





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူစအီးဒ် အလ်ခုဒ်ရီနှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ( ကိယာမသ် နေ့တွင် ) ဟစ်ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်။ ထိုအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ဤမိန့်ကြားချက်၌ ဖော်ပြထားတော်မူသည် - " ၎င်းပြင် ထိုသူတို့သည် (ဤသို့) ဟစ်ခေါ်ခြင်း ခံကြရမည်- “ဤသည် ဂျန္နသ် သုခဘုံ ဖြစ်သည်၊ ၎င်း(သုခဘုံ)ကို အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သောအရာ (ကောင်းသော လုပ်ရပ်)များကြောင့် အမွေ ရရှိခဲ့ခြင်း ဖြစ်သည်”။ ( စူရဟ် အအ်ရာဖ် - ၄၃ )
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - ဂျန္နသ်တွင် စည်းစိမ်ခံစားနေကြသော ဂျန္နသ်သုခဘုံသားများအား ဟစ်ခေါ်သူက ဤသို့ ဟစ်အော် ပြော ဆိုလိမ့်မည် - အသင်တို့သည် ဤဂျန္နသ်၌ အစဉ်ကျန်းမာစွာနေထိုင်ကြရမည် ဖြစ်ပြီး မည်သည့် အနည်းငယ်မျှသော ရောဂါဝေဒနာမျှ ကပ်ရောက်လာမည် မဟုတ်ပေ။ အသင်တို့သည် အစဉ်ထာဝရ ရှင်သန်ကြရမည် ဖြစ်ပြီး သေခြင်းတရားသည် အသင်တို့ထံ ဘယ်သောအခါမျှ ရောက်ရှိလာမည် မဟုတ်ပေ။ သေခြင်း၏ ပုံစံငယ်ဖြစ်သော အိပ်စက်ခြင်းပင် ဂျန္နသ်၌ ရှိမည် မဟုတ်ပေ။ အသင်တို့သည် အစဉ်နုပျိုလန်းဆန်းစွာ ရှိနေကြမည် ဖြစ်ပြီး အိုမင်းရင့်ရော်ခြင်းသည် အသင်တို့အနီးသို့ပင် မချဉ်းကပ်နိုင်တော့ပေ။ အသင်တို့သည် ထိုဂျန္နသ်အတွင်း၌ စည်းစိမ်ချမ်းသာအားလုံးဖြင့် ခံစားနေထိုင်ကြရမည် ဖြစ်ပြီး မည်သည့်အခါမျှ စိုးရိမ်ပူဆွေးခြင်း၊ ဝမ်းနည်းသောကရောက်ခြင်း ရှိမည်မဟုတ်ပါ။ ထိုအကြောင်း အရာကိုသည် အလ္လာဟ်အရှင်မြတ်က ဤမိန့်ကြားချက်တွင် ဖော်ပြထားတော်မူသည် - " ၎င်းပြင် ထိုသူတို့သည် (ဤသို့) ဟစ်ခေါ်ခြင်း ခံကြရမည်- “ဤသည် ဂျန္နသ် သုခဘုံ ဖြစ်သည်၊ ၎င်း(သုခဘုံ)ကို အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သောအရာ (ကောင်းသော လုပ်ရပ်)များကြောင့် အမွေ ရရှိခဲ့ခြင်း ဖြစ်သည်”။ ( စူရဟ် အအ်ရာဖ် - ၄၃ )
စူဟိုင်ဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဂျန္နသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊ အလ္လာဟ်အရှင်မြတ်က" အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ၎င်းတို့က "အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ မျက်နှာများကို ဖြူဝင်းစေတော်မူခဲ့ပြီ မဟုတ်ပါလော။ ကျွန်တော်မျိုးတို့အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေတော်မူပြီး၊ ဂျဟန္နမ်ငရဲမှလည်း လွတ်မြောက်စေတော်မူပြီ မဟုတ်ပါလော" ဟု လျှောက်ထားကြမည်။ (တမန်တော်မြတ် ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်က)မိန့်တော်မူ၏။ ထိုအခါ အရှင်မြတ်သည် ( အဖန်ဆင်းခံများနှင့် မိမိ၏ကြား၌ တားဆီးထားသော) အကာအရံ ကို ဖယ်ရှားတော်မူလေသည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို တွေ့မြင်ခွင့်ရခြင်းထက် ပိုမို၍ နှစ်သက်ဖွယ်ရာကောင်းသော အခြားတစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရမည် မဟုတ်ပေ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်က)မိန့်တော်မူသည်မှာ- ဂျန္မသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ဤသို့ မိန့်ကြားတော်မူမည်။ အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်။ ထိုအခါ ဂျန္နသ်သို့ ဝင်ရောက်ခွင့်ရသူများ အားလုံးက "အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ မျက်နှာများကို ဖြူဝင်းစေတော်မူခဲ့ပြီ မဟုတ်ပါလော။ ကျွန်တော်မျိုးတို့အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေတော်မူပြီး၊ ဂျဟန္နမ်ငရဲမှလည်း လွတ်မြောက်စေတော်မူပြီ မဟုတ်ပါလော" ဟု လျှောက်ထားကြမည်။ ထိုအခါ အရှင်မြတ်သည် ( အဖန်ဆင်းခံများနှင့် မိမိ၏ကြား၌ တားဆီးထားသော) အကာအရံ ကို ဖယ်ရှား ရုပ်သိမ်းတော်မူမည်။ အရှင်မြတ်၏ အကာအရံသည် နူရ်ရောင်ခြည်တော်သာလျှင် ဖြစ် သည်။ သို့ဖြစ်ရာ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို တွေ့မြင်ခွင့်ရခြင်းထက် ပိုမို၍ နှစ်သက်ဖွယ်ရာကောင်းသော အခြားတစ်စုံ တစ်ရာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရမည် မဟုတ်ပေ။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "မုချဧကန်၊ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ ဆွလာသ်ဝတ်ပြုသူ (မွတ်စ်လင်မ်)များကို ၎င်း၏ကိုးကွယ်မှုဘက်သို့ ပြန်လည်ရောက်ရှိစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့ရာတွင် ၎င်းတို့အကြား (သဘောထားကွဲလွဲမှုနှင့် ပဋိပက္ခများဖြစ်ပွားစေရန်) လှုံ့ဆော်နေဆဲဖြစ်သည်။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူခဲ့သည်မှာ ရှိုင်တွာန်သည် အာရေဗျကျွန်းဆွယ်ရှိ မုအ်မင်န် ဆွလာသ်ဝတ်ပြုသူများကို ၎င်း၏ကိုးကွယ်မှုသို့ ပြန်ရောက်စေရန် သို့မဟုတ် ရုပ်တုကို စဂျ်ဒဟ်ပြုစေရန် မျှော်လင့်ချက် ကင်းမဲ့သွားလေပြီ။ သို့သော် ၎င်းသည်ဆက်လက်၍ မျှော်လင့်ချက်ထားရှိနေဆဲဖြစ်ကာ၊ ၎င်းတို့အကြား ကွဲလွဲမှုများ၊ မုန်းတီးမှုများ၊ စစ်ပွဲများ၊ ပဋိပက္ခများနှင့် အလားတူဖြစ်ရပ်များ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၌ ၎င်း၏အားထုတ်မှု၊ လုံ့လ၊ လုပ်ဆောင်ချက်နှင့် ကြိုးပမ်းမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဂျဟန္နမ်ငရဲသားနှစ်မျိုးရှိပေသည်။ ၎င်းတို့အား ငါကိုယ်တော်မမြင်ဘူးပေ။ တစ်အုပ်စုမှာ ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသောတုတ်များလည်းပါရှိသည်။ (နောက်တစ်အုပ်စုမှာ) အဝတ်အစားများဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အလား ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်လွင်နေသောအမျိုးသမီးများ၊ ယောက်ျားလေးများအား မြှူဆွယ်လေ့ရှိသောအမျိုးသမီးများ၊ အခြားသူများအား မိမိတို့ပြုလုပ်လေ့ရှိသည့် မြှူဆွယ်မှုများအားပြုလုပ်လာကြရန် လှုံဆော်ပေးသည့် အမျိုးသမီးများ၊ သူမတို့ဦးခေါင်း၏(ဟန်ဆောင်ထေားသော ဆံထုံး)သည် တိမ်းစောင်းနေသော ကုလားအုပ်၏ဘို့ကဲ့သို့ ဖြစ်သည်။ သူမတို့သည် ဂျန္နသ်သို့ဝင်ခွင့်ရမည်လည်းမဟုတ်။ ဂျန္နသ်၏အနံ့လည်းရမည်မဟုတ်ပေ။ (တဖန်ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ) ဂျန္နသ်၏ရနံ့ကို အလွန်ဝေးကွားသော အကွာအဝေးမှရရှိနိုင်ပေသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျဟန္နမ်ငရဲဘုံသို့ဝင်ရမည့်လူနှစ်မျိုးအနက်မှ မဖြစ်ကြရန် သတိပေးတားမြစ်တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုလူနှစ်မျိုးအား မတွေ့ဘူးခဲ့ပေ။ ကိုယ်တော်မြတ်၏ခေတ်တွင်လည်းမရှိပေ။ သို့သော် ထိုလူနှစ်မျိုးသည် မကြာမီပေါ်ထွက်လာလိမ့်မည်။ ပထမတစ်မျိုးမှာ - ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသော ရှည်လျားသောတုတ်များလည်းပါရှိသည်။ ဆိုလိုသည်မှာ ရဲများ၊ လူတို့အား မတရားသဖြင့်ရိုက်နှက်ကြသော ညှဉ်းပန်းနှိက်စက်သူများအား ကူညီကြသူများ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ - ကာအိန္ဒြေရှိသောအဝတ်အစား၊ အမျိုးသမီးများ၌မွေးရာပါဖြစ်သည့် အရှက်တရားနှင့်ပြည့်စုံလှသော အဝတ်အစားကို ချွတ်လိုက်ကြ သောအမျိုးသမီးများဖြစ်သည်။ ဟဒီးဆ်တော်၌ယင်းအမျိုးသမီးများအား အမှန်တကယ်တွင် အဝတ်အစားဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အဓိပ္ပါယ်ရသည်ဟုဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့သည် သူမတို့၏အသားအရေကို ပြသနေသည့် ပါးလွှာသော အဝတ်အစားများကို ဝတ်ဆင်ကြသည်။ သူမတို့သည် သူမတို့၏အလှအပကို ပေါ်လွင်ထင်ရှားလိုသည့်အတွက် အချို့သောခန္ဓာအစိတ်အပိုင်းများကို ဖုံးကွယ်ထားပြီး အချို့သောခန္ဓာအစိတ်အပိုင်းများကို ပေါ်လွင်အောင်ပြုလုပ်ထားသည်။ သူမတို့သည် မိမိတို့၏အဝတ်အစားများဖြင့် ယိမ်းနွဲ့၍ ပခုံးများကို လှုပ်ခါလျက် လမ်းလျှောက်ပြီးအမျိုးသားများ၏နှလုံးသားများသည် သူမတို့ဘက်သို့ ကိုင်းညွတ်လာအောင်ပြုလုပ်သောသူမများဖြစ်ကြသည်။ ထို့ပြင်သူမတို့သည် အခြားသူများအားလည်း မိမိတို့ရှိနေကြသည့် လမ်းမှားတိမ်းချော်မှု၌ဝင်ရောက်လာရန် ပြုလုပ်ကြသောသူမများဖြစ်ကြသည်။ သူမတို့၏ဦးခေါင်းများသည် ယိမ်းနေသောကုလားအုပ်ဘို့နှင့်တူသည်။ အကြောင်းမှာ သူမတို့သည် မိမိတို့ဦးခေါင်းအရွယ်အစားကို ကြီးမားအောင်ပြုလုပ်ထားကြပြီး ခေါင်းစည်း သို့မဟုတ် ခေါင်းစည်းနှင့်တူသော အရာများဖြင့်စည်းကာ ဖောင်းကြွအောင်ပြုထားကြသည်။ ဟဒီးဆ်တော်၌ကုလားအုပ်ဘို့နှင့်တူသော ဆံထုံးများဟုဆိုရခြင်းမှာ သူမတို့သည် မိမိတို့၏ဦးခေါင်း ပေါ်၌ဆံပင်များ၊ ဆံထုံးများကို ရစ်ခွေထုံးဖွဲ့၍မြင့်မားအောင်ပြုထားကြပြီး ကုလားအုပ်ဘို့ကဲ့သို ဟိုဘက်ဒီဘက်ယိမ်းအောင်ပြုလုပ်ထားခြင်းကြောင့်ဖြစ်သည်။ ဖေါ်ပြပါ ဂုဏ်အရည်အချင်းများရှိသော အမျိုးသမီးသည် ဂျန္နသ်သုခဘုံသို့ဝင် ရောက်ရမည်မဟုတ်ကြောင်းနှင့် အလွမ်ဝေးကွာသောနေရာမှပင် ရရှိနိုင်သည့် ဂျန္နသ်သုခဘုံ၏အနံ့ကိုပင်လျှင် ရရှိနိုင်မည်မဟုတ်ကြောင်း၊ ဂျန္နသ်သုခဘုံ၏အနားကပ်ခွင့်ရမည်မဟုတ်ကြောင်း ပြင်းထန်သောသတိပေးခြိမ်းခြောက်မှုရှိပေသည်။
အဗူစာအီဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ "အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရ။ ထို့ပြင် အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦးနှင့် အဝတ်တစ်ထည်တည်းတွင် အတူမနေရ။"
رواه مسلمနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အမျိုးသားတစ်ဦးက အခြားအမျိုးသားတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရန်၊ အမျိုးသမီးတစ်ဦးသည်လည်း အခြားအမျိုးသမီးတစ်ဦး၏အရှက်အင်္ဂါကို မကြည့်ရန် တားမြစ်ထားတော်မူထားသည်။ ‘အလ်အောင်ရဟ်' အရှက်အင်္ဂါဆိုသည်မှာ ပေါ်လွင်သွားသောအခါ ရှက်ဖွယ်ကောင်းသော အစိတ်အပိုင်းများကို ဆိုလိုသည်။ အမျိုးသား၏ ‘အလ်အောင်ရဟ်' အရှက်အင်္ဂါသည် ချက်မှ ဒူးအထိ ဖြစ်သည်။ အမျိုးသမီးသည် သူစိမ်း(မိမိနှင့်နိကာဟ် ပြုပိုင်သော)အမျိုးသားများရှေ့တွင် ခန္ဓာကိုယ်တစ်ခုလုံးအားဖုံးအုပ်ထားရမည်ဖြစ်ပြီး အမျိုးသမီးအခြင်းခြင်းနှင့် (မိမိနိကာဟ်မပြုပိုင်သော)အမျိုးသားများအရှေ့တွင် အိမ်မှုကိစ္စများလုပ်ဆောင်ရာ၌အမြဲပေါ်လွင်နေသည့်အစိတ်အပိုင်းများကို ဖော်ထားခွင့်ရှိသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အမျိုးသားနှစ်ဦး အဝတ်တစ်ထည်ထဲတွင် သို့မဟုတ် ခြုံစောင်တစ်ခုထဲတွင် နှစ်ကိုယ်တည်းနေခြင်း၊ ထိုနည်းတူ အမျိုးသမီးနှစ်ဦး အဝတ်တစ်ထည်ထဲတွင် သို့မဟုတ် ခြုံစောင်တစ်ခုထဲတွင် နှစ်ကိုယ်တည်းနေခြင်းကို တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော ဤသို့ပြုခြင်းသည် တစ်ရောက်အရှက်အင်္ဂါနှင့် နောက်တစ်ရောက်အရှက်အင်္ဂါ ထိတွေ့သွားနိုင်သည်။ အရှက်အင်္ဂါကို ကြည့်ရှုခြင်းအားတားမြစ်ထားသကဲ့သို့ ထိတွေ့ခြင်းကိုလည်းတားမြစ်ထားသည်။ သို့သာမက သူတစ်ပါးအရှက်အင်္ဂါကို မထိတွေမိစေရန် ပြင်းထန်စွာ တားမြစ်ထားသည်။ ဤသို့ ထိတွေ့ခြင်းဖြင့် အလွန်ကြီးမားသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ရာ ကိုယ်တော်မြတ်က ဧကန်အမှန်ပင် ထိုသက်သေခံခြင်းနှစ်ခုက ၎င်း(အပြစ်အကုသိုလ်) တို့ကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
رواه أبو يعلى والطبراني والضياء المقدسيပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ပြစ်မှုဒုစရိုက်တိုင်းကို ကျူးလွန်ခဲ့ပါသည်။ သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ အပြစ်ဟူသမျှကို ကျူးလွန်ခဲ့ပါသည်။ ကျွန်တော်မျိုးသည် အပြစ်များမှ ခွင့်လွှတ်ချမ်းသာခွင့် ရနိုင်ပါသလားဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ ကျွန်တော်မျိုး သက်သေခံခဲ့ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသက်သေခံခြင်းနှစ်ခုက ယင်းအပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့အတူ စစ်မှန်သည့် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကိုပယ်ဖျက်ပေးသည်။
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
رواه ابن ماجهပညာရှင်များအပေါ် ဂုဏ်ဖော်ကြွားဝါးရန်၊ ကျွန်ုပ်သည်လည်း အသင်တို့ကဲ့သို့ ပညာရှင်တစ်ဦးပင်ဖြစ်သည်ဟုပြသရန် သို့မဟုတ် အသိပညာနည်းပါးသူများ၊ ပညာမဲ့များနှင့် အငြင်းအခုံပြုရန် သို့မဟုတ် ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန်၊ အခြားသူများထက် ရှေ့တန်းတင်ခံရရန် စသည့်ရည်ရွယ်ချက်မျိုးဖြင့် ပညာသင်ယူဆည်းပူးခြင်းမပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုရည်ရွယ်ချက်မျိုးထားခဲ့လျှင် ပညာသင်ယူဆည်းပူးခြင်းသည် အလ္လာဟ်အရှင်မြတ်နှစ်သက်ရန်အတွက် မဟုတ်ဘဲ ပြစားရန်အတွက်ဖြစ်သွားသောကြောင့် ဂျဟန္နမ်ငရဲမီးနှင့်သာ ထိုက်တန်သွားမည်ဖြစ်သည်။
နောင်ဝါစ်ဗင်န် စမ်အာန် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင်တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုတံတိုင်းနှစ်ဘက်တွင် ဖွင့်ထားသည့် တံခါးများရှိပြီး ထိုတံခါးများတွင် တွဲလောင်းချထားသောလိုက်ကာများရှိသည်။လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟု ဖိတ်ခေါ်နေသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်လိုသူအားပြောမည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ လမ်းဟူသည် အစ္စလာမ်ကိုဆိုလိုပြီး တံတိုင်းနှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များကို ဆိုလိုသည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင်လမ်း၏ ဝင်ပေါက်တွင်ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။
رواه الترمذي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာကို အကွေ့အကောက်မရှိဘဲ ရှည်လျားပြီးဖြောင့်မတ်မှန်ကန်သည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုလမ်း၏ ဘေးနှစ်ဘက်တွင် တံတိုင်းနှစ်ခု ကာရံထားပြီး ၎င်းတံတိုင်းနှစ်ခုမှာ အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များဖြစ်သည်။ ယင်းတံတိုင်းနှစ်ခုတွင် ဖွင့်ထားသည့်တံခါးများရှိပြီး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ အဖြစ် တားဆီးထားသည့် အရာများဖြစ်ကြသည်။ ထိုတံခါးများပေါ်တွင် လိုက်ကာများရှိပြီး လမ်းပေါ်မှ လျှောက်လှမ်းသွားသူအတွက် ထိုတံခါးများအတွင်း၌ မည်သူရှိကြောင်းကို မသိရပေ။ လမ်း၏အစတွင် လူတို့အား လမ်းညွှန်ဖိတ်ခေါ်နေသူတစ်ဦးရှိပြီး ၎င်းက လူတို့အား သင်တို့သည် ထိုလမ်းမပေါ်၌ ဘယ်ညာ မတိမ်းစောင်းဘဲ လျှောက်လှမ်းကြပါဟု ဖိတ်ခေါ်လျှက်ရှိသည်။ ဤသို့ဖိတ်ခေါ်နေသူမှာ အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် ကုရ်အာန်ကျမ်းမြတ်ပင်ဖြစ်သည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် အခြားဖိတ်ခေါ်သူတစ်ဦးရှိနေပြီး ၎င်းက ထိုလမ်းပေါ်တွင် လျှောက်လှမ်းနေသူတစ်ဦးက တံခါးများရှိ လိုက်ကာများကို အနည်းငယ်မျှ ဖွင့်ကြည့်ရန် ရည်ရွယ်လိုက်တိုင်း ၎င်းအား သတိပေးကြိမ်းမောင်းပြောဆိုသည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ ထိုထဲသို့ မဝင်ရောက်ရန် မိမိကိုယ် မိမိထိန်းချုပ်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ ဤသို့ဖိတ်ခေါ်သူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- ဆွလာသ်အတွင်း၌အာယသ်တော်သုံးပိုဒ် ဖတ်ခြင်း၏အကျိုးကုသိုလ်သည် လူတစ်ဦး မိမိ၏အိမ်တွင် ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မ သုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။