





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူအုမာမဟ် ကပြောသည်မှာ အမ်ရုဗ်နုအဗစဟ်(ရဿွိယလ္လာဟုအန်ဟု)က ကျွန်ုပ်အားဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး အကယ်၍အသင်သည် ယင်းအချိန်၌အလ္လာဟ်အရှင်မြတ်အား သတိရတသနေသူများအနက်မှဖြစ်နိုင်ပါက ဖြစ်လိုက်ပါလေ။
رواه أبو داود والترمذي والنسائيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အရှင်မြတ်သည် ည၏နောက်ဆုံးသုံးပုံတစ်ပုံအချိန်တွင် လူသားနှင့်အလွန်နီးကပ်စွာ ရှိတော်မူ၏။ သို့ဖြစ်၍ အို-မုအ်မင်သက်ဝင်ယုံကြည်သူ၊ အကယ်၍ သင်သည် ထိုအချိန်၌ အရှင်မြတ်အားခဝပ်ကိုးကွယ်သူများ၊ ဆွလာသ်ဝတ်ပြုသူများ၊ သတိရတသသူများ၊ သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်သူများ အနက်မှဖြစ်နိုင်ပါက ဤသည် အဖိုးမဖြတ်နိုင်သော အခွင့်အရေး၊ ကြိုးစားအားထုတ်ရသောအချိန်ဖြစ်သောကြောင့် အသင်သည် ၎င်းတို့အနက်မှဖြစ်လိုက်ပါလေ။
စောင်ဗားန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏ အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်။ အဘူကိလာဗဟ်က(ဟဒီးစ်တော်တွင်) မိသားစုဖြင့်စတင်ထားသည်ဟုပြောပြခဲ့ပြီးနောက် ဆက်လက်ပြောသည်မှာ မိမိ၏ငယ်ရွယ်သည့်သားသမီးများအပေါ်သုံးစွဲသူထက် ပို၍မည်သူသည် ကုသိုလ်အကျိုးကြီးမားနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာဖြင့်၎င်းတို့အား တားမြစ်ထားသောအရာများမှ ရှောင်ရှားစေပြီး၊ အကျိုးဖြစ်ထွန်းစေကာ ကြွယ်ဝစေတော်မူသည်။
رواه مسلمတမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )သည် လှူဒါန်းသုံးစွဲခြင်း၏ အမျိုးမျိုးသော ပုံစံများကို မိန့်ကြားတော်မူခဲ့ပြီး လှူဒါန်းသုံးစွဲရမည့်အကြောင်းအရာများ တိုက်ဆိုင်စုဝေးလာသည့်အခါ ၎င်းတို့ကို အစီအစဉ်တကျ စီစဉ်ပေးတော်မူခဲ့ပြီး၊မည်သည့်လှူဒါန်းမှုက အသင့်အတွက် ပို၍ အရေးကြီးလည်းဆိုတာကို ရှင်းလင်းညွှန်ပြတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )သည် အရေးအကြီးဆုံးမှ စတင်မိန့်ကြားတော်မူပြီး ထိုမှတစ်ဆင့် အရေးကြီးမှု အနည်းငယ်လျော့သော အရာများဆီသို့ ရှင်းလင်းညွှန်ပြတော်မူခဲ့သည်။ သုံးစွဲမှုများအနက် အကျိုးစဝါးဗ်အများဆုံးရရှိသော ပစ္စည်းဥစ္စာမှာ မွတ်စ်လင်မ်တစ်ဦးက မိမိအပေါ်၌ စားရိက္ခာထောက်ပံ့ရန် တာဝန်ရှိသူများဖြစ်သော ဇနီးသည် နှင့် သားသမီးကဲ့သို့သော အိမ်ထောင်စုဝင်များအတွက် သုံးစွဲသောပစ္စည်း ဥစ္စာပင်ဖြစ်ပေသည်ဟု ကိုယ်တော်မြတ်က မိန့်ကြားခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် အသင့်ပြင်ဆင်ထားသော အစီးအနင်းအတွက် လှူဒါန်းသုံးစွဲခြင်း ဖြစ်သည်။ ထို့နောက်မိမိ၏အပေါင်းအသင်းများနှင့် မိတ်ဆွေများအတွက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်နေစဉ် လှူဒါန်းခြင်းဖြစ်သည်။
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်စုံတစ်ဦးသည် မိမိနှစ်သက်သော အိပ်မက်တစ်ခုမက်မြင်လျှင် ထိုအိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုလော့။ ထို့နောက် အိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မိမိမနှစ်သက်သော အခြားအိပ်မက်ကို မက်လျှင်မူကား ထိုအိပ်မက်သည် ရှိုင်တွာန်ထံမှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ (အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံလော့။ ထိုအိပ်မက်အား မည်သူ့ကိုမျှ မပြောပြရ။ ထိုသို့ပြုလျှင် ယင်းအိပ်မက်သည် သူ့အား ဘယ်သောအခါမျှ အန္တရာယ်ဖြစ်စေမည် မဟုတ်ပေ။"
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ အိပ်ပျော်နေစဉ် မြင်မက်သော ကောင်းသော၊ ပျော်ရွှင်ဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဖြစ်၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းပြုပြီး ထိုအိပ်မက်ကို (မိမိချစ်ခင်နှစ်သက်သူတို့အား) ပြောပြရမည်။ အကယ်၍ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းဖွယ် အိပ်မက်ကို မြင်မက်လျှင် ယင်းသည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်၍ ထိုအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပြီး မည်သူ့ကိုမျှ မပြောပြရ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။
စူဟိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ဤသည် သူ့အဖို့အကောင်းဖြစ်ပေသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံလေသည်။ ဤသည်လည်း သူ့အဖို့အကောင်းပင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအ်မင်န်ယုံကြည်သူ၏ အရေးကိစ္စနှင့် အခြေအနေများကို အားကျဖွယ်အဖြစ် အံ့ဩတော်မူခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏အခြေအနေအားလုံးသည် ကောင်းမြတ်သောအရာများသာဖြစ်သောကြောင့်ဖြစ်ပြီး၊ ဤဂုဏ်ပုဒ်သည် မုအ်မင်န်မှတစ်ပါး အခြားမည်သူ့အတွက်မျှ မရှိချေ။ အကယ်၍ သူသည်ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသောအခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ထို့သို့ ကျေးဇူးတင်ခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ်ရရှိသည်။ အကယ်၍ သူသည်ပြင်းထန်သောဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံပြီး အလ္လာဟ်အရှင်မြတ်ထံတော်မှ အကျိုးဆုလာဘ်ကို မျှော်ကိုးသည်။ ထိုသို့ဖြင့် သည်းခံခြင်းကြောင့် သူ့အတွက် အကျိုးဆုလာဘ် ရရှိပြန်သည်။ သို့ဖြစ်၍ ထိုမုအ်မင်န်သည် အခြေအနေတိုင်းတွင် အကျိုးဆုလာဘ်ရရှိသူသာ ဖြစ်နေပေတော့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နှာချေသောအခါတွင် မိမိ၏လက်ကို ( သို့မဟုတ် မိမိ၏အဝတ်ကို) ပါးစပ်ပေါ် တင်ထားမူပြီး၊ ၎င်း( လက် (သို့) အဝတ် ) ဖြင့် မိမိ၏အသံကို နှိမ့်ချတော်မူလေသည် ( သို့မဟုတ် ဖုံးဖိတော်မူလေသည် )။
رواه أبو داود والترمذي وأحمدတော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) သည် နှာချေသည့်အခါတွင် ( အောက်ပါအတိုင်း ဆောင်ရွက်တော်မူသည်။ ) ( ) မိမိအနားရှိလူကို အနှောင့် အယှက်ဖြစ်စေနိုင်သော အရာများ (အညစ်အကြေးများ ) ပါးစပ် (သို့) နှာခေါင်းမှ မထွက်စေရန် မိမိ၏လက် (သို့) အဝတ်ကို ပါးစပ်ပေါ်တင်ထားတော်မူလေ့ရှိသည်။ ( ၂ ) နှာချေသံကို ကျယ်အောင်မလုပ်ဘဲ နှိမ့်ချစွာပြုတော်မူသည်။
အုစာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူ့အားတစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများအား ပြောဆို ဖြေရှင်းခြင်းမှုတို့ကို မပြုလုပ်ပါသလော။ ကျွန်ုပ်သူ့အားပြောခဲ့သမျှကို အသင်တို့အားကြားသိစေမည်ဟု အသင်တို့ သိနားလည်ထားပါသလား။ အလ္လာဟ်အရှင်မြတ်အား ကျိန်တွယ်၍ပြောမည်။ ကျွန်တော်သည် မိမိကစ၍မဖွင့်ချင်သည့်ဖျက်လိုဖျက်ဆီးမှုကို မိမိကစ၍ပထမဦးဆုံးဖွင့်ရန်မနှစ်မျို့သည်ဖြစ်၍ကျွန်တော်သည် သူနှင့် နှစ်ကိုယ်ကြား ပြောခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဤသို့မိန့်ကြားတော်မူသည်ကို ကြားသိပြီးနောက် ကျွန်တော်မျိုးအား အုပ်ချုပ်နေသော အုပ်ချုပ်သူခေါင်းဆောင်တစ်ဦးတစ်ယောက်အား သူသည် လူတို့အနက်အကောင်းဆုံသူဖြစ်သည်ဟုပင် မပြောဆိုတော့ပေ။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနား၌ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင် မည်သို့ဖြစ်သွားသနည်း။ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။
متفق عليهအုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) အား တစ်စုံတစ်ဦးက 'အသင့်အနေဖြင့် အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု) ထံ သွားရောက်၍ လူများအကြား ဖြစ်ပွားနေသော ပဋိပက္ခများကို ပြောဆို ဖြေရှင်းရန်နှင့် အလုံးစုံငြိမ်းချမ်းရန် မကြိုးစားလေသလော။ ထိုအခါ အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ၎င်းတို့အား ရှင်းပြခဲ့သည်မှာ - မိမိသည် ကောင်းကျိုးကိုသာလိုလားပြီး ပြဿနာဖြစ်ရန်လှုံ့ဆော်ပေးခြင်းကို မလိုလားသောကြောင့်လျှို့ဝှက်စွာပင် ပြောကြားခဲ့သည်။ မိမိ၏ရည်ရွယ်ချက်မှာ မင်းလုပ်အုပ်ချုပ်သူများအား လူအများရှေ့တွင် ပြစ်တင်ရှုတ်ချခြင်းမပြုရန်ဖြစ်သည်။ ထိုသို့ ပြစ်တင်ရှုတ်ချခြင်းသည် မင်းလုပ်အုပ်ချုပ်သူကို ကျူးလွန်စော်ကားရန် အကြောင်းတရားဖြစ်သွားနိုင်သည်။ ဤသည် ပြဿနာနှင့် မကောင်းခြင်းတို့၏အဓိကတံခါးဖြစ်၍ကျွန်တော်သည် ယင်းတံခါးကို ပထမဦးဆုံးဖွင့်မည့်သူဖြစ်ရန် မလိုလားပေ။ ထို့နောက် အုစမာဗင်န်ဇိုက်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) က ပြောသည်မှာ - သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သြဝါဒတော်တစ်ရပ်ကို ကြားသိပြီးနောက် အုပ်ချုပ်သူခေါင်းဆောင်များအား လျှို့ဝှက်စွာပင်ဆုံးမဩဝါဒပြုခဲ့ကြောင်းနှင့် မင်းလုပ်အုပ်ချုပ်သူဖြစ်လင့်ကစား ဟန်ဆောင်ပြောခြင်း၊ မင်းလုပ်အုပ်ချုပ်သူများရှေ့၌သူတို့အား မဟုတ်မမှန်ချီးမွမ်းခြင်းတို့ကို မပြုခဲ့တော့ပေ။ ၎င်းဩဝါဒမှာ ဤသို့ဖြစ်သည်။ ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ ပြင်းထန်သည့်ပြစ်ဒဏ်နှင့် ငရဲမီး၏အပူရှိန်ကြောင့် သူ၏အူများ အလျင်အမြန်ထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်း ဤအခြေအနေ၌ပင် သူ၏အူများနှင့်လှည့်ပတ်နေလိမ့်မည်။ ထိုအခါ ဂျဟန္နမ်ငရဲသားများသားသည် သူ့အနားတွင်ထိုင်ဝိုင်း၌စုဝိုင်း၍ထိုင်သကဲ့သို့ စုရုံးရောက်ရှိလာပြီး သူ့ကို မေးကြမည်။ “အို- ဘယ်သူဘယ်ဝါ၊ အသင်သည် ကျွန်တော်တို့အား (လောကတွင်)ကောင်းရာညွန်ကြားပြီး မကောင်းရာမှတားမြစ်ခဲ့သည် မဟုတ်လော။ သူကဖြေကြားလိမ့်မည်။ ကျွန်တော်သည် အသင်တို့အား ကောင်းမှုများလုပ်ရန်ညွှန်ကြားခဲ့သော်လည်း မိမိကိုယ်တိုင်မပြုလုပ်ခဲ့ပါ။ မကောင်းမှုမှတားမြစ်ခဲ့သော်လည်း မိမိကိုယ်တိုင် ယင်းမကောင်းမှုအား လုပ်ဆောင်နေခဲ့သည်။
အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “အကြင်သူသည် မိန်းကလေးနှစ်ဦးအား သူတို့အရွယ်ရောက်ကြီးပြင်းလာသည်အထိ တာဝန်ယူထိန်းကျောင်းစောင့်ရှောက်ခဲ့လျှင်၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ငါကိုယ်တော်နှင့် သူသည် ဤကဲ့သို့ ရောက်ရှိလာမည်” ဟု မိန့်တော်မူပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏ လက်ချောင်းများကို စုစည်းပြသတော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သူမဆို သမီးမိန်းကလေးနှစ်ဦးဖြစ်စေ၊ အမ ညီမနှစ်ဦးဖြစ်စေ ချီးမြှင့်ခြင်းခံရပြီး၊ ၎င်းတို့နှစ်ဦး အရွယ်ရောက်ကြီးပြင်းလာသည်အထိ ၎င်းတို့၏ စရိတ်စကများကို တာဝန်ယူကာ ကောင်းမွန်စွာပြုစုပျိုးထောင်၊ ကောင်းမြတ်သောအရာများကိုသင်ကြားပေးပြီး မကောင်းမှုများမှ တားမြစ်သွန်သင်ပေးခဲ့လျှင် ကိယာမတ်နေ့တွင် ထိုသူနှင့်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့သောပုံစံဖြင့် (အတူတကွ) ရောက်ရှိလာကြမည် ဖြစ်ကြောင်း မိန့်ကြားရင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏လက်ခလယ်နှင့် လက်ချောင်းကို စုစည်းပြသတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မုအ်မင်န် မဖြစ်သေးသမျှ ကာလပတ်လုံး ဂျန္နသ်သို့ဝင်ရောက်ရမည်မဟုတ်။ အသင်တို့အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး မုအ်မင်န်ဖြစ်မည်မဟုတ်။ ငါကိုယ်တော် အသင်တို့အားကိစ္စတစ်ခုကို မညွှန်ပြပေးရဘူးလား။ ထိုကိစ္စကို ပြုလုပ်ခြင်းဖြင့် အသင်တို့အချင်းချင်း ချစ်ခင်မှုရကြလိမ့်မည်။ ၎င်းမှာ အသင်တို့ကြား၌ စလာမ်များများပေးကြပါ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုအ်မင်န်များသာ လျှင် ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်းနှင့် မွတ်စ်လင်မ်အချင်း ချင်း ချစ်ခင်မှု မရှိသေးသမျှ အီမာန်လည်း ပြည့်ဝနိုင်မည် မဟုတ်သလို မွတ်စ်လင်မ်လူ့အဖွဲ့အစည်း၏ အခြေအနေသည်လည်း ကောင်းမွန်လာမည် မဟုတ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ချစ်ခင်မှုရရှိစေမည့် အကောင်းဆုံးကိစ္စကို ညွှန်ပြတော်မူခဲ့သည်။ ထိုကိစ္စမှာ မွတ်စ်လင်များကြား၌ စလာမ်များများပေးခြင်းဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် စလာမ်ပေးခြင်းကို မိမိ၏ကျေးကျွန်များအတွက် နှုတ်ခွန်းဆက်စကားအဖြစ် ပြုလုပ်ပေးထားသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူရှိနေစဉ်၊ ရုတ်တရက် ပြင်းထန်သောအသံတစ်ခုကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကြားလိုက်ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤအသံသည် အဘယ်နည်းဆိုသည်ကို သင်တို့သိပါသလား ဟု မေးမြန်းတော်မူခဲ့သည်။ ကျွန်ုပ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကမိန့်တော်မူသည်။ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။
رواه مسلمနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိုယ်ခန္ဓာတစ်ခုကျသကဲ့သို့ ကြောက်မက်ဖွယ်အသံတစ်ခုကို ကြားတော်မူခဲ့သည်။ ထို့နောက် ဤအသံနှင့်ပတ်သက်၍မိမိအနားရှိ ဆွဟာဘဟ်သာဝကကြီးများအား မေးမြန်းတော်မူခဲ့ရာ၊ ဆွဟာဘဟ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အမိန့်ရှိသည်မှာ "ဤအသံသည် ငရဲမီးအစပ်မှလွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံခဲ့ရသည့် ကျောက်တုံးတစ်ခု၏ အသံဖြစ်သည်။ ကျောက်တုံးကျသည့်အသံကို ကြားရသည့်အချိန်သည် ယင်းကျောက်တုံး ငရဲမီး၏အောက်ဆုံးသို့ ကျရောက်သွားသောအချိန်ဖြစ်သည်။