





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သန်းသွားသည့်အခါ မိန့်ကြားတော်မူသည်မှာ « ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် စိမ်းစိုသည့် စွန်ပလွံကိုင်း တစ်ခုကိုယူ၍ ၎င်းအား နှစ်ပိုင်းချိုးကာ သင်္ချိုင်းနှစ်ခုစလုံးတွင် တစ်ပိုင်းစီ စိုက်ခဲ့သည်။ ထိုအခါ ဆွဟာဗဟ်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် အဘယ့်ကြောင့် ဤသို့ပြုလုပ်တော်မူပါသနည်းဟု မေးလျှောက်ရာ ကိုယ်တော်က ထိုအကိုင်းနှစ်ကိုင်းမခြောက်သ၍ ၎င်းတို့နှစ်ဦး၏ပြစ်ဒဏ် လျော့ပေါ့ပေးခြင်းခံရနိုင်ဖွယ်ရှိသည်ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ် သင်္ချိုင်းနှစ်ခုအနားမှ ဖြတ်သွားသည့်အခါ မိန့်ကြားတော်မူသည်မှာ ဧကန်မုချ ဤသင်္ချိုင်းနှစ်ခုတွင်ရှိနေသူ နှစ်ဦးသည် ပြစ်ဒဏ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦး အပြစ်ပေးခြင်းခံနေရသည့် ပြစ်မှုမှာ သင်တို့အမြင်တွင် မကြီးကျယ်လှသော်လည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီး ကျယ်သည့် ပြစ်မှုဖြစ်သည်။ ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ အပေါ့သွားသည့်အခါ ခန္ဓာကိုယ်နှင့် အဝတ်အစားကို ဆီးစက်များမှ သန့်ရှင်းအောင် မထားသည့်အတွက်ဖြစ်သည်။ အခြားတစ်ဦးမှာ လူတို့ကြားတွင် ကုန်းချောသူဖြစ်သည်။ သူသည် အခြားသူများ၏ စကားကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ လူများကြားတွင် သဘောထားကွဲလွဲမှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဖြန့်ဝေသူဖြစ်သည်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း" ဟု မေးမြန်းတော်မူခဲ့သည်။ ထိုသူက "ကျွန်တော်မျိုးသည် ယင်းအတွက် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏တမန်တော်အား ချစ်မြတ်နိုးခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ ပြင်ဆင်ထားခြင်းမရှိပါ''ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က "ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ 'သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ရှိလိမ့်မည်' ဟူသော မိန့်ကြားချက်ထက် ပို၍ ဝမ်းမြောက်ဖွယ်ရာ အခြားအရာကို မကြားခဲ့ဖူးပါ" ဟု ဆိုခဲ့သည်။ အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က ဆက်လက်၍ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးပါ သည်။ ကျွန်ုပ်သည် ထိုသူတို့၏ အမလ်ကျင့်ဆောင်မှုများနှင့်တူညီသော အမလ်များကို မပြုလုပ်နိုင်စေကာမူ၊ သူတို့အား ချစ်မြတ်နိုးခြင်းကြောင့် ကျွန်ုပ်သည် သူတို့နှင့်အတူ (ဂျန္နသ်တွင်) ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်''ဟု ပြောကြားခဲ့သည်။
متفق عليهကဏ္တာရတွင်နေထိုင်သော ကျေးတောသားတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကိယာမသ်ဖြစ်မည့်အချိန်နှင့် ပတ်သတ်၍ လျှောက် ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က သူ့အား "အသင်သည် ယင်းကိယာမသ်နေ့အတွက် မည်သည့်ကောင်းမှုကုသိုလ်များ ပြင်ဆင်ထားသနည်း" ဟု ပြန်လည်မေးမြန်းတော်မူခဲ့သည်။ ထိုအခါ မေးမြန်းသူက ကျွန်တော်မျိုးသည် ယင်းအတွက် ကြီးကျယ်သည့် ပြင်ဆင်မှုများ မပြုလုပ်ထားပါ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား ချစ်မြတ်နိုးတော်မူပါသည် ဟု ဖြေကြားခဲ့သည်။ သူသည် အခြားသော စိတ် နှလုံးသား၊ ကိုယ်ကာယ သို့မဟုတ် ဥစ္စာဓနဖြင့် ပြုလုပ်ရသည့် အိဗာဒသ်ခဝပ်ဆည်းကပ်မှုများအကြောင်း မဖော်ပြခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကိုးကွယ်မှုအားလုံးသည် ဤအချစ်တော်၏ အကိုင်းအခက်များဖြစ်ပြီး ယင်း၏ရလဒ်အဖြစ် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ထို့ပြင် စစ်မှန်သောအချစ်သည် လူသားကို ကောင်းမှုကုသိုလ်ပြုလုပ်ရန် အားပေးတိုက်တွန်းသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သူ့အား "ဧကန် မုချ၊ သင်သည် သင်ချစ်မြတ်နိုးသူများနှင့်အတူ ဂျန္နတ်သုခဘုံတွင် ရှိလိမ့်မည်"ဟု မိန့်ကြားတော်မူခဲ့သည်။ ဤဝမ်းမြောက်ဖွယ်သတင်း ကောင်းကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကကြီးများ(ရဿွိယလ္လာဟုအန်ဟုမ်) သည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။ ထို့နောက်အနတ်စ် (ရဿွိယလ္လာဟုအန်ဟု) က မိမိသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၊ အဘူဗကရ် နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့အား ချစ်မြတ်နိုးကြောင်း၊ မိမိ၏အမလ်ကျင့်ဆောင်မှုများသည် ၎င်းတို့ကဲ့သို့ မဖြစ်နိုင်စေကာမူ ထိုအချစ်ကြောင့် မိမိသည် သူတို့နှင့်အတူရှိရမည်ဟု မျှော်လင့်မိကြောင်း ပြောဆိုတင်ပြခဲ့လေသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်။ ၎င်းက ဤသည် ဂျန္နသ်သုခဘုံဖြစ်သည်ဟု ပြောဆိုသောအရာသည် အမှန်တကယ်တွင် ဂျဟန္နမ်ငရဲမီးပင်ဖြစ်သည်။ နဗီတမန်တော်နူးဟ် (အလိုင်းဟိစ္စလာမ်)သည် မိမိအမျိုးသားများကို ၎င်းနှင့်ပတ်သက်၍ သတိပေးနှိုးဆော်သည့်အတိုင်း ငါကိုယ်တော်သည် အသင်တို့အား သတိပေးနှိုးဆော်တော်မူသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိအလျင် မည်သည့်နဗီတမန်တော်မျှ မပြောခဲ့သော ဒဂျ်ဂျာလ်၏ သွင်ပြင်လက္ခဏာများကို မိမိသာဝကများအား မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့အနက် အချို့မှာ ၎င်းသည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူနှင့်အတူ မျက်စိအမြင်အရ ဂျန္နသ်နှင့် ငရဲမီးကဲ့သို့သောအရာကို ဖန်ဆင်းပေးထားတော်မူသည်။ သို့သော် ထိုဂျန္နသ်သည် အမှန်တကယ်တွင် ငရဲမီးဖြစ်ပြီး၊ ငရဲမီးသည် အမှန်တကယ်တွင် ဂျန္နသ်ဖြစ်သည်။ မည်သူမဆို ၎င်း၏အမိန့်ကို နာခံပါက ထိုသူအား လူတို့မြင်နေရသည် ဂျန္နသ်ထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ၎င်းသည် ပူလောင်သောငရဲမီးပင်ဖြစ်သည်။ ထို့အတူ မည်သူမဆို ၎င်း၏အမိန့်ကို ဖီဆန်ပါက ထိုသူအား လူတို့မြင်နေရသည် ငရဲမီးထဲသို့ ထည့်သွင်းမည်ဖြစ်သည်။ သို့သော် ၎င်းသည် သန့်ပြန့်သော ဂျန္နသ်ပင်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နူးဟ်(အလိုင်းဟိစ္စလာမ်)က မိမိအမျိုးသားများကို သတိပေးနှိုးဆော်ခဲ့သည့်အတိုင်း ဒဂျ်ဂျာလ်၏ ဘေးအန္တရာယ်မှ ကျွန်ုပ်တို့အား သတိပေးနှိုးဆော်တော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နူးဟ်(အလိုင်းဟိစ္စလာမ်)က မိမိအမျိုးသားများကို သတိပေးနှိုးဆော်ခဲ့သည့်အတိုင်း ဒဂျ်ဂျာလ်၏ ဘေးအန္တရာယ်မှ ကျွန်ုပ်တို့အား သတိပေးနှိုးဆော်တော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှုပါ။ ”
رواه أبو داود والترمذي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က လူသားသည် မိမိ၏ ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ စရိုက်၊ အလေ့အထများနှင့် တူလာတတ်ကြောင်း၊ အပေါင်း အသင်းသည် ကိုယ်ကျင့်တရား၊ အပြုအမူနှင့် လုပ်ရပ်များအပေါ် သက်ရောက်မှုရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် မိတ်ဆွေကောင်းရွေးချယ်ရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ မိတ်ဆွေကောင်းသည် မိမိ၏ မိတ်ဆွေအပေါင်း အသင်းအား အီမာန်ယုံကြည်မှု၊ လမ်းမှန်တရားနှင့် ကောင်းမှုဘက်သို့ ညွှန်ကြားပြသကာ မိမိ၏မိတ်ဆွေအပေါင်းအသင်းအတွက် အကူအညီဖြစ်စေသောကြောင့်တည်း။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မှောင်မိုက်သော ညအစိတ်အပိုင်းကဲ့သို့ဖြစ်ပေါ်လာမည့် ဖိသ်နဟ်(စမ်းသပ်မှုများ) မတိုင်မီ အသင်တို့သည် ကောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ။ ထိုအချိန်တွင် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ ၎င်းသည် လောကီအကျိုးစီးပွားအတွက် မိမိ၏သာသနာကို ရောင်းစားမည် ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မို့အ်မင်န်များအား ကောင်းမှုများကို တားဆီးပိတ်ပင်ပစ်မည့် ဖိသ်နဟ် စမ်းသပ်မှုများနှင့် ဒွိဟသံသယများ မကျရောက်မည်အလျှင် ကောင်းမှုများကို မြန်မြန်ဆန်ဆန်နှင့် အများအပြား ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားတော်မူသည်။ ထိုဖိသ်နဟ်များသည် ည၏အစိတ်အပိုင်းကဲ့သို့ အလွန်မှောင်မိုက်ပြီး အမှားနှင့်အမှန်ရာထွေးနေကာ လူတို့အနေဖြင့် ၎င်းတို့ကို ခွဲခြားရန် ခက်ခဲမည်ဖြစ်သည်။ ထိုဖိသ်နဟ်စမ်းသပ်မှုများ၏ ပြင်းထန်မှုကြောင့် လူတစ်ဦးသည် နံနက်ခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး ညနေခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားလိမ့်မည်။ သို့မဟုတ် ညနေခင်း၌ မိုအ်မင်န်(ယုံကြည်သူ) အဖြစ်ရှိနေပြီး နံနက်ခင်းတွင် ကာဖိရ်(သွေဖည်ငြင်းပယ်သူ) ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် ကွယ်ပျောက်သွားမည်ဖြစ်သော လောကီအကျိုးစီးပွား တစ်ခုအတွက် မိမိသာသနာကို စွန့်လွှတ်လိုက်မည်ဖြစ်သည်။
ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံမှ ဆင့်ပြန်လာရှိသည်မှာ- တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိတ် လန့်စွာဖြင့် (ဤသို့) ပြောဆိုလျက် သူမထံသို့ ကြွမြန်းလာတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ဇိုင်နဗ် ဗင်န်သေ့ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ)က ပြောပြခဲ့သည်။ ထိုအခါ ကျွန်မ က "အို အ လ္လာဟ်အရှင်မြတ်ရဲ့ ရစူလ်တမန်တော်၊ ကျွန်မတို့ထဲတွင် သူတော် ကောင်းများ ရှိနေသေးသည့်တိုင် ကျွန်မတို့ ပျက်စီးကြရမည်လား" ဟု ပြန်လည် မေးမြန်းလျှောက်ထားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "ဟုတ်တယ်၊မကောင်းမှုတွေ များပြားလာတယ့်အခါ (ထိုသို့ဖြစ်လာလိမ့်)" ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) သည် ကြောက်ရွံ့ထိန်လန့်စွာဖြင့် ဇိုင်နဗ် ဗင်န်သိ ဂျဟရှ် (ရဿွိယလ္လာဟု အန်ဟာ) ထံသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ကိုယ်တော်သည် "လာအိလာဟာ အစ်လလ္လလ္လာဟ်" ( အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ) ဟူသော ကလိမဟ်တော်ကို ရွတ်ဆိုနေခဲ့သည်။ ဤအချက်သည် မလိုလားအပ်သော အရာတစ်ခုခု ဖြစ်ပေါ်လာတော့မည်ကို ညွှန်ပြနေပြီး၊ ထိုအရာမှ လွတ်မြောက်ရန် အလ္လာဟ်အရှင်မြတ်ထံ ခှိုလုံခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အာရဗ်တို့အတွက် ပျက်စီးခြင်းသည် မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် ဆိုက် ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ လက်မနှင့်လက်ညိုးကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြတော်ခဲ့သည်။ ထိုတံတိုင်းမှာ ဇုလ်ကရ်နိုင်းန်ဘုရင်က တည်ဆောက်ခဲ့သော တံတိုင်းဖြစ်သည်။ ထိုအခါ ဇိုင်နဗ် (ရဿွိယလလာဟုအန်ဟာ) က "ကျွန်မတို့ထဲတွင် သူတော်ကောင်းများ ရှိနေပါလျက် အလ္လာဟ်အရှင်မြတ်သည် ကျွန်မတို့အပေါ် ပျက်စီးခြင်းကို အဘယ်သို့ လွှမ်းမိုးကျ ရောက်စေတော်မူမည်နည်း" ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က " မကောင်းသည့်လုပ်ရပ်များ ကျူးလွန်ခြင်းနှင့် ဇိနာလုပ်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည့် မကောင်းမှုဒုစရိုက်များ များပြားလာသောအခါ ပျက်စီးခြင်းသည် လူသားအားလုံးကို လွမ်းခြုံသွားလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။"
رواه الترمذي وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ "မုအ်မင်န် သင်ဝင်ယုံကြည်သူ အမျိုးသား၊ အမျိုးသမီးတို့သည် ဘေးဒုက္ခများနှင့်စမ်းသပ်အမျိုးမျိုးကို အစဉ်မပြတ်ခံစားရပေသည်။ ဥပမာ မိမိတို့၏ကိုယ်ခန္ဓာတွင် နာမကျန်းဖြစ်ခြင်း၊ မိမိတို့၏သားသမီးများတွင် ဖျားနာခြင်း၊ ကွယ်လွန်ခြင်း၊ သားသမီးတို့က မိဘအမိန့်ကို မနာခံခြင်း၊ သိုမဟုတ် ပစ္စည်းဥစ္စာဆင်းရဲခြင်း၊ ကုန်ရောင်းကုန်ဝယ်ပြုရာတွင် နစ်နာဆုံးရှုးခြင်း၊ ခိုးဝှက်ခံရခြင်း၊ အသက်မွေးဝမ်းကြောင်းပြုရာ၌ကျပ်တည်းမှုကို ခံစားရခြင်း၊ ရိုဇီရိက္ခာကျပ်တည်းခြင်း စသည်တိုအား အစဉ်အမြဲခံစားကြရပေသည်။ ဤသိုဘေးဒုက္ခများခံစားရသောကြောင့် အရှင်မြတ်သည် ယင်းမုအ်မင်န်တို၏အပြစ်အကုသိုလ်အားလုံးကို ခွင့်လွှတ်လိုက်လေရာ ယင်းမုအ်မင်န်သည် ကျူးလွန်ခဲ့သည့်အပြစ်အကုသိုလ်များအားလုံးမှ သန့်ပြန့်စင်ကြယ်သွားသည့်အနေအထားဖြင့် အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခွင့်ရသွားသည်။
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟု မပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။
رواه أبو داود والنسائي في الكبرى وأحمدမွတ်စ်လင်မ်တစ်ဦးသည် မိမိ၏စကား၌ ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ သို့မဟုတ် ‘အလ္လာဟ်အရှင်မြတ်နှင့် မည်သူမည်ဝါအလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟု ပြောဆိုခြင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တားမြစ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏အလိုတော်၊ ဆန္ဒတော်သည် အကြွင်းမဲ့ဖြစ်ပြီး ယင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ဖက်စပ်ပါဝင်ခြင်းမရှိပါ။ ‘နှင့်’ ဟု သုံးနှုန်းခြင်းသည် တစ်စုံတစ်ယာက်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ ပါဝင်နေကြောင်းဖော်ပြနေပြီး အရှင်မြတ်နှင့် ၎င်းအား တန်းတူပြုလုပ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ထိုအစား ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟုသာ ပြောဆိုရမည်။ (အလ္လာဟ်အရှင်မြတ်အလိုတော်ရှိမှသာ လူသားအလိုရှိနိုင်မည်ဖြစ်သည့်အတွက်) လူသား၏ အလိုဆန္ဒအား အလ္လာဟ်အရှင်မြတ်၏အလိုတော်၏ နောက်လိုက်အဖြစ်သာ ပြုလုပ်ရမည်။ သို့ဖြစ်၍ ‘နှင့်’ အစား ‘ထို့နောက်’ဟုသာ ပြောရမည်။ အဘယ်ကြောင့်ဆိုသော် ‘ထို့နောက်’ဟူသည် ထိုသို့ပြုပြီး၊ ဖြစ်ပြီးသည့်နောက်ဟု အဓိပ္ပာယ်ရသည်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း ( ထပ်တူထပ်မျှ ဖဝါးခြေထပ်) လိုက်ကြလိမ့်မည်။ ထိုသူတို့သည် ဖွတ်တွင်းထဲသို့ ဝင်ခဲ့ကြလျှင်ပင် အသင်တို့သည် ထိုတွင်းထဲသို့ လိုက်ဝင်ကြပေလိမ့်မည်။'' ထိုအခါ ကျွန်ုပ်တို့က ''အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ထိုသူတို့ဆိုသည်မှာ) ယဟူဒီ (ဂျူး)များနှင့် နစ်ွရာနီ(ခရစ်ယာန်)များကို ဆိုလိုခြင်းဖြစ်ပါသလား''ဟု မေးမြန်းလျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က '' ( ၎င်းတို့မဟုတ်ရင် ) အခြားမည်သူဖြစ်မည်နည်း'' ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ နောက်ပိုင်းကာလတွင် မိမိ၏အွမ္မသ်သားများအနက် အချို့၏အခြေအနေသည် ယဟူဒီများနှင့် နစ်ွရာနီများ၏ ယုံကြည်ချက်များ၊ လုပ်ရပ်များ၊ ထုံးတမ်း စဉ်လာများနှင့် ဓလေ့ထုံးတမ်းများကို တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း ( ထပ်တူ ထပ်မျှ ဖဝါး ခြေထပ်) လိုက်ကြလိမ့်မည်ဖြစ် ကြောင်း၊ နောက် ဆုံး ထိုသူတို့သည် ဖွတ်တွင်းထဲသို့ ဝင်ခဲ့ကြလျှင်ပင် ၎င်း ( မွတ်စ်လင်မ် ) တို့သည် ထိုတွင်းထဲသို့ ထိုသူတို့၏ အနောက်မှ လိုက်ဝင်ကြပေလိမ့်မည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။