





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဂျွန်ဒုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မကွယ်လွန်မီငါးရက်အလိုတွင် မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ ငါကိုယ်တော်သည် ငါ၏နောက်လိုက်သားတို့အနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် မုချအဗူဗကရ်(ရဿွိယလ္လာဟုအန်ဟု)အား သတ်မှတ်မည်ဖြစ်သည်။ ကောင်းစွာသတိပြုကြလေကုန် အသင်တို့အလျင်ရှိခဲ့ကြသော သူတို့သည် ၎င်းတို့နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ကောင်းစွာသတိပြုကြလေကုန် သင်တို့သည် ကဗရ်သင်္ချိုင်းများကို ဝတ်ပြုဦးချရာနေရာများအဖြစ် မပြုလုပ်ကြနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းအား ငါကိုယ်တော် သင်တို့အား တားမြစ်တော်မူသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင်ရှိသည့် မိမိ၏ အဆင့်အတန်းကို အသိပေးပြောကြားခဲ့သည်။ ထိုအဆင့်သည် အချစ်၏ အဆင့်အတန်းများအနက် အမြင့်ဆုံးအဆင့်ဖြစ်ပြီး ထိုအဆင့်အတန်းအား တမန်တော် အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်) ရခဲ့သည့်အတိုင်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတွင်အခြားအချစ်တော်၊ အဆွေတော်ရှိခြင်းကို ငြင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏နှလုံးသားထဲတွင် အရှင်မြတ်၏အချစ်၊ အရှင်မြတ်၏ကြီးကျယ်မှုနှင့် အရှင်မြတ်၏အသိတရားတို့ဖြင့် ပြည့်နှက်နေပြီး အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် နေရာမရှိတော့ပေ။ အကယ်၍ ကိုယ်တော်သည် မိမိအတွက် အဖန်ဆင်းခံများအနက်မှ အချစ်တော်၊ အဆွေတော်သတ်မှတ်ရမည်ဆိုလျှင် ထိုသူသည် အဗူဗကရ်ဆွိဒ်ဒီက်(ရဿွိယလ္လာဟုအန်ဟု)သာဖြစ်လိမ့်မည်။ ထို့နောက် ကိုယ်တော်မြတ်သည် အချစ်နှင့်ပတ်သက်၍ ခွင့်ပြုထားသော အတိုင်းအတာကို ကျော်လွန်သည့် လုပ်ရပ်များကို သတိပေးတားမြစ်တော်မူခဲ့သည်။ ထိုလုပ်ရပ်များကို ရဟူဒီ၊ နဆ်ွရာနီတို့က မိမိတို့၏ နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်သင်္ချိုင်းများတွင်ပြုလုပ်ခဲ့ကြပြီး ၎င်းတို့သည် ထိုကဗရ်သင်္ချိုင်းများကို အလ္လာဟ်အရှင်မြတ်အပြင် ခဝပ်ကိုးကွယ်ခြင်းခံရသော ဖက်စပ်ကိုးကွယ်ရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ထိုကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ၊ အိဗာဒသ်ပြုရာ နေရာများ ဆောက်လုပ်ခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအွမ္မသ်နောက်လိုက်များကို ၎င်းတို့ပြုလုပ်သောလုပ်ရပ်များကို မပြုလုပ်ရန် တားမြစ်တော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မုအ်မင်န်သည် မခံချင်စိတ်ဖြစ်ခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ မနှစ်သက်ခြင်းများဖြစ်သကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်လည်းမခံချင် စိတ်၊ အမျက်ဒေါသနှင့် မနှစ်သက်ခြင်းများဖြစ်တော်မူသည်။ အရှင်မြတ်၏ အမျက်ဒေါသဖြင့်မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟအရှင်မြတ် တားမြစ်ထားသည့် မကောင်းမှုများဖြစ်သော ‘ဇိနာ’ပြုခြင်း၊ လိင်တူဆက်ဆံခြင်း၊ ခိုးခြင်း၊ အရက်သေစာ သောက်စားခြင်းစသည်တို့အပြင် အခြားစက်ဆုပ်ရွံရှာဖွယ်ရာများ ကျူးလွန်သည့် အတွက်ကြောင့်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ သူသည် ပုဂ္ဂိုလ်တစ်ဦးက ကအ်ဗဟ်ကျောင်းတော်၏ကစမ် မဟုတ်ပါဟု ပြောလိုက်သည်ကို ကြားခဲ့သည်။ ထိုအခါ အိဗ်နုအုမရ်က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားအရာဖြင့် ကျိန်ဆိုခြင်းမပြုရ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။
رواه أبو داود والترمذي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆိုအလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များမှအပ အခြားတစ်စုံတစ်ရာဖြင့် ကျိန်ဆိုပါက ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို ‘ကုဖ်ရ်’သွေဖည်ငြင်းပယ်သူ သို့မဟုတ် ‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိန်ဆိုခြင်းဟူသည် တိုင်တည်ကျိန်ဆိုလိုက်သည့်အရာအား ကြီးကျယ်မြင့်မြတ်ကြောင်း သတ်မှတ်လိုက်ခြင်းပင်ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်မှုသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း အတွက်သာဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ နာမတော်များ၊ ဂုဏ်တော်များအပြင် အခြားမည်သည့်အရာဖြင့်မျှ ကျိန်ဆိုခွင့်မရှိပေ။ ထိုသို့ကျိန်ဆိုခြင်းသည် ‘ရှိရ်က် အဆ်ွဂရ်’ အစ္စလာမ့်ဘောင်အပြင်သို့ မရောက်စေသော ရှိရ်က်အသေးစား ကျူးလွန်လိုက်ခြင်းဖြစ်သည်။ သို့သော် ကျိန်ဆိုသူသည် မိမိကျိန်ဆိုရန် တိုင်တည်လိုက်သည့်အရာအား အလ္လာဟ်အရှင်မြတ်ကို ဂုဏ်ပေးသကဲ့သို့ ဂုဏ်ပေးလေးစားခြင်း သို့မဟုတ် ထို့ထက်ပို၍ ဂုဏ်ပေးလေးစားခြင်းမျိုးဖြစ်ပါက ‘ရှိရ်က်အက်ဗရ်’ အစ္စလာမ့်ဘောင်အပြင်သို့ ရောက်စေသော ရှိရ်က်အကြီးစား ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုနာဖိက် (အရေခြုံမွတ်စ်လင်မ်)များနှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့သည် ဆွလာသ်ဆောက်တည်ရန်အတွက် လာရောက်ရန် ပျင်းရိကြသည်။ အထူးသဖြင့် အိရှာနှင့် ဖဂျရ် ဆွလာသ်နှစ်ကြိမ်ကို ပို၍ပျင်းရိကြသည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်ကို မွတ်စ်လင်မ်တို့၏ ဂျမာအသ်နှင့်အတူ ဆောက်တည်ခြင်း၏ အကျိုးကုသိုလ်အား သိရှိခဲ့ကြလျှင်(လမ်းမလျှောက်နိုင်လျှင်လည်း) ကလေးကဲ့သို့ လက်နှင့်ဒူခေါင်းတို့ဖြင့် လေးဖက်ထောက်ကာ လာရလျှင်လည်း မုချလာကြမည်ဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူပြီး အိကာမသ်ဆိုပြီးသည့်အခါ ပုဂ္ဂိုလ်တစ်ဦးအားမိမိကိုယ်စား လူတို့အား အိမာန်ရှေ့ဆောင်ပြုရန်အမိန့်ပေးတော်မူမည်။ ထို့နောက်ကိုယ်တော်သည် ထင်းစီးများ သယ်ထားကြသောလူတို့နှင့်အတူ ဂျမာအသ်ဖြင့် ဆွလာသ်ဆောက်တည်မှုတွင် မပါဝင်ကြသူများထံ သွားကာ ၎င်းတို့ကျူးလွန်လိုက်သည့် ပြင်းထန်သည့်အပြစ်ကြောင့် ၎င်းတို့နှင့် နေအိမ်များကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူခဲ့သည်။ သို့သော် ကိုယ်တော်သည် ဤအတိုင်း လက်တွေ့အပြစ်မပေးခဲ့ခြင်းမှာ ထိုအိမ်များတွင် အပြစ်ကင်းသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် တရားတော်၏ ခွင့်ပြုချက်ကြောင့် မလာရောက်နိုင်သူများရှိနေပြီး ၎င်းတို့သည် အပြစ်မရှိသည့် အတွက်ကြောင့်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ဧကန်အမှန်ပင် လူတို့အနက် အဆိုးဆုံးသူများသည် အသက်ရှင်လျက် ကိယာမသ်ကို ကြုံကြိုက်ရသူများနှင့် ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်)များအဖြစ် ပြုလုပ်ကြသူများဖြစ်သည်။
رواه أحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် မှာ လူတို့အနက် အဆိုးဆုံးသူများသည်အသက်ရှင်လျက်နှင့် ကိယာမသ်ကို ကြုံကြိုက်သူများ၊ ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်) များအဖြစ် ပြုလုပ်ကြသူများ၊ သင်္ချိုင်းများ၌ လည်းကောင်း သင်္ချိုင်းများဘက်သို့လှည့်၍ လည်းကောင်း ဆွလာသ်ဆောက်တည်ကြသူများ ဖြစ်ကြသည်။
မဟ်မူဒ်ဗင်န်လဗီဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှုဖြစ်သည်။ ကိယာမသ်နေ့၌ လူတို့သည် မိမိတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်ပတ်သက်၍ အစားပေးခြင်းခံရသည့်အခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ရိယာအ်ပြစားသူတို့အား မိန့်ကြားတော်မူမည်မှာ လောက၌ အသင်တို့ပြစားခဲ့သူများထံသို့ သွားကြပါ။ ၎င်းတို့ထံတွင် ကောင်းကျိုးတစ်စုံတစ်ရာ တွေ့ရမည်လားဟု အသင်တို့ကြည့်ကြပါ။
رواه أحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိသည် မိမိအွမ္မသ်သားများနှင့်ပတ်သက်၍ အစိုးရိမ်ဆုံးကိစ္စမှာ လူတို့အားပြစား၍ ကောင်းမှုပြုခြင်းဖြစ်သည့် ရှိရ်က်အသေးစားပင် ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ၎င်းနောက် ကိုယ်တော်က ကိယာမသ်နေ့တွင် ပြစားသူတို့၏ ပြစ်ဒဏ်အကြောင်းကို ဆက်လက် မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အား ပြောကြားမည်မှာ သင်တို့ကောင်းမှုပြုကာ ပြစားခဲ့ကြသူများထံ သွားကြပါ။ ၎င်းတို့သည် ထိုကောင်းမှုနှင့် ပတ်သက်၍ အသင်တို့အား အကျိုးတစ်စုံတစ်ရာ ချီးမြှင့်နိုင်စွမ်းရှိကြသလားဆိုသည်ကို အသင်တို့ကြည့်ကြပါ။
အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤအာယသ်တော်အား ရွတ်ဖတ်နေသည်ကို ကြားခဲ့သည်။ (ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာတို့ကိုလည်းကောင်း၊ ဘုန်းကြီးရဟန်းတို့ကိုလည်းကောင်း၊ ‘မရ်ယမ်’၏သားတော်’မစီဟ်’ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား စွန့်၍(မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။ အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ် သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ (လုံးဝ)သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။) (ကုရ်အာန် ၉:၃၁) ထိုအခါ ကျွန်တော်က ကိုယ်တော်မြတ်အား ကျွန်တော်တို့သည် ၎င်း (တရားဟောဆရာ၊ဘုန်းကြီးရဟန်း)တို့အား ခဝပ်ကိုးကွယ်ခြင်းမပြုခဲ့ကြပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်က ဟလာလ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟရာမ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟရာမ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည် မဟုတ်လော။ အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟလာလ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟလာလ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ ထိုအခါ ကျွန်တော်က ဟုတ်ပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က ဤသည်ပင် ၎င်းတို့အား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်ဟု မိန့်ကြားခဲ့သည်။
သိရ်မိဇီကျမ်း။ဤဆွဟဗဟ်ကြီးသည် ရစူလ်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အထက်ပါအာယသ်တော်အား ရွတ်ဖတ်နေသည်ကို ကြားခဲ့သည်။ ထိုအာယသ်တော်တွင် ယဟူဒီနှင့် နဆ်ွရာနီတို့အကြောင်းပါရှိပြီး ၎င်းတို့သည် သူတို့၏ သာသနာ့ပညာရှင်များနှင့် တရားအားထုတ်သော ဘုန်းကြီး၊ ရဟန်းတို့အား ကိုးကွယ်ရာ ဘုရားသခင်များအဖြစ် ပြုလုပ်ခဲ့ကြသည်။ ထိုသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်၏ ရှရီအသ်ပြဌာန်းချက်တို့နှင့် ဆန့်ကျင်ဘက် သတ်မှတ်ပြဌာန်းခဲ့ကြရာ ၎င်းတို့ကလည်း ထိုအရာများကို နာခံခဲ့ကြသည်။ သာဝကကြီးသည် ထိုအာယသ်တော်၏ဆိုလိုရင်းကို သဘောမပေါက်ဘဲဖြစ်နေခဲ့သည် အဘယ်ကြောင့်ဆိုသော် ခဝပ်ကိုးကွယ်မှုဟူသည် ဦးချခြင်းနှင့် အလားတူလုပ်ရပ်မျိုးဖြင့်သာ ကန့်သတ်ထားသည်ဟုသာ ထင်မှတ်နေခဲ့သည်။ ထို့ကြောင့်ရစူလ်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တရားဟောဆရာများနှင့် ဘုန်းကြီးရဟန်းတို့အား ခဝပ်ကိုးကွယ်ခြင်းဟူသည် ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အမိန့်ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ကာ ဟရာမ်ကို ဟလာလ်ဟူ၍လည်းကောင်း၊ ဟလာလ်ကို ဟရာမ်ဟူ၍လည်းကောင်း သတ်မှတ်ကြသည်ကို နာခံခြင်းဖြစ်သည်ဟု သူ့အားရှင်းပြတော်မူခဲ့သည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ- ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ် ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက် အသင်သည် မတရားဖိနှိပ်ညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့ အလ္လာဟ့်ဘက်သို့ဖိတ်ခေါ်သူ၊ သာသနာရေးရာ သင်ကြားပို့ချသူအဖြစ် စေလွှတ်သည့်အခါ ကြိုတင်ပြင်ဆင်ထားရန်အတွက် မကြာမီ(နဆ်ွရာနီ) ခရစ်ယာန်မျိုးနွယ်စုများနှင့် ဆုံတွေ့ရမည်ဖြစ်ကြောင်း သူ့အား ရှင်းပြတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အား ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရာတွင်အရေးအကြီးဆုံးကိစ္စနှင့်စတင်ကာ တစ်ဆင့်ပြီးတစ်ဆင့် အရေးကြီးသောအရာများကို ဖိတ်ခေါ်ရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် သူသည် လူတို့အား ယုံကြည်ချက် ပြုပြင်တည့်မတ်ပေးရန်အတွက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို ဦးစွာပထမ တင်ပြဖိတ်ခေါ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသက်သခံချက်ဖြင့်သာ ၎င်းတို့အစ္စလာမ်သာသနာသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့သည် ထိုအချက်ကို လက်ခံခဲ့လျှင် ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် သောင်ဟီးဒ်တရား၏ နောက်တွင် ဆွလာသ်သည် အကြီးကျယ်ဆုံး ဖရ်ဿ်ွတာဝန် ဖြစ်သည်။ အကယ်၍ သူတို့သည် ဆွလာသ် ဆောက်တည်ကြလျှင် ၎င်းတို့အနက် ချမ်းသာကြွယ်ဝသူများက သူတို့၏ ဥစ္စာပစ္စည်းများထဲမှ ၎င်းတို့ထဲရှိ ဆင်းရဲသားများကို ဇကာသ်ပေးရန်အမိန့်ပေးရမည်။ ဇကာသ်ကောက်ယူရာတွင် အလယ်အလတ်တန်းစားကိုသာ ကောက်ယူရန် တာဝန်ရှိသည့်အတွက် အကောင်းဆုံးပစ္စည်းများကို ကောက်ယူခြင်းမပြုရန် ကိုယ်တော်ကသူ့အား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် မတရားဖိနှိပ်ခံရသူ၏ မကောင်းဆုတောင်းခြင်း မခံရစေရန်အတွက် မတရားမှုမှ ရှောင်ကြဉ်ရန် မှာကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတရားဖိနှိပ်ခံရသူ၏ ဒုအာသည် လက်ခံကဗူလ်ပြုခြင်းခံရသည့်အတွက်ဖြစ်သည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နုရှ်ရဟ်(ဂျာဒူစုန်းပယောဂအား ဂျာဒူစုန်းပယောဂဖြင့် ဖြေပေးခြင်း)နှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ကိုယ်တော်က ဤသည် ရှိုင်သွာန်၏ လုပ်ရပ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဒါဝူဒ်ကျမ်း။ - အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျာဒူစုန်းပရောဂပြုစားခံရသူအား ကုသရာတွင် ဂျာဟိလိယသ် အစ္စလာမ်မတိုင်မီခေတ်တွင် ပြုလုပ်သည့် နည်းလမ်းဖြစ်သည့် ဂျာဒူကို ဂျာဒူဖြင့်ဖြေပေးခြင်းကဲ့သို့သော နည်းလမ်းမျိုးနှင့်ပတ်သတ်၍ မည်သို့ အမိန့်ဆုံးဖြတ်ချက်ရှိကြောင်း လျှောက်ထားမေးမြန်းခြင်းခံရသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ထိုသို့သော လုပ်ရပ်သည် ရှိုင်သွာန်၏လုပ်ရပ် သို့မဟုတ် ရှိုင်သွာန်၏အကြောင်းခံဖြင့် ပြုလုပ်သည့် လုပ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ဂျာဒူစုန်းပရောဂါ၏ အမျိုးအစားများအနက်မှဖြစ်ပြီး ရှိုင်သွာန်၏အကူအညီကို ရယူရသည်။ ထို့ကြောင့် ဤလုပ်ရပ်သည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှုဖြစ်ပြီး တားမြစ်ထားသည်။ ပြုပိုင်ခွင့်ရှိသည့် နုရှ်ရဟ်ဟူသည် ဂျာဒူအား မန်းမှုတ်ခြင်း သို့မဟုတ် ထိုပြုစားထားသည့်အရာကို ရှာဖွေဖော်ထုတ်ပြီး ၎င်းအရာအား ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်၍ လက်ဖြင့်ဖျက်စီးပစ်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် ဆေးဝါးတို့ဖြင့် ကုသပေးခြင်း တို့ဖြစ်သည်။