





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်ပေ။"
رواه الترمذي والنسائي في الكبرىတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုကို ရှင်းလင်းတင်ပြ၍ မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်။ ထို့ပြင် ထိုအပြုအမူသည် ကြီးလေးသော အပြစ်အကုသိုလ်များထဲမှ တစ်ခုဖြစ်သည်။
မုအာဝိယဟ် ကုရှိုင်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြသည်မှာ - ကျွန်ုပ်က လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။"
رواه أبو داود وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ခင်ပွန်းအပေါ်၌ ရှိသော ဇနီးမိန်းမ၏ အခွင့်အရေးနှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့ရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အချက်အလက်များကို ဖော်ပြခဲ့ပြီး ၎င်းတို့ထဲမှအချို့မှာ- ၁။ သူမအတွက်မပါဘဲ မိမိအတွက်သာ အစားအစာကို သီးသန့်မပြုလုပ်ရ။ အသင်စားသောက်သည့်အခါတိုင်း သူမကိုလည်း ကျွေးမွေးရမည်။ ၂။ သူမအတွက်မပါဘဲ မိမိအတွက်သာ အဝတ်အ ထည်များကို သီးသန့်မပြုလုပ်ရ။ အသင်ဝတ်ဆင်သောအခါ၊ ဝင်ငွေရှိသောအခါ၊ တတ်စွမ်းနိုင်သောအခါ သူမကိုလည်း ဝတ်စားဆင်ယင်ပေးရမည်။ ၃။ အကြောင်း တရားနှင့် လိုအပ် ချက်မရှိဘဲ ရိုက်နှက်ခြင်း မပြုရ။ အကယ်၍ ဆုံးမခြင်း သို့မဟုတ် ဖရဿ်ွတာဝန်အချို့ကို စွန့်လွှတ်သည့်အတွက် ရိုက်နှက်ရန် လိုအပ်ပါက၊ မပြင်းထန်သော ရိုက်နှက်ခြင်းသာ ဖြစ်ရမည်။ မျက်နှာကို ရိုက်နှက်ခြင်း မပြုရ၊ အဘယ်ကြောင့်ဆိုသော် မျက်နှာသည် အရေးပါဆုံးနှင့် အထင်ရှားဆုံးသော အစိတ် အပိုင်းဖြစ်ပြီး၊ မြင့်မြတ်သော အစိတ်အပိုင်းများနှင့် နုနယ်သော အစိတ်အပိုင်းများပါဝင်သော ကြောင့်ဖြစ်သည်။ ၄။ ဆဲဆိုကြိမ်းမောင်းခြင်း မပြုရ။ "အလ္လာဟ်အရှင်မြတ် အသင်မ၏မျက်နှာကို အကျည်းတန်စေတော်မူပါစေ" စသည်ဖြင့် မပြောရ။ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်၏အချို့သောအစိတ်အပိုင်းများကို အကျည်းတန်စေရန် ဆန္ဒပြုသော မည်သည့်စကားမျိုးကိုမျှ မပြောရ။ အဘယ်ကြောင့်ဆိုသော် လူသား၏ခန္ဓာကိုယ်နှင့် မျက်နှာကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းတော်မူပြီး ကောင်းမွန်လှပသော ပုံပန်းသဏ္ဌာန်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ အကယ်၍ ဖန်ဆင်းထားသည့်ပုံကို ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းသည် ဖန်ဆင်းရှင်အား ပြစ်တင်ရှုတ်ချခြင်းပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို ကာကွယ်စောင်မတော်မူပါစေ။ယင်းသည် ဖန်ဆင်းရှင် (အလ္လာဟ်အရှင်မြတ်) ထံသို့ ပြန်ရောက်သွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့် တောင်းခံပါ၏။ ၅။သူမနှင့်ခွဲခွာရန် မဖြစ်မနေလိုအပ်ပါက အိပ်ရာခွဲခြင်းသာ ပြုလုပ်ရမည်။ သူမကိုစွန့်ခွာပြီး အခြားအိမ်သို့ မသွားရ၊ သူမကိုလည်း အခြားအိမ်သို့ မပို့ရ။ အဘယ် ကြောင့်ဆိုသော် လင်နှင့်မယားကြား ဤကဲ့သို့သော ဆက်ဆံရေးပြတ်တောက်မှုမျိုး ဖြစ်တတ်သောကြောင့်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ “တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆံပင်ဆက်သောအမျိုးသမီးနှင့် ဆံပင်ဆက်ခိုင်းသော အမျိုးသမီး၊ ဆေးမင်ကြောင်ထိုးသော အမျိုးသမီးနှင့် ဆေးမင်ကြောင်ထိုးခိုင်းသော အမျိုးသမီးတို့အား ကျိန်ဆဲတော်မူခဲ့သည်။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အောက်ပါ လူလေးမျိုးအား ကျိန်ဆဲခြင်း၊ နှင်ထုတ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ဝေးကွာစေရန် ဗဒ်ဒုအာပြုခဲ့သည်။ ပထမ- မိမိ၏ဆံပင် သို့မဟုတ် အခြားသူ၏ ဆံပင်ကို အခြားဆံပင်တစ်ခုနှင့် ဆက်တွဲသူ။ ဒုတိယ- အခြားသူတစ်ဦးအား မိမိ၏ဆံပင်ကို အခြားဆံပင်တစ်ခုဖြင့် က ဆက်တွဲပေးရန် တောင်းဆိုသူ။ တတိယ- အလှအပအတွက် ခန္ဓာကိုယ် ၏တစ်စိတ် တစ်ဒေသ ဥပမာ- မျက်နှာ၊ လက်ဖဝါး သို့မဟုတ် ရင်ဘတ်တွင် အပ်ဖြင့် ထိုးဖောက်ကာ ထိုနေရာ၌ ဆေးမင် သို့မဟုတ် အလားတူအရာကို လိမ်းကျံခြင်းဖြင့် အပြာရောင် သို့မဟုတ် အစိမ်းရောင်အမည်းစက်ဖြစ်အောင် ပြုလုပ်သူအမျိုးသမီး။ စတုတ္ထ- မိမိကိုယ်ပေါ်တွင် ထိုနည်းအတိုင်း ဆေးမှင်ကြောင်ထိုးပေးရန် တောင်းဆိုသူအမျိုးသမီး။ ၁။ ဤလုပ်ရပ်များသည် ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အကြင်သူ၌ ဇနီးနှစ်ဦးရှိပြီး ၎င်းသည် (သူ၏ မျှတမှုသည်) တစ်ဦးတည်းဘက်သို့ ယိမ်းညွှတ်သွားပါက ကိယာမသ်နေ့တွင် ကိုယ်ခန္ဓာတစ်ခြမ်း စောင်းနေသောအခြေအနေဖြင့် ရောက်ရှိလာလိမ့်မည်။"
رواه أبو داود والترمذي والنسائي وابن ماجه وأحمدနဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားခဲ့သည်မှာ - မည်သူမဆို တစ်ဦးထက်ပိုသော ဇနီးများရှိပြီး ၎င်းတို့အကြား ငွေကြေးသုံးစွဲမှု၊ နေအိမ်၊ အဝတ်အစားနှင့် ညအတူနေထိုင်ခြင်းစသည့် လက်တွေ့ကျသော ကိစ္စရပ်များတွင် ဖြစ်နိုင်သမျှတရားမျှတမှုကို မဆောင်ရွက်ပါက ကိယာမသ်နေ့တွင် ၎င်း၏ကိုယ်ခန္ဓာတစ်ခြမ်းမှာ စောင်းနေမည်ဖြစ်ပြီး၊ ဤသည်မှာ လောကီဘဝ၌ (ဇနီးများကြား ဆက်ဆံရာတွင်) မညီမျှမှုပြုခဲ့သည့် အတွက် အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။
အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော် ၏အွမ္မသ်သားများအား ၎င်းတို့၏ စိတ်နှလုံးထဲ ပေါ်ပေါက်လာသော အတွေးများကို လက်တွေ့မပြုလုပ်မပြောမဆိုသရွေ့ အရေးယူတော်မူမည်မဟုတ်ပေ။”
متفق عليهတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မုစ်လင်မ်တစ်ဦးသည် စိတ်နှလုံးထဲသို့ ရောက်ရှိလာသော မကောင်းသည့် အတွေးများကို လက်တွေ့မပြုလုပ်မပြောဆိုသရွေ အပြစ်ပေးခြင်းခံရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အခက်အခဲကိုရုပ်သိမ်းပြီး ခွင့်လွှတ်တော်မူကာ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏အွမ္မသ်သားများအား စိတ်နှလုံးထဲဝယ် ပေါ်ပေါက်လာပြီး မတည်မြဲသေးသော၊ စိတ်ထဲစွဲမြဲမှုမရှိသေးသော အတွေးအမြင်များအတွက် အပြစ်ပေးတော်မမူပေ။ သို့သော် မာန်မာန၊ ဝါကြွားခြင်းနှင့် နိဖားက်အယောင်ဆောင်ခြင်းစသော မကောင်းသည့် အတွေးများ စိတ်ထဲတွင် စွဲမြဲနေပြီး အခြေတကျဖြစ်နေလျှင်၊ သို့မဟုတ် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများဖြင့် ပြုလုပ်လိုက်လျှင် သို့မဟုတ် နှုတ်ဖြင့်ပြောဆိုလိုက်လျှင် ထိုသူသည် အပြစ်ပေးခြင်းခံရမည် ဖြစ်သည်။
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သုံးဦးသောသူသည် အပြစ်အကုသိုလ်ရေးမှတ်ခြင်းမခံရပေ။ (၁)အိပ်ပျော်နေသူသည်အိပ်ရာမှနိုးလာသည်အထိ၊ (၂)အရွယ်မရောက်သေးသောသူသည်အရွယ်ရောက်လာသည်အထိ၊ (၃)ရူးသွပ်နေသူသည်အသိညဏ်ကောင်းလာသည်အထိဖြစ်သည်။
رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - လူသားများအဖို့ အမိန့်တော်များကိုလိုက်နာရန် တာဝန်ရှိသည်။ သို့ရာတွင် အောက်ပါ လူသုံးမျိုးမှအပ - ၁။ ကလေးငယ် - ၎င်းသည် ကြီးပြင်း ရင့်ကျက်လာသည်အထိ။ ၂။အသိစိတ် ကင်းမဲ့သော စိတ်မနှံ့သူ - ၎င်းသည် အသိစိတ် ပြန်လည်ရရှိသည်အထိ။ ၃။အိပ်ပျော်နေသူ - ၎င်းသည် နိုးလာသည်အထိ။ ဤလူသုံးမျိုးထံမှ (ရှရီအသ်အမိန့်ပညတ်ချက်များကိုလိုက်နာရမည့်) တာဝန်ကို ရုပ်သိမ်းထားပြီး၊ သူတို့ကျူးလွန်သော အပြစ်များကို မှတ်တမ်းတင်ခြင်းမပြုပါ။ သို့ရာတွင် အရွယ်မရောက်သေးသည့် ကလေးငယ်၏ ကောင်းမှုကုသိုလ်များကိုမူ သူ့အတွက် ရေးသားမှတ်တမ်းတင်ခြင်းခံရသည်။ စိတ်ရောဂါရှင်နှင့် အိပ်ပျော်နေသူတို့၏ (ကောင်းမှုကုသိုလ်များကိုမူ) ရေးသားမှတ်တမ်းတင်ခြင်းမခံရပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူနှစ်ဦးသည် ဉာဏ်သဘောနှင့် ဆင်ခြင်နိုင်စွမ်း မရှိသဖြင့် မှန်ကန်စွာ အိဗာဒသ်ခဝပ်ကိုးကွယ်မှုပြုနိုင်သည့် အခြေအနေတွင် မရှိသောကြောင့်ဖြစ်သည်။
အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "ကာဖိရ် သွေဖည်ငြင်းဆန်သူတို့အား သင်တို့၏ ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ သင်တို့၏ အသက်များဖြင့်လည်းကောင်း၊ သင်တို့၏ နှုတ်လျှာများဖြင့်လည်းကောင်း ဂျိဟာဒ် ပြုကြလော့။"
رواه أبو داود والنسائي وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကာဖိရ်တို့အား ဂျိဟာဒ်ပြုရန်နှင့် အလ္လာဟ်အရှင်မြတ်၏ စကားတော် မြင့်မားစေရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုနည်းလမ်းများအနက် အချို့မှာ - ၁။ ၎င်းတို့အား တိုက်ခိုက်ရာတွင် ဥစ္စာပစ္စည်း သုံးစွဲခြင်း၊ (ဥပမာ-) လက်နက်များဝယ်ယူခြင်းနှင့် မုဂျာဟိဒ်များအတွက် သုံးစွဲခြင်း စသည်တို့ဖြစ်သည်။ ၂။ မိမိ၏အသက်နှင့်ကိုယ်ခန္ဓာကို စွန့်၍ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ထွက်ခြင်း။ ၃။ နှုတ်လျှာဖြင့် ၎င်းတို့အား ဤအစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ခြင်း၊ (၎င်းတို့မငြင်းနိုင်အောင်) ၎င်းတို့အပေါ် သက်သေအထောက်အထားများပြသခြင်း၊ ၎င်းတို့ကို ခြိမ်းခြောက်ခြင်းနှင့် ၎င်းတို့၏ (စောဓကများအား) ပြန်လည်ဖြေကြားခြင်း တို့ဖြစ်သည်။
ခုရိုင်းမ်ဗင်န်ဖာသိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုဆိုသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု မပြုဘဲသေဆုံးခဲ့လျှင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာကို ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြု၍ သေဆုံးခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။ တစ်ခုအစား ၎င်းနှင့်ညီမျှသည့် တစ်ခုရရှိခြင်းဆိုသည်မှာ မည်သူမဆို မိမိ၏စိတ်နှလုံးသား အတွင်းမှပင် ခံစားမိသည်အထိ ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူပြီး ထိုသူ့အတွက် ကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို မကောင်းမှုတစ်ခုကို လက်တွေ့ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ခဲ့ပါက အကျိုးကုသိုလ်ဆယ်ဆရရှိမည်ဖြစ်သည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သုံးစွဲလှူဒါန်းခဲ့ပါက အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိမည်ဖြစ်သည်။ လူတို့တွင် အချို့သည် လောကီတွင် ကြွယ်ဝပြီး နောင်တမလွန်တွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီတွင် ကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူများဖြစ်သည်။ အချို့သည် လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူများဖြစ်ကြသည်။
رواه أحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။ အမလ်ကျင့်ဆောင်မှု ခြောက်မျိုးမှာ- (၁) အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသူအတွက် ဂျန္နသ် ဝါဂျိဗ်ဖြစ်သည်။ (၂) အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်၍ ကွယ်လွန်သေဆုံးခဲ့ပါက ၎င်းသည် ဂျဟန္နမ်တွင်အမြဲနေထိုင်ရန် ဝါဂျိဗ်ဖြစ်သည်။ ထိုနှစ်ချက်သည် ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခုပင်ဖြစ်သည်။ (၃) ရည်စူးချက်ကြောင့် ရရှိသည့်ကုသိုလ်။ လူတစ်ဦးသည် မှန်ကန်သည့် ရည်စူးချက်ဖြင့် ကောင်းမှုပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထိုရည်ရွယ်ချက်ကို သူ၏စိတ်နှလုံးသားအတွင်းမှပင် ခံစားသိရှိခဲ့ပြီး အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အကြွင်းမဲ့သိရှိတော်မူသည်။ ၎င်းနောက် သူသည်အကြောင်းတစ်စုံတစ်ရာကြောင့် ထိုကောင်းမှုအား မဆောင်ရွက်နိုင်ခဲ့လျှင်လည်း ၎င်းအတွက် ပြည့်စုံသည့်ကောင်းမှုကုသိုလ်တစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ (၄) အပြစ်ကျူးလွန်မှုကြောင့်ရရှိသည့် အကုသိုလ်။ လူတစ်ဦးသည် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်ပါက ထိုသူ့အတွက် မကောင်းမှုတစ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ထို့ကြောင့် ဤနှစ်မျိုးသည် တိုးသွားခြင်းမရှိဘဲ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုကို ရရှိခြင်းဖြစ်သည်။ (၅) အကျိုးကုသိုလ် ဆယ်ခုနှင့် ညီမျှသည့် ကောင်းမှု။ မည်သူမဆို ကောင်းမှုတစ်ခု ပြုလုပ်ရန် ရည်ရွယ်ပြီး ထိုကောင်းမှုအားပြုလုပ်ခဲ့ပါက ၎င်းသူအတွက် အကျိုးကုသိုလ်ဆယ်ခု ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ (၆) အကျိုးကုသိုလ် ခုနစ်ရာနှင့် ညီမျှသည့် ကောင်းမှု။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ လှူဒါန်းသုံးစွဲမှုတစ်ခုပြုခဲ့ပါက ထိုကောင်းမှုအစား အကျိုးကုသိုလ် ခုနှစ်ရာ ရေးမှတ်ခြင်းခံရမည်ဖြစ်သည်။ ဤသည် အရှင်မြတ်၏ကျေးကျွန်များအပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောမှုပင်ဖြစ်သည်။ လူလေးမျိုးလေးစား ရှိသည်။ ၎င်းတို့မှာ- (၁) လောကီတွင် ရိုဇီရိက္ခာပေါများပြီး မိမိအလိုရှိသည့် စည်းစိမ်ချမ်းသာကိုရရှိသူ။ သို့သော် ၎င်းသည်နောင်တမလွန်ဘဝတွင် ကျပ်တည်းသူဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာဌာနသည် ငရဲမီးဖြစ်သည်။ ထိုသူသည် ချမ်းသာသော ကာဖိရ်ပင်ဖြစ်သည်။ (၂) လောကီတွင် ရိုဇီရိက္ခာကျပ်တည်းပြီး နောင်တမလွန်တွင် ကြွယ်ဝသူ။ ၎င်း၏ပြန်လှည့်ရာဌာနသည် ဂျန္နသ်သုခဘုံဖြစ်သည်။ ထိုသူသည် ဆင်းရဲသား မုအ်မင်န်ပင်ဖြစ်သည်။ (၃) လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကျပ်တည်းသူ။ ထိုသူသည် ဆင်းရဲသား ကာဖိရ်ပင်ဖြစ်သည်။ (၄) လောကီနှင့် နောင်တမလွန် နှစ်ဌာနစလုံးတွင် ကြွယ်ဝသူ။ ထိုသူသည် ချမ်းသာသော မုအ်မင်န်ပင်ဖြစ်သည်။
အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဝါဂျိဗ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသကဲ့သို့ မိမိလျော့ပေါ့ပေးထားသည့် ခြွင်းချက်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။
رواه ابن حبانတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် သာသနာကို လိုက်နာကျင့်သုံးသူပေါ်တွင်လွယ်ကူမှုရှိစေရန်အတွက် ခရီးထွက်နေစဉ် လေးရကသ်ဆွလာသ်ကို နှစ်ရကသ်ဝတ်ပြုခြင်း၊ ဆွလာသ်နှစ်ကြိမ်ကို ပေါင်းဖတ်ခွင့်ပြုခြင်း စသည်ဖြင့် အမိန့်ပညတ်ချက်များ၊ ခဝပ်ကိုးကွယ်မှုများ၌ မိမိတရားဝင်လျော့ပေါ့ပေးမှုများကို လက်ခံကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။ ဤကဲ့သို့ပင် အရှင်မြတ်သည် မိမိသတ်မှတ်ထားသော ဝါဂျိဗ်တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။ အဘယ်ကြောင့်ဆိုသော် ‘ဝါဂျိဗ်’ တာဝန်ဖြစ်စေ၊ ‘ရုခ်ဆွဟ်’ခြွင်းချက်အနေဖြင့် လျော့ပေါ့ပေးမှုဖြစ်စေ နှစ်ခုစလုံးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်သည်။