





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
တမန်တော်မြတ်၏ ခါဒင်မ်ဖြစ်သူ အဘူဟမ်ဇဟ် အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှကာလပတ်လုံး အသင်တို့အနက်မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။
متفق عليهနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် မိမိအတွက် နှစ်သက်လိုလားသော ကောင်းမှုများ၊ သာသနာရေးနှင့် လောကီရေးတွင်ရှိသောကောင်းကျိုးအားလုံးကို မိမိ၏ညီနောင်အတွက်နှစ်သက်လိုလားခြင်း မရှိသရွေ့မိမိ၏အီမာန်သက်ဝင်ယုံကြည်မှုပြည့်ဝမည်မဟုတ်ပေ။ မိမိအတွက်မိမိမနှစ်သက်သောအရာများကို မိမိ၏ညီ နောင်အတွက်လည်း နှစ်သက်ခြင်းမျိုးမရှိရ။ အကယ်၍ မိမိ၏မွတ်စ်လင်မ်ညီနောင်တွင်ဘာသာရေးဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ရာကို တွေ့မြင်ပါက သူ့အားပြုပြင်ပေးရန် ကြိုးစားအားထုတ်ရမည်။ အကယ်၍သူ့ထံတွင်ကောင်းခြင်းတစ်စုံတစ်ရာကို တွေ့မြင်ရပါက ထောက်ပံ့ကူညီပေးရမည်။ သူ့၏ဘာ သာရေး၊ လောကီရေးနှစ်ပတ်သက်၍ ကောင်းခြင်းကိုသာ ရှေးရှုပြီးပြောဆိုဆက်ဆံရမည်။
အုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အားကိုးထိုက်သည့်အတိုင်း ယုံပုံအားကိုးမည်ဆိုလျှင် နံနက်ခင်းတွင် ဝမ်းဗိုက် ဟောင်းလောင်းဖြင့် ထွက်သွားကြပြီး ညနေတွင် ဝမ်းဗိုက်ပြည့်လျှက် ပြန်လာကြသည့် ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာချီးမြှင့်သကဲ့သို့ သင်တို့အား ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။
رواه الإمام أحمد والترمذي والنسائي وابن ماجه وابن حبان في صحيحه والحاكمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့အား လောကီရေးနှင့် သာသနာရေးကိစ္စများ၌ အကျိုးရှိသောအရာများကို ရယူခြင်းနှင့် ဆိုးကျိုးဖြစ်စေသောအရာများကို ဖယ်ရှားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်အပေါ် အားကိုးအားထားပြုရန် တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အရှင်မြတ်မှအပ အခြားမည်သူမျှ ပေးကမ်းချီးမြှင့်ခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ဆိုးကျိုးဖြစ်စေခြင်း၊ ကောင်းကျိုးပေးခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မှန်ကန်စွာယုံကြည်အားကိုး၍ အကျိုးရှိသော အရာများကို ဆောင်ကြဥ်းပေးကာ ဆိုးကျိုးဖြစ်စေသော အရာများကို ဖယ်ရှားပေးမည့် အကြောင်းခံများကိုပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် ထိုအတိုင်းလိုက်နာဆောင်ရွက်နေသရွေ့ နံနက်ခင်းတွင် ဆာလောင်လျက် ထွက်သွားကြကာ ညနေတွင် ဝမ်းဗိုက်အပြည့်ဖြင့် ပြန်လာကြသော ငှက်များကို အလ္လာဟ်အရှင်မြတ်က ရိုဇီရိက္ခာ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ရိုဇီရိက္ခာချီးမြှင့်တော်မူမည်ဖြစ်သည်။ ငှက်တို့၏လုပ်ရပ်သည် အကြောင်းခံကိုစွန့်လွှတ်ခြင်း၊ ပျင်းရိခြင်းမရှိဘဲ ရိုဇီရိက္ခာကိုကျိုးစားရှာဖွေသည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
အဗူဗက်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပင် ပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားသည်မှာ ကောင်းစွာသတိပြုကြပါ။ မုသားစကားပြောဆိုခြင်းဖြစ်သည်။ ကိုယ်တော်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား (ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကတော်များအား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်၍ အသိပေးမိန့်ကြားတော်မူခဲ့သည်။ ကိုယ်တော်သည် အောက်ပါအပြစ်အကုသိုလ် (၃)မျိုးအား မိန့်ကြားခဲ့သည်။ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း။ ဤသည် ခဝပ်ကိုးကွယ်မှုအမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်မှုတွင်လည်းကောင်း၊ မြင့်မြတ်သော ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို တန်းတူပြုလုပ်ခြင်းဖြစ်သည်။ (၂) မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်း။ ဤသည် မိဘနှစ်ပါးကို ကောင်းမွန်စွာပြုစုစာင့်ရှောက်ခြင်းကို စွန့်လွှတ်ခြင်း၊ စကားဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မိဘနှစ်ပါးကို ဒုက္ခဖြစ်စေသည့် ကိစ္စတိုင်းကိုဆိုလိုသည်။ (၃) မုသားစကားပြောဆိုခြင်း ၎င်းတွင်မုသားသက်သေထွက်ဆိုခြင်းလည်း ပါဝင်သည်။ ဤသည်လိမ်လည်ပြောဆိုသည့် စကားအားလုံးကို ဆိုလိုပြီး ထိုစကားဖြင့် လိမ်လည်ခံရသူ၏ ဥစ္စာပစ္စည်းကို ရယူရန် သို့မဟုတ် ၎င်း၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားရန် သို့မဟုတ် အလားတူကိစ္စတစ်ခုခုကိုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုသားစကား၏ မကောင်းမှုနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်း၏ဆိုးကျိုးများကို သတိပေးသည့်အနေဖြင့် မုသားစကားပြောဆိုခြင်းကို အကြိမ်ကြိမ်သတိပေးတားမြစ်တော်မူခဲ့ရာ နောက်ဆုံး ဆွဟာဗဟ်များက ကိုယ်တော့်အပေါ် ကရုဏာသက်၍ ကိုယ်တော်အတွက် စိတ်အနှောက်အယှက်ဖြစ်မည်ကို မလိုလားသောကြောင့် တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု စိတ်ထဲမှ ပြောဆိုမိသည်အထိ ဖြစ်ခဲ့ကြသည်။
မိက်ဒါဒ်ဗင်န်မအ်ဒီကရိဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။
رواه أبو داود والترمذي والنسائي في الكبرى وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်များအကြား ဆက်ဆံရေးပိုမိုခိုင်မာစေပြီး ချစ်ခင်ရင်းနှီးမှုပြန့်ပွားစေမည့် အကြောင်းခံတစ်ရပ်ကို ရှင်းပြတော်မူခဲ့သည်။ ယင်းမှာ လူတစ်ဦးသည် မိမိ၏ ညီနောင်အား ချစ်ခင်ပါက ၎င်းအား ချစ်ခင်ကြောင်း အသိပေးခြင်းဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ “ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပြစ်မှုကြီးများနှင့် ပတ်သက်၍ ရှင်းပြတော်မူခဲ့သည်။ ပြစ်မှုကြီးဟူသည် ကျူးလွန်သူအား လောကီ၊ လောကုတ္တရာ ပြစ်ဒဏ်များဖြင့် ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည့် ပြစ်မှုများဖြစ်သည်။ ၎င်းတို့အနက် ပထမဦးဆုံးပြစ်မှုမှာ “အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း” ဖြစ်သည်။ ဤသည် ခဝပ်ကိုးကွယ်မှုအမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သီးသန့်သက်ဆိုင်သည့် ဖန်ဆင်းခြင်း၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်ခြင်း၊ မြင့်မြတ်သော ဂုဏ်တော်၊ နာမတော်များတွင် အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို တန်းတူပြုလုပ်ခြင်းဖြစ်သည်။ ဒုတိယပြစ်မှုမှာ “မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း” ဖြစ်သည်။ ဤသည် စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ၊ ကောင်းမွန်စွာပြုစုစာင့်ရှောက်ခြင်းကို စွန့်လွှတ်၍ဖြစ်စေ မိဘနှစ်ပါးကို ဒုက္ခဖြစ်စေသော ကိစ္စတိုင်းကိုဆိုလိုသည်။ တတိယပြစ်မှုမှာ “အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း” ဖြစ်သည်။ ဤသည် အသက်တစ်ချောင်းအား မတရားသဖြင့် ရန်ငြိုးထား၍ သတ်ဖြတ်ခြင်းဖြစ်သည်။ စတုတ္ထပြစ်မှုမှာ “မုသားကျိန်ဆိုခြင်း” ဖြစ်သည်။ ဤသည် သိလျက်နှင့် တမင်လိမ်လည်ကျိန်ဆိုခြင်းဖြစ်သည်။ (ယမီးနုလ်ဂမူဆ်)ဟု ခေါ်ဆိုရခြင်းမှာ ယင်းကျိန်ဆိုမှုသည် ကျိန်ဆိုသူအား အပြစ်အကုသိုလ် သို့မဟုတ် ဂျဟန္နမ်ငရဲမီး၌ နစ်မြုပ်စေသည့်အတွက်ကြောင့်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုဆိုးမနှင့် ဆင်းရဲသားတို့အတွက် ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ သို့မဟုတ် ညတွင် ဆွလာသ်ဆောက်တည်ပြီး နေ့တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းသူကဲ့သို့ ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ခင်ပွန်းသည် ကွယ်လွန်သွားပြီး သူမ၏အရေးကိစ္စများကို ဆောင်ရွက်ပေးမည့်သူမရှိသည့် အမျိုးသမီးနှင့် လိုအပ်ချက်ရှိနေသောဆင်းရဲသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပေးသူ၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကျိုးကုသိုလ်မျှော်ကိုးပြီး ၎င်းတို့အပေါ် ပေးကမ်းသုံးစွဲသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ၊ ပင်ပမ်းမှုမရှိဘဲ ညသဟဂျ်ဂျွဒ်ဆွလာသ် ဆောက်တည်သူ၊ ဝါမဖြေဘဲ ဆက်တိုက် ဆွိယာမ်ဥပုသ်စောင့်သူတို့ကဲ့သို့ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊ စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင် ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
متفق عليهအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်နောက်လိုက်များအား ပျက်စီးဆုံးရှုံးစေမည့် အပြစ်အကုသိုလ်ခုနစ်မျိုးမှ ရှောင်ကြဉ်ကြရန် မိန့်ကြားတော်မူခဲ့သည်။ ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု ကိုယ်တော့်အား မေးလျှောက်သည့်အခါ ရှင်းပြတော်မူသည်မှာ (၁) ‘ရှိရ်က်’အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၊ ဤသည် မည်သည့်ပုံစံမျိုးနှင့်ဖြစ်စေ အလ္လာဟ်အရှင်မြတ်နှင့် နှိုင်းဖက်၊ယှဉ်ဖက် ဂုဏ်ရည်တူရှိသည်ဟုသတ်မှတ်ခြင်း၊ ခဝပ်ကိုးကွယ်မှုတစ်ခုကို အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်စုံတစ်ယောက်အတွက် ပြုလုပ်ခြင်းတို့ဖြစ်သည်။ ရှိရ်က်သည် အကြီးဆုံးအပြစ်အကုသိုလ်ဖြစ်သည့်အတွက် ၎င်းနှင့်စတင်ထားခြင်းဖြစ်သည်။ (၂) စုန်းပယောဂဖြင့်ပြုစားခြင်း၊ ၎င်းသည်အထုံးအဖွဲ့များ၊ ဂါထာမန္တန် ဖတ်ရွတ်မန်းမှုတ်ခြင်း၊ ဆေးဝါးများ၊ အခိုးအငွေ့များ အစရှိသည်တို့ဖြင့် ပြုစားခြင်းဖြစ်သည်။ ပြုစားခံရသူသည် သေဆုံးခြင်း သို့မဟုတ် ရောဂါဝေဒနာ ခံစားရခြင်း သို့မဟုတ် လင်မယားကွဲခြင်း စသည်တို့ကို ခံစားရသည်။ ဤသည် ရှိုင်သွာန်၏လုပ်ရပ်ပင်ဖြစ်သည်။ ထိုလုပ်ရပ်အများစုသည် ရှိရ်က်ပြုခြင်း၊ ဂျင်န်ဆိုးများ နှစ်သက်သည့် ကိစ္စများကို ဆောင်ရွက်ကာ ၎င်းတို့ထံ ချဉ်းကပ်မှုရယူခြင်းတို့ ပြုမှသာ ဆောင်ရွက်နိုင်သည်။ (၃) အုပ်ချုပ်သူအစိုးရက ရှရီအသ်တရားတော်နှင့်အညီ သေဒဏ်စီရင်ခြင်းမှလွဲ၍ အသက်တစ်ချောင်းအား မတရားသဖြင့်သတ်ဖြတ်ခြင်း။ (၄) အတိုးစားခြင်း သို့မဟုတ် အခြားနည်းလမ်း တစ်မျိုးမျိုးဖြင့် အတိုးမှအကျိုးခံစားခြင်း။ (၅) အရွယ်မရောက်မီ ဖခင်ကွယ်လွန်သွားသော ကလေး၏ ပစ္စည်းဥစ္စာကို မတရားသဖြင့်စားခြင်း။ (၆) ကာဖိရ်များနှင့် စစ်ထိုးနေသည့် စစ်မြေပြင်မှထွက်ပြေးခြင်း။ (၇) မကောင်းမှုအပေါ် အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးများအား တရားမဝင်ကာမကျူးလွန်သည်ဟုစွပ်စွဲခြင်း၊ မုအ်မင်န် အမျိုးသားများကို စွပ်စွဲခြင်းသည်လည်း အတူတူပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
رواه أبو داودတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်များကို ဆွလာသ်ဆောက်တည်ခွင့် မရှိသော ကဗရ်သင်္ချိုင်းများသဖွယ် အိဗာဒသ် ခဝပ်ကိုးကွယ်မှုမပြုဘဲနေခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့ပြင် မိမိကဗရ်တွင် ဇိယာရသ်ပြုရန် အကြိမ်ကြိမ်လာရောက်၍ ပုံမှန်စုဝေးခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် ရှိရှ်က်သို့ကျရောက်စေသည့် အကြောင်းခံဖြစ်သည်။ ထို့နောက် ကိုယ်တော်က ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှပင်ဖြစ်စေ မိမိအပေါ် (ဆွလာသ်) ကောင်းချီးမင်္ဂလာနှင့် (စလာမ်)မေတ္တာပို့သရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ပို့သခြင်းသည် အနီးမှဖြစ်စေ၊အဝေးမှဖြစ်စေ ကိုယ်တော့်ထံ ရောက်ရှိရာတွင် အတူတူပင်ဖြစ်သည်။ထို့ကြောင့် ကိုယ်တော်၏ ကဗရ်သို့ အကြိမ်ကြိမ်သွားရောက်နေရန် မလိုအပ်ပေ။
စဟ်လ်ဗင်န်စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မည်သူမဆို ငါကိုယ်တော်အတွက် မိမိ၏ပါးစောင်နှစ်ခုကြားတွင်ရှိသော အရာ(နှုတ်လျှာ)နှင့် ခြေနှစ်ချောင်းကြားတွင်ရှိသော အရာ(အရှက်အင်္ဂါ)ကို ထိန်းသိမ်းရန်တာဝန်ယူလျှင် ငါကိုယ်တော်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို တာဝန်ယူတော်မူသည်။
رواه البخاريတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိစ္စရပ်နှစ်ခုကို ပြောပြတော်မူပြီး မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ယင်းကိစ္စနှစ်ခုအား ထိန်းသိမ်းမည်ဆိုပါက မုချဂျန္နသ်သုခဘုံသို့ဝင်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ပထမတစ်ခုမှာ အလ္လာဟ်အရှင်မြတ်အမျက်တော်ရှစေမည့် စကားများမှ နှုတ်လျှာအားထိန်းသိမ်းခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ စက်ဆုတ်ဖွယ်ရာကိစ္စများ ကျူးလွန်ခြင်းမှ အရှက်အင်္ဂါအားထိန်းသိမ်းခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအစိတ်အပိုင်းနှစ်ခုသည် မကောင်းမှုဒုစရိုက်များတွင် အများဆုံးကျရောက်တတ်သည့်အတွက်ဖြစ်သည်။