ်မှု) ရရှိပေမည်။
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော် မိအ်ရာဂျ်ခရီးကို ခေါ်ဆောင်သွားခြင်းခံရသောအခါ၊ ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာနှင့် ရင်ဘတ်များကို ကုတ်ဖဲ့နေကြသောလူတစ်စုအနားမှ ဖြတ်သွားတော်မူခဲ့သည်။ "ငါကိုယ်တော်က 'အို-ဂျစ်ဗ်ရီလ်၊ ဤသူတို့သည် မည်သူများနည်း' ဟု မေးမြန်းခဲ့သည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ်စ္စလာမ်)က 'ဤသူတို့သည် လူတို့၏အသားများကို စားသောသူများ ( ဂီဘသ် အတင်းအဖြင်း ပြောဆိုသူများ) နှင့် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိပါးစော်ကားခဲ့ကြသူများ ဖြစ်ကြသည်' ဟု ဖြေကြားခဲ့သည်။
رواه أبو داودတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ- "အစ္စရာအ်(မတ်စ်ဂျစ်ဒ်ဟရာမ်မှ မတ်စ်ဂျစ်ဒ်အက်ဆွာသို့ ညခရီး)နှင့် မိအ်ရာဂျ်ညတွင် ကိုယ်တော့်အား မိုးကောင်းကင်သို့ ခေါ်ဆောင်သွားခြင်းခံရစဉ် ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာများနှင့် ရင်ဘတ်များကို ကုတ်ဖဲ့စုတ်ဖြဲနေသော လူများအနားမှ ဖြတ်သွားတော်မူခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဂျီဗ်ရီလ် (အလိုင်ဟိစ္စလာမ်) အား ''ဤသူများသည် မည်သည့်လုပ်ရပ်ကိုလုပ်ခဲ့သောကြောင့် ထိုသို့သောအဇားဗ်ပြစ်ဒဏ်ကို ခံနေကြရသနည်း'' ဟု မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ဂျီဗ်ရီလ် (အလိုင်ဟစ္စလာမ်) က ''ဤသူတို့သည် လူတို့အား (သူတစ်ပါး၏) ဂီဗသ်အတင်းအဖျင်း ပြောခဲ့သူများနှင့် မတရားသဖြင့် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိပါးပြောဆိုခဲ့ကြသူများ ဖြစ်ကြသည်'' ဟု ဖြေကြားခဲ့သည်။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်စေလွှတ်တော်မူခဲ့သော လမ်းညွှန်တရားနှင့် အသိပညာသည် များပြားလှစွာသော မိုးရေ၏ပမာနှင့် တူသည်။ ထိုမိုးရေသည် မြေကြီးပေါ်ကျရောက်၏။ ထိုမြေကြီး၏ မြေအမျိုးစားတစ်ခုသည် မြေသြဇာကောင်းမွန်၍ ထိုမိုးရေကို လက်ခံစုပ်ယူကာ ပေါင်းပင်နှင့် မြက်ပင်များစွာကို ပေါက်ရောက်စေသည်။ ထိုမြေကြီး၏ အခြားမြေအမျိုးစားတစ်ခုမှာ မာကျောသောမြေပြင်များဖြစ်၏။ ထိုမြေပြင်များသည်(မိမိ၏ ချိုင့်ခွက်များထဲတွင်) မိုးရေကို သိုလှောင်ထားနိုင်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုမာကျောသောမြေဖြင့် လူသားတို့အား အကျိုးခံစားစေတော်မူသည်။ လူတိူ့သည် ယင်းရေကို သောက်သုံးကြ၏၊ (တိရစ္ဆာန်များကို) တိုက်ကျွေးကြ၏၊ စိုက်ပျိုးရေးလုပ်ငန်းများကို ပြုလုပ်ကြ၏။ ထိုမိုးရေသည် (တတိယ) အခြားမြေအမျိုးအစားတစ်ခုပေါ်၌လည်း ကျရောက်ပြန်ရာ၊ ယင်းမြေသည် ညီညာပြန့်ပြူး၍ မာကျောသော လွင်တီးခေါင်ပြင်ဖြစ်ပြီး မိုးရေကို သိုလှောင်ထားနိုင်စွမ်းလည်းမရှိ၊ မြက်ပင်ကိုလည်း မပေါက်ရောက်စေနိုင်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာနှင့် ပတ်သတ်၍ သိနားလည်သူ၊ အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်စေလွှတ်တော်မူခဲ့သော လမ်းညွှန်တရားသည် ၎င်းအား အကျိုးဖြစ်ထွန်းစေခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် ကိုယ်တိုင် သိရှိနားလည်ပြီး အခြားသူများကိုလည်း သင်ကြားပြသပေးသူ၏ ဥပမာပင်ဖြစ်၏။ အခြား (မိုးရေကို လက်မခံသည့် မြေမာ၏) ပမာမာ ဒီန်သာသနာနှင့်ပတ်သတ်၍ ခေါင်းတောင်မော်မကြည့်( အလေးမထား) သည့်အပြင် အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော်အား ပေးအပ်စေလွှတ်တော်မူခဲ့သော လမ်းညွှန်တရားကိုလည်း လက်မခံသူ၏ ဥပမာဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိယူဆောင်လာသော လမ်းညွှန်ချက်နှင့် ရည်မှန်းချက်သို့ ရောက်ရှိစေသည့် လမ်းကြောင်းနှင့် သာသနာ့ပညာရပ်တို့မှ မည်သူက အကျိုးခံစားရသည်ကို မိုးသည်းထန်စွာ ရွာသွန်းသော မိုးရေကို ရရှိသည့် မြေကြီးနှင့် အံ့ဩဖွယ်ရာ နှိုင်းယှဉ်မိန့်ကြားခဲ့သည်။ ထိုမြေကြီးသည် အမျိုးအစား သုံးမျိုးရှိသည်။ ပထမအမျိုးအစား - ထိုမြေကြီးသည် ကောင်းမွန်သောမြေဖြစ်ပြီး မိုးရေကို လက်ခံစုပ်ယူကာ စိုစွတ်သော အပင်၊ ခြောက်သွေ့သော အပင် အမျိုးမျိုးကို ပေါက်ရောက်စေသည်။ လူတို့သည် ထိုအပင်များမှ အကျိုးခံစားရရှိကြသည်။ ဒုတိယအမျိုးအစား - ထိုမြေကြီးသည် မိုးရေကိုသာ သိ လှောင်ထားနိုင်ပြီး အပင်ပေါက်ရောက်စေနိုင်ခြင်း မရှိပေ။ သို့သော် ထိုမြေကြီးသည် လူတို့အကျိုးခံစားရရှိနိုင်ရန် ရေကို သိုလှောင်ထိန်းသိမ်းပေးထားသည်။သို့ဖြစ်ရာ လူတိူ့သည် ယင်းရေကို သောက်သုံးကြ၏၊ တိရစ္ဆာန်များကို တိုက်ကျွေးကြ၏၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေသွင်းစိုက်ပျိုးကြ၏။ တတိယအမျိုးအစား - ပြန့်ပြူးပြီး ချောမွတ်သောလွင်တီးခေါင်မြေဖြစ်ပြီး ရေကို သိုလှောင်ထိန်းသိမ်းနိုင်ခြင်းမရှိသလို အပင်လည်း မပေါက်ရောက်စေနိုင်ပေ။ ထိုမြေကိုယ်တိုင်လည်း မိုးရေမှ အကျိုးမခံစားသလို၊ လူတို့လည်း ထိုမြေမှ အကျိုးမခံစားရပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ပေးအပ် စေလွှတော်မူခြင်းခံရသော အသိပညာနှင့်တရားလမ်းညွှန်ချက်များကို ကြားနာသူများသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ပထမအမျိုးအစား - အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာကို နားလည်သဘောပေါက်သော၊ ဗဟုသုတရှိသော သူတစ်ဦးဖြစ်သည်။ ထိုသူသည် မိမိသိရှိထားသော အသိပညာကို ကျင့်မူဆောင်ရွက်သူဖြစ်ပြီး အခြားသူများကိုလည်း သင်ကြားပြသပေးသူဖြစ်သည်။ ထိုသူသည် ကောင်းမွန်သော မြေကြီးနှင့် တူညီသည်။ ထိုမြေကြီးသည် မိုးရေကို စုပ်ယူပြီး မိမိကိုယ်တိုင်လည်း အကျိုးခံစားရပြီး၊ အပင်များ ပေါက်ရောက်စေကာ အခြားအရာများအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။ ဒုတိယအမျိုးအစားမှာ - အသိပညာကို ထိန်းသိမ်း မှတ်သားထားသူ ဖြစ်သော်လည်း ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍ သိမြင်နားလည်မှု မရှိသူဖြစ်သည်။ ထိုသူသည် အသိပညာကို စုဆောင်းသူသာ ဖြစ်ပြီး ထိုအပေါ်၌သာ သူ၏အချိန်ကုန်လွန်သည်။ သို့သော် သူသည် အပိုဝတ်ပြုမှုများကို မပြုလုပ်ခဲ့၊ သို့မဟုတ် သူစုဆောင်းထားသော အသိပညာကို နားလည်သဘောပေါက်ခြင်း မရှိခဲ့ပေ။ ထိုသူသည် အခြားသူများအတွက် ကြားခံကိရိယာတစ်ခုသဖွယ် ဖြစ်ပြီး ရေကိုသိုလှောင်ထားသော မြေကြီးနှင့်တူ၏။ ထိုရေဖြင့် လူတို့သည် အကျိုးခံစားရရှိကြသည်။ တတိယအမျိုးအစား - အသိပညာကို ကြားနာသော်လည်း မှတ်သားခြင်း၊ ကျင့်မူဆောင်ရွက်ခြင်း သို့မဟုတ် အခြားသူများအား မျှဝေပေးခြင်း မရှိသူဖြစ်သည်။ ထိုသူသည် ဆားငံမြေ သို့မဟုတ် ပြောင်ချောသောမြေကြီးနှင့် တူညီသည်။ ထိုမြေတွင် အပင်ပေါက်ရောက်ခြင်းမရှိ၊ ရေကို စုပ်ယူထိန်းသိမ်းနိုင်ခြင်းလည်းမရှိ သို့မဟုတ် အခြားသူများအတွက် ရေကို ပျက်စီးယိုယွင်းစေနိုင်သည်။
နုအ်မားန် ဗင်န် ဗရှီးရ် ( ရဿွိယလ္လာဟုအန်ဟု ) ဆင့်ပြန်ခဲ့သည်။ အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီးခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။
رواه مسلمနုအ်မာန် ဗင်န် ဘရှီးရ် (ရဿွိယလ္လာဟုအန်ဟု) က လူတို့အား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များနှင့် ၎င်းတို့သည် အလိုရှိသမျှ စိတ်ကြိုက်စားနိုင်သောက်နိုင်သော စားစရာနှင့်သောက်စရာများ ရှိနေကြဆဲဖြစ်သည်ကို သတိပေးပြောကြားခဲ့သည်။ ထို့နောက် ၎င်းက နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီးခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို တင်ပြခဲ့သည်။
အဘူလ်အဗ္ဗားစ် စဟလ် ဗင်န် စအ်ဒ် အတ်စ်စာအိဒီ ( ရဿွိယလ္လာဟုအန်ဟု )က ဆင့်ပြန်ပြောကြားခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )ထံသို့ လာရောက်၍ လျှောက်ထားသည်မှာ - အို အလ္လာဟ်ရဲ့ ရစူလ် ကျွန်တော်မျိုးအား ( ဤသို့ ) အမလ်တစ်ခုကိုညွှန်ပြတော်မူပါ။ ထိုအမလ်ကို ကျွန်တော်မျိုး လုပ်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်လည်း ကျွန်တော်မျိုးကို ချစ်ခင်နှစ်သက်တော်မူမယ်။ လူတို့လည်း ချစ်ခင်နှစ်သက်ကြမယ်။ ထိုအခါ ကိုယ်တော်မြတ်က မိန့်ကြားတော်မူသည်မှာ - " သင်လောကီနှင့်ပတ်သတ်၍ မက်မောတပ်မက်စိတ်ကို စွန့်လွှတ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ချစ်မြတ်နိုးတော်မူမည်။ လူတို့ထံ ရှိသောအရာများ (ဂုဏ်၊ စည်းစိမ်၊ ချီးမွမ်းမှု) ကို မက်မောတပ်မက်စိတ်ကို စွန့်လွှတ်ပါက လူတို့က သင့်အား ချစ်ခင်မြတ်နိုးကြလိမ့်မည်။"
رواه ابن ماجه وغيره بأسانيد حسنةပုဂ္ဂိုလ်တစ်ဦးက အလ္လာဟ်အရှင်မြတ်လည်း ချစ်ခင်နှစ်သက်တော်မူပြီ၊ လူသားတို့ကလည်း ချစ်ခင်နှစ်သက်စေမည့် အမလ်ကျင့်ရပ်တစ်ခုကို ညွှန်ကြားပြသတော်မူရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား ဤသို့ မိန့်ကြားတော်မူခဲ့သည်။ "အသင်သည်ဤ လောကီ၏ ပိုလျှံသော ဥစ္စာပစ္စည်းများနှင့် နောင်တမလွန်ဘဝတွင် အသင့်အား အကျိုးမပေးသော အရာများကို စွန့်လွှတ်မည်၊ ထို့ပြင် အသင်၏ ဒီန်(သာသနာ)အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အရာများကိုလည်း စွန့်လွှတ်မည်ဆိုပါက အလ္လာဟ်အရှင်မြတ်က အသင့်အား ချစ်ခင်နှစ်သက်တော်မူပေမည်။ ထို့ပြင် အသင်သည် လူတို့၏ လက်ဝယ်ရှိ လောကီစည်းစိမ်ဥစ္စာများအပေါ် မက်မောတပ်မက်စိတ်ထားပါက လူတို့သည် အသင့်အား ချစ်ခင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လူသားတို့သည် မိမိတို့၏ ပင်ကိုယ်သဘာဝအလျောက် လောကီစည်းစိမ်များကို ချစ်မြတ်နိုးကြ၏။ သို့ဖြစ်၍ မည်သူမဆို ထိုစည်းစိမ်ဥစ္စာများအတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်လျှင် ၎င်းတို့က ထိုသူ့အား မုန်းတီးကြလိမ့်မည်။ သို့ရာတွင် မည်သူမဆို ထိုစည်းစိမ်ဥစ္စာများကို ၎င်းတို့အတွက် စွန့်လွှတ်ပေးလျှင် ၎င်းတို့က ထိုသူ့အား ချစ်ခင်ကြလိမ့်မည်။
မိက်ဒါးမ် ဗင်န် မအ်ဒီ ကရိဗ် ( ရဿွိယလ္လာဟုအန်ဟု )က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ကိုယ်တော်က မိန့်ကြားသည်မှာ - " လူသား ဖြည့်ခဲ့သောအရာတွင် ဝမ်းဗိုက်ထက်ပို၍ ဆိုးယုတ်သော အိုးခွက်မရှိပေ။ လူသားအတွက် သူ့ကျောရိုးကို မတ်မတ်ထားရန် လောက်ငှသော အနည်းငယ်မျှသော အစားအစာသာလိုအပ်သည်။ အကယ်၍ ပို၍စားသောက်ရန်လိုအပ်ပါက ဝမ်းဗိုက်၏သုံးပုံတစ်ပုံကို စားရန်အတွက်၊ သုံးပုံတစ်ပုံကို သောက်ရန်အတွက်နှင့် သုံးပုံတစ်ပုံကို အသက်ရှုရန်အတွက် ချန်ထားရမည်။
رواه الإمام أحمد والترمذي والنسائي وابن ماجهတမန်တော်မြတ် ﷺ သည် လူသားတို့အား ဆေးပညာ၏ အခြေခံမူတစ်ရပ်ကို ညွှန်ပြထားတော်မူသည်။ ၎င်းမှာ ကာကွယ်ခြင်းပင်ဖြစ်ပြီး၊ လူသားသည် မိမိ၏ ကျန်းမာရေးကို ထိန်းသိမ်းရန် အစားလျှော့စားခြင်းဖြစ်သည်။ လူသားသည် မိမိဆာလောင်မှုကို ပြေပျောက်စေရန်နှင့် မလုပ်မေနရလုပ်ရန်လိုအပ်သော အလုပ်များအတွက် ခွန်အားရရှိရန် လုံလောက်သော ပမာဏသာ စားသုံးသင့်သည်။ဧကန်အမှန်ပင် ဖြည့်စွက်ခြင်းခံရသော ခွက်များအနက် အဆိုးရွားဆုံးမှာ ဝမ်းဗိုက်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဝစားခြင်းကြောင့် များပြားလှစွာသော သေလောက်သည့် ရောဂါများသည် ချက်ချင်းဖြစ်စေ၊ နောက်ပိုင်းမှဖြစ်စေ၊ အတွင်းပိုင်းတွင်ဖြစ်စေ၊ အပြင်ပိုင်းတွင်ဖြစ်စေ ဖြစ်ပွားတတ်သောကြောင့်တည်း။ ထို့နောက် တမန်တော်မြတ် ﷺ က မိန့်တော်မူသည်မှာ - အကယ်၍ လူသားသည် မဖြစ်မနေဝမ်းဗိုက်ပြည့်အောင်စားရမည်ဆိုပါက၊ အစာအတွက်သုံးပုံတစ်ပုံ၊ အခြားသုံးပုံတစ်ပုံကို ရေသောက်သုံးရန်နှင့် ကျန်သုံးပုံတစ်ပုံကို အသက်ရှုဖို့ရန်အတွက် ထားရမည်။ သို့မှသာ သက်သောင့်သက်သာမရှိမှုနှင့် ဆိုးကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်မည်မဟုတ်သလို၊ မိမိ၏သာသနာေရးရာနှင့် လောကီေရးရာ ကိစ္စရပ်များတွင်လည်း အလ္လာဟ်အရှင်မြတ် ပြဌာန်းထားတော်မူသော တာဝန်များကို ထမ်းဆောင်ရာတွင် ပျင်းရိခြင်း ဖြစ်ပေါ်မည်မဟုတ်ပေ။
အနတ်စ် ဗင်န် မာလစ်က် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ သူ၏တပည့်သာဝကများနှင့်ပတ်သက်သော အကြောင်းအရာတစ်ခု ရောက်ရှိလာရာ၊ ခွသ်ဗဟ်တရားဟောကြားပြီး မိန့်တော်မူသည်မှာ - “ငါကိုယ်တော်အား ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို ပြသခြင်းခံခဲ့ရ၏။ ယနေ့ကဲ့သို့ ကောင်းမှု၊ မကောင်းမှုတို့နှင့်ပတ်သတ်၍ ငါကိုယ်တော် မမြင်ခဲ့ဖူးပေ။ အကယ်၍ သင်တို့သည် ငါကိုယ်တော်သိသကဲ့သို့ သိရှိကြမယ်ဆိုရင် စင်စစ်သင်တို့သည် အနည်းငယ်မျှသာ ရယ်မောကြမည်ဖြစ်ပြီး များစွာ ငိုကြွေးကြလိမ့်မည်။” အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆက်လက်ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တပည့်သာဝကများအပေါ် ထိုနေ့ထက်ပို၍ ပြင်းထန်သည့် နေ့မကြုံခဲ့ရပေ။ သူတို့သည် ခေါင်းများကို အုပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ကြသည်။ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆက်လက်ပြောပြသည်။ ထိုအခါအိုမရ် (ရဿွိယလ္လာဟုအန်ဟု)က ထရပ်လျက် ဤသို့ပြောဆိုခဲ့သည်- “ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် အဖြစ်လည်း ကောင်း၊ အစ္စလာမ်အား သာသနာအဖြစ်လည်းကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား နဗီတမန်တော်အဖြစ်လည်း ကောင်း ကျေနပ်နှစ်သက်လက်ခံပါ၏။” ထို့နောက် ထိုလူ (တစ်ဦး) က ထရပ်လျက် “ကျွန်တော်၏ဖခင်ကား မည်သူနည်း” ဟု မေးလေသည်။ တမန်တော်က “သင်၏ဖခင်မှာ ဖုလာန် (တစ်စုံတစ်ဦး) ဖြစ်သည်” ဟု မိန့်တော်မူသည်။ ထိုအခါ (အောက်ပါ)အာယတ်တော် ကျရောက်ခဲ့သည်- “အို- အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တမန်တော်မြတ်အား) အကြင်အရာများနှင့် ပတ်သက်၍ မမေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် အသင်တို့ရှေ့၌ထုတ်ဖော်(ပြော)ခြင်း ခံခဲ့ရလျှင် အသင်တို့အား မကောင်းဖြစ်စေလိမ့်မည်။” (အလ်-မာအိဒဟ်၊ ၁၀၁)။
متفق عليهအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ သူ၏တပည့်သာဝကများနှင့်ပတ်သက်၍ သူတို့သည် မေးခွန်းများ အလွန်အကျွံ မေးမြန်းနေကြောင်း သတင်းရောက်ရှိလာခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်သည် အမျက်ဒေါသထွက်တော်မူပြီး ခွသ်ဗဟ်တရားဟောကြားကား မိန့်တော်မူသည်မှာ - ငါကိုယ်တော်အား ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲတို့ကို ပြသခြင်းခံခဲ့ရ၏။ ယနေ့ ဂျန္နသ်၌ ငါကိုယ်တော်မြင်ခဲ့ရသည်ထပ် ပိုများသောကောင်း ကျိုးကိုလည်း ကောင်း၊ ယနေ့ ဂျဟန္နမ်ငရဲ၌ ငါကိုယ် တော်မြင်ခဲ့ရသည်ထပ် ပိုများသောဆိုးကျိုးကိုလည်း ကောင်း ငါကိုယ် တော်မမြင်ဖူးခဲ့ပေ။ သင်တို့သည် ငါမြင်ခဲ့ရသည်များကို မြင်ခဲ့ကြလျှင်လည်းကောင်း၊ ယနေ့နှင့် ယမန်နေ့က ငါမြင်ခဲ့ရသည်များမှ ငါသိရှိခဲ့သည်များကို သင်တို့သိရှိခဲ့ကြလျှင်လည်း ကောင်း သင်တို့သည် အလွန် အမင်း ကြောက်ရွံ့ကြမည်ဖြစ်၏။ သင်တို့၏ ရယ်မောခြင်းမှာ နည်းပါးသွားမည်။ သင်တို့၏ ငိုကြွေးခြင်းမှာ များပြားလာမည်။ အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ တပည့်သာဝကများအပေါ် ထိုနေ့ထက်ပို၍ ပြင်းထန်သည့် နေ့မကြုံခဲ့ရပေ။ သူတို့သည် ခေါင်းများကို အုပ်ထားကြပြီး အလွန်အမင်း ငိုကြွေးခြင်းကြောင့် နှာခေါင်းမှ ထွက်သော ညဉ်းသံပင်ပါကာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ကြသည်။ ထိုအခါအိုမရ် (ရဿွိယလ္လာဟုအန်ဟု)က ထရပ်လျက် ဤသို့ပြောဆိုခဲ့သည်- “ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် အဖြစ်လည်း ကောင်း၊ အစ္စလာမ်အား သာသနာအဖြစ်လည်းကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား နဗီတမန်တော်အဖြစ်လည်း ကောင်း ကျေနပ်နှစ်သက်လက်ခံပါ၏။” အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်။ ထို့နောက် ထိုလူ (တစ်ဦး) က ထရပ်လျက် “ကျွန်တော် ၏ဖခင်ကား မည်သူနည်း” ဟု မေးလေသည်။ တမန်တော်က “သင်၏ဖခင်မှာ ဖုလာန် (တစ်စုံ တစ်ဦး) ဖြစ် သည်” ဟု မိန့်တော်မူသည်။ ထိုအခါ (အောက်ပါ)အာယတ်တော် ကျရောက်ခဲ့သည်- “အို- အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (တမန်တော်မြတ်အား) အကြင်အရာများနှင့် ပတ်သက်၍ မမေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် အသင်တို့ရှေ့၌ ထုတ်ဖော်(ပြော)ခြင်း ခံခဲ့ရလျှင် အသင်တို့အား မကောင်းဖြစ်စေလိမ့်မည်။” (အလ်-မာအိဒဟ်၊ ၁၀၁)။
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ လူသားတို့သည် ဥစ္စာပစ္စည်းနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းနှစ်ခုကို ပိုင်ဆိုင်ခဲ့လျှင်လည်း တတိယချိုင့်ဝှမ်းတစ်ခုကို ထပ်မံတောင့်တပေလိမ့်မည်။ လူသား၏ဝမ်းဗိုက်ကို မြေကြီးမှလွဲ၍ အဘယ်အရာကမျှ မပြည့်စေနိုင်ချေ။ အလ္လာဟ်အရှင်မြတ်သည် သောင်ဗဟ်အမှားဝန်ချတောင်းပန်သူ၏ သောင်ဗဟ်ကို လက်ခံတော်မူ၏။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - လူသားသည် ရွှေနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းတစ်ခုကို ရရှိခဲ့လျှင်၊ သူသည် လူ့သဘာဝအရ တပ်မက်မှုကြောင့် နောက်ထပ် ချိုင့်ဝှမ်းနှစ်ခုကို လိုချင်ပေလိမ့်မည်။ သူသည် လောကီ၌ရှိသော ဥစ္စာပစ္စည်းများကို စုဆောင်းရန် အမြဲတမ်း လိုလားတောင့်တနေလိမ့်မည်ဖြစ်ပြီး နောက်ဆုံး၌ ကွယ်လွန်သေဆုံးကာ သူ၏ဝမ်းဗိုက်သည် သူ၏ကဗရ်မြေကြီးဖြင့်သာ ဖြည့်တင်းရလိမ့်မည်။
ကုသ်ဗဟ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ဤဒုအာကို) အမြဲတစေ ရွတ်ဖတ်တော်မူလေ့ရှိသည်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် မကောင်းေသာကိုယ်ကျင့်တရားများ၊ လုပ်ရပ်များနှင့် အလိုဆန္ဒများမှ အရှင်မြတ်ထံ ခိုလှုံပါ၏။
رواه الترمذيတမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းဆိုခဲ့သည့် ဒုအာများထဲမှ တစ်ခုမှာ- (အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး ခိုလှုံပါ၏) တစ်နည်း ကာကွယ်စောင့်ရှောက်ခြင်းကို တောင်းခံပါ၏၊ (အသင့်ထံတော်၌) အသင့်အပြင် အခြားတစ်စုံတစ်ဦးထံမဟုတ်၊ (မကောင်းသော) တစ်နည်း အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ရစူလ်တမန်တော်က တားမြစ်ထားသော၊ (အကျင့်စာရိတ္တများမှ) ဥပမာ - မုန်းတီးခြင်း၊ မနာလိုဝန်တိုခြင်း၊ မောက်မာခြင်း စသည့်အရာများမှ၊ (ထို့ပြင်) မကောင်းသော (လုပ်ရပ်များ) ဥပမာ - ဆဲရေးတိုင်းထွာခြင်း၊ ကဲ့ရဲ့ ရှုံချခြင်း စသည်မှ၊ (ထို့ပြင်) မကောင်းသော (အလိုဆန္ဒအားလုံမှ) ယင်းအား စိတ်မှလိုလားတောင့်တသော်လည်း ရှရီအသ်တရားတော်နှင့် ဆန့်ကျင်သောအရာများမှ။ (အရှင်မြတ်ထံ ခိုလှုံပါ၏)