





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရမဿွာန်လကုန်ဆုံးပြီးနောက်တွင် ဇကာသုလ်ဖိသွိရ်ကို ပေးဆောင်ရန် သတ်မှတ်ပြဌာန်းခဲ့သည်။ ၎င်း၏ ပမာဏမှာ တစ်ဆွာအ် ဖြစ်ပြီး ၎င်း၏ အလေးချိန်မှာ မွဒ်လေးခုနှင့် ညီမျှသည်။ "မွဒ်"ဆိုသည်မှာ သာမန်လူတစ်ဦး၏ လက်နှစ်ဖက်အပြည့် ပမာဏကို ဆိုလိုပြီး၊ စွန်ပလွံသီး သို့မဟုတ် မုယောစပါးဖြင့် (ပေးဆောင်ရန် သတ်မှတ်ထားသည်။) မွတ်စ်လင်မ်တိုင်း၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ (ပေးဆောင်ရန် တာဝန်ရှိသည်)။ ဤတာဝန်သည် မိမိကိုယ်တိုင်နှင့် မိမိထိန်းသိမ်းစောင့်ရှောက်ရသူများအတွက် တစ်နေ့နှင့် တစ်ညတာ ရိက္ခာအပြင် ပိုလျှံမှုရှိသူတိုင်းအတွက် ဖြစ်သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မည်သည့် မွတ်စ်လင်မ်အမျိုးသမီး တစ်ဦးအတွက်မဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ ) အမျိုးသားတစ်ဦးဦးမပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် မပြုပိုင်ပေ။
متفق عليهတမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မည်သည့်မွတ်စ်လင်မ်အမျိုးသမီးမဆို မိမိ၏ မဟ်ရမ် (သွေးသားတော်စပ်သူ အမျိုးသား) တစ်ဦးဦး မပါဘဲ တစ်ညတာ ခရီးနှင်ခြင်းသည် ဟရာမ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အကြင်မည်သူမဆို ရိုဇာဥပုသ်စောင့်ထိန်းနေစဉ်အတွင်း မေ့လျော့၍ စားမိခဲ့လျှင် သို့မဟုတ် သောက်မိခဲ့လျှင် ထိုသူသည် မိမိ၏ရိုဇာဥပုသ်ကို (မဖျက်ဘဲ) ဆက်လက်စောင့်ထိန်းရမည်။ စင်စစ် ၎င်းအား အလ္လာဟ်အရှင်မြတ်ကပင် ကျွေးမွေးတိုက်ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မည်သူမဆို ဖရဿ်ွ သို့မဟုတ် နဖိလ်ရိုဇာဥပုသ်စောင့်နေစဉ် မေ့လျော့၍ အစာ သို့မဟုတ် အရည်တစ်ခုခု စားသောက်မိပါက ထိုသူသည် မိမိ၏ ရိုဇာဥပုသ်ကိုမဖျက်ဘဲ ဆက်လက်စောင့်ထိန်းရမည်ဖြစ်ကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်သိလျက်နှင့်ရည်ရွယ်ချက်ရှိရှိ စားသောက်ခဲ့ခြင်းမဟုတ်ပေ။ စင်စစ် ယင်းသည် အလ္လာဟ်အရှင်မြတ်က သူ့ထံရောက်ရှိစေတော်မူသော ရိက္ခာတစ်ခုသာဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်ကပင် သူ့အား ကျွေးမွေးတိုက်ကျွေးတော်မူခဲ့ခြင်း ဖြစ်သည်။
အစ်ဗ်နု အဇ်ဟရ် သူကောင်းပြုခဲ့ သော အဗူအိုဗိုင်းဒ်က ဆင့်ပြန်ခဲ့သည်။ "ကျွန်ုပ်သည် အုမရ် ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု) နှင့်အတူ အိဒ်ဆွလာသ်၌ ပါဝင်ခဲ့ရာ၊ ၎င်းက မိန့်ကြားခဲ့သည်မှာ - 'ဤ ရက်နှစ်ရက်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည့် ရက်နှစ်ရက် ဖြစ်သည်။ (တစ်ရက်မှာ) အသင်တို့ (ရမဿွာန်လ) ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ (အီးဒ်နေ့) ဖြစ်ပြီး၊ အခြားတစ်ရက်မှာ အသင်တို့ ကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ အီဒုလ်အဿ်ွဟာနေ့ပင် ဖြစ်သည်။
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အီးဒုလ်ဖိသိရ် နှင့် အီးဒုလ်အဿ်ွဟာနေ့၌ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ တားမြစ်တော်မူခဲ့သည်။ အီးဒုလ်ဖိသိရ်ဆိုသည်မှာ ရမဿွာန်လ ရိုဇာဥပုသ်စောင့်ထိန်းခြင်းမှ ဝါကျွတ်သည့်နေ့ ဖြစ်ပြီး၊ အီးဒုလ်အဿ်ွဟာဆိုသည်မှာကုရ်ဗာနီသားကောင်၏ အသားကို စားသုံးသောနေ့ ဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သလ်ဗီယဟ်မှာ အောက်ပါအတိုင်းဖြစ်သည်- «لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» (ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ဧကန်စင်စစ် ချီးမွမ်းခြင်းအပေါင်းနှင့် နိအ်မသ်ကျေးဇူးတော်အပေါင်းတို့သည် အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ စိုးပိုင်မှုဟူသရွေ့သည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏။ အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။)ဆင့်ပြန်သူ (နာဖိအ်) က ပြောပြခဲ့သည်။ အဗ္ဗဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) သည် ဤသလ်ဘီယဟ်တွင် အောက်ပါစကားလုံးများအား ထပ်ထိုး၍ ရွတ်ဆိုလေ့ရှိသည်- « لَبَّيْكَ لَبَّيْكَ، وَسَعْدَيْكَ، وَالْخَيْرُ بِيَدَيْكَ، لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ وَالْعَمَلُ » (ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်၏ အမိန့်နာခံရခြင်းသည် ကျွန်တော်မျိုးအတွက် ကံကောင်းခြင်းပင် ဖြစ်ပါ၏။ ကောင်းခြင်းမင်္ဂလာအားလုံးသည် အရှင်မြတ်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်တော်မျိုး အသင့်ရောက်ရှိပါပြီ။ အရှင်မြတ်ထံတော်၌သာ မျှော်လင့်ချက်ထားရှိပြီး၊ လုပ်ရပ်တိုင်းသည်လည်း အရှင်မြတ်အတွက်သာ ဖြစ်ပါ၏)။
متفق عليهဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဟဂ်ျ သို့မဟုတ် အွမ်ရဟ်ကျင့်စဥ်အတွင်း ဝင်ရန် ရည်ရွယ်သောအခါ ရွတ်ဆိုလေ့ရှိသော သလ်ဗီယဟ်ဖြစ်သည်။ لَبَّيْكَ اللَّهُمَّ لَبَّيْك (လဗ္ဗိုင်းက လ္လာဟုမ်မ လဗ္ဗိုင်းက) အို- အလ္လာဟ်အရှင်မြတ် အရှင့်ထံတော်သို့ အကြွင်းမဲ့ လာရောက်ပြီ ဖြစ်ကြောင်း၊ အရှင့်ဖိတ်ခေါ်တော်မူချက်ကို လက်ခံပြီးနောက် ထပ်မံ၍ လက်ခံပါ ကြောင်း၊ စိတ်ရင်းစေတနာဖြူစင်မှု၊ တစ်ဆူတည်းသောအရှင်ကို ယုံကြည်ခြင်း နှင့် ဟဂ်ျခရီးစဉ် အစရှိ သည်တို့ဆီသို့ အရှင့်ဖိတ်ခေါ်မှုတိုင်းကို လက်ခံပါကြောင်း (အဓိပ္ပာယ်ရသည်)။ (လဗ္ဗိုင်က လာ ရှရီကလစက္က လဗ္ဗိုင်က)- لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ- ဆိုသည်မှာ အရှင်မြတ်သည် တစ်ဆူတည်းသော ခဝပ်ကိုးကွယ်ခြင်းကို ခံယူထိုက်သူဖြစ်ပြီး အရှင်မြတ်၏ ဖန်ဆင်းမှု၊ ခဝပ်ကိုးကွယ်ထိုက်သည့် အရှင်ဖြစ်မှု၊ နာမတော်များနှင့် ဂုဏ်တော်များတွင် တွဲဘက်ယှဉ်တွဲထိုက်သူဟူ၍ အလျှင်းမရှိပါဟု အဓိပ္ပာယ်ရသည်။ (အိန္နလ် ဟမ်ဒ ဝန်နီအ်မသလ ဝလ်မုလ်က)« إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ»ဆိုသည်မှာ ဧကန်မလွဲ ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းသည် (အရှင်မြတ်အတွက်သာ ဖြစ်သည်)။ နိအ်မသ်ကျေးဇူးတော်သည် အရှင်မြတ်ထံမှ လာပြီး အရှင်မြတ်သည် ၎င်းကို ပေးသနားတော်မူသောအရှင်ဖြစ်သည်။ (လက) အရှင်မြတ်အတွက်သာ ဖြစ်ပြီး အခြေအနေတိုင်းတွင် ဖြစ်ပေါ်နေသည်။ (ဝလ်မုလ်က) စိုးပိုင်မှုဟူသရွေ့သည်လည်း အလားတူပင် အရှင်မြတ်အတွက်သာ ဖြစ်သည်။ (လာ ရှရီက လက္က) အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ထို့ကြောင့် ဤအရာအားလုံးသည် တစ်ဆူတည်းသော အရှင်မြတ်အတွက်သာလျှင် ဖြစ်တော်မူပါသည်။ အဗ္ဗဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) သည် ဤသလ်ဘီယဟ်တွင် အောက်ပါစကားလုံးများအား ထပ်ထိုး၍ ရွတ်ဆိုလေ့ရှိသည်- (လဗ္ဗိုင်က လဗ္ဗိုင်က ဝ ဆအ္ဒိုင်က) - لَبَّيْكَ لَبَّيك، وَسَعْدَيْكَ،- အရှင်မြတ်သည် ကျွန်တော်မျိုးအား ကံကောင်းခြင်း အကြိမ်ကြိမ် ပေးသနားတော်မူပါစေသတည်း။ (ဝလ်ခိုင်ရု ဗိယဒိုင်က) - وَالْخَيْرُ بِيَدَيْكَ - ကောင်းခြင်းမင်္ဂလာအားလုံးသည် အရှင်မြတ်၏ လက်တော်ထဲတွင်ရှိပြီး အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ (လဗ္ဗိုင်က ဝရ်ရဂ်ဗာအု အိလိုင်က)- لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ - (ဆိုသည်မှာ) ဆန္ဒနှင့် တောင်းဆိုမှုသည် ကောင်းခြင်းဟူသမျှကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ထံ၌သာ ဖြစ်သည်။ (ဝလ်အမလု) - وَالْعَمَلُ - လုပ်ရပ်ဟူသရွေ့တို့သည် အရှင်မြတ်အတွက်သာ ဖြစ်သည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသော အရှင်ဖြစ်သည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "အသင်တို့ ကဒရ်ညမြတ်အား ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ 'မ' ညများ၌ ရှာဖွေကြလော့။"
متفق عليهတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကောင်းမှုကုသိုလ်များကို များမြောင်စွာပြုလုပ်ခြင်းဖြင့် ကဒရ်ညမြတ်အားရှာဖွေရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ကဒရ်ညမြတ်သည် နှစ်စဉ် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ထဲမှ "မ"ညများအနက်မှ တစ်ည၌ ဖြစ်နိုင်ခြေ ပိုများသည်။ ယင်းမှာ (၂၁) ရက်၊ (၂၃) ရက်၊ (၂၅) ရက်၊ (၂၇) ရက်နှင့် (၂၉) ရက် ညများ ဖြစ်ကြသည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့ဆွဟာဗဟ်သာဝကများသည် အိပ်မက် ၌ ကဒရ်မြတ်သည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညတွင် ရှိသည်ဟု ပြသခြင်းခံရသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "အသင်တို့၏ အိပ်မက်များသည် နောက်ဆုံးခုနစ်ညတွင် တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်တော်တွေ့မြင်ရသည်။ ထို့ကြောင့် မည်သူမဆို ကဒရ်ညမြတ်ကို ရှာဖွေလိုပါက နောက်ဆုံးခုနစ်ညတွင် ရှာဖွေပါ။"
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့ဆွဟာဗဟ်သာဝကများက ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညတွင် ရှိသည် ဟု အိပ်မက်၌ မြင်တွေ့ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - သင်တို့အားလုံး၏ အိပ်မက်များသည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညနှင့် ပတ်သက်၍ တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်တော်တွေ့မြင်ရသည်။ ထို့ကြောင့်မည်သူမဆို ဤညကို ရှာဖွေလိုသောဆန္ဒရှိပါက၊ ထိုသူသည် ကောင်းမှု မမြောက်အများ ပြုလုပ်ခြင်းအားဖြင့် ဤညကို ရှာဖွေရန် ကြိုးစားပါလေ။ အကြောင်းမှာ ကဒရ်ညမြတ်သည် နောက်ဆုံးခုနစ်ညတွင် ဖြစ်နိုင်ခြေ ပိုများသောကြောင့်ဖြစ်သည်။ နောက်ဆုံးခုနစ်ညဆိုသည်မှာ ရမဿွာန်လတွင် ရက်ပေါင်း ၃၀ ရှိပါက ၂၄ ညမှ စတင်ကာ၊ ရက်ပေါင်း ၂၉ ရက် ရှိပါက ၂၃ ညမှ စတင်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် ညကိုနိုးနိုးကြားကြား နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း (ဝတ်ပြုရန်) နှိုးတော်မူ၏။ (ဝတ်ပြုကိုးကွယ်မှုတွင်) ကြိုးစားအားထုတ်တော်မူ၏။ ထို့ပြင် ခါးဝတ်ပုဆိုးကိုလည်း မြဲမြံစွာချည်နှောင်တော်မူ၏။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်ဝင်ရောက်လာသော် အေဗာဒသ်ဝတ်ပြုမှုအမျိုးမျိုးဖြင့် တစ်ညလုံး နိုးနိုးကြားကြား နေတော်မူပြီး၊ မိမိ၏အိမ်သူအိမ်သားများကိုလည်း ဆွလားသ်ဝတ်ပြုရန် နှိုးတော်မူ၏။ မိမိပုံမှန်လုပ်နေကျထက် ပို၍ ဝတ်ပြုကိုးကွယ်မှုတွင် ပိုမိုကြိုးစားအားထုတ်တော်မူ၏။ ဝတ်ပြုကိုးကွယ်မှုအတွက် အချိန်အပြည့်ပေးကာ မိမိ၏ဇနီးကြင်ယာတော်များနှင့် ခွဲခွာနေတော်မူ၏။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)မှ ဆင့်ပြန်လာရှိသည်။ သခင်မက ပြောပြခဲ့သည်။ နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်ပြီးနောက် မည်သည့်ဆွလာသ်ကိုမဆို ဝတ်ပြုတော်မူသည့်အခါတိုင်း ထိုဆွလာသ်အတွင်း၌ ဤဒုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို ရွတ်ဖတ်တော်မူခဲ့သည်။ အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံမှပင် ဆင့်ပြန်လာရှိသည်။ သခင်မက ပြောပြခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏ ရူကူအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒဟ်ဦးချခြင်းတို့၌ ဤဒိုအာ «سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي» ကို များမြောင်စွာ ရွတ်ဖတ် တော်မူလေ့ရှိသည်။ (အဓိပ္ပာယ် : အို- ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ချို့တဲ့ခြင်းဟူသမျှမှ စင်ကြယ်တော်မူ၏။ ထို့ပြင် အရှင်၏ဂုဏ်ကျေးဇူးတော်များဖြင့် အရှင့်အား ချီးမွမ်းပါ၏။ အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ဤသည် ကျမ်းတော်မြတ်ကို လိုက်နာကျင့်သုံးသည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
متفق عليهမိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်တင်ပြခဲ့သည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ်သို့ {إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1] {အလ္လာဟ်အရှင်မြတ်၏ကူညီမှုနှင့် အောင်နိုင်မှု ရောက်ရှိလာသောအခါ} [အလ်-နဆ်ရ်: ၁] အာယသ် ကျရောက်လာသောအခါ ချက်ချင်းပင် အလ္လာဟ်အရှင်မြတ်၏ (အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောမနာပြုခြင်းနှင့်တကွ စင်ကြယ်သန့်ရှင်းတော်မူကြောင်း ရွတ်ဆိုပါ။ ထို့ပြင် အသင်သည် အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံပါ။) ဟူသော် အမိန့်တော်ကို လိုက်နာဆောင်ရွက်တော်မူခဲ့သည်။ သို့ဖြစ်ရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုမှုအတွင်း ရူကုအ်ဦးညွှတ်ခြင်းနှင့် စဂျ်ဒါဟ်ဦးချခြင်းတို့၌ ဤဒုအာ “سُبْحَانَكَ اللَّهُمَّ رَبَّنَا وَبِحَمدِكَ، اللَّهُمَّ اغْفِرْ لِي” ကို များမြောင်စွာ ရွတ်ဖတ်လေ့ရှိသည်။ «سبحانك» ဆိုသည်မှာ "အရှင်မြတ်သည် အရှင့်ဂုဏ်တော်နှင့် မလျော်ညီသော ချို့တဲ့မှုဟူသမျှမှ သန့်ရှင်းစင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုးမြွက်ဟပြောဆိုပါ၏" «اللهم ربنا وبحمدك» ဆိုသည်မှာ "အို အလ္လာဟ်အရှင်မြတ် အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင့်အတွက် အကောင်းဆုံးသော ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုခြင်းသည် သင့်လျော်ပါ၏။ အဘယ်ကြောင့်ဆိုသော် အရှင့်ဇာတိတော်၊ အရှင့်ဂုဏ်တော်များနှင့် အရှင့်လုပ်ဆောင်ချက်အားလုံးသည် အမြင့်ဆုံးသော ပြီးပြည့်စုံမှုအဆင့်တွင် ရှိတော်မူသောကြောင့်ဖြစ်သည်" «اللهم اغفر لي» ဆိုသည်မှာ "အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ပယ်ဖျက်ပေးတော်မူပါ။ ယင်းအပြစ်များကို ခွင့်လွှတ်တော်မူပါ" ဟု အဓိပ္ပာယ်ရသည်။