





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ရှဒ်ဒါးဒ် ဗင်န် အောင်စ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " စိုင်ရိဒ္ဒုလ် အိစ်သိဂ်ဖာရ် " အပြည့်စုံဆုံး လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းမှာ အသင့်အနေဖြင့် ဤသို့ ဆိုခြင်းဖြစ်သည်။ «اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ» အဓိပ္ပါယ် - (အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်ဖြစ်ပါ၏။ အရှင်မြတ်မှတပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးကျွန်ဖြစ်ပါသည်။ ကျွန်တော်မျိုး တတ်စွမ်းနိုင်သမျှ အရှင်မြတ်၏ ကတိကဝတ်ပေါ်၌ ရပ်တည်နေပါ၏။ ကျွန်တော်မျိုး ပြုလုပ်ခဲ့မိသော မကောင်းမှုများ၏ဘေးရန်မှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ကျွန်တော်မျိုးအပေါ် အရှင်မြတ် ချီးမြှင့်တော်မူထားသော ကျေးဇူးတော်များကို ကျွန်တော်မျိုး ဝန်ခံပါ၏။ ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ပါသည်။) ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- "မည်သူမဆို နေ့အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး ထိုနေ့ ညနေမတိုင်မီ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။ ထိုနည်းတူ မည်သူမဆို ညဉ့်အချိန်တွင် ဤဒုအာကို ယုံကြည်မှုအပြည့်ဖြင့် ရွတ်ဆိုပြီး မနက်မိုးမလင်းခင် သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသားများထဲမှ ဖြစ်လိမ့်မည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ " အိစ်သိဂ်ဖာရ် "လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရာတွင် စကားလုံး အမျိုးမျိုးရှိပြီး၊ ယင်းတို့အနက် အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးမှာ ဗန္ဒဟ်ကျေးကျွန် အနေဖြင့် ဤသို့ရွတ်ဆိုခြင်း ဖြစ်သည်။ «اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ» အဓိပ္ပါယ် -အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မွေးမြူဖန်ဆင်းတော်မူသော အရှင်ဖြစ်ပါ၏။ အရှင်မြတ်မှတပါး အခြားကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပါ။ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖန်ဆင်းတော်မူခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးကျွန်ဖြစ်ပါသည်။ ကျွန်တော်မျိုး တတ်စွမ်းနိုင်သမျှ အရှင်မြတ်၏ ကတိကဝတ်ပေါ်၌ ရပ်တည်နေပါ၏။ ကျွန်တော်မျိုး ပြုလုပ်ခဲ့မိသော မကောင်းမှုများ၏ဘေးရန်မှ အရှင်မြတ်ထံ ခိုလှုံပါ၏။ ကျွန်တော်မျိုးအပေါ် အရှင်မြတ် ချီးမြှင့်တော်မူထားသော ကျေးဇူးတော်များကို ကျွန်တော်မျိုး ဝန်ခံပါ၏။ ကျွန်တော်မျိုး၏ အပြစ်များကိုလည်း ဝန်ခံပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင် ဖြစ်ပါသည်။) ဟု ရွတ်ဆိုခြင်းဖြစ်သည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခြင်းတွင် ၁။ လူသားသည် ဦးစွာ အလ္လာဟ်အရှင်မြတ်အား တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်အဖြစ် ဝန်ခံထားခြင်း၊ ထိုအရှင်မြတ်သည်သာ မိမိ၏ဖန်ဆင်းရှင်နှင့် ကိုးကွယ်ရာအရှင်ဖြစ်ပြီး အရှင်မြတ်နှင့် တွဲဖက်ယှဥ်ဖက်ဟူ၍ လုံးဝမရှိကြောင်း ဝန်ခံထားသည်။ ၂။ အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ခြင်းနှင့် နာခံခြင်းဆိုင်ရာ ကတိသစ္စာကို မိမိတတ်စွမ်းနိုင်သမျှ ထမ်းဆောင်နေကြောင်း ဝန်ခံထားခြင်း၊ အဘယ်ကြောင့်ဆိုသော် ဗန္ဒဟ်ကျေးကျွန်သည် မည်မျှပင် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုစေကာမူ အလ္လာဟ်အရှင်မြတ်၏ အမိန့်ပေးထားသမျှ အရာအားလုံးကို လိုက်နာနိုင်ခြင်း မရှိသကဲ့သို့ ကျေးဇူးတော်များအတွက်လည်း ပြည့်ဝစွာ ကျေးဇူးတင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၃။ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခြင်း၊ ထိုအရှင်မြတ်ထံ ကာကွယ်စောင့်ရှောက်မှု တောင်းခံခြင်း၊ အဘယ်ကြောင့်ဆိုသော် ကျေးကျွန်တစ်ဦးပြုလုပ်ခဲ့သော မကောင်းမှုများ၏ ဘေးရန်ကို ထိုအရှင်မြတ်ကသာ ကာကွယ်ပေးနိုင်သည်။ ၄။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံခြင်း၊ မိမိ၏ အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်း။ ၅။ အလ္လာဟ်အရှင်မြတ်ထံ ထိုသို့အကြောင်းပြချက်များ လျှောက်ထားပြီးနောက် မိမိအား ခွင့်လွှတ်ချမ်းသာခွင့်ပေးရန် တောင်းခံခဲ့သည်။ ထိုသို့တောင်းခံရာတွင် မိမိ၏အပြစ်များကို ဖုံးကွယ်ပေးတော်မူရန်နှင့် အရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်၊ ကရုဏာတော်နှင့် ကျေးဇူးတော်တို့ဖြင့် အပြစ်များ၏ ဘေးဒုက္ခမှ မိမိအား ကာကွယ်ပေးတော်မူရန် တောင်းခံခဲ့သည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သာလျှင် အပြစ်များကို ခွင့်လွှတ်တော်မူသော အရှင်ဖြစ်တော်မူသည်။ ထို့နောက် တမန်တော်မြတ်က ဤသည် မနက်နှင့် ညတွင် ရွတ်ဖတ်ရသည့် ဇိကိရ်များအနက်မှ ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ မည်သူမဆို ယုံကြည်မှုအပြည့်ဖြင့်၊ အဓိပ္ပါယ်များကိုနားလည်ကာ ယုံကြည်မှုအပြည့်ဖြင့် နေ့၏အစတွင် (နေထွက်ချိန်မှ မွန်းတည့်ချိန်အတွင်း) ရွတ်ဆိုပြီး ကွယ်လွန်သေဆုံးပါက ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။ ထို့ပြင် မည်သူမဆို ညဉ့်အချိန်တွင် (နေဝင်ချိန်မှ နေထွက်ချိန်အတွင်း) ရွတ်ဆိုပြီး မနက်မိုးမလင်းမီ ကွယ်လွန်သေဆုံးပါက ထိုသူလည်း ဂျန္နသ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်။ ယင်းသည် ၎င်းတို့အချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်စေခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်ခဲ့ကြသည်။"
رواه مسلمတမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မတရားမှု ကျူးလွန်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ယင်းတွင် လူသားချင်းချင်း မတရားမှု ကျူးလွန်ခြင်း၊ မိမိကိုယ်မိမိ မတရားမှုပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး မတရားမှုပြုခြင်းတို့ ပါဝင်သည်။ မတရားကျူးလွန်ခြင်းဆိုသည်မှာ ရပိုင်ခွင့်ရှိသူအား ၎င်း၏အခွင့်အရေးကို မပေးခြင်းပင် ဖြစ်သည်။ မတရားကျူးလွန်ခြင်းသည် ကိယာမသ်နေ့တွင် မတရားကျူးလွန်သူများအပေါ်၌ အမှောင်ထုများ ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့် ယင်းကြောင့် ခက်ခဲသော အခြေအနေများနှင့် ကြောက်မက်ဖွယ်ရာများကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ ထိုနည်းတူ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် 'ရွှတ်ဟ်' မှလည်း တားမြစ်တော်မူခဲ့သည်။ 'ရွှတ်ဟ်' ဆိုသည်မှာ လောဘကြီးခြင်းနှင့်အတူ အလွန်အမင်း စေးနှဲတွန့်တိုခြင်းဖြစ်သည်။ ၎င်းတွင် ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ပေးအပ်ရာတွင် လျစ်လျူရှုခြင်းနှင့် လောကီအပေါ် ပြင်းပြသော လောဘထားခြင်းတို့ ပါဝင်သည်။ ဤမတရားမှု အမျိုးအစားသည် ကျွန်ုပ်တို့မတိုင်မီ ရှိခဲ့သော လူမျိုးများကို ဖျက်ဆီးပစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ၎င်းတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်စေခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ် စေခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်များက အကောင်းဆုံးဖြစ်ပါသနည်းဟု မေးမြန်းခံရသည်။ ထိုအခါ ကိုယ်တော်က အောက်ပါ အရည်အချင်းနှစ်ရပ်ကို ဖော်ပြတော်မူခဲ့သည်။ ပထမအချက် - ဆင်းရဲသားများကို အစားအစာများများ ကျွေးမွေးခြင်း ဖြစ်သည်။ ယင်းတွင် စွဒ်ကဟ်အလှူဒါနပြုခြင်း၊ လက်ဆောင်ပေးကမ်းခြင်း၊ ဧည့်ဝတ်ပြုခြင်းနှင့် ဝလီမဟ် ဧည့်ခံကျွေးမွေးခြင်းတို့လည်း ပါဝင်သည်။ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးသည့်ကာလနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေချိန်များတွင် အစားအစာကျွေးမွေးခြင်း၏ မွန်မြတ်မှုမှာ ပို၍ ပင် လေးနက်သွားသည်။ ဒုတိယအချက် - မွတ်စ်လင်မ်တိုင်းအား သိသူဖြစ်စေ၊ မသိသူဖြစ်စေ စလာမ်ပေးခြင်း ဖြစ်သည်။
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ - ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလီ ဗင်န် အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) အား ဤဒုအာကို တောင်းဆိုရန် အမိန့်ပေးတော်မူခဲ့သည်။ ၎င်းမှာ - " အို-အလ္လာဟ် အရှင်မြတ် ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။" ဆိုလိုသည်မှာ- အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ၊ (တဖန်ညွှန်ပြခြင်းခံရသော တရားလမ်းမှန်အတိုင်း လျှောက်လှမ်းနိုင်ရန်) သောင်ဝ်ဖီးက်စွမ်းအားပေးသနားတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုး၏ ကိစ္စအဝဝတွင် ကျွန်တော်မျိုးအား ဖြောင့်မတ်မှန်ကန်သူအဖြစ် ပြုလုပ်ပေးသနားတော်မူပါ။ “အလ်ဟုဒါ” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ အမှန်တရားကို အကျဉ်းချုံးအားဖြင့်လည်းကောင်း၊ အကျယ်တဝင့်အားဖြင့်လည်းကောင်း သိရှိနားလည်ခြင်းနှင့် ထင်ရှားပေါ်လွင်စွာဖြင့် လည်း ကောင်း၊ ဖုံးကွယ်လျှို့ဝှက်စွာဖြင့် လည်းကောင်း ယင်းအမှန်တရား၏ လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း ရရှိခြင်းပင်ဖြစ်သည်။ “အတ်စ်ဒါဒ်” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ မှန်ကန်သောလမ်းစဉ်အတိုင်း မြဲမြံစွာရပ်တည်နိုင်ခြင်းနှင့် ကိစ္စအဝဝတွင် မှန်ကန်မှုရှိခြင်းပင်ဖြစ်သည်။ အပြောအဆို၊ လုပ်ရပ်နှင့် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များတွင် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်ကူး ဉာဏ်ဖြင့်သာ ခံစားသိရှိနိုင်သော အရာဝတ္ထုသည် အာရုံခံစားမှုဖြင့် ပိုမိုရှင်းလင်းစွာ သိမြင်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤဒုအာကို သင်တောင်းသည့်အခါ- «“ဟုဒါ” တရားလမ်းညွှန်မှုဆိုသည်မှာ လမ်းကြောင်းမှန်သို့ ညွှန်ပြခြင်းဖြစ်သည်» ဟု သတိရလော့။ ထို့ပြင် ခရီးသည်တစ်ဦးအား လမ်းညွှန်သည့်နည်းတူ သင်သည် လမ်းမှန်တရားညွှန်ပြခြင်းကို တောင်းခံစဉ် စိတ်နှလုံးသားကို အာရုံစူးစိုက်လျက် စိတ်ပါဝင်စားမှု အပြည့်ဖြင့် တောင်းခံပါလေ။ အကြောင်းမှာ ထိုသို့ လမ်းညွှန်ခြင်းခံရသည့် ခရီးသည်သည် ဘယ်ဘယ်သို့ သွားရမလား၊ သို့မဟုတ် ညာဘက်သို့ သွားရမလား စသဖြင့် ဟိုဟိုဒီဒီ မဖြစ်တော့ဘဲ လမ်းလွဲခြင်းမှ ကင်းဝေးနေမည်ဖြစ်သည်။ ဤသို့အားဖြင့် သူသည် လုံခြုံမှုကို ရရှိ၍ မိမိ၏ခရီးပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ပေသည်။ “အတ်စ်စဒါဒ် ” ဖြောင့်မတ်မှန်ကန်မှုဆိုသည်မှာ မြားတစ်စင်းလွှတ်ရာတွင် ပစ်မှတ်ကို ဖြောင့်ဖြောင့်မတ်မတ် ဦးတည်ခြင်းကဲ့သို့ဖြစ်သည်။ သင်သည် မြားပစ်ရာတွင် ၎င်း၏ ပစ်မှတ်ကို မြန်မြန်ဆန်ဆန် ထိမှန်ခြင်းကို သတိပြုမိပါလိမ့်မည်။ မြားပစ်သူသည် ပစ်မှတ်တစ်ခုကို ပစ်သည့်အခါ မြားကို ပစ်မှတ်ဆီသို့ ဖြောင့်ဖြောင့်မတ်မတ် ဦးတည်ပစ်လွှတ်သည်။ ထိုနည်းတူစွာ သင်သည် အလ္လာဟ်အရှင်မြတ်ထံ “စဒါဒ်” ဖြောင့်မတ်မှန်ကန်မှုကို တောင်းခံရာတွင် အရှင်မြတ်သည် သင့်အား မြားတစ်ချောင်းကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ ထိန်းသိမ်းစေရန် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏တောင်းခံမှုတွင် ပြည့်ဝသော တရားလမ်းမှန်ညွှန်ကြားမှုနှင့် အကြွင်းမဲ့သော ဖြောင့်မတ်မှန်ကန်မှုကို တောင်းဆိုသူဖြစ်လာပေမည်။ ထို့ကြောင့် သင်သည် အလ္လာဟ်အရှင်မြတ်ထံ “စဒါဒ်” ဖြောင့်မတ်မှန်ကန်မှုကို တောင်းခံသည့်အခါ ဤနောက်ခံသဘောတရားကို နှလုံးသွင်း သတိရလော့။ သို့မှသာ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အတိုင်း လျှောက်လှမ်းရာတွင် သင်သည် မှန်ကန်သော ပစ်မှတ်သို့ ဦးတည်သွားလာနေသော မြား၏ လက်တွေ့ပုံရိပ်တစ်ခု ဖြစ်လာပေမည်။
အလီ(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်ပါးသို့လာ၍ကြိတ်ဆုံလှည့်ရသည့်အတွက် သူမလက်တွင်ခံစားနေရသော နာကျင်မှုကို ညည်းတွားနေခဲ့သည်။ သူမသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လက်ရသုံ့ပန်းရောက်ရှိလာခဲ့ ကြောင်းသိရှိခဲ့သည်။ သို့သော် သူမသည် ကိုယ်တော်မြတ်နှင့်မတွေ့ခဲ့သည့်အတွက် လာရသည့်အကြောင်းရင်းကို အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကို ပြောပြခဲ့ရာ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကလည်း ကိုယ်တော်မြတ်ရောက်လာသည့်အခါ ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် လာခဲ့ကြောင်းပြောပြခဲ့သည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)ကပြောသည်မှာ ကိုယ်တော်သည် ကျွန်တော်တို့ထံကို ကြွမြန်းလာခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်တို့ အိပ်ရာဝင်ပြီးသွားပြီဖြစ်သည်။ ကျွန်တော်က ထမယ်လုပ်သည့်အခါ ကိုယ်တော်က အသင်တို့နေရာ၌သာနေကြပါ။ မထပါနှင့်။ ထို့နောက် ကိုယ်တော်မြတ်သည်လာ၍ကျွန်တော်နှင့်ဖာသွိမဟ်၏အလယ်တွင် ထိုင်တော်မူလိုက်ရာ ကျွန်တော်၏ဗိုက်ပေါ်တွင်ကိုယ်တော့်ခြေတော်၏ အေးမြမှုကိုပါ ထိတွေ့ခံစားရ၏။ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ဦးတောင်းဆိုနေသည့်အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ အသင်တို့နှစ်ယောက် အိပ်ရာဝင်သောအခါ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ ကို ဖတ်ရွတ်ပါလေ။ ဤသည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏သမီးတော် ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်ပါးသို့လာ၍ကြိတ်ဆုံလှည့်ရသည့်အတွက် သူမလက်တွင်ခံစားနေရသော နာကျင်မှုကို ညည်းတွားနေခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့လက်ရသုံ့ပန်းရောက်ရှိလာသောအခါ သူမသည် ယင်းသုံ့ပန်းမှ အိမ်၌မိမိ နေရာတွင်အလုပ်လုပ်ပေးမည့် အိမ်ဖော်တစ်ယောက်ရရန် တောင်းဆိုဖို့အတွက် ကိုယ်တော်မြတ်ထံသို့သွားသည်။ သို့သော် သူမသည် ကိုယ်တော်မြတ်နှင့်မတွေ့ခဲ့ပေ။ ထို့ကြောင့် သူမသည် မိမိလာရသည့်အကြောင်းရင်းကို အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မကို ပြောပြခဲ့သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)သခင်မသည်လည်း ကိုယ်တော်မြတ်ရောက်လာသည့်အခါ ဖာသွိမဟ်(ရဿွိယလ္လာဟုအန်ဟာ)သည် အိမ်ဖော်တစ်ဦးတောင်းဆိုရန် လာခဲ့ကြောင်းပြောပြခဲ့သည်။ ကိုယ်တော်သည် ဖာသွိမဟ်နှင့်အလီ(ရဿွိယလ္လာဟုအန်ဟုမာ)၏အိမ်သို့ ကြွမြန်းလာခဲ့သည်။ ထိုအချိန်တွင် သူတို့နှစ်ဦးအိပ်ရန် အသင့်ပြင်နေကြပြီဖြစ်သည်။ ကိုယ်တော်မြတ်သည် သူတို့နှစ်ဦးအလယ်တွင်ထိုင်တော်မူခဲ့သည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏ဗိုက်ပေါ်တွင်ကိုယ်တော့်ခြေတော်နှစ်ဖက်၏အေးမြမှုကိုပါ ထိတွေ့ခံစားရသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ဦးကျွန်ုပ်ထံအိမ်ဖော်ပေးရန်အတွက် တောင်းဆိုနေသည့် အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ သူတို့နှစ်ဦးက မုချသင်ပေးပါဟုပြောလေသည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ အသင်တို့နှစ်ယောက် ညအိပ်ရာဝင်သောအခါ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ ၊ ကို ဖတ်ရွတ်ပါလေ။ ဤဇိက်ရ်သည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။
အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်တို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကျွန်ုပ်တို့ကို (ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန်အတွက် ရှာဖွေရန် ထွက်လာခဲ့ကြသည်။ ထို့နောက် ကျွန်ုပ်တို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့သည်။ ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က " အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်သည်။ သို့သော်လည်း ကျွန်ုပ်သည် မည်သည့်အရာကိုမျှ ရွတ်ဖတ်ခြင်း မပြုခဲ့ပါ။ တစ်ဖန် ကိုယ်တော်က "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူပြန်ရာ ကျွန်တော်မျိုး "အဘယ်အရာကို ရွတ်ဖတ်ရမည်နည်း" ဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က "ကုလ်ဟုဝလ္လာဟုအဟဒ် (စူရဟ် အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အဖို့ အရာရာတိုင်းမှ လုံလောက်ပေသည်" ဟု မိန့်တော်မူခဲ့သည်။
رواه أبو داود والترمذي والنسائيဆွဟာဗဟ်သာဝကကြီး အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု) က ပြောပြန်ခဲ့သည်မှာ သူတို့သည် မိုးသည်းထန်စွာရွာပြီး အလွန်မှောင်မိုက်သော ညတစ်ညတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မိမိတို့ကို (ဦးဆောင်၍) ဆွလာသ်ဝတ်ပြုပေးရန်အတွက် ရှာဖွေရန် ထွက်လာခဲ့ကြသည်။ ထို့နောက် သူတို့သည် ကိုယ်တော့်အား တွေ့ရှိခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား "အသင်ရွတ်ဖတ်လော့" ဟု မိန့်တော်မူသည်။ သူသည် မည်သည့်အရာကိုမျှ မရွတ်ဖတ်ခဲ့ပေ။ တမန်တော်မြတ်က ထိုစကားကိုပင် ၎င်းအား ထပ်မံ၍ မိန့်တော်မူပြန်သည်။ ထိုအခါ အဗ်ဒုလ္လာဟ် ဗင်န် ခုဗိုင်းဗ် (ရဿွိယလ္လာဟုအန်ဟု) က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုး အဘယ်အရာကို ရွတ်ဖတ်ရမည်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က "ကုလ်ဟွဝလ္လာဟုအဟဒ် (စူရဟ် အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ် ဖလက်နှင့် စူရဟ် နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အား ဘေးအန္တရာယ်အပေါင်းမှ ထိန်းသိမ်းစောင့်ရှောက်ပေးမည်ဖြစ်ပြီး မကောင်းမှုဟူသရွေ့မှ ကာကွယ်ပေးမည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗားန် ဗင်န် အွတ်စ်မားန် က အွတ်စ်မားန် ဗင်န် အတ်ဖားန် ( ရဿွိယလ္လာဟု အန်ဟု ) ထံမှဆင့်ပြန်ခဲ့သည်။ ၎င်းက ကျွန်ုပ်သည် တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) ဤသို့ မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ မည်သူမဆို(ညအချိန်၌) ဤဒုအာ «بِسْمِ اللَّهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيْءٌ، فِي الْأَرْضِ، وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ الْعَلِيمُ» ကို သုံးကြိမ်ရွတ်ဆိုပါက မနက်ခင်းအထိ ရုတ်တရက် ဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်မဟုတ်ပေ။ ထိုနည်းတူ မည်သူမဆို မနက်ခင်းအချိန်၌ ဤဒုအာကို သုံးကြိမ်ရွတ်ဆိုပါက ညအထိ ရုတ်တရက် ဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်မဟုတ်ပေ။ ဆင့်ပြန်သူရာဝီက ပြောကြားသည်မှာ- အဗားန် ဗင်န် အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)အား လေဖြတ်ရောဂါသင့်ခဲ့သည်။ ထိုအခါ ဤဟဒီးစ်ကို ၎င်းထံမှကြားခဲ့သူသည် ၎င်းကို (အံ့ဩထူးဆန်းစွာဖြင့်) စိုက်ကြည့်နေခဲ့သည်။ ထိုအခါ အဘားန် ဗင်န် အုစ်မာန် က ၎င်းအား "အဘယ်ကြောင့် ကျွန်ုပ်ဘက်သို့ ဤသို့ကြည့်နေသနည်း" ဟုမေးမြန်းခဲ့သည်။ ထို့နောက် ၎င်းက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောမည် ၊ ကျွန်ုပ်သည် အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ ထိုနည်းတူ အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)ကလည်း အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ သို့သော် (အမှန်စင်စစ်) ကျွန်ုပ်အား ဤရောဂါသင့်ခဲ့သည့်နေ့တွင် ကျွန်ုပ်သည် အမျက်ထွက်နေခဲ့ပြီး ဤဒုအာကို ရွတ်ဆိုရန် မေ့လျော့ခဲ့သည်" ဟုဖြေကြားခဲ့သည်။
رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ်) ရှင်းလင်းတင်ပြ မိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို မနက်ခင်းတိုင်း မိုးသောက်အချိန်တက်ပြီး( ဖဂျရ်ပြီးချိန် ) နှင့် ညနေခင်းတိုင်း နေမဝင်မီ အချိန်တို့တွင် အောက်ပါဒုအာကို သုံးကြိမ်စီ ရွတ်ဖတ်ပါက-( ဒုအာ၏ အလိုသဘောမှာ ) ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်၏ နာမတော်အားဖြင့် ( အရှင်မြတ်ထံ )ကူညီမှုကို တောင်းခံပါ၏။ ထို့ပြင် နာကျင်ဖွယ်ရာအမျိုးမျိုးမှ ထိုအရှင်မြတ်၏ ကာကွယ်မှုကို တောင်းခံပါ၏။ ထိုအရှင်မြတ်၏နာမတော်ကို ရွတ်ဆိုခြင်းအားဖြင့် မြေကမ္ဘာမှ ပေါ်ပေါက်လာသည့် ကြီးမားလှသော ဘေးအန္တ ရာယ်များ ဖြစ်စေ၊ မိုးကောင်းကင်မှဆင်းသက်လာသည့် ကြီးမားလှသော ဘေးအန္တ ရာယ်များ ဖြစ်စေ၊ ဘယ်သို့မျှအန္တရာယ်မပြုနိုင်တော့ပါ။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့၏စကားများကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ ကျွန်ုပ်တို့၏အ ခြေအနေများကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူ၏။ မည်သူမဆို ဤဒုအာကို ညနေခင်းချိန်တွင် ရွတ်ဆိုခဲ့ပါက မနက်အထိ ရုတ်တရက်ဆိုက်ရောက်လာမည့် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရမည် မဟုတ်ပေ။ မနက်ခင်းအချိန်တွင် ရွတ်ဆိုခဲ့ပါက ညနေအထိ ရုတ်တရက်ဆိုက်ရောက်လာမည့် ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရမည် မဟုတ်ပေ။ ထိုအခါတွင် ဟဒီးစ် ဆင့်ပြန်သူ အဗားန် ဗင်န် အွတ်စ်မားန် (ရဿွိယလ္လာဟုအန်ဟု)အား လေဖြတ်ရောဂါ စွဲကပ်ခဲ့သည်။ လေဖြတ်ရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ ဘယ်ဘက် သို့မဟုတ် ညာဘက် တစ်ဘက်ဘက်တွင် လုပ်ရှားမရသော ရောဂါတစ်မျိုးဖြစ်သည်။ ထိုအခါ ဤဟဒီးစ်ကို ၎င်းထံမှကြားခဲ့သူသည် ၎င်းကို အံ့ဩထူးဆန်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုအခါ အဘားန် ဗင်န် အုစ်မာန် က ၎င်းအား "အဘယ်ကြောင့် ကျွန်ုပ်ဘက်သို့ ဤသို့ကြည့်နေသနည်း" ဟုမေးမြန်းခဲ့သည်။ ထို့နောက် ၎င်းက "အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ပြောမည် ၊ ကျွန်ုပ်သည် အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ ထိုနည်းတူ အုစ်မာန်(ရဿွိယလ္လာဟုအန်ဟု)ကလည်း အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ် မဟုတ်မမှန်စွပ်စွဲခြင်းမပြုခဲ့ပါ။ သို့သော် (အမှန်စင်စစ်) ကျွန်ုပ်အား ဤရောဂါသင့်ခဲ့သည့်နေ့တွင် ကျွန်ုပ်သည် အမျက်ထွက်နေခဲ့ပြီး ဤဒုအာကို ရွတ်ဆိုရန် မေ့လျော့ခဲ့သည်" ဟု ပြောဆိုခဲ့လေသည်။
စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန် ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ကျေးတောသားတစ်ဦး ရောက်ရှိလာပြီး "ကျွန်တော်မျိုး ရွတ်ဖတ်ရန် ဇိကိရ်တစ်ခုကို သင်ကြားပေးတော်မူပါ။"ဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ "သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။) ထိုအခါ ၎င်းက "ဤဇိကိရ်တော်များသည် ကျွန်တော်မျိုး၏ အရှင်အတွက်ဖြစ်ပါသည်။ ကျွန်တော်မျိုးအတွက် အဘယ်အရာရှိပါသနည်း။"ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်က မိန့်တော်မူသည်မှာ သင်ဤသို့ပြောလော့ «اللهُمَّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي» (အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ပြတော်မူပါ၊ ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ချီးမြှင့်ပေးသနားတော်မူပါ။)"
رواه مسلمကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)အား မိမိရွတ်ဖတ်ရန်အတွက် ဇိကိရ်တစ်ခု သင်ကြားပေးရန် လျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား သင်ဤသို့ ရွတ်ဆိုပါဟု မိန့်ကြားတော်မူသည်။ "လာ အိလာဟ အိလ္လလာဟု ဝဟ်ဒဟူ လာ ရှရီကလဟူ" တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)သည် သောင်ဟီးဒ်တရားဖြင့် စတင်မိန့်ကြားခဲ့သည်။ ယင်း၏အဓိပ္ပာယ်မှာ "အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့်ခဝပ်ကိုးကွယ်ရာအရှင်မရှိ" ဟူ၍ ဖြစ်သည်။ "အလ္လာဟု အက်ဗရ် ကဗီရာ" အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးမြတ်ဆုံးဖြစ်တော်မူပြီး၊ အမြင့်မြတ်ဆုံး ဖြစ်တော်မူသည်။ "ဝလ်ဟမ်ဒု လိလ္လာဟိ ကစီရာ" အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏ ဂုဏ်တော်များ၊ လုပ်ဆောင်ချက်များ၊ မရေတွက်နိုင်သော နိအ်မသ်ကျေးဇူးတော်များအတွက် မြောက်များစွာ ချီးမွမ်းမှုထောမနာ ပြုပါသည်။ "စွဗ်ဟာနလ္လာဟိ ရဗ်ဗိလ်အာလမီးန်" ထိုအရှင်မြတ်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်ပြီး အလွန်မြင့်မြတ်တော်မူသည်။ "လာ ဟောင်လ ဝလာ ကုဝ်ဝသ အိလ္လာ ဗိလ္လာဟိလ် အဇီဇိလ် ဟကီးမ်" အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ပြောင်းလဲနိုင်စွမ်းသည် အလ္လာဟ်အရှင်မြတ်၏ အကူအညီနှင့် စွမ်းအားပေးသနားမှုကြောင့်သာ ဖြစ်သည်။ ထိုအခါ ထိုကျေးတောသားက ဤစကားများသည် ကျွန်တော်မျိုး၏ အရှင်သခင်ကို သတိရတသခြင်းနှင့် အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို မြွက်ဆိုခြင်း ဖြစ်သည်။ ကျွန်တော်မျိုး မိမိအတွက် မည်သို့ဒုအာဆုတောင်းမှု ပြုရပါမည်နည်းဟု လျှောက်ခဲ့ထားသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား မိန့်ကြားတော်မူသည်မှာ အသင်ဤသို့ ရွတ်ဖတ်ပါ "အလ္လာဟုမ္မဂ်ဖိရ်လီ" အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ မကောင်းမှုများကို ဖုံးကွယ်၊ ပလပ်ပေးတော်မူပါ။ "ဝရ်ဟမ်နီ" ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ။ လောကီ၊ လောကုတ္တရာ အကျိုးကျေးဇူးများနှင့် ကောင်းကျိုးများကို ကျွန်တော်မျိုးထံ ရောက်ရှိစေတော်မူပါ။ "ဝဟ်ဒိနီ" ကျွန်တော်မျိုးအား လမ်းမှန်ညွှန်ပြတော်မူပါ။ အကောင်းဆုံး အခြေအနေများဆီသို့ လည်းကောင်း၊ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ဆီသို့လည်းကောင်း လမ်းညွှန်ပေးတော်မူပါ။ "ဝရ်ဇုက်နီ" ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ချီးမြှင့်တော်မူပါ။ ဟလာလ်ဥစ္စာပစ္စည်း၊ ကျန်းမာခြင်းနှင့် ကောင်းကျိုးချမ်းသာ အမျိုးမျိုးကို ပေးသနားတော်မူပါ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ မည်သူမဆို ကျိန်ဆိုသည့်အခါတွင် မိမိ၏ကျိန်ဆိုမှု၌လာသ်နှင့်အုဇ်ဇာ၏ကစမ်လို့ပြောခဲ့ပါက လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။ ၎င်းနောက် မည်သူမဆို မိမိအဖော်ကို လာပါ၊ လောင်းတမ်းကစားရအောင်ဟု ပြောခဲ့လျှင် ဆွဒ်ကဟ် အလှူဒါနပြုလိုက်ပါလေ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားသူနှင့်ကျိန်ဆိုခြင်းကို တားမြစ်တော်မူခဲ့သည်။ မုအ်မင်န်သည်အလ္လာဟ်အရှင်မြတ်မှအပအခြားမည်သည့်အရာနှင့်မျှကျိန်ဆိုလေ့မရှိပေ။ ၎င်းနောက် ကိုယ်တော်မြတ်က အသိပေးမိန့်ကြားထားသည်မှာ အစ္စလာမ်မပြန့်ပွါးမီအလျင်က ကိုးကွယ်ခြင်းခံကြရသည့် ရုပ်တုနှစ်ခုဖြစ်သော လာသ်နှင့်အုဇ်ဇာကို ကျိန်ဆိုပါသည်ဟု ပြောသကဲ့သို့ အလ္လာဟ်အရှင်မြတ်မှအပ အခြားသူနှင့်ကျိန်ဆိုသူသည် မိမိကိုယ်မိမိအမှားပြင်သည့်ပုံစံဖြင့်လည်းကောင်း၊ ရှိရ်က် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်ယှဉ်တွဲကိုးကွယ်ခြင်းမှကင်းရှင်းကြောင်း ဖော်ပြသည့်အနေဖြင့်လည်းကောင်း၊ မိမိ၏ကျိန်ဆိုချက်ကို အာပတ်ဖြေသည့်အနေဖြင့်လည်းကောင်း လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ လောင်းကစားရအောင်ဟု ဖိတ်ခေါ်သောသူသည် မိမိ၏ဖိတ်ခေါ်ခဲ့မှုကို အာပတ်ဖြေသည့်အနေဖြင့် ဆွဒ်ကဟ်အလှူဒါနပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အလောင်းကစားဟူသည် လူနှစ်ယောက်သို့မဟုတ် နှစ်ယောက်ထက်အများက ကိစ္စရပ်တစ်ခုတွင်ယှဉ်ပြိုင်ရာတွင် နိုင်သောသူက မိမိတို့အခြင်းခြင်း၌သတ်မှတ်ထားသော ငွေကြေး၊ ဥစ္စာပစ္စည်းတစ်စုံတစ်ရာကို ရရှိပေမည်။ သူတို့ထဲမှ တစ်ဦးဦးသည် နိုင်မည် သို့မဟုတ် ရှုံးမည်ဖြစ်သည်။