





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်။ (ငါကိုယ်တော်နှင့် ရန်သူများကြားတွင် ) တစ်လတာခရီးအကွာအဝေး ရှိသည့်တိုင် (ရန်သူများ၏ စိတ်နှလုံးများထဲသို့ ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့်) ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ငါကိုယ်တော့်အတွက် ကမ္ဘာမြေကြီးဟာ စဂ်ျဒဟ်ဦးချရာ နေရာအဖြစ်လည်းကောင်း၊ သန့်ပြန့်စင်ကြယ် စေသောအရာ အဖြစ်လည်းကောင်း ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် ငါကိုယ်တော်ရဲ့ အွမ္မသ်သားများအနက် မည်သူမဆို ဆွလာသ်ဝတ်ပြုချိန် ရောက်လျှင် (မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ) ဆွလာသ်ဝတ်ပြုရမည်။ ငါကိုယ်တော့်အတွက် စစ်သုံ့ပန်းပစ္စည်းများသည် ဟလာလ်( ခွင့်ပြုထားသည့်အရာအဖြစ် )သတ်မှတ်ခံရသည်။ ၎င်းသည် ငါကိုယ်တော့်အရင် မည်သူ့အတွက်မျှ ဟလာလ် မဖြစ်ခဲ့ပေ။ ငါကိုယ်တော်သည် ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် ) ကို ချီးမြှင့်ခြင်း ခံခဲ့ရတော်မူသည်။(ယခင်က) စေလွှတ်ခြင်းခံခဲ့ရသည့် နဗီတမန် တော်သည် မိမိ၏ လူမျိုးစုထံသို့သာ သီးသန့် စေလွှတ်ခြင်း ခံရသည်။ သို့ရာတွင် ငါကိုယ်တော်သည် လူသားအားလုံးထံသို့ စေလွှတ်ခြင်းခံရတော် မူသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က - အလ္လာဟ်အရှင်မြတ်သည် မိမိအရင် မည်သည့်နဗီတမန်တော်ကိုမျှ ချီးမြှင့်ခြင်းမရှိခဲ့သည့် အရာငါးခုကို မိမိအား ချီးမြှင့်တော်မူခဲ့ကြောင့် မိန့်ကြား တော်မူခဲ့၏။ ၎င်းတို့မှာ - ၁။ ငါကိုယ်တော်နှင့် ရန်သူများကြားတွင် တစ်လတာခရီး အကွာအဝေးရှိသည့်တိုင် ငါကိုယ်တော်ရဲ့ရန်သူများ၏ စိတ်နှလုံးများတွင် ကြောက်ရွံ့မှုကို ထည့်သွင်းပေးခြင်းအားဖြင့် ငါကိုယ်တော်ဟာ ကူညီခြင်းခံရတော်မူသည်။ ၂။ ငါကိုယ်တော်တို့အတွက် ကမ္ဘာမြေကြီးသည် စဂ်ျဒဟ်ဦးချရာ နေရာအဖြစ် ပြုလုပ်ပေးခြင်းခံရသည်။ သို့ဖြစ်ရာ ငါကိုယ်တော်တို့ မည်သည့် နေရာတွင်ရှိသည်ဖြစ်စေ ဆွလာသ်ဝတ်ပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရေရရှိရန်မဖြစ်နိုင်ပါက ( မြေကြီးဖြင့် သယမ်မွမ်ပြုလုပ်နိုင်ရန် ) ယင်းမြေကြီးအား သန့်ပြန့်စင်ကြယ်စေသောအရာအဖြစ်လည်း ပြုလုပ်ပေးခြင်းခံရသည်။ ၃။ ငါကိုယ်တော်တို့အတွက် စစ်တိုက်ရာမှရရှိသောသုံ့ပန်းပစ္စည်းများကို ဟလာလ် (ခွင့်ပြုထားသောအရာ) အဖြစ် ပြုလုပ်ပေးခြင်းခံရသည်။ ထိုသုံ့ပန်းပစ္စည်းများအား မွတ်စ်လင်မ်များသည် ကာဖိရ်များနှင့် စစ်တိုက်ခိုက်ရာမှ ရယူခဲ့ခြင်း ဖြစ်သည်။ ၄။ ငါကိုယ်တော် သည် ကိယာမသ်နေ့၏ ကြောက် မက်ဖွယ်ရာ အခြေအနေမှ လူသားတို့အား ချမ်းသာရာရစေနိုင်ရန်အတွက် အကြီးမားဆုံးသော ရှဖာအဟ် ( ကြားဝင်အသနားခံပေးခွင့် )ကို ချီးမြှင့်တော်မူခြင်းခံရသည်။ ၅။ ငါကိုယ်တော်သည် လူသားအားလုံးနှင့် ဂျင်န်အားလုံးထံသို့ စေလွှတ်တော်မူခြင်းခံရပြီး၊ ရှေးယခင်ရှိခဲ့ကျသော နဗီတမန်တော်များမှာမူ မိမိတို့၏ လူမျိုးစုများထံသို့သာ စေလွှတ်ခြင်းခံခဲ့ရသည်။
ဟာရိစဟ် ဗင်န် ဝဟ်ဗ် အလ်ခုဇာအီ (ရဿိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်မှာ "ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်ကို ကြားခဲ့ရသည်။ " ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂျန္နတ်သုခဘုံသားများ၏ ကြန်အင်လက္ခဏာအချို့နှင့် ဂျဟန္နမ်ငရဲသားများ၏ ကြန်အင်လက္ခဏာအချို့ကို အသိပေးမိန့်ကြားတော်မူခဲ့သည်။ ဂျန္နတ်သုခဘုံသားအများစုသည် အားအင်ချိနဲ့သူ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်သည်။ တစ်နည်း အလ္လာဟ်အရှင်မြတ်ရှေ့တော်၌ နှိမ့်ချရိုကျိုးသူ၊ ကိုယ့်ကိုယ်ကို ချိုးနှိမ်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အချို့လူများက သူတို့ကို အားနည်းသူများဟု မှတ်ယူပြီး အထင်မြင်သေးတတ်ကျသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်၌ သူတို့၏ ဂုဏ်သိက္ခာသည် အလွန်ကြီးမြင့်လေသည်။ ဤကဲ့သို့ အလ္လာဟ်အရှင်မြတ်အတွက် မိမိကိုယ်မိမိနှိမ့်ချကျိုးနွံသူသည် အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ချီးမြှင့်ရက်ရောမှုကို မျှော်လင့်လျက် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် သူ၏ကျိန်ဆိုမှုကို ဖြည့်ဆည်းပေးတော်မူမည်။ ထို့ပြင် သူ၏ကျိန်ဆိုမှုကို မှန်ကန်စေပြီး သူ၏ တောင်းဆိုချက်နှင့် ဒုအာကို လက်ခံဖြေကြားပေးတော်မူမည်။ ဂျဟန္နမ်ငရဲသားအများစုသည် "အုသုလ်" ခေါ် ကြမ်းတမ်းခက်ထန်သူ၊ အလွန်အငြင်းပွားသူ သို့မဟုတ် မကောင်းမှုကို ကျူးလွန်ရန် အလွန်ဆန္ဒပြင်းထန်သူများ ဖြစ်ကြသည်။ " ဂျောင်ဝ်ဝါးဇ်" ခေါ် မာနထောင် လွှားသူ၊ အစား ကြူးသူ၊ ကိုယ် ခန္ဓာ ကြီးမားထွားကြိုင်းသူ၊ လမ်းလျှောက်ပုံတွင် မော်ကြွားသူများ ဖြစ်ကြသည်။ "မုသကတ်ဗိရ်" ခေါ် မာနထောင်လွှားသူ၊ အမှန်တရားကို ပယ်ချသူ၊ အခြားသူများကို အထင်အမြင်သေးသူများ ဖြစ်ကြသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် သူ၏စိတ်ထဲ၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက်သာမြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်ထွာနီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ တစ်တောင်နီးကပ်လာပါက ငါအရှင်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ အကယ်၍သူသည် ငါအရှင့်ထံ လမ်းလျှောက်လာပါက ငါအရှင်သည် သူ့ထံ ပြေးပြီးသွားတော်မူ၏။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ် သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ ငါအရှင်သည် မိမိ၏ကျေးကျွန်အား ငါအရှင့်အား သူထင်မြင်ထားသည့်အတိုင်း ဆက်ဆံတော်မူ၏။ ဤသည် ကျေးကျွန်၏ မျှော်လင့်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို မျှော်ကိုးခြင်းအားဖြင့် ဖြစ်၏။ ငါအရှင်သည် ကျေးကျွန်အား သူငါအရှင့်ထံမှ မျှော်မှန်းသည့် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းအတိုင်း ပြုမူဆက်ဆံတော်မူ၏။ ထို့ပြင် ကျေးကျွန်သည် ငါအရှင့်အား သတိရတသသောအခါတွင် ငါအရှင်သည် ကရုဏာတော်၊ လမ်းညွှန်မှု၊ အားပေးမှုနှင့် ကာကွယ်မှုတို့ဖြင့် သူနှင့်အတူရှိတော်မူ၏။ အကယ်၍ သူသည် တစ်ကိုတည်းအချိန်၌ စိတ်ထဲ၌ သတ်စ်ဗီဟ်( စွဗ်ဟာနလ္လာဟ်)၊ သဟ်လီလ် ( လာအိလာဟအစ်လ္လလ္လာဟ် ) အစရှိသည့် ဇိကိရ်များဖြင့် ငါအရှင့်အားသတိရလျှင် ငါအရှင်သည်လည်းသူ့အား ငါအရှင်၏ စိတ်ထဲတွင် သတိရတော်မူ၏။ အကယ်၍ သူသည် အုပ်စုတစ်စု၌ ငါအရှင့်အား သတိရလျှင် ငါအရှင်သည်လည်း ထိုအုပ်စုထက် ပို၍ကြီးသော မွန်မြတ်သော (ကောင်းကင်တမန်များ၏) အုပ်စု၌ သူ့အား သတိရတော်မူ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်ထွာနီးကပ်လာပါက အရှင်မြတ်သည်သူ့အား သာပိုချီးမြှင့်တော်မူပြီး၊ သူ့ထံ တစ်တောင်နီးကပ်သွားတော်မူ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ တစ်တောင်နီးကပ်သွားပါက၊ အရှင်မြတ်သည် သူ့ထံ တစ်လံ နီးကပ်သွားတော်မူ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ဘက်သို့ လမ်း လျှောက်လာပါက၊ အရှင်မြတ်သည် သူ့ဘက်သို့ ပြေးပြီးလာတော်မူ၏။ သို့ဖြစ်ရာ ကျေးကျွန်တစ်ဦးသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ နာခံမှု၊ ကိုးကွယ်မှုတို့ဖြင့် နီးကပ်လာသည့်အခါ၊ အလ္လာဟ်အရှင်မြတ်သည် သူ့အား လုပ်ရပ်နှင့်ကိုက်ညီသော အစားပေးသည့် အနေဖြင့် မိမိထံ ပို၍နီးကပ်စွာ ဆောင်ယူတော်မူ၏။ မုအ်မင်န်ယုံကြည်သူတစ်ဦး၏ မိမိအရှင်သခင် ၏ကျေးကျွန်ပီသမှုသည် ပြည့်စုံလာသည်နှင့်အမျှ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူထံ ထိုမျှပင်နီးကပ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်ပေးကမ်းမှုနှင့် အကျိုးဆုလာဒ်သည် ကျေးကျွန်၏ လုပ်ရပ်နှင့် အားထုတ်မှုထက် သာပို၍များလှပေသည်။ အကျဉ်းချုပ်အားဖြင့် ဆိုရသော် အရည်အ သွေးနှင့်အရေ အတွက်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ အစား ပေးမှုသည် လုပ်ရပ်ထက် သာလွန်မြင့်မားလှပေသည်။ မုအ်မင်န်ယုံကြည်သူတစ်ဦးသည် ကောင်းသောအထင်အမြင် ထားရှိပြီး၊ အမလ်လုပ်၍၊ အလျင်အမြန် ကြိုးစားအားထုတ်ကာ နောက်ဆုံး အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံသည်အထိ (ဤကြိုးစားအားထုတ်မှုမှာ)တိုးတက်လာခြင်းတို့ ဖြစ်သည်။
သွလ်ဟဟ် ဗင်န် အုဗိုင်ဒုလ္လာဟ် ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ နဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ သူ၏ဆံပင်များသည် ရှုပ်ပွနေပြီး သူ၏ကျယ်လောင်သောအသံကို ကျွန်ုပ်တို့ကြားနေရသော်လည်း သူပြောနေသည်ကို နားမလည်ကျပေ။ နောက်ဆုံးတွင် ထိုသူသည် တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အနီးသို့ ရောက်ရှိလာသောအခါ သူသည် အစ္စလာမ်အကြောင်းကို မေးမြန်းနေသည်ကို တွေ့ရှိရသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ် ဝတ်ပြုရမည်" ဟု ဖြေကြားခဲ့သည်။ ထိုလူက "ဤဆွလာသ်ငါးကြိမ်အပြင် (အခြားဆွလာသ် တစ်စုံတစ်ရာ ဝတ်ပြုရန် ) ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထား မေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပိုဆောင်းဝတ်ပြုသည့်) ဆွလာသ်များ ဝတ်ပြုနိုင်သည်။ ထို့နောက် "ရမဿွာန်လ၏ ရိုဇဟ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်" ဟု မိန့်ကြားခဲ့သည်။ ထိုလူက "ဤ ရမဿွာန်လ၏ ရိုဇဟ်ဥပုသ် စောင့်ထိန်းခြင်းအပြင် (အခြား ရိုဇဟ်ဥပုသ် တစ်စုံတစ်ရာကိုစောင့်ထိန်းရန်) ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပိုဆောင်း စောင့်ထိန်းသည့်) ရိုဇဟ်ဥပုသ်များ စောင့်ထိန်းနိုင်သည်" ဟု ဖြေကြားခဲ့သည်။ ထို့နောက် အလ္လာဟ်၏တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဇကာသ်အကြောင်းကို ထိုလူအား တင်ပြမိန့်ကြားခဲ့သည်။ ထိုလူက "ဤဇကာသ်အပြင် (အခြား ဆွဒ်ကဟ်) တစ်စုံတစ်ရာ ကျွန်ုပ်အပေါ် တာဝန်ရှိပါသေးသလား" ဟု လျှောက်ထားမေးမြန်းရာ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "မရှိပါ၊ သို့သော်် သင်သည် နဖိလ် (စေတနာဖြင့် အပို ဆောင်း ပေးကမ်းလှူဒါန်းသည့်) ဆွဒ်ကဟ်များ ပေးနိုင်သည်" ဟု မိန့်ကြားခဲ့သည်။ သွလ်ဟဟ် ( ရဿွိယလ္လာဟု အန်ဟု )က ပြောပြခဲ့သည်။ ထိုလူသည် "အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ကျွန်ုပ်သည် ဤပမာဏထက် ပို၍လည်းမလုပ်၊ လျှော့၍လည်းမလုပ်ပါ" ဟု ဆိုကာ ကျောခိုင်း၍ ထွက်ခွာသွားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က "အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
متفق عليهနဂျဒ်ဒေသခံ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ဆံပင်များမှာ ရှုပ်ထွေးနေပြီး အသံမှာလည်း ကျယ်လောင်ကာ ၎င်းပြောသောစကားကို နားလည်ရန် ခက်ခဲသည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ အနားသို့ လာရောက်ခဲ့ပြီး အစ္စလာမ့်တာဝန်ဝတ္တရားများနှင့် ပတ်သတ်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဆွလာသ်ဝတ်ပြုခြင်းဖြင့် အစပြုတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းအပေါ်၌ နေ့စဥ်တစ်ရက်နှင့် တစ်ညတွင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရန် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ဤဆွလာသ်ငါးကြိမ်အပြင် ကျွန်ုပ်အပေါ် အခြားဆွလာသ်တစ်စုံတစ်ရာကို ဝတ်ပြုရန် တာဝန်ရှိပါသေးသလား” ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ဆွလာသ်များကို အပို ဆောင်း ဝတ်ပြုခြင်းမှလွဲ၍ အခြားဆွလာသ်တစ်စုံတစ်ရာ ဝတ်ပြုရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ် ဖရဿ်ွအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတော်မူသည့်အရာများအနက် ရမဿွာန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းလည်း အပါအဝင်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ရမဿွန်လ၏ ရိုဇဟ်ဥပုသ်စောင့်ထိန်းခြင်းအပြင် ကျွန်ုပ်အပေါ် အခြားသော ရိုဇဟ်ဥပုသ်တစ်စုံတစ်ရာ ထပ်မံ စောင့်ထိန်းရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ်ရိုဇဟ်များကို အပိုဆောင်းထားခြင်းမှလွဲ၍ အခြား ရိုဇဟ်တစ်စုံတစ်ရာထပ်မံထားရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သူ့အား ဇကာသ်ပေးဆောင်ခြင်းအကြောင်းကို တင်ပြမိန့်ကြားတော်မူခဲ့သည်။ ထိုလူက “ဖရဿွ်ဇကာသ်အပြင် ကျွန်ုပ်အပေါ် အခြားသော စွဒ်ကဟ်ဒါနတစ်စုံတစ်ရာ ထပ်မံပေးဆောင်ရန် တာဝန်ရှိပါသေးသလား” ဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က “မရှိပါ။ သင်သည် နဖိလ် စွဒ်ကဟ်ဒါနများကို အပိုဆောင်းပေးကမ်းခြင်းမှလွဲ၍ အခြားစွဒ်ကဟ်ဒါန တစ်စုံတစ်ရာပေးဆောင်ရန် တာဝန်မရှိပါ” ဟု ဖြေကြားတော်မူခဲ့သည်။ ထိုလူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံမှ ဤဖရဿွ်တာဝန်များကို ကြားပြီးနောက် ကျောခိုင်းထွက်ခွာသွားခဲ့ပြီး “ ကျွန်ုပ်သည် ဤတာဝန်ဝတ္တရားများကို တိုးလည်းမတိုး၊ လျှော့လည်းမလျှော့ဘဲ အတိအကျ လိုက်နာဆောင်ရွက်ပါမည်” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆို၍ ပြောဆိုခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ၎င်း၏ စကားအဆုံးတွင် ဤသို့ မိန့်ကြားတော်မူခဲ့သည်- “ထိုသူသည် မိမိကျိန်ဆိုခဲ့သည့်အတိုင်း အမှန်တကယ်လိုက်နာခဲ့ပါလျှင် ဧကန်မုချ အောင်မြင်သောသူတို့ထဲမှ ဖြစ်လိမ့်မည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ဖြစ်သည်။ ထိုနေ့တွင် အာဒမ် (အလိုင်းဟိစ္စလာမ်)သည် ဖန်ဆင်းခြင်းခံခဲ့ရပြီး၊ ထိုနေ့မှာပင် သူ့အား ဂျန္နသ်သို့ ဝင်ရောက်ခွင့်ပေးခြင်းခံခဲ့ရပြီး ထိုနေ့မှာပင် ဂျန္နသ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ကိယာမသ်နေ့သည်လည်း ထိုနေ့မှာပင် ဖြစ်ပေါ်လာမည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ပင်ဖြစ်သည်။ ထိုနေ့၏ထူးခြားချက်များထဲမှ အချို့မှာ - အလ္လာဟ်အရှင်မြတ်သည် ထိုနေ့တွင် အာဒမ်(အလိုင်းဟိစ္စလာမ်)အား ဖန်ဆင်းတော်မူခဲ့သည်။ ထိုနေ့တွင်ပင် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူခဲ့သည်။ ထိုနေ့တွင်ပင် သူ့အား ဂျန္နသ်မှ ထုတ်ပယ်တော်မူခဲ့ပြီး ကမ္ဘာမြေပေါ်သို့ ချတော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်နေ့သည်လည်း ဂျုမုအဟ်နေ့၌သာလျှင် ဖြစ်မည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။"
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ - မည်သည့်ကိစ္စတွင်မဆို မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏မွတ်စ်လင်မ်ညီနောင်တစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။ အဘယ်ကြောင့်ဆိုသော် လူသားသည် သူ၏အပြုအမူနှင့်အညီ အကျိုးဆက်ကို ခံစားရသည်။ ၎င်းအား အလ္လာဟ်အရှင်မြတ်၏ ဖုံးကွယ်ပေးခြင်းဆိုသည်မှာ ကိယာမတ်နေ့ ရှင်ပြန်ထမည့်နေရာ၌ လူအုပ်ကြားတွင် ထိုသူ၏ ချို့ယွင်းချက်များနှင့်အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူခြင်းဖြင့် ဖြစ်သည်။ သို့မဟုတ် ၎င်းအား ထိုအပြစ်များအတွက် စစ်ဆေးမေးမြန်းခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်း မပြုခြင်းဖြင့်လည်းကောင်း ဖြစ်နိုင်သည်။
အဗူမွတ်စ်လင်မ် ခေါင်လာနီက ဆင့်ပြန်ပြောကြားခဲ့သည်။ ချစ်ခင်ရပြီး ယုံကြည်ရသူတစ်ဦးက ကျွန်ုပ်အား ဆင့်ပြန်ခဲ့သည်။ ထိုသူမှာ ကျွန်ုပ်ချစ်ခင်ရသူနှင့် ကျွန်ုပ်ယုံကြည်ရသူဖြစ်သည့် အောင်ဖ် ဗင်န် မာလိက် အလ်အရှ်ဂျအီရ် (ရဿွိယလ္လာဟုအန်ဟု)ဖြစ်ပြီး ၎င်းက ပြောကြားခဲ့သည်မှာ ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်တွင် ရှိနေကြသည်။ ကျွန်တော်တို့သည် လူကိုးဦး သို့မဟုတ် ရှစ်ဦး သို့မဟုတ် ခုနစ်ဦးခန့် ရှိသည်။ ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့သည် မကြာမီကပင် ကတိသစ္စာပြုခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား ကတိသစ္စာမပြုကြဘူးလားဟု မိန့်ကြားတော်မူသည်။ ဆင့်ပြန်သူက ပြောပြသည်မှာ ကျွန်တော်တို့သည် လက်များကို ဆန့်လိုက်ကြပြီး အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် ကိုယ်တော့်အား ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါသည် မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန်၊ (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြရန် တို့ဖြစ်သည်။ ဆင့်ပြန်သူက ပြောပြသည်မှာ ကျွန်တော်သည် ထိုအဖွဲ့တွင် ပါဝင်သူအချို့အား မြင်တွေ့ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် နှင်တံကျသွားလျှင်လည်း ၎င်းအား ကောက်ပေးရန် မည်သူ့ကိုမျှ တောင်းဆိုခြင်းမပြုပေ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်အချို့နှင့် အတူရှိနေတော်မူပြီး ၎င်းတို့အား အောက်ပါကိစ္စများကို လိုက်နာရန်အတွက် မိမိထံတွင် ကတိသစ္စာပြုကြရန် သုံးကြိမ်တိုင်တိုင် တောင်းဆိုတော်မူခဲ့သည်။ ၎င်းတို့မှာ (၁) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံကာ တားမြစ်ချက်များကို ရှောင်ကြဉ်ပြီး အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်၊ အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန် (၂) နေ့နှင့်ညတွင် ဖရ်ဿ်ွ ဆွလာသ် ငါးကြိမ်ဆောက်တည်ရန် (၃) ကောင်းသည့်ကိစ္စရပ်များတွင် မွတ်စ်လင်မ်တို့အား အုပ်ချုပ်သည့် အာဏာပိုင်များ၏ အမိန့်ကိုနာခံရန် (၄) မိမိတို့၏ လိုအပ်ချက်အားလုံးကို အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပြီး လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ တောင်းခံခြင်း မပြုရန်၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအချက်အား မိမိအသံကို နှိမ့်ချကာ မိန့်ကြားတော်မူခဲ့သည်။ ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်)များသည် ကိုယ်တော်ထံတွင် ကတိသစ္စာပြုခဲ့ကြသည့် ကိစ္စများကို လိုက်နာစောင့်ထိန်းခဲ့ကြသည်။ ဟဒီးဆ်တော်ကို ဆင့်ပြန်ခဲ့သူက ပြောပြသည်မှာ ကျွန်တော်သည် ထိုဆွဟာဗဟ်များအနက် အချို့အား မြင်တွေ့ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် နှင်တံကျသွားလျှင်လည်း မိမိအား ကောက်ပေးရန် မည်သူ့ကိုမျှ မတောင်းဆိုဘဲ ကိုယ်တိုင်ဆင်း၍ ကောက်သည်။
ဗရားအ် ဗင်န် အာဇိဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တစ်ဦးသည် ကဗရ်အတွင်း၌ မေးမြန်းခြင်းခံရသည့်အခါ ၎င်းသည် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တယ့်သူမရှိ ကြောင်းနှင့် မုဟမ္မဒ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံပေလိမ့်မည်။ ဤသည် အရှင်မြတ်ရဲ့ မိန့်ကြားချက် ( အောက်ပါအာယသ်တော်ရဲ့ အလိုသဘော )ဖြစ်သည်။ {يُثَبِّتُ اللَّهُ الَّذِينَ آمَنُوا بِالقَوْلِ الثَّابِتِ فِي الحَيَاةِ الدُّنْيَا وَفِي الآخِرَةِ} ( အလ္လာဟ် အရှင်မြတ်သည် အီမာန် ယုံကြည်သူများအား တည်တံ့ ခိုင်မြဲသော စကား (ကလိမဟ် ရှဟာဒသ်)ဖြင့် ဤဘဝတွင် သာမက နောင်ဘဝတွင်ပါ တည်မြဲစေတော်မူသည်။ ) ( စူရဟ် အိဗ်ရာဟီးမ် : ၂၇ )
متفق عليهမုအ်မင်န်ယုံကြည်သူသည် ကဗရ်ထဲတွင် မေးမြန်းခြင်းခံရမည်ဖြစ်သည်။ ၎င်းအား ထိုသို့ မေးမြန်းရန်အတွက် တာဝန်ပေးအပ်ခြင်းခံထားရသော မလာအိကဟ်ကောင်းကင်တမန်နှစ်ပါးက မေးမြန်းကြလိမ့်မည်။ ထို မလာအိကဟ်ကောင်းကင်တမန်နှစ်ပါး၏ အမည်မှာ မွန်ကရ်နှင့် နကီရ်ဖြစ်ကြောင်း ဟဒီးစ်တော်အချို့တွင် ဖော်ပြထားသည်။ ထိုအခါ ၎င်းသည်အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံလိမ့်မည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) က ဤသည် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူထားသည့် တည်တံ့ခိုင်မြဲသောစကား (ကလိမဟ် ရှဟာဒသ် )ပင်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ( အလ္လာဟ် အရှင်မြတ်သည် အီမာန် ယုံကြည်သူများအား တည်တံ့ ခိုင်မြဲသော စကား (ကလိမဟ် ရှဟာဒသ်)ဖြင့် ဤဘဝတွင် သာမက နောင်ဘဝတွင်ပါ တည်မြဲစေတော်မူသည်။ ) ( စူရဟ် အိဗ်ရာဟီးမ် : ၂၇ )
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း သက်သေခံလာသည်အထိ၊ ဆွလာသ် ဆောက်တည်လာသည်အထိ၊ ဇကာသ် ပေးဆောင်လာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ကြလျှင် ၎င်းတို့၏ အသက်ခန္ဓာနှင့် ၎င်းတို့၏ အိုးအိမ်စည်းစိမ်များကို ငါကိုယ်တော်ဘက်မှ ကာကွယ်ပြီးဖြစ်သည်။ သို့သော် အစ္စလာမ့် ဥပဒေကို ချိုးဖောက်လျှင် အရေးယူခံရမည်။ ၎င်းတို့အား စာရင်းစစ်ဆးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မိမိသည် ကာဖိရ်မုရှ်ရိက်များနှင့် ပတ်သက်၍ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်တော်မူသော ဖက်စပ်ယှဉ်တွဲမှုကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ စစ်မှန်သည့် ကိုးကွယ်ရာအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံလာသည်အထိ၊ ထိုရှဟာဒသ် သက်သေခံမှု၏ တောင်းဆိုချက်ဖြစ်သော နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ကို ဆောက်တည်လာသည်အထိ၊ ဖရ်ဿ်ွအဖြစ် သတ်မှတ်ထားသော ဇကာသ်ကို စားထိုက်သူများအား ပေးလာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ပါက အစ္စလာမ်သာသနာသည် ၎င်းတို့၏အသက်ခန္ဓာနှင့် ဥစ္စာပစ္စည်းများကို အကာအကွယ် ပေးလိုက်ပြီဖြစ်သောကြောင့် အစ္စလာမ့် ဥပဒေအရ သေဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်သည့်အတွက် သေဒဏ်စီရင်ခြင်းမှလွဲ၍ ၎င်းတို့၏အသက်အား ထိပါးခွင့်လုံးဝမရှိတော့ပါ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးသားထဲရှိ လျှို့ဝှက်ချက်များကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်သောကြောင့် ကိယာမသ်နေ့တွင် ၎င်းတို့အား စာရင်းစစ်ဆေးတော်မူမည်ဖြစ်သည်။