





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အုမရ်ဗင်န် အဗီစလမဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အုပ်ထိန်းမှုအောက်၌ ရှိခဲ့သည့် ကလေးငယ်တစ်ဦးဖြစ်သည်။(စားသည့်အခါ)ကျွန်တော့်၏ လက်သည် ပန်းကန်ပြားထဲ ဟိုနားဒီနား နှိုက်နေခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော့်အား အို-ကလေးငယ်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသ၍ ညာလက်ဖြင့်စားပါ၊ ၎င်းပြင် သင့်အနီးအနားက စားပါဟုမိန့်ကြားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အုမ္မုစလမဟ်(ရဿွိယလ္လာဟုအန်ဟာ)ဘက်မှပါလာသော သားတော်ဖြစ်သူ အုမရ်ဗင်န် အဗူစလမဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြခဲ့သည်။ သူသည် ကိုယ်တော်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ သူသည် ထမင်းစားနေစဉ် အစားအစာယူရန်အတွက် ဘေးနားရှိ အခြားပန်းကန်များကိုလည်း လက်ဖြင့် လှမ်းနှိုက်လေ့ရှိသည်။ ထိုကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အစားအသောက် စားခြင်းဆိုင်ရာ စည်းကမ်းချက်များအနက် သုံးချက်ကို သင်ကြားပေးတော်မူခဲ့သည်။ (၁) စားသည့်အခါ အစတွင် ‘ဗိစ်မိလ္လာဟ်’ ဆိုခြင်း၊ (၂) ညာလက်ဖြင့်စားခြင်း၊ (၃) မိမိအနီးတွင်ရှိသော အစားအသောက်ကိုစားခြင်း တို့ဖြစ်သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့အား ညာလက်ဖြင့်သာ စားသောက်ရန် အမိန့်ပေးတော်မူပြီး ဘယ်လက်ဖြင့် စားသောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စားသောက်သည့်အတွက် ဖြစ်သည်။
အဗ္ဗားစ် ဗင်န် အဗ်ဒုလ်မွသ်သွလိဗ် ( ရဿွိယလ္လာဟုအန်ဟု ) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ ကျွန်ုပ်က အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အလ္လာဟ်အရှင်မြတ်ထံ ကျွန်တော်မျိုး တောင်းခံနိုင်သည့် အရာတစ်ခုခုကို ကျွန်တော်မျိုးအား သင်ကြားပြသတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "အလ္လာဟ်အရှင်မြတ်ထံ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားခဲ့သည်။ ထို့နောက် ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက် တဖန် ကျွန်ုပ်သည် ပြန်လာကာ အို- အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အလ္လာဟ်အရှင်မြတ်ထံ ကျွန်တော်မျိုး တောင်းခံနိုင်သည့် အရာတစ်ခုခုကို ကျွန်တော်မျိုးအား သင်ကြားပြသတော်မူပါဟု ထပ်မံ လျှောက် ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား "အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ ဦးလေး၊ အလ္လာဟ်အရှင်မြတ်ထံ ဒွန်ယာနှင့် အာခိရသ်နှစ်ဌာနစလုံး၌ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။
رواه الترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဦးလေးဖြစ်သူ အဗ္ဗာစ် ဘင်န် အဗ္ဗဒွလ်မွသ်သွလိဗ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ အလ္လာဟ်အရှင်မြတ်ထံ တောင်းခံနိုင်သည့် ဒုအာတစ်ပုဒ်ကို သင်ကြားပေးရန် တောင်းဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား အလ္လာဟ်အရှင်မြတ်ထံ ဒီန်သာသနာ၊ လောကီဘဝနှင့် အာခိရသ်နောင်တမလွန်ဘဝတို့တွင် ဘေးဒုက္ခများနှင့် ချို့ယွင်းချက်များမှ လွတ်ကင်းပြီး (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုကိုရရန် တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။ အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆက်လက်ပြောကြားသည်မှာ- ရက်ပေါင်းများစွာ ကြာပြီးနောက် ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ပြန်လာကာ အလ္လာဟ်အရှင်မြတ်ထံ တောင်းခံနိုင်သည့် (နောက်ထပ်) ဒုအာတစ်ပုဒ်ကို သင်ကြားပေးရန် တောင်းဆို၏။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သူ့အားနူးညံ့ပျော့ပြောင်းပြီး နှစ်လိုဖွယ်ရာအသံဖြင့် "အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ရဲ့ ဦးလေး၊ လောကီဘဝနှင့် အာခိရသ်နောင်တမလွန်ဘဝတို့တွင် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန်နှင့် အမျိုးမျိုးသော ကောင်းခြင်းများနှင့် အကျိုး ကျေးဇူးများကို ရရှိရန် အလ္လာဟ်အရှင်မြတ်ထံ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြားတော်မူခဲ့သည်။
ရ်ရဟ်မာန်ဗင်န် အဗီလိုင်လာက ဆင့်ပြန်ခဲ့သည်။ ၎င်းတို့သည် ဟုဇိုင်ဖဟ်(ရဿွိရလ္လာဟုအန်ဟု)ထံတွင် ရှိနေကြသည်။ ၎င်းက ရေသောက်ရန်တောင်းသဖြင့် မဂျူစီတစ်ဦးက သူ့အား ရေယူလာပေးသည်။ ထိုသူက ရေခွက်ကို သူ၏လက်ထဲသို့ ပေးလိုက်သည့်အခါ ဟုဇိုင်ဖဟ်က ခွက်ကို ထိုသူ့ဘက်သို့ ပစ်ချလိုက်ပြီး ပြောကြားသည်မှာ- အကယ်၍ ကျွန်ုပ်သည် သူ့အား တစ်ကြိမ် နှစ်ကြိမ်မက တားမြစ်ခဲ့ပြီးဖြစ်သည်။ (ထိုသို့မတားမြစ်ခဲ့ပါက ကျွန်ုပ် ဤကဲ့သို့ ပြုလုပ်မည်မဟုတ်ပါဟု ပြောကြားလိုက်ခြင်းဖြစ်သည်။) သို့သော် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အသင်တို့သည် ပိုးထည်၊ ချိတ်ပိုးထည်ကို မဝတ်ဆင်ကြနှင့်။ ရွှေခွက်များ၊ ငွေခွက်များဖြင့် မသောက်သုံးကြနှင့်။ ၎င်းတို့နှင့်ပြုလုပ်ထားသည့် ပန်းကန်များဖြင့် မစားကြနှင့်။ ထိုအရာများသည် လောက၌ ၎င်း(မယုံကြည်သူ)တို့ အတွက်ဖြစ်ပြီး နောင်တမလွန်၌ ကျွန်ုပ်တို့အတွက်ဖြစ်သည်။
متفق عليهတမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမျိုးသားများအား ပိုးထည်အမျိုးအစားအမျိုးမျိုးကို ဝတ်ဆင်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့ပြင် အမျိုးသား၊ အမျိုးသမီးများအား ရွှေ၊ငွေဖြင့် ပြုလုပ်ထားသည့် အိုးခွက်များဖြင့် စားသောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ ထိုအရာများသည် ကိယာမသ်နေ့၌ မိုအ်မင်န်များအတွက် ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဒွန္နယာလောက၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို နာခံကာ ထိုအရာများကို ရှောင်ကြဉ်ခဲ့ကြသည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူများအတွက် နောင်တမလွန်တွင် ဘာမျှရရှိကြမည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်ခဲ့ကြပြီး ထိုအရာများကို သုံးစွဲကာ လောက၌ပင် သူတို့ပြုလုပ်ခဲ့သည့် ကောင်းမှုများ၏ အစားကို စောလျင်စွာရယူခဲ့ကြပြီးဖြစ်သည်။
အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို ဤလောကီဘဝတွင် ပိုးထည်ကို ဝတ်ဆင်ခဲ့လျှင် နောင်တမလွန်ဘဝတွင် ယင်း( ပိုးထည်)ကို ဝတ်ဆင်ခွင့်ရမည် မဟုတ်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ - အကြင်အမျိုးသားတစ်ဦးသည် လောကီဘဝတွင် ပိုးထည်ကို ဝတ်ဆင်ခဲ့ပါက၊ အကယ်၍ သူသည် (ထိုအပြစ်မှ) သောင်ဗဟ်အမှားဝန်ချ တောင်းပန်မှုမပြုပါက သူ့အတွက် အပြစ် ဒဏ်တစ်ရပ်အနေဖြင့် နောင်တမလွန်ဘဝတွင် ယင်းပိုးထည်ကို ဝတ်ဆင်ခွင့်ရမည် မဟုတ်ပေ။
အဘူစအီဒ် ခုဒ်ရီ (ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ပြောပြခဲ့သည်မှာ - "မုအာဝိယာ (ရဿွိယလ္လာဟု အန်ဟု) သည် ဗလီထဲရှိ ထိုင်ဝိုင်းတစ်ခုထံသို့ ရောက်လာပြီး မေးမြန်းခဲ့သည်မှာ- ''သင်တို့ကို ဘယ်အရာက (ဤနေရာ၌) ထိုင်စေခဲ့သနည်း။' သူတို့က 'ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိက်ရ်) ပြုလုပ်ရန် ထိုင်ခဲ့ကြသည်' ဟု ဖြေကြားခဲ့ကြသည်။ မုအာဝိယာ (ရဿွိယလ္လာဟု အန်ဟု)က 'အသင်တို့သည် ထိုအတွက်သာ ထိုင်နေကြခြင်းဖြစ်ကြောင်း ကျိန်ဆိုပြောပြကြလော့' ဟု ပြောဆိုခဲ့သည်။ ၎င်းတို့က 'အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်တို့သည် ထိုအတွက်သာ ထိုင်ခဲ့ကြခြင်းဖြစ်ပါသည်' ဟု ပြောဆိုခဲ့ကြသည်။ ထိုအခါ မုအာဝိယာ (ရဿွိယလ္လာဟု အန်ဟု) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ ထို့ပြင် တမန်တော်မြတ်ထံ၌ ကျွန်ုပ်နှင့်အဆင့်တန်းတူသူများအနက် ကျွန်ုပ်ထက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဟဒီးဆ်တော်များ ပိုမိုနည်းပါးစွာ ဆင့်ပြန်ခဲ့သူ တစ်ဦးမျှမရှိခဲ့ပါ။ ဧကန်စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏စွဟာဗဟ်များ၏ ထိုင်ဝိုင်းတစ်ခုဆီသို့ ရောက်ရှိလာပြီး မေးမြန်းတော်မူခဲ့သည်မှာ-'သင်တို့ကို ဘယ်အရာက (ဤနေရာ၌) ထိုင်စေခဲ့သနည်း။' စွဟာဗဟ်တို့က 'ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း (ဇိက်ရ်) ပြုလုပ်ရန်နှင့် ကျွန်ုပ်တို့အား အစ္စလာမ့်တရားတော်ကို ညွှန်ပြတော်မူပြီး ထိုအစ္စလာမ့်တရားတော်ဖြင့် ကျွန်ုပ်တို့အပေါ် ကျေးဇူးပြုတော်မူခဲ့သောကြောင့် အရှင်မြတ်အား ချီးမွမ်းထောပနာခြင်း ပြုလုပ်ရန် ထိုင်ခဲ့ကြပါသည်'' ဟု ဖြေကြားခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) က 'အသင်တို့သည် ထို (ဇိကိရ်ပြုရန်နှင့်ချီးမွမ်းထောပနာပြုရန် )အတွက်သာ ထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ကျိန်ဆိုပြောပြကြလော့' ဟု မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့က 'အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်တို့သည် ထိုအတွက်သာ ထိုင်ခဲ့ကြခြင်းဖြစ်ပါသည်' ဟု ပြောဆိုခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က 'ကျွန်ုပ်၏စိတ်ထဲတွင် အသင်တို့အပေါ် စွပ်စွဲလို (သံသယရှိနေ )သောကြောင့် ကျိန်ဆိုစေခြင်းမဟုတ်ပါ။ သို့သော် ဂျီဗ်ရီလ် (အလိုင်ဟိစ်စလာမ်) သည် ကျွန်ုပ်ထံသို့ ရောက်ရှိလာပြီး အလ္လာဟ်အရှင်မြတ်သည် မလာအိကဟ်ကောင်းကင်တမန်များရှေ့တွင် အသင်တို့အပေါ်၌ ဂုဏ်ယူတော်မူကြောင်း ကျွန်ုပ်အား သတင်းပေးခဲ့ခြင်းကြောင့်( ကျိန်ဆိုခိုင်းရခြင်းဖြစ်သည် ) ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمမုအာဝိယဟ် ဗင်န် အဘူစွဖ်ယားန် (ရဿွိယလ္လာဟု အန်ဟု) သည် ဗလီထဲရှိ ထိုင်ဝိုင်းတစ်ခုထံသို့ ရောက်လာပြီး ၎င်းတို့အား အဘယ်ကြောင့် (ဤနေရာ၌) စုစည်းနေကြသနည်းဟု မေးမြန်းခဲ့လေသည်။ ထိုအခါ ၎င်းတို့က ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန် ( ဇိကိရ်ပြုရန်ထိုင်နေကြခြင်းဖြစ်သည် ) ဟုပြောခဲ့ကြလေသည်။ ထိုအခါ မုအာဝိယဟ်(ရဿွိရလ္လာဟုအန်ဟု)က ၎င်းတို့၏ ထိုင်နေခြင်း၊ စုရုံးနေခြင်းသည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန်မှလွဲ၍ အခြားမည်သည့် ရည်ရွယ်ချက်နှင့်မျှ မရှိကြောင်း ကျိန်ဆိုခိုင်းခဲ့ရာ ၎င်းတို့ကလည်း သူ့အားကျိန်ဆိုပြကြသည်။ ထိုအခါ ၎င်းက ကျွန်ုပ်သည် အသင်တို့အား စွပ်စွဲလို၍လည်းကောင်း၊ အသင်တို့၏ မှန်ကန်မှုကို သံသယဖြစ်၍လည်းကောင်း ကျိန်ဆိုခိုင်းခြင်း မဟုတ်ပါဟု ပြောကြားခဲ့သည်။ ထို့နောက် ၎င်းက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင်ရှိသော မိမိ၏အဆင့်အတန်းနှင့် မိမိကဲ့သို့ တမန်တော်မြတ်နှင့် နီးကပ်သည့်အဆင့်အတန်းရှိသူ မည်သူမျှမရှိကြောင်းကို အသိပေးပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏နှမဖြစ်သူ အုမ္မုဟဗီဗဟ်(ရဿွိရလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ဝဟီဗျာဒိတ်တော်များကို ရေးမှတ်သူဖြစ်သည်။ ထိုသို့ဖြစ်လျက်နှင့်ပင် ၎င်းသည် ဟဒီးဆ်တော်များကို အနည်းသာ ဆင့်ပြန်ခဲ့သည်။ ထို့နောက် သူက ၎င်းတို့အား ဆင့်ပြန်ပြောပြသည်မှာ တစ်ရက်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအိမ်တော်မှ ကြွမြန်းတော်မူလာရာ ၎င်းတို့ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေသည်ကို မြင်တွေ့တော်မူခဲ့သည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် သတိရတသပြီး မိမိတို့အား အစ္စလာမ်သာသနာကို ချီးမြှင့်ပြီး ထိုသာသနာဖြင့် မိမိတို့အပေါ် ကျေးဇူးပြုခဲ့သည့်အတွက် အရှင်မြတ်အား ချီမွမ်းထောပနာပြုနေကြသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ၎င်းတို့အား မေးမြန်တော်မူပြီး မုအာဝိယဟ်(ရဿွိရလ္လာဟုအန်ဟု)က သူ၏အပေါင်းအဖော်များကို ကျိန်ဆိုခိုင်းသည့်အတိုင်း ကျိန်ဆိုခိုင်းတော်မူသည်။ ၎င်းနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းတို့အား မေးမြန်းပြီး ကျိန်ဆိုခိုင်းသည့် အကြောင်းအရင်းကိုရှင်းပြတော်မူသည်မှာ ကောင်းကင်တမန် ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)သည် မိမိထံသို့ ရောက်ရှိလာပြီး ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က သင်တို့အား ကောင်းကင်တမန်များထံတွင် ဂုဏ်ယူတော်မူကြောင်းနှင့် အသင်တို့၏ မွန်မြတ်မှုကို ကောင်းကင်တမန်များအားများ ထုတ်ဖာ်ပြသကာ အသင်တို့၏ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများကို မြင်စေပြီး ၎င်းတို့ရှေ့တွင် သင်တို့အား ချီမွမ်းတော်မူကြောင်း အသိပေးခဲ့သည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊ ညစာလည်းနေရာမရှိတော့ပါဟု ပြောကြားသည်။ အကယ်၍ ထိုသူသည် အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်လာသည့်အချိန်တွင် တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား)သင်တို့အတွက် ညအိပ်မည့်နေရာရှိပြီဖြစ်သည်ဟု ပြောကြားသည်။ အကယ်၍ ထမင်းစားသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းရှိပြီး ညစာအတွက်လည်းရှိသည်ဟု ပြောကြားသည်။
رواه مسلمတမန်မြတ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အိမ်သို့ဝင်သည့်အချိန်နှင့် ထမင်းမစားမည်အလျင် အလ္လာဟ်အရှင်မြတ်အား သတိရတသရန် မိန့်ကြားတော်မူထားသည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် ‘ဗိစ်မိလ္လာဟ်’ ဟူ၍ အလ္လာဟ်အရှင်မြတ်အား သတိရတသပါက ရှိုင်သွာန်က သူ၏အဖေါ်များအား သင်တို့အတွက် ဤအိမ်၌ ညအိပ်စရာ နေရာလည်းမရှိသလို ညစာအတွက်လည်း ဝေစုမရှိတော့ပါ ဤအိမ်ရှင်သည် အလ္လာဟ်အရှင်မြတ်အား သတိရတသကာ သင်တို့ရန်မှအကာအကွယ်ယူခဲ့သည်ဟု ပြောကြားသည်။ အကယ်၍ လူတစ်ဦးသည် မိမိအိမ်သို့ဝင်ရောက်သည့်အခါ အိမ်အဝင်နှင့် အစားအစာ စားသောက်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမရှိပါက ရှိုင်သွာန်က သူ၏အဖေါ်များအား သင်တို့အတွက် ညအိပ်စရာနေရာလည်းရှိပြီး ညစာအတွက်လည်းနေရာရှိသည်ဟု ပြောကြားသည်။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့် ပန်းပဲဖိုးထိုးသူကဲ့သို့ပင်ဖြစ်သည်။ ကတိုးကို သယ်ဆောင်သူသည် သင့်အားလက်ဆောင်ပေးမည်။ သို့မဟုတ် သင်သူ့ထံမှ ဝယ်ယူနိုင်မည်။ သို့မဟုတ် သူ့ထံမှ မွှေးကြိုင်သည့်ရနံ့ကို ရနိုင်မည်ဖြစ်သည်။ ပန်းပဲထိုးသူသည် သင်၏အဝတ်အစားကို လောင်ကျွမ်းစေမည်။ သို့မဟုတ် သင်သူ့ထံမှ အနံ့ဆိုးကို ရလိမ့်မည်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူနှစ်မျိုးအား ပမာပြုကာ မိန့်ကြားတော်မူခဲ့သည်။ ပထမ တစ်မျိုးမှာ - ကောင်းမြတ်သည့် မိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပြီး ၎င်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသို့ ညွှန်ပြပေးသူ၊ အရှင်မြတ်၏ အမိန့်နာခံရန် ကူညီပေးသူဖြစ်သည်။ ထိုသူ၏ပမာသည် ကတိုးရောင်းသကဲ့သို့ဖြစ်သည်။ ထိုသူသည် သင့်အားလက်ဆောင်ပေးမည်။ သို့မဟုတ်ပါက သင်သူ့ထံမှ ဝယ်ယူနိုင်မည်။ သို့မဟုတ်ပါက သူ့ထံမှ မွှေးကြိုင်သည့်ရနံ့ကို ရနိုင်မည်ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ - မကောင်းသည့် မိတ်ဆွေ၊ အပေါင်းအသင်းဖြစ်ပြီး ၎င်းသည် အလ္လာဟ်အရှင်မြတ် လမ်းတော်မှ ပိတ်ပင်တားဆီးသူ မကောင်းမှုများ ပြုလုပ်ရာတွင် ကူညီသူဖြစ်သည်။ သင့်အနေဖြင့် သူ့ထံမှ မကောင်းသည့် လုပ်ရပ်များကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုကဲ့သို့သောသူနှင့် ပေါင်းသင်းဆက်ဆံသည့်အတွက် သင်လည်း ပြစ်တင်ကဲ့ရဲ့ခံရမည်ဖြစ်သည်။ ထိုသူ၏ပမာသည် ဖားဖိုထိုးသည့် ပန်းပဲသမားကဲ့သို့ဖြစ်သည်။ သူ့ဆီမှထွက်လာသော မီးပွားများသည် သင်၏အဝတ်အစားများကို လောင်ကျွမ်းစေနိုင်သည်။ သို့မဟုတ် သူ့အနားတွင်ရှိနေခြင်းကြောင့် အနံ့ဆိုးများရနိုင်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကြာခဏ ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - "အို-စိတ်နှလုံးများကို လှည့်ပြောင်းတော်မူသောအရှင်၊ ကျွန်တော်မျိုး၏ စိတ်နှလုံးသားကို အရှင်မြတ်၏ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာထားတော်မူပါ။ ထိုအခါ ကျွန်ုပ်က "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် ကိုယ်တော့်ကို အီမာန်သက်ဝင်ယုံကြည်ခဲ့ပြီး ကိုယ်တော်ယူဆောင်လာသော ဒီန်သာသနာကိုလည်း သက်ဝင်ယုံကြည်ခဲ့ပါသည်။ သို့ပါလျက် ကိုယ်တော်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ စိုးရိမ်တော်မူပါသလား" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ် (ငါကိုယ်တော်အသင်တို့နှင့်ပတ်သတ်၍ စိုးရိမ်တော်မူသည်။) မုချဧကန် စိတ်နှလုံးသားများသည် အလ္လာဟ်အရှင်မြတ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိတော်မူ၏။ အရှင်မြတ်သည် အလိုရှိတော်မူသလို ၎င်းတို့ကို လှည့်ပြောင်းတော်မူ၏" ဟု မိန့်ကြားတော်မူသည်။
رواه الترمذي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒီန်သာသနာနှင့် အမိန့်နာခံမှုအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် လမ်းမှားရောက်ခြင်းမှ ကင်းဝေးရန် မကြာခဏ ဒုအာတောင်းခံတော်မူလေ့ရှိသည်။ အနတ်စ် ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု) သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဤဒုအာကို မကြာခဏတောင်းခံခြင်းကို အံ့ဩခဲ့သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူသား ၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်၏ လက်ချောင်းနှစ်ချောင်းကြားတွင် ရှိကြောင်း၊ အရှင်မြတ်သည် အလိုတော်ရှိရာ လှည့်ပြောင်းတော်မူကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ စိတ်နှလုံးသည် အီမာန်ယုံကြည်မှုနှင့် ကုဖ်ရ်သွေဖည်ငြင်းဆန်မှု၏ ဗဟိုချက်ဖြစ်သည်။ စိတ်နှလုံးကို "ကလ်ဗ်" ဟု အမည်ပေးရခြင်းမှာ ၎င်း၏ လျင်မြန်စွာ ပြောင်းလဲတတ်သော သဘော သဘာဝကြောင့်ဖြစ်သည်။ စိတ်နှလုံးသည် (မီးဖိုပေါ်) ရှိ ဆူပွက်နေသော အိုးထက်ပင်လျှင် ပို၍ မတည်မငြိမ်ဖြစ်ကာ ပြောင်းလဲတတ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူ၏ စိတ်နှလုံးကို လမ်းမှန်ပေါ် ခိုင်မြဲစေတော်မူပြီး၊ အလိုရှိသူ၏ စိတ်နှလုံးကို လမ်းမှားသို့ လှည့်စေတော်မူသည်။