Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way






























Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကလိမဟ်တော်နှစ်ခုကို တင်ပြကာ ယင်းကလိမဟ်တော်နှစ်ခုသည် လူတစ်ဦးအဖို့ မည်သည့်အချိန်တွင်မဆို အခက်အခဲမရှိ လွယ်ကူစွာ ရွတ်ဖတ်နိုင်သလို မီဇာန်ချိန်ခွင်၌ အကျိုးကုသိုလ်ကြီးမားကာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အနန္တကရုဏာရှင်လည်း နှစ်သက်တော်မူကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းကလိမဟ်တော်မှာ -( سُبْحَانَ اللّٰهِ الْعَظِيمِ ، سُبْحَانَ اللّٰهِ وَبِحَمْدِهِ ) ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကလိမဟ်တော်နှစ်ခုတွင် ကြီးကျယ်မြင့်မြတ်ပြီး ပြီးပြည့်စုံသော အရှင်မြတ်၏ ဂုဏ်တော်များကို မြွက်ဆိုခြင်းနှင့် အရှင်မြတ်သည် လျော့နည်းမှု၊ ချို့တဲ့မှုများမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်း မြွက်ဆိုခြင်းတို့ ပါဝင်သည့်အတွက်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုတောင်းခြင်းထက် ပို၍မြင့်မြတ်သော အိဗာဒသ်ဟူ၍မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဒုအာဆုတောင်းခြင်း၌ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်မှုကင်း၍ ပြည့်စုံကြွယ်ဝတော်မူသော အရှင်ဖြစ်ကြောင်း ဝန်ခံခြင်း၊ ကျေးကျွန်၏ မတတ်စွမ်းနိုင်မှုနှင့် အရှင်မြတ်အား အမြဲလိုအပ်လျက်ရှိကြောင်း ဝန်ခံခြင်းတို့ပါဝင်သည့်အတွက်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မိမိ၏ မွတ်စ်လင်မ်ညီနောင်တစ်ဦးအား သူ၏ကွယ်ရာ၌ သူ့အားစော်ကားနေခြင်း၊ မကောင်းပြောနေခြင်းတို့ကို တားမြစ်ကာ ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျဟန္နမ်ငရဲမီး၏ ပြစ်ဒဏ်မှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို “سُبْحَانَ اللّٰهِ وَبِحَمْدِهِ” ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် လှိုင်းတံပိုးများ ပြင်းထန်စွာ ရိုက်ခတ်သည့်အခါ ပင်လယ်ရေပြင်ပါ်တွင် တက်လာသော အဖြူရောင်ရေမြှုပ်များပမာ များပြားနေလျှင်လည်း အပြစ်များကိုပယ်ဖျက်ကာ ခွင့်လွှတ်ချမ်းသာပေးခြင်း ခံရမည်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဤဇိက်ရ်တော်- لَا إلٰهَ إلَّا اللّٰهُ وَحْدَهُ لَا شَرِيْكَ لَهُ،لَهُ الْمُلْكُ،وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ (အဓိပ္ပါယ်- တုဖက်နှိုင်းယှဉ်ခြင်းကင်း၍ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍မရှိ။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ချစ်ခင်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်တကွပြုသော ချီးမွမ်းထောမနာခြင်းအပါင်းသည် အရှင်မြတ်အဖို့သာ ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူပြီး မည်သည့်အရာကမျှ ထိုအရှင်မြတ်ကို မတတ်စွမ်းနိုင်အောင် မပြုနိုင်ပေ။) တစ်ရက်လျှင် ဆယ်ကြိမ်ဖတ်ရွတ်မည်ဆိုလျှင် အကျိုးကုသိုလ်အနေဖြင့် အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)၏ သားတော်အစ္စမာအီးလ် (အလိုင်းဟိစ္စလာမ်)၏ သားစဉ်မြေးဆက်မှ ကျွန်လေးဦးအား သူကောင်းပြုသူကဲ့သို့ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အစ္စမာအီးလ် (အလိုးင်ဟိစ္စလာမ်)၏ သားစဉ်မြေးဆက်ကို သီးသန့်တင်ပြထားခြင်းမှာ ၎င်းတို့သည် အခြားလူမျိုးများထက် မွန်မြတ်မှုရှိသည့်အတွက်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစားစေရန် အ လိုရှိတော်မူလျှင် ထိုသူ့အား မိမိ၏သာသနာတော်နှင့်စပ်လျဉ်း၍တတ်ကျွမ်းနားလည်နိုင်စွမ်းကို ချီးမြှင့်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ် ချီးမြှင့်သည့် ရိုဇီရိက္ခာ၊ အိလ်မ်အသိပညာနှင့် အခြားအရာများကို ဝေငှပေးသူဖြစ်သည်။ အမှန်တကယ် ပေးကမ်းချီးမြှင့်သူ အစစ်အမှန်မှာ အလ္လာဟ်အရှင်မြတ်သာဖြစ်သည်။ အရှင်မြတ်မှအပ အခြားအရာများသည် အကြောင်းခံများသာဖြစ်ကြပြီး အရှင်မြတ်အလိုရှိမှသာ အကျိုးပြုနိုင်ကြမည်ဖြစ်သည်။ ဤအွမ္မသ်(အနက် အုပ်စုတစ်စု)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ်တွင် အစဉ်အမြဲရပ်တည်လျက်ရှိနေမည်။ ၎င်းတို့အား ဆန့်ကျင်သူများသည် ကိယာမသ် ဆိုက်ရောက်လာသည်အထိ ၎င်းတို့အား နစ်နာဆုံးရှုံးအောင်ပြုနိုင်မည် မဟုတ်ပေ။
အချို့ကျေးကျွန်များကို အလ္လာဟ်အရှင်မြတ်က ချစ်မြတ်နိုးတော်မူကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) သက္ကဝါတရားရှိသူ - အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကာ တားမြစ်ချက်များကို ရှောင်ကြဉ်သူ၊ (၂) လိုလားတောင့်တမှုကင်းသူ - လူတို့ထံမှ လိုအပ်ချက်ကင်းကာ အလ္လာဟ်အရှင်မြတ်ဖြင့်သာ လုံလောက်ပြီး အရှင်မြတ်မှလွဲ၍ မည်သူ့အပေါ်မျှ အာရုံမထားသူ၊ (၃) ထင်ပေါ်ခြင်းမရှိသူ - ရိုကျိုးနှိမ့်ချသူ၊ မိမိအရှင်မြတ်ကို ခဝပ်ကိုးကွယ်သူ၊ မိမိအတွက် အကျိုးရှိသည့်အရာဖြင့်သာ အချိန်ကုန်ဆုံးသူ၊ အခြားသူများက မိမိအားသိရှိကြရန်နှင့် မိမိအကြောင်း ချီးမွမ်းပြောဆိုကြရန် အလေးမထားသူတို့ဖြစ်သည်။
ရေမွှေးသည် သယ်ဆောင်ရ လွယ်ကူပြီး မွှေးကြိုင်သည့်အတွက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်တစ်ရပ်မှာ ရေမွှေးအား လက်ဆောင်အဖြစ်ပေးလျှင် မငြင်းပယ်ဘဲ လက်ခံတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း မိန့်ကြားတော်မူခဲ့သည်မှာ အပြောအဆိုနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းတို့၌ နူးညံ့သိမ် မွေ့ခြင်း၊ အလျင်စလိုမပြုခြင်းတို့သည် အရေးကိစ္စတိုင်းကို ပိုမိုလှပပြည့်စုံစေသည်။ ထို့ပြင် နူးညံ့သိမ်မွေ့မှုရှိသူသည် မိမိ၏လိုအပ်ချက်ကို ရရှိနိုင်မည်ဖြစ်သည်။ နူးညံ့သိမ်မွေ့မှု မရှိခြင်းသည် အရေးကိစ္စတိုင်းကို ချို့ယွင်းမှုဖြစ်စေပြီး ရုပ်ဆိုးအကျည်းတန်စေသည်။ ထို့ပြင်ကာယကံရှင်အား သူ၏လိုအပ်ချက်များ မရရှိအောင် တားဆီးပိတ်ပင်သည်။ အကယ်၍ ၎င်းအနေဖြင့် မိမိလိုအပ်ချက်များကို ရရှိခဲ့လျှင်လည်း အခက်အခဲများဖြင့်သာ ရရှိလိမ့်မည်ဖြစ်သည်။