





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ - ငါအရှင်မြတ်ထံ တောင်းဆုပြုမည့်သူ ရှိသလော။ ငါအရှင်မြတ်သည် သူ(၏တောင်းဆု)ကို လက်ခံတော်မူမည်။ ငါအရှင်မြတ်ထံ တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား ချီးမြှင့်တော်မူမည်။ ငါအရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံမည့်သူရှိသလော။ ငါအရှင်မြတ်သည် သူ့အား လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူမည်။
متفق عليهတမန်တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက်ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို မိမိထံ ဒုအာဆုတောင်းခံခြင်း၌ စိတ်အားထက်သန်စေရန်အတွက် အရှင်မြတ်သည် ဒုအာဆုမွန်တောင်းခံသူ၏ တောင်းဆုကို လက်ခံတော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ ၎င်းတို့အား မိမိတို့အလိုရှိသည်ကို တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိထံတောင်းခံသူအား ချီးမြှင့်တော်မူကြောင်း မိန့်ကြားတော်မူသည်။ ထို့အတူ အရှင်မြတ်ထံ ၎င်းတို့၏အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံကြရန်နှင့် အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်များ၏ အပြစ်အကုသိုလ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူကြောင်း မိန့်ကြားတော်မူသည်။
အဗူမရ်ဆဒ် အလ်ဂနဝီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ်သင်္ချိုင်းများပေါ်ထိုင်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထို့အတူ ကဗရ်သင်္ချိုင်းဘက်သို့ လှည့်၍ ဆွလာသ် ဆောက်တည်ခြင်းကိုလည်း တားမြစ်တော်မူသည်။ ထိုသို့ဆောက်တည်ခြင်းဖြင့် ကဗရ်သည် ဆွလာသ်ဆောက်တည်သူ၏ ရှေ့တွင်ရှိနေသောကြောင့် ဤသည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် အီသီယိုးပီးယားနိုင်ငံတွင် သူမ မြင်တွေ့ခဲ့သည့် ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းအကြောင်းကို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား တင်ပြခဲ့သည်။ ထို့ပြင် ထိုကျောင်းထဲ၌ သူမ မြင်တွေ့ခဲ့ရသည့် ရုပ်ပုံများအကြောင်းကိုလည်း ကိုယ်တော့်အား တင်ပြခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်တော်မူသည်မှာ- အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး ၎င်းသူ၏ ရုပ်ပုံများကို ကျောင်းထဲတွင် ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြသည်။
متفق عليهမုအ်မင်န်တို့၏ မိခင်ကြီး အုမ္မုစလမဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် သူမ အီသီယိုးပီးယားနိုင်ငံတွင် ရှိနေစဉ် ရုပ်ပုံများ၊ အလှတန်ဆာများ၊ ပုံများပါရှိသော ‘မာရီယာ’ဟုခေါ်သော နဆွ်ရာနီ ဘုရားကျောင်းတစ်ခုကို မြင်တွေ့ခဲ့ပြီး အံဩခဲ့ရကြောင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ပြောပြခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသို့ရုပ်ပုံများထားသည့် အကြောင်းအရင်းကို ရှင်းပြတော်မူသည်မှာ အသင်မပြောပြခဲ့သော သူများသည် ၎င်းတို့ထဲမှ သူတော်စဥ်တစ်ဦး ကွယ်လွန်သွားလျှင် ထိုသူ၏ ကဗရ်သင်္ချိုင်း၌ မတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်ဆောက်လုပ်ကြကာ ဆွလာသ်ဝတ်ပြုကြပြီး ထိုကဲ့သို့ရုပ်ပုံများကို ရေးဆွဲခဲ့ကြသည်။ ထို့နောက် ကိုယ်တော်က ထိုလုပ်ရပ်သည် ‘ရှိရ်က်’ ယှဉ်တွဲကိုးကွယ်မှုသို့ ရောက်ရှိစေသည့်အတွက် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အဖန်ဆင်းခံများအနက် အဆိုးယုတ်ဆုံးသူများပင်ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာကို ပင်မတိုင်ကြီး ငါးခုက ထောက်မကာ ဆောက်တည်ထားသော ခိုင်မာသည့်အဆောက်အအုံဖြင့် ပမာနှိုင်းပြတော်မူသည်။ အစ္စလာမ်၏ ကျန်ဝိသေသလက္ခဏာများသည် ထိုအဆောက်အအုံကို ပြည့်ပြီးစုံစေသော လက္ခဏာများဖြစ်သည်။ ဤမဏ္ဍိုင်ကြီးငါးခုအနက် ပထမဆုံးတစ်ခုမှာ ရှဟာဒသ် သက်သေခံခြင်း နှစ်မျိုးဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြစ်သည်။ ထိုသက်သေခံခြင်းနှစ်ခုသည် မဏ္ဍိုင်တစ်ခုသာဖြစ်ပြီး တစ်ခုနှင့်တစ်ခု ခွဲထုတ်၍မရပေ။ ကျေးကျွန်သည် ၎င်းရှဟာဒသ်နှစ်ခုကို မြွက်ဟပြောဆိုရာတွင် အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်း တည်ရှိတော်မူသောအရှင်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူပြီး အရှင်မြတ်အပြင်မည်သူမျှ ခဝပ်ကိုးကွယ်ခြင်းကို မခံထိုက်ကြောင်းကို ဝန်ခံကာ ရှဟာဒသ်နှစ်ခု၏ တောင်းဆိုမှုအတိုင်း ကျင့်ကြံအားထုတ်ရမည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရိစာလသ် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ခြင်းအား ယုံကြည်လျှက် နောက်လိုက်မှုပြုရမည်။ ဒုတိယတစ်ခုမှာ ဆွလာသ်ဆောက်တည်ခြင်းဖြစ်သည်။ ဤသည် တစ်ရက်တာတွင်ရှိသည့် ဖရ်ဿ်ွဆွလာသ် ငါးကြိမ်ဖြစ်သော ဖဂ်ျရ်ဆွလာသ်၊ ဇုဟုရ်ဆွလာသ်၊ အဆွရ်ဆွလာသ်၊ မဂ်ရိဗ်ဆွလာသ်၊ အိရှာဆွလာသ်စသည်တို့ကို ၎င်းတို့၏စည်ကမ်းချက်များ၊ ဖရ်ဿ်ွတာဝန်များ၊ ဝါဂျိဗ်တာဝန်များနှင့်တကွ ဆောက်တည်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဖရ်ဿွ်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသော ဇကာသ်ကို ပေးဆောင်ခြင်းဖြစ်သည်။ ဇကာသ်ဟူသည် ရှရိအဟ်တရားတော်က သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားသည့်ဥစ္စာပစ္စည်းတိုင်းအတွက် သတ်မှတ်ထားသော ဖရ်ဿ်ွအိဗာဒသ်တစ်ခုဖြစ်သည်။ ဇကာသ်အား စားထိုက်သူများကို ပေးရသည်။ စတုတ္ထတစ်ခုမှာ ဟဂ်ျပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် ဟဂ်ျကျင့်စဉ်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မက္ကဟ်မြို့သို့ သွားရောက်ကာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ ပဉ္စမတစ်ခုမှာ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သည့် ရည်ရွယ်ချက်ဖြင့် နံနက်မိုးသောက်ချိန်မှစ၍ နေဝင်သည်အထိ စားခြင်း၊ သောက်ခြင်းနှင့် ဆွိယာမ်ဥပုသ်ကို ပျက်စေသော အခြားကိစ္စရပ်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်တို့က တားမြစ်ထားသည့်) မကောင်းမှုများအား တတ်စွမ်းနိုင်သမျှ တားမြစ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ အကြင်သူသည် မကောင်းမှုတစ်ခုအား မြင်တွေ့ပါက ထိုမကောင်းမှုအား လက်ဖြင့်တားမြစ်ရန်တတ်စွမ်းနိုင်လျှင် ၎င်းအပေါ်၌ လက်ဖြင့်တားမြစ်ရန် တာဝန်ရှိသည်။ အကယ်၍ လက်ဖြင့်တားမြစ်ရန် မတတ်စွမ်းနိုင်ပါက ၎င်းမကောင်းမှုအား မိမိ၏နှုတ်လျှာဖြင့်တားမြစ်ရမည်။ မကောင်းမှုကျူးလွန်သူအား ယင်းမကောင်းမှု၏ဆိုးကျိုးကို ရှင်းပြကာ မကောင်းမှုအစား ကောင်းမှုကို လမ်းညွှန်ပြသပေးရမည်။ အကယ်၍ ဤအဆင့်ကို ပြုလုပ်ရန်မတတ်စွမ်းနိုင်ပါက မကောင်းမှုအား နှလုံးသားဖြင့်တားမြစ်ရမည်။ဆိုလိုသည်မှာ မကောင်းမှုအား စိတ်ထဲ၌ မနှစ်သက်မှုဖြစ်ရမည်။ ထို့ပြင် ထိုမကောင်းမှုအား တားမြစ်နိုင်စွမ်းရှိလာပါက မုချတားမြစ်မည်ဟူသော ခိုင်မာသောဆုံးဖြတ်ချက်ချရမည်။ မကောင်းမှုအား စိတ်နှလုံးသားဖြင့်တားမြစ်ခြင်းသည် အီမာန်၏ အဆင့်အတန်းများအနက် အနိမ့်ဆုံးနှင့် အားအပျော့ဆုံးအဆင့်ပင်ဖြစ်သည်။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အရေးယူခြင်းခံရမည်လောဟု မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာတော်အတွင်းသို့ဝင်ရောက်ခြင်း၏ မွန်မြတ်မှုကို ရှင်းပြတော်မူသည်။ မည်သူမဆို အစ္စလာမ်သာသနာတော်ကိုသက်ဝင်ယုံကြည်၍ ကောင်းမွန်စွာ လိုက်နာကျင့်သုံးမည်။ ၎င်းသည် ‘အိခ်လာဆွ်’နှင့်တကွ မှန်ကန်စွာလက်ခံကျင့်သုံးသူဖြစ်ပါက အမိုက်ခေတ်တွင် ထိုသူပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီးနောက်မကောင်းမှုကျူးလွန်ခဲ့လျှင် ဥပမာ- မုနာဖိက် အရေခြုံမွတ်စ်လင်မ်ဖြစ်ခဲ့လျှင် သို့မဟုတ် အစ္စလာမ်ကို ပြန်လည် စွန့်လွှတ်ခဲ့လျှင် ထိုသူအစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့အတွက် အရေးယူခြင်းခံရမည်ဖြစ်သည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။ ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ မဆောင်ရွက်ခဲ့လျှင် ကျွန်တော်သည် ဂျန္နသ်သို့ဝင်ရောက်ရမည်လော။ ကိုယ်တော်က ဟုတ်ကဲ့(ဝင်ရောက်ရမည်)ဟု ဖြေကြားတော်မူသည်။ ထိုအခါ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ပြောပါသည်။ကျွန်တော်သည် ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ ပြုလုပ်တော့မည်မဟုတ်ပါ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အကြင်သူသည် မည်သည့် နဖ်လ်ဆွလာသ်ကိုမျှ ဝတ်ပြုခြင်းမရှိဘဲ ဖရ်ဿွ်ဆွလာသ်ငါးကြိမ်ကိုသာ ဆောက်တည်မည်။ မည်သည့် နဖ်လ်ဆွိယာမ်ဥပုသ်ကိုမျှ မစောင့်ထိန်းဘဲ ရမဿွာန်လမြတ်၏ ဆွိယာမ်ဥပုသ်ကိုသာ စောင့်ထိန်းမည်။ ဟလာလ်ဟု သတ်မှတ်ထားသောအရာကို ဟလာလ်ဟုယုံကြည်လက်ခံပြီး လိုက်နာကျင့်သုံးမည်။ ဟရာမ်ဟု သတ်မှတ်ထားသောအရာကို ဟရာမ်ဟု ယုံကြည်လက်ခံပြီး ရှောင်ကြဉ်မည်ဆိုပါက ထိုသူသည် မုချဂျန္နသ်သို့ဝင်ရမည်ဖြစ်သည်။
အဗူမာလိက် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နူရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ်ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုအား ဝုဿွူပြုခြင်း၊ ရေချိုးခြင်းတို့ဖြင့်ရယူနိုင်ပြီး ၎င်းတို့သည် ဆွလာသ်၏ အပြင်ပိုင်းဆိုင်ရာ ဖရ်ဿ်ွဖြစ်ကြသည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’ရွတ်ဆိုခြင်းသည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။ ဤသို့ရွတ်ဆိုခြင်းသည် အရှင်မြတ်အားချီးမွမ်းခြင်း၊ ပြည့်စုံလှသည့် ဂုဏ်တော်များဖြင့် အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းဖြစ်သည်။ ထိုဇိက်ရ်တော်သည် ကိယာမသ်နေ့တွင် ချိန်တွယ်ခြင်းခံရမည်ဖြစ်ပြီး ၎င်းသည် မီဇာန်ချိန်ခွင်၌ ကောင်းမှုများဖြင့် ပြည့်စေမည်ဖြစ်သည်။ ‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ကိုရွတ်ဆိုခြင်းသည် အရှင်မြတ်အား ချို့ယွင်းမှုအပေါင်းမှကင်းစင်တော်မူကြောင်းမြွတ်ဟခြင်းနှင့် အရှင်မြတ်ထံတော်တွင် အရှင်မြတ်နှင့် သင့်လျော်သည့်အတိုင်း ပြည့်စုံသည့် ဂုဏ်တော်များရှိကြောင်းကို ချစ်ခင်မြတ်နိုးမှုနှင့်တကွ ဂုဏ်မွှမ်းခြင်းဖြစ်သည်။ ထိုသို့ရွတ်ဆိုခြင်းသည် မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် လူသား၏နှလုံးသားနှင့် မျက်နှာ၏ အလင်းရောင်ဖြစ်ပြီး ကဗ်ရ်သင်္ချိုင်းနှင့် ဟရှ်ရ်တို့တွင် နူရ်အလင်းရောင်ဖြစ်သည်။ ‘ဆွဒကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။’ အလှူဒါနသည် မုအ်မင်န်သက်ဝင်ယုံကြည်သူတစ်ဦး၌ မှန်ကန်သောအီမာန်ယုံကြည်မှုရှိကြောင်းညွှန်ပြသည့် သက်သေအထောက်အထားပင်ဖြစ်သည်။ ဤသည် ဆွဒ်ကဟ်အလှူဒါနပြုခြင်းကို တားမြစ်သော မုနာဖိက် အယောင်ဆောင်မွတ်စ်လင်မ်နှင့်ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ မုနာဖိက်သည် ဆွဒကဟ်အလှူဒါနပြုခြင်းဖြင့်ရရှိမည့် အလ္လာဟ်အရှင်မြတ်ပေးထားသော ကတိတော်များကို ထောက်ခံခြင်းမရှိပေ။ ‘ဧကန်အမှန်ပင် ‘ဆွဗ်ရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။’ဆွဗ်ရ်ဟူသည် အမျက်ဒေါသဖြစ်သည့်စိတ်ကို ချုပ်တည်းထားခြင်းဖြစ်သည်။ သည်းခံခြင်းတရားသည် နေရောင်ခြည်ကဲ့သို့ ပူပြင်းတောက်လောင်မှုပါရှိသော အလင်းရောင်ပင်ဖြစ်သည်။ (ဆွဗ်ရ်သည်းခံသူသည်ရင်ထဲတွင်ပူပြင်းသောဒဏ်ကိုခံရသည်။) သည်းခံခြင်းသည် ခက်ခဲလှပြီး မိမိ၏‘နဖ်စ်’စိတ်ကို ဆန့်ကျင်တွန်းလှန်ရန်နှင့် စိတ်အလိုကို ချုပ်တည်းထားရန် လိုအပ်သည်။ ထို့ကြောင့်ပင် သည်းခံခြင်းတရား လက်ကိုင်ထားသူသည် အမှန်တရားပေါ်တွင်ရှိနေသူ အလင်းရောင်းရရှိသူ၊ လမ်းမှန်ရရှိသူအဖြစ်ရှိနေမည်ဖြစ်သည်။ ဆွဗ်ရ်သည်းခံခြင်းတရားကို အလ္လာဟ်အရှင်မြတ်အမိန့်နာခံရာတွင်လည်းကောင်း၊ အပြစ်အကုသိုလ်မှ ရှောင်ကြဥ်ရာတွင်လည်းကောင်း၊ လောက၏ အမျိုးမျိုးသောဒုက္ခအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရာတွင်လည်းကောင်း လက်ကိုင်ထားရန်လိုအပ်သည်။ ‘ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်မည်။’ ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းမြတ်အား ရွတ်ဖတ်ပြီး ထိုအတိုင်းလိုက်နာကျင့်သုံးပါက သင့်အတွက် သက်သေ အထောက်အထားဖြစ်မည်။ သို့မဟုတ် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ခြင်း၊ လိုက်နာကျင့်သုံးခြင်း မရှိဘဲ စွန့်ပစ်ထားပါက ‘အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။’ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက်မိန့်ကြားတော်မူသည်မှာ လူတိုင်းသည်ကြိုးစားအားထုတ်ကြသည်၊ မြေပထဝီအနှံ့သွားလာကြသည်၊ အိပ်ရာမှနိုးထပြီးနောက် မိမိတို့၏ လုပ်ငန်းဆောင်တာအသီးသီးကို ဆောင်ရွက်ရန်အိမ်များမှ ထွက်ခွာကြသည်။ ၎င်းတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုစွဲမြဲစွာနာခံကာ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေလိုက်သည်။ အချို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို ဖီဆန်ကာ အကုသိုလ်များကျူးလွန်၍ မိမိကိုယ်မိမိ ဂျဟန္နမ်ငရဲမီးသို့ ကျရောက်စေကာ ပျက်စီးဆုံးရှုံးစေသည်။
မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း၏နာမည်မှာ အုဖွိုင်းရ် ဖြစ်သည်။ ကိုယ်တော်က အို-မုအာဇ် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့်ဝတ္တရားကို သင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤသတင်းကို လူတို့အား ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ၎င်းတို့အား မပြောပြလေနှင့် ပြောပြလိုက်လျှင် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှု မပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့် ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားတို့ကိုရှင်းပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူ ‘မုဝဟ္ဟိဒ်’အား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထို့နောက် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤထွတ်မြတ်မှုကိုသိပြီး လူတို့ဝမ်းသာပျော်ရွှင်ကြစေရန် ကျွန်တော်မျိုး သတင်းကောင်းပါးလိုက်ရမည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှုမပြုဘဲ နေကြမည်ကို စိုးရိမ်၍ မပြောပြရန် တားမြစ်တော်မူခဲ့သည်။