





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- “မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (တစ်စုံတစ်ဦးအား) ထိုသူ၏ နှာခေါင်းသည် မြေကြီးထဲတွင် နစ်မြုပ်သွားသကဲ့သို့ ဖြစ်သွားသည်အထိ နှိမ့်ကျသေးသိမ်ရန်နှင့် အရှက်တကွဲအကျိုးနည်းဖြစ်ရန် ဘဒ်ဒုအာပြုလုပ်ခဲ့၏။ ထိုစကားကို (၃)ကြိမ်တိုင်တိုင် ပြန်လည်၍ မိန့်ကြားတော်မူခဲ့သည်။ ( စွဟာဗီတစ်ပါးက တမန်တော်မြတ်အား ) “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား ကိုယ်တော် ဘဒ်ဒုအာပြုခဲ့ပါသနည်း ” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- မိမိ၏ မိဘနှစ်ပါးလုံး (သို့မဟုတ်) နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်နိုင်ရန် အကြောင်းခံမဖြစ်စေခဲ့သူ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းသည် ထိုမိဘနှစ်ပါးအား ကောင်းမွန်စွာ ပြုမူဆက်ဆံခြင်း မရှိခဲ့သကဲ့သို့ ၎င်းတို့၏ အမိန့်ကိုဖီဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကာမြို့၏ လမ်းတစ်ခုတွင် ခရီးသွားလျက်ရှိစဉ် ဂျွမ်ဒါးန်ဟုခေါ်သော တောင်အနီးမှ ဖြတ်သန်းသွားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ "ဆက်လက်ခရီးနှင်ကြလော့။ ဤသည် ဂျွမ်ဒါးန်တောင်ဖြစ်သည်။'မုဖရ်ရီဒူးန်' များသည် (အခြားသူများထက်) သာလွန်သွားကြပြီ" ဟု မိန့်ကြားတော်မူသည်။ ထိုအခါ စွဟာဗဟ်တို့က "အို- အလ္လာဟ်အရှင်င်မြတ်၏ ရစူလ်တမန်တော်၊ 'မုဖရ်ရီဒူးန်' ဆိုသူများသည် အဘယ်သူများနည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အလ္လာဟ်အရှင်မြတ်အား အလွန်ဇိကိရ်ပြု ( သတိရတသ)သော ယောက်ျားများနှင့် အလွန်ဇိကိရ်ပြု ( သတိရတသ)သော မိန်းမများပင် ဖြစ်ကြသည်" ဟု မိန့်ကြားတော်မူသည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား အလွန်အမင်း ဇိကိရ် သတိရတသ သူများ၏ အဆင့်အတန်းကို မိန့်ကြားတော်မူပြီး ထိုသူတို့သည် အခြားသူများထက် သာလွန်၍ ဂျန္နတ်သုခဘုံတွင် မြင့်မားသော အဆင့်အတန်းများကို ရရှိအောင်မြင်သွားကြသည်ကို မိန့်ကြားတော်မူခဲ့သည်။ ကိုယ်တော်က ထိုသူတို့အား ဂျွမ်ဒါးန်တောင်နှင့် နှိုင်းယှဉ်မိန့်ကြားတော်မူခဲ့သည်။ ထိုတောင်သည် အခြားသောတောင်များမှ သီးခြားခွဲထွက်တည်ရှိနေသောတောင် ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက် (မိမိ၏)အပြစ်အကုသိုလ်အား ထုတ်ဖော်ပြောကြားသူများမှလွဲ၍ အားလုံးသည် ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဖြစ်သည်။ ထုတ်ဖော်ပြောကြားခြင်းဆိုသည်မှာ လူတစ်ဦးသည် ညတွင် အပြစ်အကုသိုလ်ကျူးလွန်ခဲ့သည်။ ၎င်းနောက် နံနက်သို့ရောက်သည့်အခါ ဖန်ဆင်းမွေးမြူတော်မူသောအရှင်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသော်လည်း ၎င်းက အို - မည်သူမည်ဝါ မနေ့ကညက ကျွန်တော် ဒါတွေ ဒါတွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း (၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အပြစ်ကျူးလွန်သူ မွတ်စ်လင်မ်များအနက် အရှက်တရားကင်းမဲ့စွာဖြင့် မိမိအပြစ်ကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ပြောဆိုသူမှလွဲ၍ ကျန်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိရန်မျှော်လင့်ရသည်။ ထိုသို့ ခွင့်လွှတ်ချမ်းသာပေးခြင်းနှင့် မထိုက်တန်ရခြင်းမှာ ညတွင် အပြစ်အကုသိုလ် ကျူးလွန်ခဲ့ပြီးနောက် နံနက်သို့ရောက်သည့်အခါ ၎င်းအား အလ္လာဟ်အရှင်မြတ်က သူ၏အပြစ်အား ဖုံးကွယ်ပေးထားသည်ကို ၎င်းက အခြားသူများကို မနေ့ကညက ကျွန်တော် ဒီလို ဒီလိုအပြစ်တွေ လုပ်ခဲ့ပါသည်ဟူ၍ ပြောဆိုလိုက်သည့်အတွက်ဖြစ်သည်။ တစ်ညတာလုံး ၎င်း၏အရှင်မြတ်က (သူ၏အပြစ်များကို) ဖုံးကွယ်ပေးခဲ့သည်။ နံနက်သို့ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်က ၎င်း(၏အပြစ်များ)အား ဖုံးကွယ်ပေးထားသည်ကို သူကိုယ်တိုင်ပင် ဖော်ထုတ်လိုက်ခြင်းကြောင့်ဖြစ်သည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။ သေချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်ပြီး၊ စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်သည် သူ့အား ကရုဏာပြုမည်၊ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူသော စိတ်ခံယူချက် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့တွင် အပြစ်ကြောင့်ကြောက်ရွံ့မှု သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန်အတွက် လိုအပ်ပြီး၊ ထိုအချိန်(ကွယ်လွန်သေဆုံးချိန်) သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန် အချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်သည်။
အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော်အား (မိအ်ရာဂ်ျ ကောင်းကင်ခရီး) ခေါ်ဆောင်သွားခြင်းခံရသည့်ညတွင် ငါကိုယ်တော်သည် (တမန်တော်) အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား တွေ့ဆုံခဲ့သည်။ ထိုအခါ သူက ဤသို့ ပြောကြားခဲ့သည်။ အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ကြောင်း သတင်းကောင်းပါးလိုက်ပါ။ ဂျန္နတ်သည် ပြန့်ပြူးသော မြေပြန့်လွင်ပြင်ဖြစ်၍ ၎င်းတွင် စိုက်ထားသည့်အပင်များမှာ «سُبْحَانَ اللهِ وَالحَمْدُ لِلَّهِ وَلاَ إِلَهَ إِلاَّ اللَّهُ وَاللَّهُ أَكْبَرُ » “ စွဗ်ဟာနလ္လာဟ်၊ ဝလဟမဒုလိလ္လာဟ်၊ ဝလာ အီလာဟာ အိလလ္လလ္လာဟ်၊ ဝလ္လာဟု အက်ဘရ် ” ဟူသော စကားတော်များပင်ဖြစ်၏။
رواه الترمذيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) အား အိစ်ရာအ်နှင့် မိအ်ရာဂ်ျခရီးစဥ်၏ ညတွင် တွေ့ဆုံခဲ့ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ အီဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)က ကိုယ်တော့်အား ဤသို့ ပြောကြားခဲ့သည်။ "အို-မုဟမ္မဒ်၊ အသင့်ရဲ့ အွမ္မသ်နောက်လိုက်သားများထံသို့ ကျွန်ုပ်၏ စလာမ်ကို ပို့ဆောင်ပါလေ။ ထို့ပြင် ၎င်းတို့အား ဂျန္နတ်သုခဘုံ၏ မြေဆီလွှာသည် အလွန်ကောင်းမွန်၍ ရေသည် အလွန်ချိုမြိန်ပြီး ငန်ခြင်းမရှိကြောင်း၊ ထို့ပြင် ဂျန္နတ်သည် ကျယ်ဝန်းညီညာပြန့်ပြူးသော မြေပြင်ဖြစ်ပြီး သစ်ပင်ကင်းမဲ့နေသေးကြောင်း၊ ယင်း ဂျန္နသ်တွင် သစ်ပင်များ စိုက်ပျိုးခြင်းသည် စင်ကြယ်သော စကားတော်များဖြင့် ဖြစ်သည်။ ဤစင်ကြယ်သော စကားတော်များကို 'ဘာကိယာသွတ်စ် စွာလိဟာသ်' (တည်မြဲသော ကောင်းမှုကုသိုလ်များ) ဟုလည်း ခေါ်ဆိုသည်။ ထိုစကားတော်များမှာ- «سُبْحَانَ اللهِ وَالحَمْدُ لِلَّهِ وَلاَ إِلَهَ إِلاَّ اللَّهُ وَاللَّهُ أَكْبَرُ » ဖြစ်သည်။ မွတ်စ်လင်မ်တစ်ဦးသည် ဤစကားတော်များကို ထပ်တခါတလဲလဲ ရွတ်ဆိုသည့်အခါတိုင်း သူ့အတွက် ဂျန္နတ်တွင် သစ်ပင်တစ်ပင် စိုက်ပျိုးပေးခြင်း ခံရသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် ပုဂ္ဂိုလ်တစ်ဦးက “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတွင် ဆွေမျိုးအချို့ရှိပါပြီး၊ ကျွန်တော်မျိုးသည် ၎င်းတို့နှင့် ဆွေးမျိုးသားချင်း အဆက်အသွယ်ထားသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ဆက်ဆံမှုဖြတ်တောက်ပါသည်။ ကျွန်တော်မျိုးသည် သူတို့အား ကောင်းစွာဆက်ဆံသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအား ကောင်းစွာဆက်ဆံခြင်း မပြုပါ။ ကျွန်တော်မျိုးသည် ၎င်းတို့အား ခွင့်လွှတ်သည်းခံသော်လည်း သူတို့ကမူ ကျွန်တော်မျိုးအပေါ် မိုက်မဲစွာ ဆက်ဆံပါသည်" ဟု လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က “သင်ပြောသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ဖြစ်၏။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ထံတော်မှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။” ဟု မိန့်ကြားတော်မူခဲ့သည်။
رواه مسلمပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တိုင်တန်းခဲ့သည်မှာ - ၎င်း၌ ဆွေမျိုးအရင်းအချာများရှိပြီး ၎င်းသည် သူတို့နှင့် ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူတို့ကမူ ဆန့်ကျင်ဘက် ဆက်ဆံသည်။ ၎င်းသည် သူတို့နှင့် ဆွေမျိုးဆက်သော်လည်း သူတို့ကမူ ဆက်ဆံမှုဖြတ်တောက်သည်။ ၎င်းသည် သူတို့အား သစ္စာရှိစွာ ကောင်းမွန်စွာဆက်ဆံသော်လည်း သူတို့ကမူ မတရားမှုနှင့် ကြမ်းတမ်းစွာ ဆက်ဆံသည်။ ၎င်းသည် သူတို့အား သည်းခံခွင့်လွှတ်သော်လည်း သူတို့ကမူ ဆိုးယုတ်သော စကားနှင့် အပြုအမူဖြင့် မိုက်မဲစွာဆက်ဆံသည်။ ထိုသို့ဖြစ်နေပါလျှက် ဆက်လက်၍ ဆွေမျိုးအဆက်အသွယ်ထားသင့်ပါသလား။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အား ဤသို့မိန့်ကြားတော်မူသည်။ “သင်တင်ပြသည့်အတိုင်း ဟုတ်မှန်ပါက သင်သည် သူတို့အား အရှက်ရစေပြီး ၎င်းတို့အား မိမိတို့၏အမြင်တွင် သေးသိမ်စေလိုက်ခြင်း ဖြစ်သည်။ စင်စစ် သင်သည် သူတို့အား ပြာပူကျွေးနေသကဲ့သို့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ ကျေးဇူးပြုမှု များပြားခြင်းနှင့် ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကြောင့်ဖြစ်သည်။ စင်စစ် သင်သည် သင်ဖော်ပြခဲ့သောကောင်းမှုအား သူတို့အပေါ်ပြုနေသရွေ့၊ ၎င်းတို့ကလည်း သင်အား မကောင်းမှုပြုနေသရွေ့၊ အလ္လာဟ်အရှင်မြတ်ထံမှ ၎င်းတို့အပေါ် သင့်အားကူညီသူတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေပေမည်။ ထို့ပြင် သင့်အား ၎င်းတို့၏ နှောင့်ယှက်မှုမှ ကာကွယ်ပေးနေပေမည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုမှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော မြည်းအသေတစ်ကောင်အနားမှ ထသွားသကဲ့သို့ပင် ဖြစ်၏။ ထိုသို့သော မဂ်ျလိစ်(ထိုင်ဝိုင်း)သည် ကိယာမတ်နေ့တွင် ၎င်းတို့အပေါ်၌ ဝမ်းနည်းဖွယ် (နောင်တရဖွယ်) အကြောင်းတစ်ရပ် ဖြစ်လိမ့်မည်။”
رواه أبو داودတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင်ထိုင်မည်။ ထို့နောက် ထိုမဂ်ျလိစ်မှ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမပြုဘဲ ထသွားခဲ့လျှင် ၎င်းတို့သည် ပုပ်သိုးနေသော၊ အနံ့ဆိုးထွက်နေသော မြည်းအသေကောင်တစ်ကောင်အနားတွင် စုဝေးနေရာမှ ထလာသူများကဲ့သို့ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းမှ မေ့လျော့ပြီး အခြားစကားများဖြင့် အချိန်ကုန်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော မဂ်ျလိစ် ( ထိုင်ဝိုင်း ) သည် ကိယာမတ်နေ့တွင် ၎င်းတို့အတွက် ဝမ်းနည်းခြင်း ၊ ဆုံးရှုံးခြင်း၊ ရှက်ရွံ့နောင်တရခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်ပေမည်။
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူတို့၏ ပမာမှာ ရှင်သူနှင့်သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း၏ စာသားမှာ) "အလ္လာဟ်အရှင်မြတ်အား သတိရတသမှုရှိသော အိမ်နှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမရှိသော အိမ်၏ ပမာမှာ ရှင်သူနှင့် သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်။"
متفق عليهနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူ၏ ကွာခြားချက်ကို အသက်ရှင်သူနှင့် သေသူ၏ ကွာခြားချက်နှင့် ဥပမာထူး၍ ရှင်းလင်းတင်ပြတော်မူခဲ့သည်။ အကြောင်းမှာ ယင်းကွာခြားချက်သည် အကျိုးကျေးဇူးပေးနိုင်မှု၊ အသွင်အပြင်လှပမှုတို့တွင် အသက်ရှင်သူနှင့် သေသူ၏ ကွာခြားချက်နှင့် တူညီသောကြောင့် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အား သတိရတသသူ၏ ပမာမှာ အသက်ရှင်သူကဲ့သို့ဖြစ်၏။ ထိုသူ၏ အပေါ်ယံအသွင်အပြင်သည် အသက်ရှင်သန်မှု၏ အလင်းရောင်ဖြင့် တင့်တယ်လှပ၍၊ အတွင်းစိတ်သည်လည်း အသိပညာ၏ အလင်းရောင်ဖြင့် ထွန်းပြောင်နေပြီး အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သူဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမရှိသူ၏ ပမာမှာ သေသူကဲ့သို့ဖြစ်၏။ ထိုသူ၏ အပေါ်ယံအသွင်အပြင်သည် အကျိုးမဲ့ဖြစ်၍ အတွင်းစိတ်သည်လည်း မှားယွင်းပျက်စီးနေပြီး မည်သည့်အကျိုးကျေးဇူးကိုမျှ မဖြစ်ထွန်းစေနိုင်ပေ။ ထိုနည်းတူစွာ အိမ်တစ်အိမ်သည်လည်း ထိုအိမ်၌ နေထိုင်သူများက အလ္လာဟ်အရှင်မြတ်အား သတိရတသပါက အသက်ရှင်သော အိမ်ဟု သတ်မှတ်ခံရမည်။ အကယ်၍ သတိရတသမှုမရှိပါက အလ္လာဟ်အရှင်မြတ်၏ သတိရတသမှုမှ ပျောက်ဆုံးနေသော နေထိုင်သူများ ရှိသည့် အိမ်ဖြစ်၍ သေသော အိမ်ဟူ၍ သတ်မှတ်ခံရမည်။ အိမ်အား သက်ရှိ၊ သေသူဟု ခိုင်းနှိုင်းသုံးစွဲထားသော်လည်း အဓိကအားဖြင့် ယင်းအိမ်၌ နေထိုင်သူများကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
အဘူစအီဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တစ်ရက်သော အခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်တွင် ထိုင်တော်မူပြီး ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ပတ်ပတ်လည်တွင် ထိုင်ခဲ့ကြသည်။ ထို့နောက် ကိုယ်တော်မြတ်က မိန့်တော်မူသည်- " ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ လောကီ၏စည်းစိမ်အလှအပတွေဟာ သင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်။" ထိုအခါ လူတစ်ဦးက လျှောက်ထားသည်- "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကောင်းမှုသည် မကောင်းမှုကို ယူဆောင်လာနိုင်ပါသလား" ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိတ်ဆိတ်စွာ နေတော်မူခဲ့သည်။ ထို့ကြောင့် (လူတို့က) ထိုလူ့အား ပြောဆိုကြသည်- " အသင် ဘာဖြစ်နေတာလဲ၊ အသင်က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို စကားပြောနေပေမယ့် ကိုယ် တော်ကအသင့်အား စကားပြောတော်မမူဘူး (ပြန်လည်ဖြေကြားတော်မမူဘူး။) ထိုအချိန်တွင်ပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် ဝဟီဗျာဒိတ်တော် ကျရောက်နေသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (နဖူးမှ) ချွေးများကို သုတ်တော်မူပြီးနောက် မိန့်တော်မူသည်- "မေးမြန်းသူသည် မည်သည့်နေရာတွင်ရှိသနည်း။ ကိုယ်တော်သည် မေးမြန်းသူအား ချီးကျူးခဲ့ဟန်တူသည်။ ထို့နောက် မိန့်တော်မူသည်- "ကောင်းမှုသည် မကောင်းမှုကို မယူဆောင်လာနိုင်ပေ။ သို့သော် နွေဦးရာသီတွင် ပေါက်ရောက်သော မြက်ပင် (ကဲ့သို့သော လောကီစည်းစိမ်) သည် (အလွန်အကျွံစားသော တရိစ္ဆာန်ကို) အသက်ဆုံးရှုံးစေသည် သို့မဟုတ် အသက်ဆုံးရှုံးလုနီးနီး ဖြစ်စေတတ်သည်။ သို့ရာတွင် စိမ်းလန်းသောမြက်ပင်များကို စားသော တိရစ္ဆာန်သည် ဝမ်းဗိုက်ပြည့်အောင်စားပြီးသောအခါ နေရောင်ဘက်သို့ မျက်နာမူလိုက်သည် (နေပူစာ လှုံလိုက်သည်။) ထို့နောက် ကျင်ကြီးကျင်ငယ် စွန့်လိုက်ပြီး၊ ပြန်လည်စားသည်။ (ထိုသို့သော တိရစ္ဆာန်ကိုမူ မသေစေနိုင်ပေ။) ဧကန်စင်စစ် ဤဥစ္စာဓနသည် စိမ်းလန်းစိုပြေပြီး ချိုမြိန်သောအရာ ဖြစ်သည်။ မိမိ၏ဥစ္စာဓနများထဲမှ ဆင်းရဲသား၊ မိဘမဲ့ ကလေးနှင့် ခရီးသွားတို့အား ပေးကမ်းသူသည် အလွန်ကောင်းမွန်သည့် မွတ်စ်လင်မ်ဖြစ်သည်။ (သို့မဟုတ်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည့်အတိုင်းပင် ဖြစ်သည်။ သို့ရာတွင် ယင်းဥစ္စာဓနများကို မတရားသော နည်းလမ်းဖြင့် ရှာဖွေရယူထားသူသည် စားသောက်သော်လည်း ဗိုက်မပြည့်သည့်သူနှင့် တူပေသည်။ ထို့နောက် ယင်းဥစ္စာဓနများသည် ကိယာမတ်နေ့တွင် ၎င်းနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုသူဖြစ်လိမ့်မည်။"
متفق عليهတစ်ရက်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မင်န်ဗရ်ပေါ်ထိုင်ကာ မိမိ၏ တပည့်သာဝကများအား တရားဟောကြားလျက် ဤသို့ မိန့်ကြားတော်မူသည်- ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ မြေကမ္ဘာ၏ ကောင်းချီးမင်္ဂလာများ၊ လောကီ၏စည်းစိမ်အလှအပအဆင်တန်ဆာ၊ စိတ်လိုဖွယ် သာယာမှုများ၊ ထို့ပြင် အဝတ်အထည်၊ စိုက်ပျိုးရေး ကောက်ပဲသီးနှံနှင့် အခြားသော အရာများ အပါအဝင် အမျိုးစုံသော ပစ္စည်းဥစ္စာများသင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်။ ထိုအရာများသည် တည်တံ့မှု နည်း ပါးသော်လည်း လူတို့သည် ၎င်း၏ လှပမှုကို ဂုဏ်ယူဝင့်ကြွားလေ့ရှိကြသည်။" ထိုအခါ လူတစ်ဦးက လျှောက်ထားမေးမြန်းသည်မှာ- "လောကီ၏ စည်းစိမ်အလှအပတန်ဆာမှာ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ချီးမြှင့်သည့် နိအ်မသ်ကျေးဇူးတော်ပင် မဟုတ်ပါသလော။ ဤကျေးဇူးတော်သည် ဘေးဒုက္ခ၊ အပြစ်ဒဏ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသလော။ ထိုအခါ လူများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) သည် တိတ်ဆိတ်ငြိမ်သက်စွာ နေတော်မူသည်ကို တွေ့ရသဖြင့် မေးသူအား ပြစ်တင် ပြောဆိုကြသည်။ ထိုလူသည် တမန်တော်မြတ်အား အမျက်ဒေါသထွက်အောင် ပြုလုပ်ခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်၌ ဝဟီအမိန့်တော် ကျရောက်နေခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလာသည်။ ထို့နောက် ကိုယ်တော်သည် မိမိ၏နဖူးမှ ချွေးများကို သုတ်တော်မူကာ မိန့်ကြားတော်မူသည်- "မေးသူ အဘယ်မှာနည်း။ ထိုသူက"ကျွန်တော်မျိုးပါ" ဟု ဖြေကြားလေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပြီးနောက် ဤသို့ မိန့်ကြားတော်မူသည်- "စစ်မှန်သောကောင်းမှုသည် ကောင်းမှုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မဖြစ်စေပါ။ သို့ရာတွင် ဤလောကီစည်းစိမ်သည် စမ်းသပ်မှု၊ ပြိုင်ဆိုင်မှုနှင့် တမလွန်အတွက် စိတ်စွဲမြဲစွာ အာရုံစူးစိုက်မှု မရှိခြင်းသို့ ဦးတည်စေသောကြောင့် ကောင်းမှုသတ်သတ် မဟုတ်ပေ။" ထို့နောက် ထိုအကြောင်းကို ဥပမာတစ်ခုဖြင့် ရှင်းလင်းတော်မူသည်- "နွေဦးရာသီ၏ ပေါက်ပင်များနှင့် စိမ်းလန်းစိုပြည်သောမြက်ပင်များမှာ ကောက်ပဲသီးနှံတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်များအား နှစ်သက်စေကာ အလွန်အကျွံစားသုံးမိသောကြောင့် အစာအိမ်ပွကာ အသက်ဆုံးရှုံးစေသည် သို့မဟုတ် သေလုမျောပါးဖြစ်စေသည်အထိ ဖြစ်တတ်သည်။ သို့ရာတွင် စိမ်းလန်းသောမြက်ပင်များကို စားသောတိရစ္ဆာန်သည် ဝမ်းဗိုက်ပြည့်အောင်စားပြီးသောအခါ နေရောင်ဘက်သို့ မျက်နာမူလိုက်သည် (နေပူစာ လှုံလိုက်သည်။) ထို့နောက် ဝမ်းဗိုက်အတွင်းမှ အညစ်အကြေးများကို ပျော့ပြောင်းစွာ သို့မဟုတ်ချည့်နဲ့စွာ စွန့်ထုတ်ပစ်လိုက်သည်။ ထို့နောက် အစာအိမ်အတွင်းရှိ အစာများကို ပြန်ထုတ်၍ ဝါးပြီး မျိုချကာ ပြန်လည်စားသုံးပြန်သည်။ (ထိုသို့သော တိရစ္ဆာန်ကိုမူ မသေစေနိုင်ပေ။) ဧကန်စင်စစ် ဤဥစ္စာဓနသည် စိမ်းလန်းစိုပြေပြီး ချိုမြိန်သော အသီးအနှံနှင့် တူညီသည်။ ၎င်း၏ ပေါများလွန်းမှုကြောင့် သေစေနိုင်သည် (သို့မဟုတ်) သေလုမျောပါးဖြစ်စေနိုင်သည်။ သို့ရာတွင် လိုအပ်ချက်နှင့် လုံလောက်မှုရှိစေရန် ဟလာလ်နည်းလမ်းဖြင့် အနည်းငယ်သာ ကန့်သတ်ရယူပါက ဘေးအန္တရာယ် မရှိပေ။ မိမိ၏ ဥစ္စာဓနများထဲမှ ဆင်းရဲသား၊ မိဘမဲ့ ကလေးနှင့် ခရီးသွားတို့အား ပေးကမ်းသူသည် အလွန်ကောင်းမွန်သည့် မွတ်စ်လင်မ်ဖြစ်သည်။ မည်သူမဆို ထိုဥစ္စာပစ္စည်းကို မှန်ကန်သောနည်းလမ်းအတိုင်း ရှာဖွေရယူပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် ထိုဥစ္စာပစ္စည်းတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာကို ချီးမြှင့်ပေးသနားတော်မူမည်။ သို့ရာတွင် ယင်းဥစ္စာပစ္စည်းများကို မတရားသော နည်းလမ်းဖြင့် ရှာဖွေရယူထားသူသည် စားသောက်သော်လည်း ဗိုက်မပြည့်သည့်သူနှင့် တူပေသည်။ထို့နောက် ယင်းဥစ္စာပစ္စည်းများသည် ကိယာမတ်နေ့တွင် ၎င်းနှင့်ဆန့်ကျင်၍ သက်သေထွက်ဆိုသူဖြစ်လိမ့်မည်။