





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
စလမသုဗ်နုလ်အက္ကဝအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။ မာနတရားကသာ သူ့အား (ညာလက်ဖြင့်စားရန်) တားဆီးခဲ့ခြင်းဖြစ်သည်။ ဆင့်ပြန်သူက ပြောသည်မှာ ထိုပုဂ္ဂိုလ်သည် မိမိ၏ပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပုဂ္ဂိုလ်တစ်ဦး ဘယ်လက်ဖြင့်စားနေသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား ညာလက်ဖြင့်စားရန် အမိန့်ပေးခဲ့သည်။ ထိုပုဂ္ဂိုလ်က မာန်မာနထောင်လွှား၍ (ညာလက်ဖြင့် စားရန်) မတတ်စွမ်းနိုင်ကြောင်း လိမ်လည်ပြောကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူအား ညာလက်ဖြင့် စားခွင့်မရတော့ရန် မကောင်းဆုတောင်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိနဗီ၏တောင်းဆုကို လက်ခံတော်မူပြီး ထိုသူ၏ညာလက်မှာ လေဖြတ်သွားခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းသည် စားသောက်ရန်အတွက် မိမိပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။
အဗူအုမာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟဂ်ျဂျသုလ်ဝဒါအ် နောက်ဆုံးဟဂ်ျတွင် ခွသ်ဗဟ်တရား မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။
رواه الترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟစ်ဂျရီ ဆယ်ခုနှစ် ဟဂ်ျဂျသုလ် ဝဒါအ်တွင် အရဖဟ်နေ့၌ ခွသ်ဗဟ်တရား မိန့်ကြားတော်မူခဲ့သည်။ ဟဂ်ျဂျသုလ် ဝဒါအ်ဟု ခေါ်ဆိုရခြင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုဟဂ်ျတွင် လူတို့ကို နောက်ဆုံးနှုတ်ဆက်ခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်က လူတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ အရှင်မြတ်အပေါ် သက္ကဝါတရားထားကြရန် မိန့်ကြားတော်မူခဲ့သည်။ ထို့အတူ နေ့နှင့်ညတွင် အလ္လာဟ်အရှင်မြတ်က ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ငါးကြိမ်ဆွလာသ်ကို ဆောက်တည်ကြရန်၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြရန်၊ ဥစ္စာပစ္စည်းများအတွက် သတ်မှတ်ထားသည့် ဇကာသ်အား စားထိုက်သူများကို ပေးကြရန်၊ ယင်းနှင့်ပတ်သက်၍ စေးနှဲခြင်းမပြုကြရန်၊ အလ္လာဟ်အရှင်မြတ်အမိန့်ကို ဖီဆန်သည့်ကိစ္စမျိုးမှလွဲ၍ အရှင်မြတ်က မိမိတို့အပေါ် အုပ်ချုပ်သူအဖြစ် ပြုလုပ်ပေးထားသူများ၏အမိန့်ကို နာခံကြရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မည်သူမဆို အထက်ပါကိစ္စများကို လိုက်နာဆောင်ရွက်ပါက အကျိုးကုသိုလ်အဖြစ် ဂျန္နသ်သုခဘုံးကို ရရှိမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သူမဆို မိမိ၏( မွတ်စ်လင်မ် )ညီနောင်နှင့် တွေ့ဆုံသည့်အခါ ၎င်းအား စလာမ်ဆိုပါ။ ထို့နောက် ၎င်းတို့နှစ်ဦးကြားတွင် သစ်ပင်၊ နံရံ သို့မဟုတ် ကျောက်တုံးစသည့် အရာတစ်ခုခု ပိတ်ဆို့ခြားသွားခဲ့ပြီးနောက် ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ၎င်းအား ထပ်မံ၍ စလာမ်ဆိုပါ။
رواه أبو داودတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင် (မွတ်စ်လင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါတိုင်း စလာမ်ဆိုရန် နှိုးဆော်တိုက်တွန်းထားသည်။ နှစ်ဦးသား အတူတကွ လမ်းလျှောက်နေစဉ် ၎င်းတို့နှစ်ဦးကြားတွင် ခြားနားစေသော သစ်ပင်၊ နံရံ၊ ကျောက်တုံးကဲ့သို့သော အရာဝတ္ထုတစ်ခုခု ပေါ်လာပြီး (ယင်းကြောင့် ခေတ္တကွဲကွာသွားပြီးနောက် ) ပြန်လည်တွေ့ဆုံကြပါက ထိုအခါ ထပ်မံ၍ စလာမ်ဆိုရမည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား။စွဟာဗဟ်များက အို - အလ္လာဟ်ရဲ့ ရစူလ်တမန်တော် အမှန်ပင် ညွှန်ပြပေးတော်မူပါဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မနှစ်မြို့ဖွယ် ( ခက်ခဲသည့် )အခြေအနေများတွင်လည်း ဝူဿွူကို သေချာကျနစွာ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လှမ်းခြင်း၊ ဆွလာသ်တစ်ကြိမ် (ဝတ်ပြု)ပြီးနောက် နောက်ထပ်ဆွလာသ်အတွက် (မိမိ၏ဝတ်ပြုရာနေရာ၌ပင်) စောင့်ဆိုင်းနေခြင်းတို့ဖြစ်သည်။ ဤသည် ရိဗာသ်ွ (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်းကဲ့သို့ အဆင့်အတန်းရရှိသည့် အမလ်ကောင်းမှု )ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စွဟာဗဟ်တို့အား အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့်ရစေပြီး၊ မလာအိကဟ်ကောင်းကင်တမန်များ၏ (မှတ်တမ်း) စာအုပ်များမှ ပပျောက်စေကာ၊ ဂျန္နတ်သုခဘုံ၌ မြင့်မြတ်သော နေရာအဆင့်အတန်းများကို ရရှိစေသည့် အမလ်များကို ညွှန်ပြရမည်လော မေးမြန်းတော်မူခဲ့သည်။ စွဟာဗဟ်များက- ဟုတ်ကဲ့၊ ကျွန်တော်မျိုးတို့သည် ထိုသို့သော အမလ်များကို လိုလားပါ၏ လျှောက်ထားကြ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- ပထမအချက်- ခက်ခဲမှုရှိသော အခြေအနေများ ဥပမာ- ( ဆောင်းရာသီ၏ )အအေး၊ ရေရှားပါးမှု၊ ကိုယ်ခန္ဓာနာကျင်ကိုက်ခဲမှု၊ ရေပူဖြင့်ဆေးကြောရမှု စသည်တို့တွင် ဝူဿွူကို ပြည့်စုံစွာ၊ စနစ်တကျ ပြုလုပ်ခြင်း။ ဒုတိယအချက်- ခရီးဝေးသော ကြောင့် ဗလီဝတ်ကျောင်းတော်များသို့ ခြေလှမ်းများစွာ လျှောက်ခြင်းနှင့် မကြာခဏ ထပ်ကာထပ်ကာ သွားရောက်ခြင်း။ တတိယအချက်- ဆွလာသ်ဝတ်ပြုချိန်ကို စောင့်ဆိုင်းခြင်း၊ စိတ်နှလုံးကို ဆွလာသ်ဝတ်ပြုမှုဖြင့် ချိတ်ဆက်ထားခြင်း၊ ဆွလာသ်အတွက် အသင့်ပြင်ဆင်ခြင်းနှင့် ဂျမာအသ်နှင့်အတူဝတ်ပြုရန်အတွက် ဗလီ၌ထိုင်ကာ စောင့်ဆိုင်းခြင်း၊ ထို့နောက် ဆွလာသ်တစ်ခုကို ဝတ်ပြုပြီးနောက် နောက်ထပ်ဆွလာသ်အတွက် မိမိ၏ဝတ်ပြုရာနေရာ၌ပင် စောင့်ဆိုင်းနေခြင်း။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဤအချက်များသည် ရိဗာသွ်အစစ်အမှန် (စစ်မျက်နှာတွင် ရန်သူကို စောင့်ကြပ်ခြင်း) ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် နဖ်စ်(စိတ်နှလုံးသား)ပေါ်သို့ ( လွှမ်းမိုးနိုင်သည့် )ရှိုင်တွာန်၏လမ်းကြောင်းများကို ပိတ်ဆို့ပေးပြီး၊ မိမိ၏စိတ်ဆန္ဒကို နှိမ်နင်းကာ၊ စိတ်ထဲဖြစ်ပေါ်လာသော မကောင်းသောအတွေးများကို လက်ခံခြင်းမှ တားဆီးပေးသောကြောင့်ဖြစ်သည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အုပ်စုတပ်သားများသည် ရှိုင်တွာန်၏စစ်တပ်များကို အောင်နိုင်ကြသည်။ ထိုအရာသည် အကြီးမြတ်ဆုံးသော ဂျိဟာဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ယင်းအမလ်ကောင်းမှုများသည် ရန်သူ၏စစ်မျက်နှာတွင် စောင့်ကြပ်နေခြင်း(ရိဗာသ်ွ)၏ အဆင့်အတန်းတွင်ရှိနေရခြင်းဖြစ်သည်။
အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော် သင်တို့အား သင်တို့၏ အကောင်းဆုံးသောအမလ်၊ သင်တို့အား စိုးပိုင် တော်မူသော အရှင်မြတ်၏ထံတော်၌ အသန့်ရှင်းဆုံးအမလ်၊ သင်တို့၏အဆင့်အတန်းများကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ကာ၊ ရွှေငွေများ လှူဒါန်းခြင်းထက်လည်း သာလွန်ကောင်းမြတ်ပြီး ( ဂျိဟာဒ်စစ်ပွဲတွင် )ရန်သူတို့နှင့် ရင်ဆိုင်ရသည့်အခါ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှခြင်း (သို့) သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲခြင်းထက်ပင် သာလွန်ကောင်းမြတ်သော အမလ်တစ်ခုကို အသိ ပေးမတင်ပြရဘူးလား။" ထိုအခါ စွဟာဗဟ်များက " အမှန်ပင် တင်ပြမိန့်ကြားပါ" ဟု လျှောက်ထားကြ၏။ ထိုအခါ တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိဝစ္စလမ် )က မိန့်ကြားတော်မူသည်မှာ "ထို အရာသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းပင်ဖြစ်သည်။
رواه الترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိမိ၏တပည့်သားစွဟာဗဟ်များအား မေးမြန်းတော်မူခဲ့သည်- သင်တို့၏ အမလ်များအနက် အရာခပ်သိမ်းကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အမြတ်ဆုံး၊ အမြင့်မြတ်ဆုံး၊ တိုးပွါးမှုအရှိဆုံး၊ အစင်ကြယ်ဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်သည့် ထို့ပြင် ဂျန္နတ်သုခဘုံရှိ အသင်တို့၏ နေထိုင်ရာများတွင် အမြင့်မြတ်ဆုံးသော အဆင့်အတန်းလည်း ဖြစ်သည့် ရွှေငွေများ လှူဒါန်းခြင်းထက်လည်း အသင်တို့အတွက် ပိုမိုကောင်းမြတ်သည့် ကာဖိရ်များနှင့် တွေ့ဆုံ၍ သင်တို့က သူတို့၏လည်ပင်းများကို ခုတ်လှဲပြီး သူတို့က သင်တို့၏လည်ပင်းများကို ခုတ်လှဲကြသည့် (ဂျီဟာဒ် ပြုခြင်း) ထက်လည်း အသင်တို့အတွက် ပိုမိုကောင်းမြတ်သည့် အမလ်ကို ငါကိုယ်တော် သင်တို့အား ပြောပြ၊ သင်ကြားပေးရမည်လား။ စွဟာဗဟ်များက "ဟုတ်ကဲ့၊ ကျွန်တော်မျိုးတို့ လိုလားပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- "အချိန်တိုင်းနှင့် အခြေအနေအားလုံးတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း" ဖြစ်သည်။
ဆုလိုင်မားန် ဗင်န် စွုရဒ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်အတူထိုင်နေစဉ် လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆဲရေးတိုင်းထွာနေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟု မိန့်တော်မူသည်။ ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုအခါ ထိုသူက "ကျွန်ုပ် ရူးသွပ်နေတယ်လို့ (ထင်နေကြသလား)" ဟုပြန်ပြောလေသည်။
متفق عليهလူနှစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ရှေ့မှောက်တွင် တစ်ဦးကိုတစ်ဦး ဆဲရေးတိုင်းထွာကာ ရန်ဖြစ်နေကြသည်။ ထိုသူတို့အနက် တစ်ဦး၏မျက်နှာသည် (အမျက်ဒေါသကြောင့်) နီမြန်းလာပြီး လည်ပင်းသွေးပြန်ကြောများ ထောင်လာသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူ၏အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူ၏ အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ထိုအခါ လူများက ထိုသူအား "တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင့်အား 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ဖတ်ပါလို့ ( ရှိုင်တွာန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းပါလို့ ) မိန့်ကြားတော်မူသည်" ဟု ပြောကြသည်။ ထိုသူက "ကျွန်ုပ် ရူးသွပ်နေသူလား" ဟု ပြန်လည်ပြောဆိုခဲ့သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံခြင်းအား ရူးသွပ်နေသူသာ ပြုလုပ်သည်ဟု ထင်မှတ်နေသောကြောင့် ဖြစ်သည်။
အဗူကသာဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "ကောင်းသောအိပ်မက်သည် အလ္လာဟ်အရှင်မြတ်ထံမှဖြစ်၍၊ မကောင်းသောအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်ရာ သင်တို့အနက် တစ်ဦးဦးသည် မိမိအား ထိတ်လန့်စေသည့် အိပ်မက်ဆိုးကို မြင်မက်ပါက၊ မိမိ၏ ဘယ်ဘက်သို့ သုံးကြိမ်တံတွေးထွေး(ဟန်ပြုလုပ်) ပါ။ ထို့နောက် ရှိုင်တွာန်၏ဘေးရန်မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံပါလေ။ ဤသို့ပြုလျှင် ထိုအိပ်မက်သည် သူ့အား မည်သည့်ဘေးဒုက္ခမျှ မဖြစ်စေတော့ပါ။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - အိပ်မက်ကောင်း၊ စိတ်ချမ်းသာဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်၏။ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းပူဆွေးဖွယ်အိပ်မက်သည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို မနှစ်မြို့ဖွယ် အိပ်မက်ကို မြင်မက်ပါက မိမိ၏ ဘယ်ဘက်အခြမ်းသို့ လှည့်၍ တံတွေး (ထွေးသကဲ့သို့) ပြုလုပ်ပါ။ ထို့နောက် ယင်းအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တ ရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။
အုက်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည်မှာ - ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။"
رواه الترمذي وأحمدအွတ်က်ဗဟ် ဗင်န် အာမိရ် (ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) အား မွတ်စ်လင်မ်တစ်ဦး လောကီဘဝနှင့် တမလွန်ဘဝ၌ အပြစ်ဒဏ်မှလွတ်မြောက်နိုင်သည့် အကြောင်းရင်းများနှင့် ပတ်သတ်၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်) က ဤသို့ မိန့်ကြားတော်မူသည် - "အသင် လိုက်နာရမည့် အချက်သုံးချက်ရှိသည်။ ပထမအချက်- သင်၏ နှုတ်လျှာကို မည်သည့် ကောင်းကျိုးမှမရှိသောအရာမှသော်လည်းကောင်း၊ မကောင်းသော စကားရပ်အားလုံးမှ သော်လည်း ကောင်း ထိန်းသိမ်းလော့။ ကောင်းမြတ်သောစကားမှလွဲ၍ မပြောဆိုနှင့်။ ဒုတိယအချက်- အသင်သည် တစ်ကိုယ်တည်းရှိချိန်များ၌ အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြုလုပ်ရန်အတွက် မိမိ၏အိမ်၌ နေထိုင်ပါ။ အရှင်မြတ်၏ အမိန့်နာခံမှုဖြင့် လုံးပမ်းနေပါ။ သင်၏အိမ်တွင် နေထိုင်ပြီး ဖိသ်နဟ်စမ်းသပ်မှုများမှ ခွဲခွာနေပါ။ တတိယအချက်- သင်ကျူးလွန်မိခဲ့သော အပြစ်များအတွက် ငိုကြွေး၍ နောင်တရပြီး သောင်ဗဟ်အမှားဝန်ခံပါ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ လျှောက်ထားသည်မှာ ကျွန်တော်မျိုးအား အမလ်ကျင့်ဆောင်မှုတစ်ခု ညွှန်ပြပေးတော်မူပါ ကျွန်တော်မျိုးသည် ထိုအမလ်ကိုဆောင်ရွက်ပါက ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ သင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပါ။ အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုနှင့်။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဆွလာသ်ကို ဆောက်တည်ပါ။ ဖရ်ဿ်ွအဖြစ် ပြဌာန်းထားသည့် ဇကာသ်ကို ပေးဆောင်ပါ။ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ် စောင့်ထိန်းပါ။ ထိုအခါ ကျေးတောသားက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည်ကျွန်တော်မျိုးသည် ဤအချက်များထက် ပို၍မလုပ်ပါဟု ပြောကြားခဲ့သည်။ ၎င်းသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤပုဂ္ဂိုလ်ကိုကြည့်ပါ။
متفق عليهကျေးတောသားတစ်ဦးသည် မိမိအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရစေမည့် အမလ်ကောင်းမှုများကို ညွှန်ပြပေးရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ရောက်လာခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ရပြီး ဂျဟန္နမ်ငရဲမီးမှ လွတ်ကင်းခြင်းသည် အစ္စလာမ့်မဏ္ဍိုင်များကို လိုက်နာကျင့်သုံးခြင်း ပေါ်တွင်မူတည်ပြီး ၎င်းတွင် အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့် မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှုမပြုခြင်း၊ သင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်က နေ့နှင့်ညတွင် မိမိကျေးကျွန်များအပေါ်တွင် ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ခြင်း၊ သင့်အပေါ်တွင် ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ဥစ္စာပစ္စည်းနှင့် သက်ဆိုင်သည့် ဇကာသ်ကို စားထိုက်သူများအားပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို သတ်မှတ်ထားသည့် အချိန်တွင် စောင့်ထိန်းခြင်းတို့ပါဝင်ကြောင်း ပြန်လည်ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းက အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်တော်မျိုး၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်ပါသည် ကိုယ်တော့်ထံမှ ကျွန်တော်ကြားသိရသည့် ဖရ်ဿ်ွတာဝန်များထဲတွင် မည်သည့် အမလ်ကျင့်ဆောင်မှုကိုမျှ အပိုထပ်ထည့်မည်လည်း မဟုတ်သလို လျော့၍လုပ်မည်လည်း မဟုတ်ပါဟု လျှောက်ထားခဲ့သည်။ ထိုသူ လှည့်ပြန်သွားသည့်အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ဂျန္နသ်သုခဘုံသားကို ကြည့်ရှု့ပြီး ဝမ်းမြောက်ကြည်နူးလိုလျှင် ဤကျေးတောသားကို ကြည့်ပါဟု မိန့်ကြားတော်မူခဲ့သည်။