





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အိပ်ရာမှ နိုးထလာသူအား နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောရန် တိုက်တွန်းတော်မူထားသည်။ "အလ်အစ်သင်န်စာရ်" ဆိုသည်မှာ နှာခေါင်းထဲသို့ ရေကို သွင်းပြီးနောက် ပြန်ထုတ်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ ရှိုင်သွာန်သည် "ခိုင်ရှူးမ်"နှာခေါင်းတစ်ခုလုံး၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန် ပြောပြသည်မှာ ကျွန်တော့်အား အုမရ်ဗင်န်ခသသွာဗ် (ရဿွိယလ္လာဟုအန်ဟု)ပြောပြသည်မှာ လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီးနောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
رواه مسلمအုမရ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ လူတစ်ဦး ဝုဿူလုပ်ပြီးနောက်သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမဆိုဘဲကျန်ခဲ့သည်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)တွေ့မြင်သွားခဲ့သည်။ ထိုအခါ ကိုယ်တော်က ဝုဿူရေစိုရန်ကျန်ခဲ့သောနေရာကို ညွှန်ပြ၍အမိန့်ရှိသည်မှာ အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ၊ ပြည့်စုံအောင်လုပ်ပါ ဝုဿူပြုရာတွင် စွတ်စိုရမည့် အစိတ်ပိုင်းတိုင်းကို စွတ်စိုအောင်ပြုလုပ်ပါ။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ရေချိုးရန်တာဝန်ထိုက်သည့်ခန္ဓာကိုယ်မသန့်ဖြစ်သွားပါက တစ်“ဆွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။ တစ်“ဆွာအ်”တွင် လေး“မွဒ်” ရှိပြီး “မွဒ်”ဟူသည် အလယ်အလတ်ရှိသည့် လက်ခုပ်တစ်ခုစာ အပြည့်ရှိသော ပမာဏဖြစ်သည်။
အွတ်က်ဗဟ် ဗင်န် အာမိရ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည်။ ကုလားအုပ်များ ထိန်းကျောင်းခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ အလှည့်ရောက်လာသောအခါ ကျွန်ုပ်သည် ညနေချိန်၌ ထိုကုလားအုပ်များကို ညအိပ်ခိုလှုံရာနေရာသို့ ပြန်လည်မောင်းနှင်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်အား မတ်တပ်ရပ်လျက် လူတို့အား မိန့်ကြားနေသည်ကို တွေ့ခဲ့ရသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်။ ဟဒီးစ်ဆင့်ပြန်သူ ရာဝီက ပြောပြခဲ့သည်။ ထိုအခါ ကျွန်ုပ်က ဤမိန့်ကြားချက်သည် အဘယ်မျှ ကောင်းလိုက်ပါသနည်းဟု ပြောခဲ့၏။ ထိုအခါ ကျွန်ုပ်၏ရှေ့တွင် ရှိသော ပြောဆိုသူတစ်ဦးက ဤမိန့်ကြားချက်၏ အလျင်တွင်ရှိသော မိန့်ကြားချက်သ ည် ပို၍ ကောင်းပါသည် ဟု ပြောဆိုခဲ့သည်။ ကျွန်ုပ်ကြည့်လိုက်သောအခါ အုမရ် ( ရဿွိယလ္လာဟုအန်ဟု ) ဖြစ်နေလေသည်။ ၎င်းက အသင် အခုနကမှ ရောက်လာခဲ့သည်ကို ကျွန်ုပ် တွေ့မြင်ပြီးဖြစ်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် မည်သူမဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا عَبْدُ اللهِ ورسوله (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။) ကို ရွတ်ဆိုလျှင် ဂျန္နသ်သုခဘုံ၏ တံခါးရှစ်ခုလုံး သူ့အတွက် ဖွင့်လှစ်ပေးခြင်းခံရမည်။ ထိုသူသည် မိမိအလိုရှိရာ တံခါးမှ ဝင်ရောက်နိုင်မည်ဖြစ်သည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် လူတို့အား ဟဒီးစ်မိန့်ကြားရာတွင် အလွန်ကြီးကျယ်သော အကျိုးကျေးဇူးနှစ်ရပ်ကို ရှင်းလင်းတင်ပြတော်မူခဲ့သည်။ မည်သူမဆို စွန္နသ်နည်းလမ်းအတိုင်း အပြည့်အဝ ကောင်းမွန်ကျနစွာ ဝူဿွူပြုလုပ်မည်၊ ဆေးကြောရမည့်အစိတ်အပိုင်းတိုင်းအား ကောင်းစွာ ဆေးကြောပြီးနောက် (အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း ကျွန် တော်မျိုးသက်သေခံအပ်ပါသည်။ ထို့ပြင် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။) ဟု ရွတ်ဆိုလျှင် ဂျန္နသ်သုခဘုံ၏ တံခါးရှစ်ခုလုံး သူ့အတွက် ဖွင့်လှစ်ပေးခြင်းခံရမည်။ ထိုသူသည် မိမိအလိုရှိရာ တံခါးမှ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ၂။ မည်သူမဆို ဤကဲ့သို့ပင် ပြည့်စုံကောင်းမွန်သောဝူဿွူပြုလုပ်မည်။ ထို့နောက် စိတ်စင်ကြယ်စွာ၊ ခယရိုကျိုးစွာဖြင့်၊ ထို့ပြင် မိမိ၏ မျက်နာနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးဖြင့် အလ္လာဟ်အရှင်မြတ်အား ရိုကျိုးကိုင်းညွတ်ခြင်းဖြင့် ဆွလာသ်နှစ်ရကအသ် ဝတ်ပြုဆောက်တည်လျှင် ထိုသူ့အတွက် ဂျန္နတ်သုခဘုံသည် ထိုက်တန်သွားလေသည်။
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
رواه الدارقطنيတမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)က မွတ်စ်လင်မ်တစ်ဦးသည် ဝူဿွူ ပြုလုပ်ပြီးနောက် ခြေအိတ်များ ဝတ်ဆင်ခဲ့မည်။ ထို့နောက် ဝူဿွူ ပျက်ပြားသွားသည့်အခါ သူအလိုရှိပါက သတ်မှတ်ထားသော ကာလအထိ ယင်းခြေအိတ်များပေါ်၌ မစဟ် (ပွတ်သတ်ခြင်း) ပြုလုပ်ခွင့်ရှိပြီး၊ ယင်းခြေအိတ်များကို ချွတ်ရန်မလိုဘဲ ဝတ်ဆင်ထားလျှက်ပင် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်ဟု မိန့်ကြားတော်မူထားသည်။ သို့ရာတွင် ဂျနာဗသ် (ရေချိုးရမည့် အခြေအနေ) ဖြစ်ပေါ်ပါက ခြေအိတ်များကို ချွတ်၍ ဂုစုလ် (ရေချိုးခြင်း) ပြုလုပ်ရမည်ဖြစ်သည်။
အဗူစအီဒ် အလ်ခွဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ သူက ပြောပြသည်မှာ: အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီဒွလ်အဿ်ွဟာ သို့မဟုတ် အီဒွလ်ဖိတ်ရ်နေ့တွင် အိဒ်ဂါဟ်သို့ ကြွမြန်းသွားတော်မူခဲ့သည်။ (အီးဒ်စွလာသ်နှင့်ခွသ်ဗဟ်ပြီးနောက်) အမျိုးသမီးများအနီးမှ ဖြတ်သွားတော်မူသည့်အခါ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- "အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့ပေ။" သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်မတို့၏ သာသနာရေးရာနှင့် အသိဉာဏ်လျော့နည်းမှုကား အဘယ်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အမျိုးသမီးတစ်ဦး၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်၏တစ်ဝက်နှင့် မညီဘူးလော" ဟုမေးမြန်းတော်မူ၏။ သူမတို့က "ဟုတ်ပါသည်" ဟုဖြေကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "ဤသည်ပင်လျှင် သူမ၏ အသိဉာဏ်လျော့နည်းမှုဖြစ်သည်။ အမျိုးသမီးသည် ရာသီသွေးဆင်းသောအခါ ဆွလာသ်မဝတ်ပြုနိုင်၊ စောင်မ်ဥပုသ်စောင့်ထိန်းခြင်း မပြုနိုင်သည် မဟုတ်ဘူးလော" ဟုမေးတော်မူ၏။ အမျိုးသမီးများက "ဟုတ်ပါသည်ဟု ဖြေကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "ဤသည်ပင်လျှင် သူမ၏ ဒီန်သာသနာရေးရာလျော့နည်းမှု ဖြစ်သည်။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိဒ်နေ့တွင် အိဒ်ဂါဟ်သို့ ထွက်တော်မူခဲ့သည်။ ကိုယ်တော်သည် အမျိုးသမီးများအား သီးသန့် သာသနာရေးရာအကြောင်းများ သင်ကြားပေးရန် ကတိပြုထားခဲ့သည့်အတွက် ထိုနေ့တွင် ထိုကတိကိုဖြည့်ဆည်းတော်မူခဲ့သည်။ (ထိုသို့သင်ကြားပေးနေစဉ်) ကိုယ်တော်က မိန့်ကြားတော်မူသည်။ "အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့၊ အပြစ်များမှ မြောက်များစွာခွင့်လွှတ်ခြင်းကို တောင်းခံကြလော့။ အဘယ် ကြောင့်ဆိုသော် ဤနှစ်မျိုးသည် အပြစ်များခွင့်လွှတ်ခံရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းနှစ်ခု ဖြစ်သောကြောင့်တည်း။ ထို့ပြင် ငါကိုယ်တော်သည် မိအ်ရာဂ်ျ(ကောင်း ကင်ဘုံခရီးသို့ခေါ်ဆောင်ခြင်းခံရသည့်)ညတွင် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသောကြောင့်ပင် ဖြစ်သည်။ ထိုအခါ သူမတို့အနက် ဉာဏ် ပညာ၊ သိနားလည်မှုနှင့် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ငရဲသားများအနက်အများစုဟာ ကျွန်မတို့အမျိုးသမီးများဖြစ်နေရသည့် အကြောင်းရင်းကား အဘယ်နည်း" ဟု လျှောက်ထားလေသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဖြေပေးတော်မူသည်မှာ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများစွာရှိသည်။ အသင်မတို့သည် များစွာသော ကျိန်ဆဲခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်လေ့ရှိကြပြီး ခင်ပွန်း၏ အခွင့်အရေးကို ငြင်းဆန်လေ့ရှိကြသည်။ ထို့နောက် သူမတို့၏ သွင်ပြင်လက္ခဏာကို ဖော်ပြရင်း မိန့်တော်မူသည်မှာ "ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့ပေ။" ထိုအမျိုးသမီးက"သာသနာရေးရာနှင့် အသိဉာဏ်လျော့ နည်းမှုကား အဘယ်နည်း" ဟု လျှောက်ထားပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသိဉာဏ်လျော့ နည်းမှုနှင့်ပတ်သက်၍ဆိုလျှင် အမျိုးသမီးနှစ်ဦး၏ သက်သေခံချက်သည် အမျိုးသားတစ်ဦး၏ သက်သေခံချက်နှင့် ညီမျှသည်။ ဤသည်ကား အသိဉာဏ်လျော့နည်းမှုပင်ဖြစ်သည်။ ဒီန်သာသနာ ရေးရာလျော့နည်းမှုနှင့်ပတ်သက်၍ဆိုလျှင် သူမ၏ ကောင်းမွန်သော အကျင့်သီလများသည် အတိုင်း အတာတစ်ခုအထိ လျော့နည်းသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရာသီသွေးဆင်းခြင်းကြောင့် သူမသည် ရက်ပေါင်းများစွာ ဆွလာသ်ဝတ်ပြုခြင်း မပြုနိုင်သကဲ့သို့ ရမဿွာန်လတွင် ရာသီသွေးဆင်းခြင်းကြောင့် ရက်ပေါင်းများစွာ စောင်မ်ဥပုသ် စောင့်ထိန်းခြင်းကို လွတ်သွားနိုင်သောကြောင့်ဖြစ်သည်။ ဤသည်ကား ဒီန်သာသနာရေးရာ လျော့နည်းမှုပင်ဖြစ်သည်။ သို့ရာတွင် ဤနေရာ၌ မှတ်သားထားရမည်မှာ ရာသီသွေးဆင်းခြင်းကြောင့် ဆွလာသ်ဝတ်ပြုခြင်းနှင့် စောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို မပြုလုပ်နိုင်ခြင်းကြောင့် အမျိုးသမီးများသည် ပြစ်တင်ပြောဆိုခြင်းခံရမည် မဟုတ်သလို၊ အရေးယူခြင်းခံရမည်လည်း မဟုတ် ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ဖန်ဆင်းခြင်းသဘာဝအရဖြစ်သောကြောင့်တည်း။ အလားတူပင် လူသားသည် ငွေကြေးကို ချစ်ခင်တွယ်တာခြင်း၊ အရေးကိစ္စများတွင် အလျင်စလိုဖြစ်ခြင်း၊ အသိပညာကင်းမဲ့ခြင်း စသည်တို့ဖြင့် ဖန်ဆင်းခြင်းခံရသည်။ သို့ရာတွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အမျိုးသမီးများ၏ ဖြား ယောင်းသွေး ဆောင်မှုသို့ မကျရောက်စေရန် သတိပေးတားမြစ်သည့်အနေဖြင့် ထိုအကြောင်းကို သတိပေးခဲ့ခြင်းဖြစ်သည်။
အွမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမသည် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံ သစ္စာခံခဲ့သူဖြစ်သည်။ သူမက ပြောသည်မှာ "ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။"
رواه أبو داود بهذا اللفظ ورواه البخاري بدون زيادة (بعد الطهر)ဆွဟာဗီအမျိုးသမီးသာဝကတစ်ဦးဖြစ်သော အွမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ခေတ်က အမျိုးသမီးများသည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် မိန်းမကိုယ်မှ ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ထိုအရည်များဆင်းခြင်းကြောင့် ဆွလာသ်ဝတ်ပြုခြင်း သို့မဟုတ် ရိုဇာထားခြင်းကို မရပ်ဆိုင်းခဲ့ကြပေ။
မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်သည်။ သူမကပြောသည်မှာ အွမ်မုဟဗီးဗဟ် ဗင်န်သိ ဂျဟ်ရှ် သည် အဗ်ဒုရ်ရဟ်မာန် ဗင်န် အောဖ် (ရဿွိယလ္လာဟုအန်ဟု) ၏ဇနီးဖြစ်ပြီး၊ သူမသည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဓမ္မတာသွေးဆင်းခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအား အမိန့်ရှိသည်မှာ ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။ သို့သော် သူမသည် ဆွလာသ်တိုင်းအတွက် ရေချိုးလေ့ရှိသည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမျိုးသမီးသာဝကများအနက်မှတစ်ဦးက ရာသီသွေးဆင်းပြီးနောက် ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အကြောင်းကို တမန်တော်မြတ်အား မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအမျိုးသမီးအား ပုံမှန်မဟုတ်ဘဲ အမြဲသွေးဆင်းနေသည့်အခြေအနေမဖြစ်ပေါ်မီက သူမထံ၌ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်းအတာနှင့်အညီ ဆွလာသ်ဝတ်ပြုခြင်းမှ ရပ်တန့်ထားရန်၊ ယခင်က ပုံမှန် ဓမ္မတာသွေးပေါ်သည့်ကာလ ပြီးဆုံးသွားသည့်အခါ ရေချိုးရန်နှင့် ဆွလာသ်ဝတ်ပြုရန် ညွှန်ကြားခဲ့သည်။ သို့သော် ထိုအမျိုးသမီးသည် ဆွလာသ်တိုင်းအတွက် နဖ်လ် (တာဝန်အရမဟုတ်ဘဲ) ရေချိုးလေ့ရှိခဲ့သည်။
အမ်ရ်ဗင်န်ဆုလိုင်မာန် အလ်အန်ဆွာရီ ဆင့်ပြန်သည်မှာ ကျွန်တော်သည် ဤဟဒီးဆ်ကို အဗူစအီးဒ်ဆင့်ပြန်ကြောင်း သက်သေပေးပါသည်။ ကျွန်တော်သည် ဤဟဒီးဆ်ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားခဲ့ကြောင်း သက်သေပေးပါသည်။ အရွယ်ရောက်ပြီးသော ယောက်ျားလေးတိုင်းသည် သောကြာနေ့တွင် ရေချိုးရန်၊ သွားတိုက်ရန်၊ ရေမွှေးရှိလျှင် ရေမွှေးသုံးရန် တာဝန်ရှိသည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် သောကြာနေ့တွင် ရေချိုးခြင်းသည် ဂျုမုအဟ်ဆွလာသ်ဝတ်ပြုရန် တာဝန်ရှိသူ အရွယ်ရောက်ပြီးသော မွတ်စ်လင်မ် အမျိုးသားတိုင်းအပေါ် အလွန်အရေးကြီးသော တာဝန်တစ်ခုဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့ပြင် သွားများကို တံပူနှင့် တံပူကဲ့သို့သောအရာများဖြင့် သွားတိုက်ရန်၊ မွှေးကြိုင်သောရနံ့ရှိသောအရာများဖြင့်အမွှေးအကြိုင်သုတ်လိမ်းရန် အမိန့်ပေးထားသည်။