





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
မုဂီရဟ် ဗင်န် ရှိုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ - "ငါကိုယ်တော်၏အွမ္မသ်ထဲမှ အုပ်စုတစ်စုသည် အမြဲတမ်း လွှမ်းမိုးအောင်ပွဲခံပြီး (အမှန်တရားပေါ်တွင်) တည်မြဲနေပေလိမ့်မည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် (ကိယာမသ်နေ့) သူတို့ထံ ရောက်ရှိလာသည်အထိ ၎င်းတို့သည် ထိုအခြေအနေ (ထင်ရှားလွှမ်းမိုးပြီး အောင်ပွဲခံသည့်အနေအထား)ပေါ်တွင်သာ ရှိနေကြလိမ့်မည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ — ငါ၏နောက်လိုက်အွမ္မသ်သားများထဲမှ အုပ်စုတစ်စုသည် လူသားများအပေါ် လွှမ်းမိုးအောင်မြင်လျက်၊ မိမိတို့ကို ဆန့်ကျင်သူများကို အနိုင်ယူလျက် ရှိနေဦးမည်ဖြစ်သည်။ ဤအခြေအနေသည် ကိယာမသ်မတိုင်မီ ဒွန်ယာ လောက၏နောက်ဆုံးသောအချိန်ကာလ၌ ထိုအုပ်စု၏ အသက်ဝိညာဉ်များကို နှုတ်သိမ်းရန် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် မကျရောက်မချင်း ဆက်လက်တည်ရှိမည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက် တစ်ဦးဦးထံသို့ ပြန်ရောက်သွားမည်။ အကယ်၍ ထို(ပြောခံရ)သူသည် သူပြောသည့်အတိုင်း မှန်ကန်ပါက (ထိုစကားသည် သူ့အပေါ် သက်ရောက်မည်)။ သို့မဟုတ်ပါက ထိုစကားသည် ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်။”
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်တစ်ဦးအား ‘အို ကာဖိရ်’ဟု ခေါ်ဝေါ်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ထိုသို့ခေါ်ဝေါ်ခြင်းဖြင့် အပြစ်သည် ပြောဆိုသူနှင့် ခံရသူအနက်မှ တစ်ဦးဦးအပေါ် ကျရောက်စေသည်။ အကယ်၍ ပြောခံရသူသည် အမှန်တကယ် ကာဖိရ်မဟုတ်ပါက ထိုစကားသည် မိမိညီနောင်အားကာဖိရ်ဟု ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
အင်မ်ရားန် ဗင်န် ဟိုဆွိုင်းန်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- “သင်တို့အနက် အကောင်းဆုံးသောသူများသည် ငါကိုယ်တော်၏ ခေတ်ကာလ(၌ရှိသောသူများ)ဖြစ်၏။ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သဗအ်သာဗီအီးန်များ ဖြစ်၏)။” အင်မ်ရားန် (ရဿွိယလ္လာဟုအန်ဟုမာ)က “တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နှစ်ခုမြောက်သောခေတ်ကာလ(သို့မဟုတ်) သုံးခုမြောက်သော ခေတ်ကာလအထိ ဖော်ပြခဲ့သလားဆိုသည်ကို ကျွန်ုပ် မမှတ်မိတော့ပါ”ဟု ဆိုသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- “အမှန်စင်စစ် သင်တို့ပြီးနောက် လူတစ်စု ပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် သစ္စာဖောက်ကြလိမ့်မည်။ ယုံကြည်ကိုးစားခြင်း ခံကြရမည်မဟုတ်ပေ။ သက်သေခံခိုင်းခြင်းမခံရဘဲ အလိုအလျောက် သက်သေခံကြလိမ့်မည်။ နဇရ်ကိုးကြသော်လည်း ထိုနဇရ်ကိုးခြင်းအား ဖြည့်ဆည်းကြမည် မဟုတ်ပေ။ ထို့ပြင် ထိုသူတို့တွင် ဝဖြိုးခြင်း ထင်ရှားလာလိမ့်မည်” ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခေတ်ကာလတစ်ခုတွင် စုစည်းနေထိုင်သော လူအုပ်စုများအနက် အကောင်းဆုံးသောအုပ်စုမှာ တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့် သူ၏ တပည့်သာဝကများ(စွဟာဗဟ်များ) ရှိသည့် လူအုပ်စုဖြစ်ကြောင်း၊ ထို့နောက် သူတို့နောက်တွင် ရှိသော တမန်တော်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ကို တွေ့ဆုံခဲ့ခြင်းမရှိဘဲ စွဟာဗဟ်သာဝကများကိုသာ တွေ့ဆုံခဲ့ကြသော မုအ်မင်န်များ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင် ရှိသော နောက်လိုက်များ(သဗအ်သာဗီအီးန်များ)ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ စွဟာဗဟ်ကြီး (အင်မ်ရားန်ဗင်ဟုဆွိုင်းန်) သည် စတုတ္ထမြောက် အုပ်စုကို ဖော်ပြရာတွင် ဝေခွဲမရဖြစ်ခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယင်း (အကောင်းဆုံးအုပ်စုများ) ပြီးနောက် သစ္စာဖောက်ကြမည့်၊ လူများက သူတို့ကို ယုံကြည်ကိုးစားခြင်း မပြုကြမည့်၊ သက်သေခံခိုင်းခြင်း မခံရမီကပင် သက်သေခံကြမည့်၊ နဇရ်ကိုးကြသော်လည်း ထိုနဇရ်ကိုးခြင်းအား ဖြည့်ဆည်းခြင်း မပြုကြမည့်၊ စားသောက်မှုတွင် ကျယ်ပြန့်ခြင်း ဖြစ်ပေါ်လာကာ အဝလွန်ခြင်း ပျံ့နှံ့လာမည့် လူများ ပေါ်ပေါက်လာလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူစအ်လဗဟ် အလ်ခုရှနီ ဂျုရ်စူမ် ဗင်န် နာရှိရ် ( ရဿွိယလ္လာဟု အန်ဟု ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ( အသင်တို့အဖို့ ) တာဝန်တစ်ချို့ကို သတ်မှတ်ပြဋ္ဌာန်းထားတော်မူပါသည်။ သို့ဖြစ်ရာ ထိုတာဝန်များကို မမေ့မလျော့ဘဲ ဆောင်ရွက်ပါလေ။ ထို့အပြင်အရှင်မြတ်သည် စည်းမျဥ်းတစ်ချို့ကို ချမှတ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုစည်းမျဥ်းစည်းဘောင်များကို မချိုးဖောက်ကြနှင့်။ အလားတူပင်အရှင်မြတ်သည် တစ်ချို့အရာများကို ဟရာမ်ဟု တားမြစ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုတားမြစ်ချက်များကို မချိုးဖောက်ကြနှင့်။ ထို့ပြင် အရှင်မြတ်သည် တစ်ချို့အရာများနှင့်ပတ်သက်၍ မေ့လျော့၍ မဟုတ်ဘဲ အသင်တို့အား သနားကရုဏာထားသောအနေဖြင့် တိတ်တဆိတ်နေတော်မူခဲ့ပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများနှင့် ပတ်သတ်၍ စူးစမ်းရှာ ဖွေခြင်း မပြုကြနှင့်။
رواه الدارقطني في سننه وغيرهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တင်ပြထားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည်တာဝန်ဝတ္တရားများကို ပညတ်တော်မူပြီး ဖရဇ်တာဝန်တချို့ကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ သို့ဖြစ်ရာ ထိုတာဝန်များကို စွန့်လွှတ်ခြင်း သို့မဟုတ် ပေါ့လျော့ခြင်းမပြုဘဲ ကျေပွန်စွာ လိုက်နာဆောင်ရွက်ကြလော့။ အရှင်မြတ်သည် မိမိနှစ်သက် တော်မမူသည့်အရာများမှ အသင်တို့အား ( ထိုအရာများကိုမကျူးလွန်မိစေရန် )တားဆီးပိတ်ပင်တော်မူမည့် စည်းဘောင်များနှင့် တားမြစ်ချက်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားတော်မူ၏။ သို့ဖြစ်ရာ သင်တို့သည် ထိုစည်းဘောင်ထက် လွန်ကျူး၍ ရှရီအသ်တရားတော်က ခွင့်ပြုထားသည်ထက် ပိုမိုဆောင်ရွက်ခြင်း မပြုကြနှင့်။ ထို့ပြင်အရှင်မြတ်သည် အချို့သောအရာများကို ဟရာမ်အဖြစ် ပညတ်တော်မူခဲ့၏။ သို့ဖြစ်ရာ ထိုဟရာမ်ကိစ္စရပ်များကို ကျူးလွန်ခြင်းနှင့်၊ ၎င်းဟရာမ်ကိစ္စရပ်များ၏ အနားသို့ ချဉ်းကပ်ခြင်းမပြုကြလေနှင့်။ ထိုအချက်များမှလွဲ၍အခြားသောအရာများကိုမူ အရှင်မြတ်သည်မိမိ၏ ဗန်ဒဟ်ကျေးကျွန်များအား သနားကရုဏာထားတော်မူသည့်အနေဖြင့် ဆိတ်ဆိတ်နေတော်မူကာ ချန်လှပ်ထားတော်မူခဲ့၏။ သို့ဖြစ်ရာ ထိုကိစ္စရပ်များသည် ၎င်း၏ မူလအမိန့်ဖြစ်သည့် မုဘာဟ် ( ပြုလုပ်ပိုင်ခွင့်ရှိသည့်အမိန့် )အတိုင်း ကျန်ရှိနေ၏။ သို့ဖြစ်၍ အသင်တို့သည် ထိုကိစ္စများနှင့်ပတ်သက်၍ စုံစမ်းရှာဖွေခြင်း မပြုကြနှင့်။
အဘူယအ်လာ ရှဒ်ဒါးဒ် ဗင်န် အောဝ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် သင်တို့သည် သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ပါ။ သင်တို့(ဇဗဟ်)လှီးဖြတ်သည့်အခါ ကောင်းမွန်စွာဖြင့်လှီးဖြတ်ပါ။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မိမိ၏ဓါးသွားကို ထက်မြအောင်ပြုလုပ်ပါ။ ၎င်း၏ သားကောင်အား နာကျင်မှုသက်သာအောင်ပြုလုပ်ပါ"။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်ကျွန်တော်တို့အပေါ်၌ ‘ဝါဂျိဗ်’တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသည်။ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် ခဝပ်ကိုးကွယ်ခြင်း၊ ကောင်းမှုပြုခြင်း၊ အဖန်ဆင်းခံများ၏ ဒုက္ခကို တားဆီးပေးခြင်းစသည်တို့ကိုဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်သည် မိမိကိုမြင်တွေ့နေတော်မူသည်ဟူသည့် အသိအမြဲရှိနေခြင်းဖြစ်သည်။ ထိုသို့ ကောင်းမွန်စွာကျင့်မူခြင်း၌ သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ခြင်း၊ ကောင်းမွန်စွာ(ဇဗဟ်)လှီးဖြတ်ခြင်းတို့လည်းပါဝင်သည်။ ‘ကိဆွာဆ်ွ’ လူသတ်မှု ကျူးလွန်သည့်အတွက် ဥပဒေအရ သေဒဏ်စီရင်ခြင်းကို အကောင်အထည်ရာ၌ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် စီရင်ခံရသူအား လွယ်ကူ၊ ညင်သာပြီး အမြန်ဆုံးသေဆုံးနိုင်မည့်နည်းလမ်းကို ရွေးချယ်ခြင်းဖြစ်သည်။ ‘ဇဗဟ်’လှီးဖြတ်သည့်အခါ ကောင်းမွန်စွာကျင့်မူခြင်းဟူသည် လှီးဖြတ်မည့်ဓားကို ထက်အောင်သွေးခြင်းဖြင့် သားကောင်အပါ် ညင်သာမှုရှိခြင်းဖြစ်သည်။ လှီးဖြတ်မည့် တိရစ္ဆာန်၏ရှေ့တွင် ဓားမသွေးရပါ။ တိရစ္ဆာန်တစ်ကောင်၏ရှေ့တွင် အခြားတိရစ္ဆာန်တစ်ကောင်ကို မလှီးဖြတ်ရပါ။
အဗူမာလိက် အလ်ဟာရိစ် ဗင်န် အာစွင်မ် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ " သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ်နှင့် အလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်"။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအား ဝုဿွူပြုခြင်း၊ ရေချိုးခြင်းတို့ဖြင့်ရယူနိုင်ပြီး ၎င်းတို့သည် ဆွလာသ်၏ အပြင်ပိုင်းဆိုင်ရာ ဖရ်ဿ်ွဖြစ်ကြသည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’ရွတ်ဆိုခြင်းသည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။ ဤသို့ရွတ်ဆိုခြင်းသည် အရှင်မြတ်အားချီးမွမ်းခြင်း၊ ပြည့်စုံလှသည့် ဂုဏ်တော်များဖြင့် အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းဖြစ်သည်။ ထိုဇိက်ရ်တော်သည် ကိယာမသ်နေ့တွင် ချိန်တွယ်ခြင်းခံရမည်ဖြစ်ပြီး ၎င်းသည် မီဇာန်ချိန်ခွင်၌ ကောင်းမှုများဖြင့် ပြည့်စေမည်ဖြစ်သည်။ ‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ကိုရွတ်ဆိုခြင်းသည် အရှင်မြတ်အား ချို့ယွင်းမှုအပေါင်းမှကင်းစင်တော်မူကြောင်းမြွတ်ဟခြင်းနှင့် အရှင်မြတ်ထံတော်တွင် အရှင်မြတ်နှင့် သင့်လျော်သည့်အတိုင်း ပြည့်စုံသည့် ဂုဏ်တော်များရှိကြောင်းကို ချစ်ခင်မြတ်နိုးမှုနှင့်တကွ ဂုဏ်မွှမ်းခြင်းဖြစ်သည်။ ထိုသို့ရွတ်ဆိုခြင်းသည် မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် လူသား၏နှလုံးသားနှင့် မျက်နှာ၏ အလင်းရောင်ဖြစ်ပြီး ကဗ်ရ်သင်္ချိုင်းနှင့် ဟရှ်ရ်တို့တွင် နူရ်အလင်းရောင်ဖြစ်သည်။ ‘ဆွဒကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။’ အလှူဒါနသည် မုအ်မင်န်သက်ဝင်ယုံကြည်သူတစ်ဦး၌ မှန်ကန်သောအီမာန်ယုံကြည်မှုရှိကြောင်းညွှန်ပြသည့် သက်သေအထောက်အထားပင်ဖြစ်သည်။ ဤသည် ဆွဒ်ကဟ်အလှူဒါနပြုခြင်းကို တားမြစ်သော မုနာဖိက် အယောင်ဆောင်မွတ်စ်လင်မ်နှင့်ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ မုနာဖိက်သည် ဆွဒကဟ်အလှူဒါနပြုခြင်းဖြင့်ရရှိမည့် အလ္လာဟ်အရှင်မြတ်ပေးထားသော ကတိတော်များကို ထောက်ခံခြင်းမရှိပေ။ ‘ဧကန်အမှန်ပင် ‘ဆွဗ်ရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။’ဆွဗ်ရ်ဟူသည် အမျက်ဒေါသဖြစ်သည့်စိတ်ကို ချုပ်တည်းထားခြင်းဖြစ်သည်။ သည်းခံခြင်းတရားသည် နေရောင်ခြည်ကဲ့သို့ ပူပြင်းတောက်လောင်မှုပါရှိသော အလင်းရောင်ပင်ဖြစ်သည်။ (ဆွဗ်ရ်သည်းခံသူသည်ရင်ထဲတွင်ပူပြင်းသောဒဏ်ကိုခံရသည်။) သည်းခံခြင်းသည် ခက်ခဲလှပြီး မိမိ၏‘နဖ်စ်’စိတ်ကို ဆန့်ကျင်တွန်းလှန်ရန်နှင့် စိတ်အလိုကို ချုပ်တည်းထားရန် လိုအပ်သည်။ ထို့ကြောင့်ပင် သည်းခံခြင်းတရား လက်ကိုင်ထားသူသည် အမှန်တရားပေါ်တွင်ရှိနေသူ အလင်းရောင်းရရှိသူ၊ လမ်းမှန်ရရှိသူအဖြစ်ရှိနေမည်ဖြစ်သည်။ ဆွဗ်ရ်သည်းခံခြင်းတရားကို အလ္လာဟ်အရှင်မြတ်အမိန့်နာခံရာတွင်လည်းကောင်း၊ အပြစ်အကုသိုလ်မှ ရှောင်ကြဥ်ရာတွင်လည်းကောင်း၊ လောက၏ အမျိုးမျိုးသောဒုက္ခအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရာတွင်လည်းကောင်း လက်ကိုင်ထားရန်လိုအပ်သည်။ ‘ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်မည်။’ ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းမြတ်အား ရွတ်ဖတ်ပြီး ထိုအတိုင်းလိုက်နာကျင့်သုံးပါက သင့်အတွက် သက်သေ အထောက်အထားဖြစ်မည်။ သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ခြင်း၊ လိုက်နာကျင့်သုံးခြင်း မရှိဘဲ စွန့်ပစ်ထားပါက ‘အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။’ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက်မိန့်ကြားတော်မူသည်မှာ လူတိုင်းသည်ကြိုးစားအားထုတ်ကြသည်၊ မြေပထဝီအနှံ့သွားလာကြသည်၊ အိပ်ရာမှနိုးထပြီးနောက် မိမိတို့၏ လုပ်ငန်းဆောင်တာအသီးသီးကို ဆောင်ရွက်ရန်အိမ်များမှ ထွက်ခွာကြသည်။ ၎င်းတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုစွဲမြဲစွာနာခံကာ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေလိုက်သည်။ အချို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို ဖီဆန်ကာ အကုသိုလ်များကျူးလွန်၍ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးသို့ ကျရောက်စေကာ ပျက်စီးဆုံးရှုံးစေသည်။
အဗူစအီးဒ် စအ်ဒ် ဗင်န် မာလိက် ဗင်န် စိနားန် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ " မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ"။
رواه ابن ماجه والدارقطني وغيرهما مسندًاတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မိမိကိုယ်တိုင်နှင့် အခြားသူများအား ထိခိုက်နစ်နာမှု အမျိုးမျိုးမှ ကာကွယ်ရန် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်မိမိ သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာအောင်ပြုခွင့်မရှိပေ။ ထို့ကြောင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုကို ထိခိုက်နစ်နာမှုဖြင့်လက်တုံ့ပြန်ရန် ခွင့်မပြုထားပေ။ အဘယ်ကြောင့်ဆိုသော် ထိခိုက်နစ်နာမှုအား ထိခိုက်နစ်နာမှုဖြင့် မဖယ်ရှားနိုင်ပေ။ သို့သော် လွန်ကျူးခြင်းမရှိဘဲ တရားသဖြင့် အစားပြန်ယူခြင်းကို ခွင့်ပြုထားသည်။
အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ "လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။
رواه البيهقي وغيره هكذا وبعضه في الصحيحينတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မည်သူ့ကိုမဆို သက်သေအထောက်အထားမရှိဘဲ တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားလိုသည် မိမိတင်လိုက်သည့်စွဲချက်အားခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ အကယ်၍တရားလိုသည် အထောက်အထားမပြနိုင်ပါက စွပ်စွဲခံရသူအား စွပ်စွဲချက်နှင့်စပ်လျဉ်း၍မေးမြန်းရမည်။ ထိုသို့မေးမြန်းသောအခါ စွပ်စွဲခံရသူက ငြင်းပယ်လျှင်စွပ်စွဲခံရသူသည် ကျိန်ဆိုပြီးနောက် ပြစ်မှုမှလွတ်မြောက်မည်ဖြစ်သည်။
အဘူဗွရ်ဒဟ်သည် ၎င်း၏ ဖခင် အဘူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) ထံမှဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်းအား ယီမင်နိုင်ငံသို့ စေလွှတ်တော်မူခဲ့တယ်။ ထိုအခါ ၎င်းက တမန်တော်မြတ်အား ထိုယီမင်နိုင်ငံတွင် ပြုလုပ်တယ့် သောက်သုံးစရာများနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ရာ တမန်တော်မြတ်က ထိုအရာများကို ဘယ်အရာတွေကနေပြုလုပ်သလည်းဟု မေးမြန်းရာ ပျားရည်နဲ့ မုယောစပါးတို့ကနေ ပြုလုပ်ပါသည်ဟု လျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က မူးယစ် စေသော အရာအားလုံးသည် ဟရာမ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့လသည်။ ( ဗုခါရီကျမ်း ) ၎င်းဟဒီးစ်ကို အိမာမ်မွတ်စ်လင်မ်ကလည်း မိမိ၏ စွဟီးကျမ်းတွင် ဆင့်ပြန်တင်ပြခဲ့ပြီး ၎င်း၏ ဟဒီးစ်စာသားမှာ အဘူမူစာ အရှ်အရီက ပြောပြခဲ့သည်မှာ - ကျွန်ုပ်နှင့် မုအားဇ်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ယီမင်နိုင်ငံသို့ စေလွှတ်တော်မူခဲ့တယ်။ ထိုအခါ ကျွန်ုပ်က တမန်တော်မြတ်အား အို - အလ္လာဟ်ရဲ့ ရစူလ် အမှန်တကယ်ပင် ကျွန် တော်မျိုးတို့ နေထိုင်တယ့် နေရာမှာ မိဇရ် လို့ခေါ်တယ့် မုယောစပါးနဲ့ ပြုလုပ်ထားတယ့် သောက်စရာနဲ့ ဘိသ်အ် လို့ခေါ်တယ့် ပျားရည်နဲ့ ပြုလုပ်ထားတယ့် သောက်စရာတို့ကို ပြုလုပ်ကြပါသည်ဟု လျှောက် ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က " မူးယစ်စေတယ့် အရာအားလုံးဟာ ဟရာမ်ဖြစ်သည် " ဟု မိန့်ကြားတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်း၏ ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " ဆွလာသ်ဝတ်ပြုခြင်းကနေ မူးယစ်ရီ ဝေစေတယ့် အရာအားလုံးဟာ ဟရာမ်ဖြစ်သည် " ဟု မိန့်ကြားတော်မူခဲ့သည်။ မွတ်စ်လင်မ်ကျမ်း၏ နောက်ထပ်ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ - ပြည့်စုံကြွယ်ဝ၍ လှပတင့်တယ်သော စကားရပ်တော်များကို ချီးမြှင့်ခြင်းခံရတော်မူတယ့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က " ဆွလာသ်ဝတ်ပြုခြင်းကနေ မူးယစ်ရီဝေစေတယ့် အရာအားလုံးမှ ငါကိုယ်တော် တားမြစ်တော်မူသည် " ဟု မိန့်ကြားတော်မူခဲ့သည်။
رواه البخاري ومسلمအဘူမူစာ အရှ်အရီ ( ရဿွိယလ္လာဟု အန်ဟု ) က ၎င်းအား တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယီမင် နိုင်ငံသို့ စေလွှတ်သည့်အခါ၊ ထိုယီမင်နိုင်ငံတွင် ပြုလုပ်သည့် သောက်သုံးစရာများနှင့်ပတ်သတ်၍ ၎င်းတို့မှာ ဟရာမ်ဖြစ်ပါသလားဟု မေးမြန်းလျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုသောက်သုံးစရာများသည် (အဘယ်အရာများဖြင့်ပြုလုပ်ထားသည်ကို )မေးမြန်းတော်မူခဲ့၏။ ထိုအခါ အဘူမူစာ ( ရဿွိယလ္လာဟု အန်ဟု )က ၎င်းမှာ - " ဘိသ်အ် " ပျားရည်နဲ့ပြုလုပ်ထားတယ့် သောက်သုံးစရာဖြစ်ပြီး၊ " မိဇရ် " မုယောစပါးဖြင့်ပြုလုပ်ထားတယ့် သောက်သုံးစရာဖြစ်ပါသည် ဟု လျှောက်ထားခဲ့၏။ ထိုအခါ ပြည့်စုံကြွယ်ဝသော စကားရပ်တော်များကို ချီးမြှင့်ခြင်းခံရတော်မူတယ့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က " မူးယစ်စေတယ့် အရာအားလုံးသည် ဟရာမ်ဖြစ်သည်" ဟု မိန့်ကြားတော်မူခဲ့သည်