





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရပေ။
رواه أبو داود والترمذي والنسائيအဇာန်နှင့် အိကာမသ်၏ ကြားတွင် ဒုအာတောင်းခံခြင်း၏ မွန်မြတ်မှုနှင့် ထိုအချိန်၌ ဒုအာတောင်းခံခြင်းသည် ပယ်ချခြင်းမခံရဘဲ အလျင်အမြန် လက်ခံခြင်း ခံရတော်မူသည်ဟု တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မှ ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤဒုအာကို အမြဲတစေ ရွတ်ဖတ်တော်မူလေ့ရှိခဲ့သည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အကာ အကွယ် မှီခိုအားထားရာဖြစ်သည့် ဒီးန်သာသနာကို ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန် အောင်ပြု လုပ်ပေးတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုး၏ရှင်သန်နေထိုင်ရာနေရာဖြစ်သော ဒွန်ယာလောကကိုလည်း ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန်အောင်ပြုလုပ်ပေးတော်မူပါ။ ကျွန်တော်မျိုး ပြန်လည့်သွားရမည့် အာခိရသ်နောင်တမလွန်ဘဝကိုလည်း ကျွန်တော်မျိုးအတွက် တည့်မှန်မှန်ကန်စေတော်မူပါ။ ၎င်းပြင် အသက်ထင်ရှားရှိခြင်းကိုလည်း ကျွန်တော်မျိုးအဖို့ အလုံးစုံသော ကောင်းမှုများ၏ တိုးတက်ရာတိုးတက်ကြောင်းအဖြစ်ပြုလုပ်ပေးတော်မူပါ။ ထို့ပြင် သေခြင်းတရားကို ကျွန်တော်မျိုးအဖို့ အလုံးစုံသောမကောင်းမှုမှ လွှတ်မြောက်မှုရရန် အကြောင်းတရားအဖြစ်ပြုလုပ်ပေးတော်မူပါ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဒုအာတစ်ပုဒ်တွင် မိမိကိုယ်တော်တိုင် ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် စေလွှတ်တော်မူခြင်းခံရသော မြင့်မြတ်သည့် ကိုယ်ကျင့်တရားလက္ခဏာများ၏ အခြေခံမူများကို စုစည်းတင်ပြထားတော်မူသည်။ ယင်းတို့မှာ သာသနာရေး၊ လောကီရေးနှင့် တမလွန်အရေးတို့၏ ကောင်း ကျိုးချမ်းသာ (အဆင်ပြေချောမွေ့မှု)ပင်ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤသုံးမျိုးလုံး၏ အဆင်ပြေချောမွေ့မှု အတွက် ဒုအာတောင်းရန် နည်းလမ်းကို စကားလုံးတိုတောင်းလှပြီး အဓိပ္ပါယ်ကျယ်ဝန်းသောစကားရပ်ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ဒုအာတောင်းခြင်းကို ဒီန်သာသနာ အဆင်ပြေချောမွေ့မှု ရရှိစေရေးဖြင့် စတင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဒီန်သာသနာရေး အဆင်ပြေချောမွေ့မှု ဖြင့်သာလျှင် လောကီနှင့် တမလွန် နှစ်ဌာနစလုံး အဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ ဒုအာတောင်းတော်မူခဲ့သည်။ اللهُمَّ أَصْلِحْ لِي دِينِي (အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအတွက် ကျွန်တော်မျိုး၏ဒီန်(ဘာသာရေး)ကို တည့်မှတ်မှန်ကန်စေတော်မူပါ။) ( တစ်နည်း ) အရှင်မြတ် ကျွန်တော်မျိုးအား ယင်းသာသနာ၏စည်းမျဉ်းများကို ပြည့်ဝစုံလင်စွာ ကျင့်ဆောင်နိုင်ရန် စွမ်းအားပေးသနားတော်မူပါ။ الَّذِي هُوَ عِصْمَةُ أمري ( ထိုဒီန်သည် ကျွန်တော်မျိုး၏ကိစ္စအဝဝ၏ အကာအ ကွယ်ပင်ဖြစ်ပါသည်။) ကျွန်တော်မျိုး၏ ဒီန်သာသနာရေး ပျက်စီးသွားပါက ကျွန်တော်မျိုး၏ကိစ္စအားလုံးပျက်စီးသွားမည်ဖြစ်ပြီး ကျွန်တော်မျိုးသည်လည်း ပျက်စီးဆုံးရှုံးသွားမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မဖြစ်မနေလိုအပ်သည့် သာသနာရေး၏ အဆင်ပြေချောမွေ့မှုသည် လောကီရေး၏ အဆင်ပြေချောမွေ့မှုမပါဘဲ ပြီးပြည့်စုံနိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ဆက်လက်၍ ဒုအာဆုတောင်းတော်မူခဲ့သည်- وَأَصْلِحْ لِي دُنْيَايَ ( ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအတွက် ကျွန်တော်မျိုး၏ လောကီကို တည့်မှတ်မှန်ကန်အောင် ပြုလုပ်ပေးတော်မူပါ။) ( တစ်နည်း ) ကျန်းမာရေး၊ ဘေးကင်းလုံခြုံမှု၊ စားနပ်ရိက္ခာ၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် ဇနီးမယား၊ ကောင်းမွန်သော သားသမီးရတနာများ၊ စသည့် ကျွန်တော်မျိုး လိုအပ်သောအရာများကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုအရာများအားလုံးသည် ဟလာလ်(ခွင့်ပြုထားသော)ဖြစ်ပြီး၊ အရှင်မြတ်၏အမိန့်နာခံမှုအပေါ် အကူအညီပေးသောအရာများ ဖြစ်စေရန်အတွက် ဖြစ်သည်။ ထို့နောက် လောကီရေး အဆင်ပြေချောမွေ့စေရေးအတွက် ဒုအာတောင်းရခြင်း၏ အကြောင်းရင်းကို ရှင်းပြရင်း ဤသို့ဆက်လက်၍ ဒုအာတောင်းတော်မူခဲ့သည်- الَّتِي فِيهَا مَعَاشِي ( ထိုလောကီကမ္ဘာ)ထဲတွင်သာလျှင် ကျွန်တော်မျိုး၏အသက်ရှင်ရပ်တည်ရေးရှိပါသည်။ ( တစ်နည်း ထိုလောကီသည်)ကျွန်တော်မျိုး နေထိုင်ရာနေရာ၊ ကျွန်တော်မျိုး၏ ရှင်သန်ရာအချိန်ကာလ ဖြစ်ပါသည်။ وَأَصْلِحْ لِي آخِرَتِي الَّتِي فِيهَا مَعَادِي (ထို့ပြင် ကျွန်တော်မျိုး ပြန်လည့်သွားရမည့် အာခိရသ်နောင်တမလွန်ဘဝကိုလည်း ကျွန် တော်မျိုးအတွက် တည့်မှန်မှန်ကန်စေတော်မူပါ။) ( တစ်နည်း ) အရှင်မြတ်နှင့် တွေ့ဆုံရန်အတွက် ကျွန် တော်မျိုးပြန်လာရမည့် နေရာဖြစ်ပါသည်။ သို့ရာတွင် ၎င်းအား အမလ်ကောင်းမှုကုသိုလ်များ၏ ချောမွေ့ပြေပြစ်မှုနှင့် အလ္လာဟ်အရှင်မြတ်က ဗန္ဒဟ်ကျေးကျွန်အား အိဗာဒသ်ခဝပ်ကိုးကွယ်ခြင်း၊ အိခ်လားစ်ွ စိတ်စေတနာဖြူစင်ခြင်းနှင့် ကောင်းသော အဆုံးသတ်ကို ပေးသနားတော်မူခြင်းတို့ဖြင့်သာ ရရှိနိုင်မည် ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွလလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်သည်) နောင်တမလွန်ဘဝကို ဤလောကီဘဝ၏ နောက်၌ အစီစဉ်တကျထားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤလောကီဘဝသည် နောင်တမလွန်ဘဝကို ပြုပြင်ရန် လမ်းစပင်ဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို မိမိ၏ လောကီဘဝတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုအတိုင်း ဖြောင့်မတ်စွာ ကျင့်မူဆောက်တည်ခဲ့လျှင်၊ ထိုသူ၏ နောင်တမလွန်ဘဝသည်လည်း ဖြောင့်မတ်ကောင်းမွန်ပြီး ထိုဘဝ၌ ၎င်းသည် ပျော်ရွှင်စွာ နေရလိမ့်မည်။ وَاجْعَلِ الْحَيَاةَ زِيَادَةً لِي فِي كُلِّ خَيْرٍ ( ၎င်းပြင် အသက်ထင်ရှားရှိခြင်းကိုလည်း ကျွန်တော်မျိုးအဖို့ အလုံးစုံသော ကောင်းမှုများ၏ တိုးတက်ရာတိုးတက်ကြောင်းအဖြစ်ပြုလုပ်ပေးတော်မူပါ။ ) (တစ်နည်း ) ကောင်းမှုကုသိုလ်များကို များများလုပ်နိုင်ရန် ရှည်လျားသော သက်တမ်းကို ပြုလုပ်ပေး တော်မူပါ။ وَاجْعَلِ الْمَوْتَ رَاحَةً لِي مِنْ كُلِّ شَرٍّ (ထို့ပြင် သေခြင်းတရားကို ကျွန်တော်မျိုးအဖို့ အလုံးစုံသောမကောင်းမှုမှ လွှတ်မြောက်မှုရရန် အကြောင်းတရားအဖြစ်ပြုလုပ်ပေးတော်မူပါ။) ( တစ်နည်း ) သေခြင်းတရားနှင့် ၎င်း၏မြန်ဆန်စွာရောက်ရှိမှုကို ကျွန်တော်မျိုးအတွက် ဖိသ်နဟ်ပြသနာများ၊ အပြစ်ကျူးလွန်ခြင်းဖြင့် စမ်းသပ်ခံရခြင်း၊ (အရှင်မြတ်အား) မေ့လျော့ခြင်းစသော ဆိုးယုတ်မှုအားလုံးမှ ချမ်းသာရာရပြီး၊ လောကီ၏ ဒုက္ခဆင်းရဲများနှင့် ပူဆွေးသောကများမှ လွတ် မြောက်ပြီး အနားရရှိရန်လည်း ဖြစ်ပါသည်။
အဗူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်သည် ဤ ဒုအာကို အမြဲ တောင်းတော်မူလေ့ရှိသည်။ «رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှားမှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ပြီးပြည့်ဆုံသည့်အနှစ်ချုပ် ဒုအာများထဲမှတစ်ခုမှာ - အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၏ အမှားများ၊အပြစ်များ၊ ကျွန်တော်မျိုး၏ အသိပညာကင်းမဲ့မှုများနှင့် ကျွန်တော်မျိုး မသိနားမလည်ဘဲ ဖြစ်ပေါ်ခဲ့သည့် အရာများကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး၏ ကိစ္စအရပ်ရပ်တွင် အလွန်အ မင်းပြုမူမိခြင်း၊ ကျွန်တော်မျိုး၏ ပျက်ကွက်မှုများနှင့် ကျွန်တော်မျိုး၏ ကန့်သတ်ချက်များကို ကျော်လွန်ခြင်းတို့တွင် ( ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကျွန်တော်မျိုးထက် အရှင်မြတ်ပိုသိတော်မူသည့် အရာများတွင်လည်း (ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ထိုအကြောင်းအရာကိုသိရှိတော်မူပြီး ကျွန်တော်မျိုးသည် မေ့လျော့ခဲ့ပါသည်။ အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များ၊ ကျွန်တော်မျိုး၏ တမင်ရည်ရွယ်ပြုလုပ်မိသည့်အမှား၊ ကျွန်တော်မျိုးထံမှ ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာသော အရာများ၊ ကျွန်တော်မျိုးကိုယ်တိုင် သိရှိထားသော ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး၏ အတည်အတံပြောဆိုမှု နှင့် နောက်ပြောင်ပြောဆိုမှုတို့မှ ထွက်ပေါ်လာသော အရာများ၊ ကျွန်တော်မျိုးထံမှ အခြေအနေနှစ်မျိုးလုံးတွင် ဖြစ်ပေါ်ခဲ့သမျှကို ခွင့်လွှတ်တော်မူပါ။ ထိုအရာအားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိပါသည်။ ထိုစုစည်းတင်ပြထားသော အပြစ်များနှင့် ချို့ယွင်းချက်များအားလုံးကို (ကျွန်တော်မျိုးကျူးလွန်မိပါသည်။) အို - အလ္လာဟ်အရှင်မြတ်၊ကျွန်တော်မျိုး ယခင်ကျူးလွန်ခဲ့သော အပြစ်များနှင့် နောင်တွင်ကျူးလွန်မိမည့် အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး လျှို့ဝှက်စွာကျူးလွန်မိခဲ့သောအရာများနှင့် ကျွန်တော်မျိုး ပေါ်ပေါ်ထင်ထင်ကျူးလွန်မိခဲ့သောအရာများကို ခွင့်လွှတ်တော်မူပါ။ “ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်”။ အရှင်မြတ်၏ အဖန်ဆင်းခံများအနက်မှ အရှင်မြတ်အလိုရှိတော်မူသောသူကို ကောင်းမှုများပြုလုပ်နိုင်သည့် အခွင့်အရေးပေးတော်မူပြီး မိမိ၏ ကရုဏာတော်ဘက်သို့ ရှေ့ရှုတွန်းပို့တော်မူသည်။ ထိုနည်းတူ အရှင်မြတ်သည်အဖန်ဆင်းခံများအနက်မှ မိမိအလိုရှိတော်မူသော သူကို (ထိုသို့သော အခွင့်အရေးမှ) ချန်ထားခဲ့ပြီး နောက်သို့ရွှေ့ဆိုင်းထားတော်မူသည်။ အရှင်မြတ် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရာများကို မည်သူမျှ ရှေ့သို့မတွန်းပို့နိုင်ပါ၊ ထို့ပြင် အရှင်မြတ် ရှေ့သို့တွန်းပို့တော်မူသော အရာများကိုလည်း မည်သူမျှ နောက်သို့မရွှေ့ဆိုင်းနိုင်ပါ။ ထို့ပြင် အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူပါသည်။ တစ်နည်း ပြည့်ဝသောစွမ်းရည်နှင့် အလိုဆန္ဒအပြည့်အစုံရှိတော်မူသောအရှင်၊ အလိုရှိတော်မူသမျှကို ပြုလုပ်ဆောင်ရွက်တော်မူသော အရှင်ဖြစ်ပါသည်။
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) သည်ညနေခင်း အချိန်ခါနှင့် မနက်ခင်းအခ်ျန်ခါတို့၌ ဤ တောင်းဆုဒုအာများကို မဖတ်ဘဲ နေ တော်မူလေ့မရှိပေ။ اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي». အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လောကီနှင့် နောင်တမလွန်ဘဝတွင် အာဖိယသ်( ကိုယ်စိတ်နှစ်ဖျာ ကျမ်းမာ၊ချမ်းသာမှု ) ကို အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ သာသနာရေး၊ လောကီအရေး၊ မိသားစု ရေးနှင့် ပစ္စည်း ဥစ္စာရေးတို့တွင် ခွင့်လွှတ်ချမ်းသာ ပေးမှုနှင့် အာဖိယသ် ( ကိုယ်စိတ်နှစ်ဖျာ ကျမ်းမာ၊ချမ်းသာမှု ) ကို အရှင်မြတ်ထံ တောင်းခံပါ၏။ ထို့ပြင် ကျွန်တော်မျိုး၏ လျှို့ဝှက်အပ်သော ( အရှက်တကွအကျိုးနည်းဖြစ်စေမည့် ) အရာများကို ဖုံးကွယ်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ စိတ်သောကများကို ငြိမ်းအေးစေတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား မိမိ၏ အရှေ့မှ သော်လည်း ကောင်း၊ အနောက်မှသော်လည်း ကောင်း၊ ညာဘက်မှသော်လည်း ကောင်း၊ ဘယ်ဘက်မှသော်လည်း ကောင်း၊ အပေါ်မှသော်လည်း ကောင်း၊ အောက်မှသော်လည်းကောင်း ထိန်းသိမ်းစောင့်ရှောက်တော်မူပါ။ အရှင်မြတ်၏ ကြီး ကျယ်မြင့်မြတ်လှသော ဂုဏ်တော်အားဖြင့် ကျွန်တော်မျိုး၏ အောက်ဘက်မှ ရုတ်တရက်ဖျက်စီး ခံရခြင်း ( မြေမြိုခံရခြင်း ) မှ ကင်းလွှတ်ရန် အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
رواه أبو داود والنسائي وابن ماجه وأحمدတမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) သည်ညနေခင်း အချိန်ခါနှင့် မနက်ခင်းအခ်ျန်ခါတို့၌ ဤ တောင်းဆုဒုအာများကို မဖတ်ဘဲ နေ တော်မူလေ့မရှိပေ။ اللَّهُمَّ إِنِّي أَسْأَلُكَ ) العافيةَ) အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရောဂါဝေဒနာများ၊ ဘေးဒုက္ခများ၊ လောကီပြဿနာများ၊ ဖြားယောင်းသွေးဆောင်မှုများနှင့် ဒီန်သာသနာနှင့် သက်ဆိုင်သည့်စမ်းသပ်မှုများမှ အရှင်မြတ်ထံ အာဖီယသ်ကိုတောင်းခံပန်ကြားပါ၏။ (في الدنيا والآخرة) လောကီဘဝ၌ဖြစ်စေ၊ တမလွန်ဘဝ၌ဖြစ်စေ၊ တစ်နည်း မြန်မြန်ရောက်လာသော ဘေးဒုက္ခဖြစ်စေ၊ နောက်ကျမှရောက်လာသော ဘေးဒုက္ခဖြစ်စေ အားလုံးမှ ( အရှင်မြတ်ထံ အာဖီယသ်ကို တောင်းခံပန်ကြားပါ၏။ ) ( اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي) အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ခွင့်လွှတ်ခြင်းကို တောင်းခံပန်ကြားပါ၏။( တစ်နည်း ) အပြစ်များကို ပယ်ဖျက်ပေးတော်မူခြင်းနှင့် ထိုအပြစ်များမှ ခွင့်လွှတ်တော်မူခြင်းကိုတောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ အာဖိယသ်ကို တောင်းခံပန်ကြားပါ၏။ ( တစ်နည်း ) ကျွန်တော်မျိုး၏ သာသနာ့ယုံကြည်ချက်တွင် ရှိရ်က်၊ ဗိဒ်အသ်များနှင့် အပြစ်အကုသိုလ်များဖြစ်စေ၊ လောကီဘဝတွင် ဘေးဒုက္ခများ၊ နှောင့်ယှက်နှိပ်စက်မှုများနှင့် ဆိုးယုတ်မှုများမှ ဖြစ်စေ၊ ကျွန်တော်မျိုး၏ဇနီးမယား၊ သားသမီးများ၊ ဆွေမျိုးများနှင့်ဆိုင်သော အရာများ ဖြစ်စေ၊ သို့မဟုတ် ကျွန်တော်မျိုး၏ ပစ္စည်းဥစ္စာများနှင့် လုပ်ဆောင်ချက်များနှင့်ဆိုင်သော အရာများဖြစ်စေ စသည့် ချို့ယွင်းချက်များမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي" အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၌ရှိသော ချို့ယွင်းချက်များ၊ အားနည်းချက်များကို ဖုံးကွယ်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ ပြစ်မှုများကို ပယ်ဖျက်ပေးတော်မူပါ။ ကျွန်တော်မျိုး၏ ကြောက်ရွံ့တုန်လှုပ်မှုများကို အေးချမ်းမှုပေးပါ။ اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي" အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား ရှေ့၊ နောက်၊ ယာ၊ ဝဲ၊ အထက်ဘက် စသော အရပ်မျက်နှာအားလုံးမှ အန္တရာယ်ပေးသောအရာများအားလုံးနှင့် စမ်းသပ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးတော်မူပါ။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် စမ်းသပ်မှုများသည် ဤအရပ်မျက်နှာများမှသာ လူသားထံ ရောက်ရှိလာလေ့ရှိသောကြောင့်ဖြစ်သည်။ "وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي" ထို့အပြင် ကျွန်တော်မျိုးသည် အောက်ခြေ(မြေကြီး)မှ ရုတ်တရက် မြေမျိုချခံရခြင်း၊ ရုတ်တရက်ဖမ်းဆီးအရေးယူခံရခြင်း၊ သတိမေ့လျော့လျက်ရှိနေစဥ် ပျက်စီးခြင်း၊ မြေကြီးကွဲကျွံ၍ ပျက်စီးခြင်းမှ အရှင်မြတ်၏ ကြီးကျယ်မှုအားဖြင့် ခိုလှုံပါ၏။
မိခင်မွန်ကြီး အာအိရှဟ် ( ရဿွိယလ္လာဟု အန်ဟာ )ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ် )သည် သူမအား ဤ ဒုအာကို သင်ကြားပေးတော်မူခဲ့သည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် ကောင်းမှုများကော၊ မသိသည့် ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏။ အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်က အရှင်မြတ်ထံ တောင်းခံပန်ကြားခဲ့သည့် ကောင်းမှုကို ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် အရှင်မြတ်၏ ကျေးကျွန်နှင့် ရစူလ်တမန်တော်က အရှင်မြတ်ထံ ခိုလှုံမှုပြုခဲ့သည့် မကောင်းမှုဘေး အန္တရာယ်မှ ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ဂျန္နသ်သုခဘုံနှင့် ထိုဂျန္နသ်သုခဘုံနှင့် နီးကပ်အာင်ပြုလုပ်ပေးမည့်အပြောအဆို၊ လုပ်ရပ်များကို တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်တာ်မျိုးသည် ဂျဟန္နမ်ငရဲမီးနှင့် ထိုဂျဟန္နမ်ငရီမီးနှင့် နီးကပ်စေမည့် အပြောအဆို၊ လုပ်ရပ်များမှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ထို့ပြင် ကျွန်တော်မျိုးအတွက် အရှင်မြတ် သတ်မှတ်ဆုံးဖြတ်တော်မူသည့် ဆုံးဖြတ် ချက်တိုင်းကို ကောင်းမွန်သည့်အရာအဖြစ်ပြုလုပ်သတ်မှတ်ပေးရန် ကျွန်တော်မျိုး အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။
رواه ابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) အားပြီးပြည့်စုံလှသော ဒုအာ (၄)ခုကို သင်ပေးတော်မူခဲ့သည်။ ၎င်းတို့မှာ - ပထမ ဒုအာ - အလုံးစုံသော ကောင်းခြင်းများအတွက် ယေဘုယျ ဒုအာတောင်းခြင်း။ اللَّهُمَّ إِنِّي) أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ ) ဆိုလိုရင်းမှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှအရှင်မြတ် ကျွန်တော်မျိုးအား သင်ကြားပြသတော်မူခဲ့သည့်ကျွန်တော်မျိုးသိရှိထားသော ကောင်းမှုများနှင့် အရှင်မြတ်၏အတိုင်း အဆမရှိသော အသိဉာဏ်ပညာ၌ရှိသည့် ကျွန်တော်မျိုး မသိရှိသေးသော ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ဤဒုအာတွင် ကိစ္စအရပ်ရပ်ကို အရာရာကို အကြွင်းမဲ့သိရှိတော်မူသော၊ အရာခပ်သိမ်း ၏သတင်းကိုပိုင်ဆိုင်တော်မူသော၊ လျှို့ဝှက်ဖုံးကွယ်ထားသောအရာများကိုပါ ကောင်းစွာသိတော်မူသော အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်ခြင်းပါဝင်သည်။ သို့မှသာ အရှင်မြတ်သည် မွတ်စ်လင်မ်အတွက် အမြတ်ဆုံးနှင့် အကောင်းဆုံးသောအရာများကို ရွေးချယ်ချီးမြှင့်တော်မူမည်ဖြစ်သည်။ وَأَعُوذُ) بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ) ဆိုလိုရင်းမှာ - ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏။ ဒုတိယ ဒုအာ - မွတ်စ်လင်မ်တစ်ဦးအား ဒုအာဆုတောင်းရာတွင် လွန်ကဲစွာ တောင်းဆိုခြင်းမှ ကာကွယ်ပေးသော ဒုအာ။ اللَّهُمَّ إِنِّي) أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ) ဆိုလိုရင်းမှာ - "အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ ကျေး ကျွန်နှင့် ရစူလ်တမန်တော်(မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အရှင်မြတ်ထံ တောင်းခံပန်ကြားခဲ့သည့် ကောင်းမှုကို ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ وَأَعُوذُ بِكَ مِنْ شَرِّ مَا) عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ ) ဆိုလိုရင်းမှာ - ထို့ပြင် အရှင်မြတ်၏ ကျေး ကျွန်နှင့် ရစူလ်တမန်တော်(မုဟမ္မဒ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အရှင်မြတ်ထံ က အရှင်မြတ်ထံ ခိုလှုံမှုပြုခဲ့သည့် မကောင်းမှုဘေး အန္တရာယ်မှ ကျွန်တော်မျိုးလည်း အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။ ဤသည် အလ္လာဟ်အရှင်မြတ်ထံ တမန်တော်မြတ် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိအတွက် တောင်းခဲ့သည့် ဒုအာများအတိုင်း အလ္လာအရှင်မြတ်က ဒုအာတောင်းသူအား ချီးမြှင့်ပေး တော်မူရန် တောင်းဆိုခြင်းဖြစ်သည်။ တမန်တော်မြတ် တောင်းခဲ့သည့် ဒုအာအမျိုးအစားများကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။ တတိယ ဒုအာ - ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ဂျဟန္နမ်ငရဲမှ ကင်းကွာနိုင်ရန်အတွက် တောင်းဆိုခြင်းဖြစ်သည်။ ဤသည် မုစ်လင်မ်တိုင်း၏ ပန်းတိုင်နှင့် ရည်မှန်းချက်ဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်အားလုံး၏ အဆုံးစွန်သော ရလဒ်လည်းဖြစ်သည်။ اللهم إِنِّي أَسْأَلُكَ) الْجَنَّةَ) (အိုအလ္လာဟ်အရှင်မြတ် ၊ ကျွန်တော်မျိုး အရှင်မြတ်ထံ ဂျန္နတ်သုခဘုံကို တောင်းခံပန်ကြားပါ၏) တစ်နည်း ထို ဂျန္နသ်သုခဘုံကို ဆွတ်ခူးရရှိရန်အတွက်ဖြစ်သည်။ وَمَا قَرَّبَ إِلَيْهَا مِنْ) قَوْلٍ أَوْ عَمَلٍ) ဂျန္နသ်သုခဘုံသို့နီးကပ်စေသော စကားနှင့် လုပ်ရပ်ဟူသမျှကိုလည်း တောင်းခံပန်ကြားပါ၏) တစ်နည်း အလ္လာဟ်အရှင်မြတ် နှစ်သက် စေသောစကားနှင့် လုပ်ရပ်များကိုဆိုလိုသည်။ وَأَعُوذُ بِكَ) مِنْ النَّارِ) (ထို့ပြင် ကျွန်တော်မျိုးသည် ငရဲမီးဘေးမှ အရှင်မြတ်ထံ ခိုလှုံပါ၏) အဘယ်ကြောင့်ဆိုသော် မကောင်းမှုဒုစရိုက်များ၏ အကျိုးဆက်မှ အရှင့်ကရုဏာတော်မှတစ်ပါး အကာ အကွယ်ပေးနိုင်သောအရာ ဟူ၍ အလျှင်းမရှိသောကြောင့်ဖြစ်သည်။ وَمَا قَرَّبَ إِلَيْهَا مِنْ) قَوْلٍ أَوْ عَمَلٍ) (ထိုငရဲမီးသို့ချဉ်းကပ်စေသော စကားနှင့် လုပ်ရပ်ဟူသမျှမှလည်း ခိုလှုံပါ၏) တစ်နည်း အရှင်မြတ်ကို အမျက်ထွက်စေသော အပြစ်အကုသိုလ်များမှ ခိုလုံခွင့်တောင်းခံခြင်းကိုဆိုလိုသည်။ စတုတ္ထ ဒုအာ- အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အား ကျေနပ်နှစ်သက်မှုရှိရန် တောင်းဆိုခြင်း။ (وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا) (ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအတွက် စီရင်ချမှတ်တော်မူသော အမိန့်တိုင်းကို ကျွန်တော်မျိုး ၏အတွက် အကောင်းဆုံးဖြစ်စေတော်မူရန် တောင်းခံပန်ကြားပါ၏။) တစ်နည်း အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအတွက် စီရင်ချမှတ်တော်မူသော အရာတိုင်းကို ကျွန်တော်မျိုးအတွက် အကောင်းဆုံးဖြစ်စေရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်အား ကျေနပ်နှစ်သက်မှုရှိရန် တောင်းဆိုခြင်း။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ တောင်းဆုဒုအာများထဲမှ (ဤဒုအာ) လည်းပါဝင်သည်။ အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လေးခုသော အရာမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်- ပထမ- (اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ) ဆိုလိုသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဒီန်သာသနာ့အရေးနှင့် လောကီဆိုင်ရာ အရှင်မြတ်ချီးမြှင့် တော်မူထားသည့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးရခြင်းမှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ထို့ပြင် ကျွန်တော်မျိုး အစ္စလာမ်သာသနာအပေါ် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် နိအ်မသ်ကျေးဇူးတော်များကို ဆုံးရှုံးစေသည့် အပြစ်များကိုကျူးလွန်ခြင်းမှ ကင်းဝေးစေရန် အရှင်မြတ်ထံ ခိုလှုံပါ၏။ ဒုတိယ- ( وَتَحَوُّلِ عَافِيَتِكَ) ဆိုလိုသည်မှာ- ထို့ပြင် အရှင်မြတ် ချီးမြှင့် တော်မူထားသောဖြစ်သော အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု) သည်ပြဿနာနှင့် စမ်းသပ်မှုများအဖြစ် ပြောင်းလဲသွားခြင်းမှ ခိုလှုံပါ၏။ ထို့ပြင် စဉ်ဆက်မပြတ် အာဖီယဟ် (ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု)နှင့် နာကျင်မှုဒုက္ခများနှင့်ရောဂါဘယများမှ ကင်းဝေးရန် အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ တတိယ -(وَفُجَاءَةِ نِقْمَتِكَ) ဆိုလိုသည်မှာ- အရှင်မြတ်၏ ရုတ်တရက် ပြစ်ဒဏ်ခတ်မှု( ေဘးဒုက္ခ) မှ ခိုလှုံပါ၏။ အကြောင်းမှာ ပြစ်ဒဏ်နှင့် အရေးယူမှုသည် ရုတ်တရက်ကျရောက်လာပါက လူသားသည် သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းနှင့် မိမိကိုယ်ကို ပြုပြင်ခြင်းအတွက် အချိန်မရနိုင်တော့ပေ။ ထို့ကြောင့် ထိုပြစ်ဒဏ်ချမှတ်ခံသူ၏ ဘေးဒုက္ခ သည် ပို၍ကြီးမားပြီး ပို၍ပြင်းထန်ပေသည်။ စတုတ္ထ - (وَجَمِيعِ سَخَطِكَ ) ဆိုလိုသည်မှာ- အရှင်မြတ်အား အမျက်ဒေါသထွက်စေသည့် အရာတိုင်းမှ ခိုလှုံပါ၏။ အဘယ် ကြောင့်ဆိုသော် အရှင်မြတ် အမျက်ထွက်တော်မူသောသူသည် ဧကန်မုချ ပျက်စီးရှုံးနိမ့်သွားသောကြောင့် ဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် "အားလုံး" ဟူသော စကားလုံး ("ဂျမီအ်") ကို အသုံးပြုခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အမျက်တော်စူးရှစေသော အကြောင်းရင်းအားလုံး- နှုတ်ထွက်စကားများ၊ ပြုမူလုပ်ဆောင်ချက်များနှင့် ယုံကြည်ချက်များ အားလုံး ခြုံငုံပါဝင်နိုင်စေရန်အတွက်ဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ( ဆွလ္လ လ္လာဟုအလိုင်ဟိ ဝစလ္လမ် )သည် ဤစကားရပ်တော်များဖြင့် ဒုအာတောင်းတော်မူလေ့ရှိခဲ့သည်။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တာ်မျိုး ကြွေးမြီ၏ ဝန်ပိခြင်း၊ ရန်သူ၏ လွှမ်းမိုးခံရခြင်းနှင့် ရန်သူတို့၏ အားရဝမ်းသာဖြစ်မှုတို့မှ အရှင်မြတ်ထံ ခိုလှုံပါ၏။
رواه النسائي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အောက်ပါအရာများမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်- 1-اللَّهُمَّ إِنِّي أَعُوذُ) အလိုသဘောမှာ- ကျွန်တော်မျိုး ခိုလှုံပါသည်ဟူ၍ဖြစ်သည်။ (بِكَ) ဆိုသည်မှာ - အရှင်မြတ်ထံတော်ပါး၌သာ ဟူ၍ ဖြစ်သည်။(مِنْ غَلَبَةِ الدَّيْنِ) ဆိုသည်မှာ -ကြွေးမြီ၏ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်သောကများမှ အရှင်မြတ်ထံ ခိုလှုံခြင်းဖြစ်သည်။ ထို့ပြင် ကြွေးမြီကို ပြန်ဆပ်နိုင်ရန် အရှင်မြတ်ထံ ကျွန်တော်မျိုးအကူအညီ တောင်းခံပါသည်ဟူ၍ ဖြစ်သည်။ 2 - ( وَغَلَبَةِ الْعَدُوِّ ) ဆိုသည်မှာ - ရန်သူ၏ လွှမ်းမိုးမှု၊ ဖိနှိပ်အုပ်စိုးမှုတို့မှ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ထိုရန်သူ၏ ဒုက္ခ ပေးမှုကို တားဆီးပေးပြီး၊ ၎င်းအပေါ် အောင်နိုင်မှုချီးမြှင့်တော်မူပါရန် ကျွန်တော်မျိုး အရှင်မြတ်ထံ တောင်းခံပန်ကြားအပ်ပါသည် ဟူ၍ ဖြစ်သည်။ 3 (وَشَمَاتَةِ الْأَعْدَاءِ) ဆိုသည်မှာ မုစ်လင်မ်များအပေါ် ဘေးဒုက္ခကျရောက်သောအခါ ရန်သူများ ဝမ်းသာအားရ ဖြစ်ခြင်းမှ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစ္စလမ် ) သည် မနက်ခင်းအချိန်အခါ ရောက်သောအခါ «اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ» အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ (ကူညီစောင်မမှုဖြင့် ) ဤမနက်ခင်းအချိန်သို့ ရောက်ရှိလာခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်၏ ( ကူညီစောင်မမှုဖြင့် ) ပင် ညနေခင်းအချိန်သို့ ရှောက်ရှိလာခဲ့ပါသည်။ အရှင်မြတ် ( သက်ရှိထင်ရှား ရှိစေခြင်းကြောင့်သာ ) ကျွန်တော်မျိုးတို့ သက်ရှိထင်ရှား ရှိနေပါသည်။ အရှင်မြတ် ( သေဆုံးစေလိုပါက ) ကျွန်တော်မျိုးတို့ သေဆုံးကွယ်လွန်ရမည်သာ ဖြစ်ပါသည်။ အရှင်မြတ်ဘက်တော်သို့သာ ပြန်လည်ရှင်ထရမည်ဖြစ်ပါသည်ဟု ရွတ်ဆိုတော်မူလေ့ရှိသည်။ ထို့နောက် ညနေခင်း အချိန်သို့ ရောက်သောအခါတွင် : «بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ» قَالَ: وَمَرَّةً أُخْرَى: «وَإِلَيْكَ الْمَصِيرُ». အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ (ကူညီစောင်မမှုဖြင့် ) ဤညနေခင်းအချိန်သို့ ရောက်ရှိလာခဲ့ပါသည်။ ထို့ပြင် အရှင်မြတ်၏ ( ကူညီစောင်မမှုဖြင့် ) ပင် မနက်ခင်းအချိန်သို့ ရှောက်ရှိလာခဲ့ပါသည်။ အရှင်မြတ် ( သက်ရှိထင်ရှား ရှိစေခြင်းကြောင့်သာ ) ကျွန်တော်မျိုးတို့ သက်ရှိထင်ရှား ရှိနေပါသည်။ အရှင်မြတ် ( သေဆုံးစေလိုပါက ) ကျွန်တော်မျိုးတို့ သေဆုံးကွယ်လွန်ရမည်သာ ဖြစ်ပါသည်။ အရှင်မြတ်ဘက်တော်သို့သာ ပြန်လည်ရောက်ရှိရမည်ဖြစ်ပါသည်။ တကြိမ်တွင် «وَإِلَيْكَ الْمَصِيرُ». ဟုရွတ်ဖတ်တော်မူခဲ့သည်။
رواه أبو داود والترمذي والنسائي في الكبرى وابن ماجهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိုးသောက်အာရုဏ်တက်ချိန်၊ နေ့၏ပထမအပိုင်းစတင်ချိန်တွင် အောက်ပါဒုအာကို ရွတ်ဆိုလေ့ရှိသည်။ (اللَّهُمَّ بِكَ أَصْبَحْنَا) အလိုသဘောမှာ - "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ စောင့်ရှောက်ကာကွယ်မှုဖြင့် ဝန်းရံလျက်၊ အရှင်မြတ်၏ ကောင်းချီးများဖြင့် လွှမ်းခြုံခံရလျက်၊ အကျိုးရယူလျက်၊ အရှင်မြတ်အား သတိရတသလျက်၊ အရှင်မြတ်၏နာမတော်အားဖြင့် အကူအ ညီတောင်းခံလျက်၊ အရှင်မြတ်၏ သောင်ဖီးက်စွမ်းအားချီးမြှင့်ခြင်းခံရသူများတွင် အပါအဝင်ဖြစ်လျက်၊ အရှင်မြတ်ချီးမြှင့်တော်မူသော စွမ်းအားဖြင့်လှုပ်ရှားသွားလာလျက် ဤနံနက်ခင်းသို့ ရောက်ရှိလာကြပါသည်။" (وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ) အထက်ပါစာလုံးအတိုင်းဖြစ်ပြီး စွဗားဟ် ဟူသော နေရာတွင်သာ မစာအ် ဟု ပြောင်းလဲ ရွတ်ဆိုရမည်။ ဆိုလိုသည်မှာ "အရှင်မြတ်၏ ကူညီစောင်မမှုဖြင့်သာလျှင် ကျွန်တော်မျိုးတို့သည် ညနေခင်း အချိန်သို့ ရောက်ရှိလာကြပါသည်။ အရှင်မြတ်၏ နာမတော် အလ်မုဟ်ရီ ( ရှင်စေတော်မူသောအရှင် ) အားဖြင့်သာလျှင် ကျွန်တော်မျိုးတို့ အသက်ရှင်သန်ပါသည်။ အရှင်မြတ်၏နာမတော် အလ်မုမီးသ် (သေစေတော်မူသောအရှင်) အားဖြင့်သာလျှင် ကျွန်တော်မျိုးတို့ သေဆုံးကွယ်လွန်ပါသည်။ (وَإِلَيْكَ النُّشُورُ) (ထို့ပြင်အရှင်မြတ်ထံသို့သာလျှင် ပြန်လည်ရှင်ထရမည်)။ ဤဒုအာတွင် "အန်နုရှူရ်" ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ သေပြီးနောက် ပြန်လည်ရှင်ပြန်ထခြင်းနှင့် စုရုံးပြီးနောက် ခွဲခွာရခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့၏အခြေအနေသည် အချိန်တိုင်း၊ အခြေအနေတိုင်း တွင် ဤနည်းလမ်းအတိုင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ယင်းအခြေအနေမှ ခွဲခွာ၍မရသလို၊ စွန့်လွှတ်၍လည်း မရပါ။ အလားတူပင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညနေခင်းရောက်ရှိလာသောအခါ (အဆွ်ရ်အချိန်ပြီးနောက်) ဤသို့ ရွတ်ဆိုတော်မူသည်- (اللَّهُمَّ بِكَ أَمْسَيْنَا، وبكَ أصبحنا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ المَصِيْر ) ဆိုလိုသည် မှာ - " လောကီဘဝ၌ ပြန်လည်ရောက်ရှိရာဌာနလည်းဖြစ်ပြီး၊ နောင်တမလွန်၌ ပြန်လည်စုရုံးရာဌာနလည်းဖြစ်သည်။ စင်စစ် အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးအား အသက်ရှင်စေတော်မူပြီး အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးအား သေဆုံးစေတော်မူပါသည်ဟူ၍" ဖြစ်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်းခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)
متفق عليهနဗီတမန်တော်မြတ် (ဆွလ်လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စာသားတိုတောင်းသော်လည်း အဓိပ္ပါယ်ပြည့်ဝစုံလင်သော ဒုအာများကို များစွာပြုတော်မူလေ့ရှိသည်။ ယင်းဒုအာများအနက် တစ်ခုမှာ - «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။) ဤဒုအာတွင် လောကီဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကျယ်ဝန်းပေါများသည့် ဟလာလ်ရိုဇီ၊ ကောင်းမွန်သော ဇနီး၊ မျက်စိအေးမြဖွယ်ရာ သားသမီး၊ သက်သာချောင်ချိမှု၊ အကျိုးရှိသောပညာ၊ကောင်းမှုကုသိုလ်စသည့် နှစ်သက်ဖွယ်ကောင်းသော ခွင့်ပြုထားသော အရာများ ပါဝင်သကဲ့သို့၊ နောင်တမလွန်ဘဝ၏ ကောင်းကျိုးချမ်းသာများဖြစ်သည့် ကဗရ်သင်္ချိုင်းတွင်း၊ မဟ်ရှရ် (ကိယာမသ်နေ့ လူသားတို့စုဝေးရာနေရာ)နှင့် ငရဲမီး၏ ပြစ်ဒဏ်များမှ ကင်းလွတ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မူကို ရရှိခြင်း၊ ထာဝရသုခများကို ရရှိခြင်းနှင့် ကရုဏာတော်ရှင် အရှင်မြတ်နှင့် နီးစပ်မှုကို ရရှိခြင်းစသည်တို့ ပါဝင်သည်။