





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌) ဒုအာအမြောက်အမြား တောင်းခံကြပါ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူသည်မှာ ကျွန်တစ်ဦး မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ ၎င်းသူစဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆွလာသ်ဆောက်တည်နေသူတစ်ဦးသည် စဂျဟ်ဒဟ်ပြုသည့်အခါ အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်၌ ရိုသေကျိုးငဲ့စွာဖြင့် မိမိခန္ဓာကိုယ်၏ အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံး အစိတ်အပိုင်းကို မြေပြင်ပါ်တွင် ချထားသည့်အတွက်ကြောင့်ဖြစ်သည်။ စဂ်ျဒဟ် ဦးချစဉ် ဒုအာများမြောင်စွာတောင်းခံရန် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်။ ဤသို့ဖြင့် ကိုယ်၊နှုတ် နှစ်မျိုးစလုံးဖြင့် ကျိုးငဲ့မှု ပေါင်းစည်းသွားမည်ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိအိမ်နီးချင်းအား ဂုဏ်ပေးပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိဧည့်သည်အား ဂုဏ်ပေးလေးစားပါ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ဖြစ်သော အရှင်မြတ်ထံ ပြန်လှည့်ရမည့်နေ့၊ လုပ်ရပ်များကို အစားပြန်လည်ပေးမည့်နေ့ကို အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တိုင်းအား သူ၏အီမာန်သက်ဝင်ယုံကြည်မှုက အောက်ပါလုပ်ရပ်များကို ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်မည်ဖြစ်သည်။ ၎င်းတို့မှာ- (၁) ကောင်းသည့်စကားကိုသာ ပြောဆိုခြင်း။ ယင်း၌ ‘سُبْحَانَ الّٰله’ ဖတ်ခြင်း၊ ‘لَا إِلٰهَ إِلَّا الّٰله ’ ဖတ်ခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်း၊ လူတို့ကြား၌ သင့်မြတ်အောင် ဆောင်ရွက်ပေးခြင်း စသည်တို့ပါဝင်သည်။ အကယ်၍ ထိုသို့ မလုပ်နိုင်ပါက ဆိတ်ဆိတ်နေရမည်။ လူတို့အား ဒုက္ခမပေးဘဲ နှုတ်လျှာကို ထိန်းသိမ်းရမည်။ (၂) အိမ်နီးချင်းအား ဂုဏ်ပေးခြင်း။ ၎င်းတို့အား ကောင်းကျိုးပြုခြင်း၊ ဒုက္ခမပေးခြင်း။ (၃) မိမိအား လာရောက်တွေ့ဆုံသည့် ဧည့်သည်အား ဂုဏ်ပေးလေးစားခြင်း။ ၎င်းတို့အား ကောင်းမွန်ချိုသာစွာစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်း စသည်တို့ဖြစ်သည်။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်;ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကရှင်းလင်း မိန့်ကြားတော်မူသည်မှာ လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။ အဖန်ဆင်းခံများအပေါ် ဗန္ဓာကျေးကျွန်၏ သနားကြင်နာမှုသည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်ကို ရရှိရန်အတွက် အကြီးဆုံးအကြောင်းခံတစ်ခုဖြစ်သည်။
အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ပြဿနာလုပ်သူကို မုန်းတီးတော်မူသည်။ ထိုသူသည် အမှန်တရားကို ကျေနပ်လက်ခံခြင်းမရှိဘဲ အငြင်းအခုံပြုကာ အမှန်တရားကိုပယ်ချရန် ကြိုးစားသည်။ သို့မဟုတ် အမှန်တရားဖြင့်သာ ငြင်းခုံသော်လည်း တရားမျှတမှုဘောင်ကိုကျာ်ကာ အလွန်အကျွံ ငြင်းခုံမှုပြုသည်။ အသိပညာမရှိဘဲ ငြင်းခုံမှုပြုသည်။
စမုရဟ်ဗင်န် ဂျွန်ဒဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။
رواه مسلمအလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကရှင်းလင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) “စွဗ်ဟာနလ္လာဟ်” အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသည်။ (၂) “အလ်ဟမ်ဒုလိလ္လာဟ်”ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွအရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။ (၃) “လာအိလာဟ အိလ္လလ္လာဟ်” အလ္လာအရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင်မရှိ။ (၄) “အလ္လာဟု အက္ကဗရ်” အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်တော်မူသည်။ ဤဇိက်ရ်တော်၏ မွန်မြတ်မှုနှင့် အကျိုးကုသိုလ် ရရှိရန်အတွက် ဖတ်ရွတ်သည့်အခါ အစဉ်လိုက်ဖတ်ရန် အရေးမကြီးပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
رواه الترمذي وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေမည့် အကြီးကျယ်ဆုံးအကြောင်းခံနှစ်ခုအား ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’တရားထားခြင်းဟူသည် သင်နှင့် အလ္လာဟ်အရှင်မြတ်၏ အဇာဗ်ပြစ်ဒဏ်ကြားတွင် အကာကွယ်ထားခြင်းဖြစ်ပြီး ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဟူသည် မျက်နှာချိုသာခြင်း၊ ကောင်းမှုပြုခြင်း၊ ဒုက္ခများကို တားဆီးဖယ်ရှားခြင်း စသည်တို့ဖြစ်သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်စေမည့် အကြီးကျယ်ဆုံးအကြောင်းခံနှစ်ခုအား ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်။ နှုတ်လျှာ၏ အပြစ်အကုသိုလ်မှာ မုသားပြောခြင်း၊ အတင်းပြောခြင်း၊ ကုန်းချောခြင်း စသည်တို့ဖြစ်ပြီး အရှက်အင်္ဂါ၏ အပြစ်အကုသိုလ်မှာ ဇိနာ တရားမဝင်ကားမ ကျူးလွန်ခြင်း၊ လိင်တူဆက်ဆံခြင်း စသည်တို့ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတစ်ဦးက သူ၏ညီနောင်အား အရှက်တရားအကြောင်း ပြောကြားနေသည်ကို ကြားတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။
متفق عليهလူတစ်ဦးသည် မိမိညီနောင်တစ်ဦးအား အလွန်အမင်းအရှက်တရားထားခြင်းမပြုရန် ဆုံးမနေသည်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကြားတော်မူခဲ့သည်။ ထိုအခါ ကိုယ်တော်က သူ့အား အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်ပြီး ၎င်းသည် ကောင်းကျိုးကိုသာ ယူဆောင်လာကြောင်း ရှင်းပြတော်မူခဲ့သည်။ အရှက်တရားသည် ကောင်းမြတ်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန်နှင့် မကောင်းသည့်လုပ်ရပ်များကို စွန့်လွှတ်ရန် တိုက်တွန်းပေးသော ကိုယ်ကျင့်တရားကောင်းတစ်ခု ဖြစ်သည်။
အန်နုအ်မာန်ဗင်န် ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်အမှန်ပင်(ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ “ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် ‘ဂျဟန္နမ်’ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။” ကုရ်အာန် (၄၀:၆၀)
رواه أبو داود والترمذي وابن ماجه وأحمدဒုအာဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုဖြစ်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် ဒုအာတောင်းခံမှုအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ရမည်။ သို့ဖြစ်၍ ‘ဒုအာအု မတ်စ်အလဟ်’ လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ မိမိအတွက် ကောင်းကျိုးများရရှိရန်နှင့် ဆိုးကျိုးများဖယ်ရှားပေးရန်အတွက် တောင်းခံသည်ဖြစ်စေ၊ ‘ဒုအာအု အိဗာဒဟ်’ အလ္လာဟ်အရှင်မြတ် နှစ်သက်၊သဘောတူသည့် ပြောစကားတိုင်း၊ အတွင်းပိုင်းဆိုင်ရာ အပြင်ပိုင်းဆိုင်ရာ အမလ်ကျင့်ဆောင်မှုအားလုံး၊ စိတ်နှလုံးသားဖြင့်ဖြစ်စေ၊ ခန္ဓာကိုယ်ဖြင့်ဖြစ်စေ၊ ဥစ္စာပစ္စည်းဖြင့်ဖြစ်စေဆောင်ရွက်ရသော ခဝပ်ကိုးကွယ်မှုအားလုံးကို အလ္လာဟ်အရှင်မြတ်အတွက်သာ ပြုလုပ်ရမည်။ ၎င်းနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်းဟိဝစ္စလမ်)က အထောက်အထားအနေဖြင့် အာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ “ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် ‘ဂျဟန္နမ်’ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။”
အဗ်ဒုလ္လာဟ် ဗင်န်မတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မှန်သောစကားကိုသာ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အပေါ်၌တာဝန်ရှိသည်။ မှန်သောစကားကိုသာပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြပေးသည်။ လူတစ်ဦးသည် အမှန်ကိုပြောဆိုရင်း၊ အမှန်ကိုသာရှာဖွေရင်း နောက်ဆုံးတွင်သူသည်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်မှန်ကန်သူ ဖြစ်သွားသည်။ အသင်တို့သည် မုသားပြောခြင်းမှရှောင်ကြဉ်ကြကုန်။ မုသားသည် မကောင်းမှုဘက်သို့ လမ်းပြပေးသည်။ မကောင်းမှုသည် ဂျဟန္နမ်ငရဲဘက်သို့ လမ်းပြပေးသည်။ လူတစ်ဦးသည် မုသားပြောရင်း၊ မုသားကို ရှာဖွေရင်း နောက်ဆုံးတွင် သူသည် အလ္လာ့ဟ်အရှင်မြတ်ထံတော်၌အလွန်မုသားပြောသူဟုရေးမှတ်ခြင်းခံရပေသည်။”
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မှန်သောစကားကိုသာ ပြောဆိုရန်အမိန့်ပေးထားသည်။ မှန်သောစကားကိုသာ စွဲမြဲစွာပြောဆိုခြင်းက ထာဝရတည်ရှိမည့်ကောင်းမှုဆီသို့ပို့ ဆောင်ပေးသည်။ ကောင်းမှုကိုစွဲမြဲစွာပြုလုပ်သူအား ယင်းကောင်းမှုက ဂျန္နသ်ဘက်သို့ ပို့ဆောင်ပေးသည်။ သိသာသည်ဖြစ်စေ၊ မသိသာသည်ဖြစ်စေ မှန်သောစကားကိုသာ ထပ်တလဲလဲပြောဆိုလျက်ရှိရာ အလွန်ပင်မှန်သောစကားပြောဆိုသူဟူသည့်အမည်နှင့်ထိုက်တန်သွားသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မုသားပြောခြင်း၊ မှားယွင်းသည့်စကားကို ပြောခြင်းမှတားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် မုသားသည် ဖြောင့်မတ်မှန်ကန်စွာရပ်တည်ခြင်းမှ မကောင်းသောလုပ်ရပ်နှင့်အကုသိုလ်များဘက်သို့ ယိမ်းယိုင်စေသည်။ တဖန် ဂျဟန္နမ်ငရဲမီးသို့လည်းပို့ဆောင်ပေးသည်။ ထို့ပြင် မုသားပြောသူသည် များစွာမုသားပြောဆိုမှုကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အလွန်ပင်မုသားပြောသူဟု သတ်မှတ်ခြင်းခံရလေတော့သည်။