





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမတ်နေ့တွင် ဂျဟန္နမ်ငရဲသားများအနက် အပြစ်ဒဏ်အသက်သာဆုံးသူမှာ မီးဖြင့်ပြုလုပ်ထားသော ဖိနပ်နှစ်ဖက်နှင့် သဲကြိုးနှစ်ချောင်း (ဝတ်ဆင်ပေးခြင်းခံထားရသူ )ရှိသူဖြစ်ပြီး ထိုမီး၏ပူလောင်မှုကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးပူလောင်သည့်အခါ ပွက်ပွက်ဆူသကဲ့သို့ ပွက်ပွက်ဆူနေပေမည်။ သူသည် သူ့ထက်ပိုပြီး ပြင်းထန်သောပြစ်ဒဏ်ခံနေရသူ မရှိဟု ထင်နေလိမ့်မည်။ အမှန်စင်စစ် ထိုသူသည် အပြစ်ဒဏ်အသက်သာဆုံးသူပင်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကိယာမတ်နေ့တွင် ပြစ်ဒဏ်အသက်သာဆုံးဖြစ်သူသည် သူ့ခြေထောက်များတွင် မီးဖိနပ်နှစ်ဖက် တပ်ဆင်ခံရပြီး၊ ထိုဖိနပ်၏ အပူရှိန်ကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးကဲ့သို့ ဆူပွက်နေလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူသည် သူ့ထက်ပိုမိုပြင်းထန်သော ပြစ်ဒဏ်ကို မည်သူမျှ မခံစားရဟု ထင်မှတ်နေလိမ့်မည်။ သို့သော် သူသည် အမှန်တွင် အပြစ်ဒဏ်အသက်သာဆုံး ခံစားရသူဖြစ်နေပေမည်။ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်နှစ်မျိုးလုံးကို တစ်ပြိုင်နက်ခံစားရစေရန်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အစီးအနင်းစီးထားသူက လမ်းလျှောက်နေသူကို၊ လမ်းလျှောက်နေသူက ထိုင်နေသူကို၊ လူနည်းစုက လူအများစုကို စလာမ်နှုတ်ခွန်းဆက်ရမည်။ ဗုခါရီကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ - ငယ်သူက ကြီးသူကို၊ ဖြတ်သန်းသွားသူက ထိုင်နေသူကို လူအနည်းစုက လူအများစုကို စလာမ်နှုတ်ခွန်းဆက်ရမည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့ကြားတွင် “အတ်စ္စလာမုအာလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဗရကာသုဟူ” (အသင်တို့အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု၊ ကရုဏာတော်နှင့် ဗရကသ်မင်္ဂလာများ ကျရောက်ပါစေ။)ဟူ၍ စလာမ်ပေးနှုတ်ဆက်ခြင်းဆိုင်ရာ စည်းကမ်းတစ်ခုကို လမ်းညွှန်ပြတော်မူသည်။ ထိုစည်းကမ်းမှာ ငယ်သူက ကြီးသူကို၊ အစီးအနင်းစီးထားသူက လမ်းလျှောက်နေသူကို၊ လမ်းလျှောက်နေသူက ထိုင်နေသူကို၊ လူနည်းစုက လူအများစုကို စလာမ်ပေး နှုတ်ခွန်းဆက်ခြင်းဖြစ်သည်။
အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဗန္ဒဟ်ကျေးကျွန်များ၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည်။ ဗန္ဒဟ်တစ်ဦးသည် နေ့အချိန်၌ အပြစ်ကျူးလွန်မိပြီး ညအချိန်၌ သောင်ဗဟ်လုပ်(အမှားဝန်ချတောင်းပန်)လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ ထိုနည်းတူ ညအချိန်၌ အပြစ်ကျူးလွန်မိပြီး နေ့အချိန်၌ သောင်ဗဟ်(အမှားဝန်ချတောင်းပန်လျှင်) အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သောင်ဗဟ်ကို လက်ခံတော်မူသည်။ အရှင်မြတ်သည် သောင်ဗဟ်(အမှားဝန်ချတောင်းပန်မှု) အား ဝမ်းမြောက်တော်မူသဖြင့် မိမိ၏ လက်တော်ကို ၎င်းသောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည့်အနေဖြင့် ဖြန့်ထားတော်မူသည်။ ဤကမ္ဘာလောက၏ အဆုံးသတ်ကို ညွှန်ပြသည့်အနေဖြင့် နေသည် အနောက်အရပ်မှ ထွက်ချိန်တိုင်အောင် သောင်ဗဟ်ဝန်ချတောင်းပန်မှု၏တံခါးသည် ပွင့်လျက်ရှိသည်။ နေသည် အနောက်အရပ်မှ ထွက်သည့်အခါတွင် သောင်ဗဟ် ဝန်ချတောင်းပန်မှု၏တံခါးသည် ပိတ်သွားမည်ဖြစ်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှကာလပတ်လုံး အသင်တို့အနက်မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။
متفق عليهနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် မိမိအတွက် နှစ်သက်လိုလားသော ကောင်းမှုများ၊ သာသနာရေးနှင့် လောကီရေးတွင်ရှိသောကောင်းကျိုးအားလုံးကို မိမိ၏ညီနောင်အတွက်နှစ်သက်လိုလားခြင်း မရှိသရွေ့မိမိ၏အီမာန်သက်ဝင်ယုံကြည်မှုပြည့်ဝမည်မဟုတ်ပေ။ မိမိအတွက်မိမိမနှစ်သက်သောအရာများကို မိမိ၏ညီ နောင်အတွက်လည်း နှစ်သက်ခြင်းမျိုးမရှိရ။ အကယ်၍ မိမိ၏မွတ်စ်လင်မ်ညီနောင်တွင်ဘာသာရေးဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာကို တွေ့မြင်ပါက သူ့အားပြုပြင်ပေးရန် ကြိုးစားအားထုတ်ရမည်။ အကယ်၍သူ့ထံတွင်ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်ရပါက ထောက်ပံ့ကူညီပေးရမည်။ သူ့၏ဘာ သာရေး၊ လောကီရေးနှစ်ပတ်သက်၍ ကောင်းခြင်းကိုသာ ရှေးရှုပြီးပြောဆိုဆက်ဆံရမည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးအား ဆဲရေး တိုင်းထွာခြင်းသည် အမိန့်ဖီဆန်ခြင်း ဖြစ်ပြီး၊ ၎င်းအား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ် သွေဖည်ခြင်းဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးက မိမိ၏ညီနောင်မွတ်စ်လင်မ်တစ်ဦးအား ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် ဖစ်စ်က် (အပြစ်ဒုစရိုက်) ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အမိန့်နာခံမှုမှ ထွက်ခွာခြင်းဖြစ်သည်။ ထို့ပြင် မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်အား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် ကုဖ်ရ်ထိုက်သည့် အပြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် ကုဖ်ရ်အသေးစား ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ ယဟူဒီများနှင့် ခရစ်ယာန်များကို ဦးစွာ စလာမ်စတင်ပေးခြင်း မပြုကြနှင့်။ အကယ်၍ အသင်တို့ လမ်းတွင် သူတို့အနက်မှ တစ်ဦးဦးနှင့် တွေ့သည့်အခါ၊ သူ့အားလမ်း၏ အကျဉ်းဆုံးသို့ရောက်သည်အထိ ကျပ်တည်းအောင်ပြုလုပ်ကြလော့။ (တစ်နည်း လမ်းကျဉ်းသောနေရာမှ ၎င်းအား သွားစေလော့။)
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ယဟူဒီများနှင့် ခရစ်ယာန်များအား ဦးစွာ စလာမ်စတင်ပေးခြင်း မပြုရန် တားမြစ်ထားတော်မူသည်။ အကယ်၍ ၎င်းတို့သည် ဇင်မ္မီ ( အစ္စလာမ့်နိုင်ငံတော်အောက်တွင် အခွန်ပေးဆောင်၍ နေထိုင်ခြင်းကြောင့် ကာကွယ်ခံရသူ ) များဖြစ်နေသည့်တိုင် ဤတားမြစ်ချက်သည် သက်ရောက်မှုရှိပြီး၊ အခြားသော ကာဖိရ်များအပေါ်၌မူ ပို၍ပင် သက်ရောက်မှုရှိသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့သည်လမ်းတွင် ၎င်းတို့အနက်မှ တစ်ဦးဦးနှင့် တွေ့ဆုံပါက ထိုသူ့အား လမ်းအကျဉ်းဆုံးနေရာသို့ ရောက်သည်အထိ ကျပ်တည်းအောင်ပြုလုပ်ကြရန် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ မုအ်မင်န်သည် လမ်း၏ အလယ်ဗဟိုမှသာ လျှောက်ရမည်ပြီး၊ လမ်းဘေးသို့ကပ်၍ လျှောက်ရမည့်သူမှာ ကာဖိရ်သာလျှင် ဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို မွတ်စ်လင်မ်သည် သေးသိမ်သူ၊သိက္ခာမဲ့သူ အဖြစ်မရှိစေရပါ။
အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားထက် အလေးချိန်ပိုစီးသည့် အရာဟူ၍မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ညစ်ညမ်းသောအရာကို မုန်းတီးတော်မူသည်။
رواه أبو داود والترمذيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တစ်ဦး၏ ချိန်ခွင်၌ ချိန်တွယ်ခြင်းခံရမည့် အပြောအဆိုများ၊ လုပ်ရပ်များအနက် အလေးချိန်အစီးဆုံးအရာမှာ ကောင်းမြတ်သည့်ကိုယ်ကျင့်တရားပင်ဖြစ်သည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဟူသည် မျက်နှာချိုသာခြင်း၊ ဒုက္ခမှ ကာကွယ်ပေးခြင်း၊ ကောင်းကျိုးပြုခြင်း အစရှိသည်တို့ဖြစ်သည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော လုပ်ရပ်များ၊ စကားများနှင့် ရုန့်ရင်းကြမ်းတမ်းသော ညစ်ညမ်းသော အပြောအဆိုများကို မုန်းတီးတော်မူသည်။
ဟူစိုင်းန် ဗင်န် အလီ ( ရဿွိယလ္လာဟု အန်ဟုမာ ) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူသည်။ အကြင်သူ၏ ထံတွင် ငါကိုယ်တော် (၏အမည်အား) ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။
رواه الترمذي والنسائي في الكبرى وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မည်သူ့ဆီ၌ မိမိ၏အမည်၊ ကွန်ယဟ် (မိဘ၊ သားသမီးဘက်သို့ ဆက်နွယ်ကာ ခေါ်ဆိုသည့် နာမည် ဥပမာ- မည်သူမည်ဝါ၏ ဖခင်၊ မည်သူမည်ဝါ၏ သား) သို့မဟုတ် ဂုဏ်ပုဒ်ကို ဖော်ပြခံရ သော်လည်း မိမိအပေါ်၌ ဆွလာသ်( ဒရူးဒ် ) မပို့ခြင်းနှင့် ပတ်သတ်၍ သတိပေးခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- အကြင်သူ့ထံတွင် ငါကိုယ်တော်အား ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။ ၁။ စင်စစ် ၎င်းသည် အနည်းငယ်မျှပင် ဆုံးရှုံးမှုမရှိသော အရာတစ်ခုကို တွန့်တိုစေးနည်းခဲ့ခြင်းဖြစ်သည်။ (စင်စစ်) ထိုအရာအား ပြုလုပ်ရာတွင် ပစ္စည်းဥစ္စာအား သုံးစွဲရန် မလိုသလို၊ လုပ်အားကိုသုံးစွဲရန်လည်း မလိုပေ။ ၂။ ၎င်းသည် မိမိကိုယ်ကိုမိမိ စေးနည်းတွန့်တိုခဲ့သည့်အပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အပေါ် ဆွလာသ်( ဒရူးဒ် ) ပို့ခြင်း၏ အကျိုးဆုလာဘ်မှ မိမိကိုယ်ကို လက်လွတ်ဆုံးရှုံးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တမန်တော်မြတ်အား ဆွလာသ် ( ဒရူးဒ် ) မပို့ဘဲ နေခဲ့သည့်အတွက် စေးနည်းတွန့်တိုမှုပြုခဲ့သလို၊ ၎င်းအပေါ်၌ နာခံလိုက်နာရန် တာဝန်ရှိသော အရာတစ်ခုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ရရှိမည့် ဆုလာဘ်တော်မှလည်း မိမိကိုယ်ကို ကင်းမဲ့စေခဲ့သောကြောင့်ဖြစ်သည်။ ၃။ဧကန်စင်စစ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် ဆွလာသ်(ဒရူးဒ်) ပို့သခြင်းသည် တမန်တော်မြတ်(နှင့်ပတ်သတ်၍ လုပ်ဆောင်ရမည့်) အချို့သော ဝတ္တရားကို ကျေပွန်ခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာ ထိုတမန်တော်မြတ်သည်ပင် ကျွန်ုပ်တို့အား ပညာသင်ကြားပေးခဲ့သူ၊ လမ်းမှန်ညွှန်ကြားပြသခဲ့သူ၊ အလ္လာဟ်အရှင်မြတ်ထံသို့ ဖိတ်ခေါ်ခဲ့သူ၊ ဝဟီအမိန့်တော်နှင့် ရှရီအသ်တရားတော်ကို ယူဆောင်လာခဲ့သူ ဖြစ်သောကြောင့်တည်း။ တမန်တော်မြတ်သည်ပင် (အလ္လာဟ်အရှင်မြတ်ပြီးနောက်) ကျွန်ုပ်တို့ တရားလမ်းမှန်ရရှိခဲ့ခြင်း၏ အကြောင်းခံဖြစ်သည်။ သို့ပါလျက် မည်သူမဆိုတမန်တော်မြတ်အပေါ် ဆွလာသ် ( ဒရူးဒ် ) မပို့ပါက ၎င်းသည် မိမိကိုယ်ကိုမိမိ စေးနည်းတွန့်တိုခဲ့သည့်အပြင် မိမိတမန်တော်၏ အနည်းငယ်မျှသော ဝတ္တရားကို ကျေပွန်ရာတွင် စေးနည်းတွန့်တိုခဲ့သူပင်ဖြစ်သည်။
ဆဟ်လ် ဗင်န် မုအာဇ် ဗင်န် အနတ်စ် က မိမိ၏ဖခင်ထံမှဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေးတော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။
رواه أبو داود والترمذي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစားအသောက်စားပြီးသောအခါ အရှင်မြတ်အားချီးမွမ်းထောမနာပြုရန် တိုက်တွန်းထားလေရာ ကျွန်တော်မျိုးထံတွင် အစားအသောက်ကို ရှာဖွေရယူနိုင်သည့်စွမ်းအားနှင့် စားသောက်နိုင်သည့်စွမ်းအားမရှိကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ကူညီစောင်မခြင်းဖြင့်သာ ရရှိနိုင်ကြောင်းကို ပြောဆို၍အရှင်မြတ်အား ချီးမွမ်းရမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အထက်ပါဒုအာကို ရွတ်ဆိုသူသည် ၎င်းသူယခင်က ကျူးလွန်ခဲ့သော အကုသိုလ်အသေးများကို အလ္လာဟ်အရှင်မြတ်ကခွင့်လွတ်ချမ်းသာပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးခဲ့သည်။