





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်နောက်လိုက်များအား ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ရွတ်ဆိုရမည့် ဒုအာကို လမ်းညွှန်ပေးတော်မူခဲ့သည်။ ၎င်းဒုအာမှာ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) ဟူ၍ဖြစ်သည်။ ဤဒုအာသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ရရှိမည့် အကြောင်းခံများကို မိမိအားချီးမြှင့်ရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။ အကယ်၍ ဗလီဝတ်ကျောင်းတော်မှ ထွက်ရန်ရည်ရွယ်သောအခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ)ကို ဆိုရမည်။ ဤဒုအာသည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ဟလာလ်ရိုဇီကို ဆတက်ထမ်းပိုးချီးမြှင့်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။
ဆာလိမ်ဗင်န် အဗီဂျအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျှင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ လူတို့က သူ၏ထိုစကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားခဲ့သည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
رواه أبو داودဆွဟာဗဟ်တစ်ဦးက ကျွန်တော်ဆွလာသ်ဆောက်တည်ခဲ့လျှင် အေးချမ်းသာယာမှုကိုရရှိမည်ဟု ပြောကြားခဲ့သည်။ သူ့အနားတွင်ရှိသောသူတို့က ထိုဆွဟာဗဟ်၏စကားအပေါ် အပြစ်ပြောခဲ့ကြသည်။ ထိုအခါ ၎င်းကပြောကြားသည်မှာ- ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အို - ဗိလာလ် ဆွလာသ်အတွက် အာဇာန်ဆိုသံကိုမြှင့်တင်ပါ၊ အိကာမသ်ဆိုပါ၊ ၎င်း(ဆွလာသ်)ဖြင့် ကျွန်ုပ်တို့အားအေး ချမ်းသာယာစေပါ။ အဘယ့်ကြောင်ဆိုသော် ဆွလာသ်၌ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် တိုးတီးစွာစကားပြောဆိုမှု၊ စိတ်နှလုံးသားနှင့်ဝိညာဉ်အတွက် အေးချမ်းသာယာမှုပါရှိသည်။
အဗူဟာဇင်မ်ဗင်န်ဒီနာရ်က ဆင့်ပြန်ခဲ့သည်။ လူအချို့သည် စဟလ်ဗင်န် စအဒ် အတ်စ်စာအိဒီ(ရဿွိယလ္လာဟုအန်ဟု)ထံ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မင်န်ဗရ်ပလ္လင်အား မည်သည့်သစ်သားဖြင့် ပြုလုပ်ထားသည်နှင့်ပတ်သက်၍ အမြင်ကွဲပြားနေခဲ့ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ စဟလ်(ရဿွိယလ္လာဟုအန်ဟု)အား မေးမြန်းခဲ့ကြသည်။ ထိုအခါ စဟလ် (ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ပြောပါမည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား မည်သည့်အရာဖြင့် ပြုလုပ်ထားသည်ကို အမှန်ပင်သိရှိပါသည်။ ကျွန်ုပ်သည် ယင်းမင်န်ဗရ်ပလ္လင်အား ပထမဆုံးစတင်ထားရှိသည့်နေ့တွင်လည်းကောင်း၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ယင်းမင်န်ဗရ်ပလ္လင်ပေါ်၌ ပထမဆုံးထိုင်တော်မူခဲ့သည့်နေ့တွင်လည်းကောင်း မြင်တွေ့ခဲ့ပါသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီအမျိုးသမီးတစ်ဦးထံ(ဆင့်ပြန်သူ စဟလ်က ထိုအမျိုးသမီး၏အမည်ကို ဖေါ်ပြခဲ့သည်။)စေ လွှတ်တော်မူပြီး အသင်မသည်မိမိ၏အစေခံလက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားတော်မူသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေခဲ့ရာ ထိုကျွန်သည် တောအရပ်မှ ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ထို့နောက်ယင်းပလ္လင်ကို ၎င်းအမျိုးသ မီးထံယူဆောင်လာခဲ့သည်။ ထိုအခါ ထိုအန်ဆွာရီ အမျိုးသမီးသည် ယင်းပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ကိုယ်တော် ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ထို့နောက် ကျွန်ုပ်သည် ကိုယ်တော့်အား ယင်းပလ္လင်ပေါ်၌ဆွလာသ်ဝတ်ပြုတော်မူခဲ့သည်ကိုမြင်တွေ့ခဲ့သည်။ ကိုယ်တော်သည်ပလ္လင်ပေါ်တွင် သက္ကဗီးရ် ဆိုတော်မူသည် ထို့နောက်ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူသည်။ ထို့နောက် ကိုယ်တော်သည် ကိုယ်ကိုမလှည့်ဘဲ နောက်ပြန်ဆုတ်၍ (ပလ္လင်ပေါ်မှ)ဆင်းတော်မူပြီး ပလ္လင်ခြေရင်းတွင် စဂ်ျဒဟ် ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်သည် ပလ္လင်ပေါ်သို့ပြန်တက်၍ ဒုတိယအကြိမ် ထိုအ တိုင်းဝတ်ပြုတော်မူသည်။ ဝတ်ပြုပြီးသောအခါ ကိုယ်တော်သည် လူများရှိရာဘက်သို့လှည့်တော်မူပြီး « အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
متفق عليهလူအချို့သည် ဆွဟာဗဟ်တစ်ပါးထံလာရောက်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ မင်န်ဗရ်ပလ္လင်သည် အဘယ်အရာဖြင့် ပြုလုပ်ထားကြောင်း မေးမြန်းကြသည်။ ၎င်းတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ အမြင်ကွဲပြားနေခဲ့ကြသည်။ ထိုအခါ ထိုဆွဟာဗဟ်က ပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လက်သမား အစေခံတစ်ဦးကိုပိုင်ဆိုင်သော အန်ဆွာရီအမျိုးသမီးတစ်ဦးထံ စေလွှတ်တော်မူပြီး အသင်မသည် မိမိ၏အစေခံလက်သမားကို ကျွန်ုပ်အတွက်သစ်သားများဖြင့် (ပလ္လင်တစ်ခု)ပြုလုပ်ပေးရန် ခိုင်းစေပါ။ ငါကိုယ်တော်သည် လူတို့အားတရားဟောကြားသည့်အခါ ၎င်းပေါ်တွင် ထိုင်တော်မူမည်ဟုပြောကြားစေခဲ့သည်။ ထိုအမျိုးသမီးသည် ကိုယ်တော်မှာကြားသည့်အတိုင်း မိမိ၏အစေခံကျွန်အား ခိုင်းစေခဲ့ရာ ထိုကျွန်သည် ဆစ်နီသားဖြင့် ထိုပလ္လင်ကိုပြုလုပ်ခဲ့သည်။ ယင်းပလ္လင်အားပြုလုပ်ပြီးနောက် ထိုအန်ဆွာရီ အမျိုးသမီးသည် ပလ္လင်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက်ဗလီ၌ကိုယ်တော် ညွှန်ကြားသည့်နေရာတွင် ပလ္လင်ကိုထားလိုက်ကြသည်။ ၎င်းနောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပလ္လင်ပေါ်တွင် သက္ကဗီးရ်ဆို၍ ဆွလာသ်ဝတ်ပြုတော်မူခဲ့သည်။ ထို့နောက် ထိုပလ္လင်ပေါ်၌ပင် ရုကူအ် ဦးညွှတ်တော်မူသည်။ ထို့နောက် ကိုယ်တော်သည် မျက်နှာကို နောက်သို့မလှည့်ဘဲ နောက်ပြန်ဆုတ်၍(ပလ္လင်ပေါ်မှ)ဆင်းတော်မူပြီး ပလ္လင်ခြေရင်းတွင် စဂ်ျဒဟ် ဦးချတော်မူသည်။ ထို့နောက် ကိုယ်တော်သည် ပလ္လင်ပေါ်သို့ပြန်တက်၍ ဒုတိယအကြိမ် ထိုအတိုင်းဝတ်ပြုတော်မူသည်။ ဝတ်ပြုပြီးသောအခါ ကိုယ်တော်သည် လူများရှိရာဘက်သို့လှည့်၍ «အို - လူအပေါင်းတို့ ကျွန်ုပ်ဤသို့ပြုလုပ်ရသည်မှာ အသင်တို့သည် ကျွန်ုပ်ဝတ်ပြုသည့်အတိုင်း လိုက်နာဝတ်ပြုကြရန်နှင့် ကျွန်ုပ်၏ဆွလာသ်ဝတ်ပြုပုံကို အသင်တို့သင်ယူနိုင်ကြစေရန်အတွက်ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။
ဟိသ်သွာန်ဗင်န် အဗ္ဗဒုလ္လာဟ် အလ်ရကာရှီးက ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အဗူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)နှင့်အတူ ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖတ်ရန်) ထိုင်သည့်အခါ (ဆွလာသ်ဆောက်တည်နေသည့်) လူတို့အနက်မှတစ်ဦးက ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည် ဟုဆိုလိုက်သည်။ ဆင့်ပြန်သူက ပြောပြသည်မှာ အဗူမူစာအရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)သည် စလာမ် လှည့်၍ ဆွလာသ်ကို အဆုံးသတ်ပြီးသည့်အခါ နောက်သို့လှည့်၍ အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု မေးမြန်းခဲ့သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ထို့နောက် ၎င်းက အသင်တို့အနက် ဒီလို ဒီလိုစကားလုံးမျိုး မည်သူပြောကြားပါသနည်းဟု ထပ်၍ မေးမြန်းခဲ့သည်။ လူတို့သည် တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ထို့ကြောင့် ၎င်းက အို - ဟိသ်သွာန် ထိုစကားကို သင်ပြောလိုက်တာ ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည်။ ဟိသ်သွာန်က ထိုစကားကို ကျွန်တော်မပြောခဲ့ပါ။ ထိုစကားကြောင့် သင်ကျွန်တော့်အား အပြစ်တင်မည်ကို စိုးရိမ်မိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ လူတို့အနက်မှတစ်ဦးက ထိုစကားကိုကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်သည် အကောင်းကိုသာ ရည်ရွယ်ခဲ့ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အသင်တို့၏ဆွလာသ်ထဲတွင် မည်သို့ရွတ်ဆိုရမည် သင်တို့မသိကြလေသလော။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကျွန်ုပ်တို့အား ‘ခွသ်ဗဟ်’ တရားဟောကြားတော်မူကာ ကျွန်ုပ်တို့(လိုက်နာရမည့်) စွန္နဟ်တော်များကို ရှင်းပြတော်မူပြီး ကျွန်ုပ်တို့၏ဆွလာသ်နှင့်ပတ်သက်၍ သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းက ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ‘သက္ကဗီရ်’ဆိုကြပါ။ ၎င်းက (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အသင်တို့ (၏တောင်းဆု)ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ (ဦးညွှတ်ရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက်ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့(၏ တောင်းဆု)ကိုကြားသိတော်မူ၏။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးချကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ (ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏)ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ ‘သရှဟ်ဟုဒ်’ ဖတ်ရန် ထိုင်သည့်အခါ အသင်တို့အနက် လူတိုင်းပထမဦးဆုံးရွတ်ဖတ်ရမည့်အရာမှာ “အသ်ဟိယ္ယာသုသ် သွိုက်ယိဘာသုဆ် ဆွလဝါးသု လိလ်လာဟိ အတ်စ် စလာမုအလိုင်က အိုက်ယုဟန်နဗိယ္ယု ဝရဟ်မသွလ်လာဟိ ဝဘရကားသုဟူ၊ အတ်စ် စလာမုအလိုင်းနာ ဝအလာ အိဘာဒိလ်လာဟိစ်စွာလိဟီးန်၊ အရှ်ဟဒုအန်လ် လာအိလာဟ အိလ်လလ်လာဟု ဝအရှ်ဟဒု အန်န မုဟမ္မဒန် အဗ်ဒုဟူ ဝရစူလုဟူ” နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်းချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်နှင့် အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းများ အပေါ်သို့ သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်း သက်သေခံပါ၏။ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။)
رواه مسلمဆွဟာဗဟ်ကြီး အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)သည် ဆွလာသ်ဆောက်တည်ခဲ့သည်။ ၎င်းက (သရှဟ်ဟုဒ်ဖတ်ရန်) ထိုင်သည့်အခါ အနောက်မှလိုက်ဖတ်သူများအနက်မှ တစ်ဦးက ကုရ်အာန်ကျမ်းမြတ်တွင် ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည်ဟု ဆိုခဲ့သည်။ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)သည် ဆွလာသ်ကို အဆုံးသတ်ပြီးသည့်အခါ အနောက်မှလိုက်ဖတ်သူများဘက်သို့ မျက်နှာမူကာ အသင်တို့အနက် ကုရ်အာန်ကျမ်းမြတ်တွင် ဆွလာသ်သည် ကောင်းမှုဖြင့်လည်းကောင်း၊ ဇကာသ်ဖြင့်လည်းကောင်းတွဲ၍ အမိန့်ပေးခြင်းခံရသည်ဟု မည်သူပြောကြားပါသနည်းဟု မေးမြန်းခဲ့သည်။ လူတို့သည်တိတ်ဆိတ်စွာပင် ရှိနေခဲ့ကြသည်။ ၎င်းတို့အနက် မည်သူမျှ အဖြေမပေးဘဲ နှုတ်ဆိတ်၍နေကြသည်။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မေးမြန်းခဲ့သည်။ မည်သူမျှ အဖြေမပေးသည့်အခါ အဗူမူစာ(ရဿွိယလ္လာဟုအန်ဟု)က အို - ဟိသ်သွာန် ထိုစကားကို သင်ပြောလိုက်တာ ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည်။ ထိုသို့ပြောကြားခြင်းသည် ဟိသ်သွာန်၏ ရဲရင့်မှု၊ သူနဲ့ရင်းနှီးမှု၊ ဆွေမျိုးတော်စပ်မှုကိုအကြောင်းပြု၍ သူ့အားပြစ်တင်ပြောဆိုခြင်းဖြင့် ၎င်းအတွက် ထိခိုက်မှုမရှိနိုင်ခြင်းနှင့် ပြောဆိုသူ အစစ်အမှန်ကို ဝန်ခံလာစေရန်အတွက် ဖြစ်သည်။ထိုအခါ ဟိသ်သွာန်က မိမိမပြောဆိုကြောင်း ငြင်းဆိုကာ ထိုစကားကို ကျွန်တော်ပြောခဲ့သည်ဟုထင်၍ ကျွန်တော့်အား သင်အပြစ်တင်မည်ကို စိုးရိမ်မိပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ လူတို့အနက်မှတစ်ဦးက ထိုစကားကိုကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်သည် အကောင်းကိုသာ ရည်ရွယ်ခဲ့ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ အဗူမူစာ (ရဿွိယလ္လာဟုအန်ဟု)က ထိုသူ့ကိုသင်ကြားပေးသည့်အနေဖြင့် အသင်တို့၏ဆွလာသ်ထဲတွင် မည်သို့ရွတ်ဆိုရမည်ကို မသိကြလေသလောဟု ပြောကြားခဲ့သည်။ ဤသည် အဗူမူစာက ထိုစကားကိုလက်ခံဘဲ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အဗူမူစာကပြောပြသည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်ခါက သူတို့အား ‘ခွသ်ဗဟ်’ တရားဟောကြားတော်မူကာ ၎င်းတို့အား(ရှရီအဟ်) တရားဥပဒေများကို ရှင်းပြပြီး၊ ဆွလာသ်ကို သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- အသင်တို့ ဆွလာသ်ဆောက်တည်သည့်အခါ ဆွဖ်အတန်းများကို ညီညာစွာ စီတန်းကြပါ။ ထို့နောက် အသင်တို့အနက်မှတစ်ဦးအား သင်တို့အတွက် အိမာမ်ရှေ့ဆောင်အဖြစ် သတ်မှတ်ပါ။ ၎င်းကဆွလာသ်အစပြုသည့် ‘သက္ကဗီရ်’ဆိုလျှင် အသင်တို့လည်း ထိုအတိုင်း‘သက္ကဗီရ်’ဆိုကြပါ။ ၎င်းက စူရဟ် ဖာသိဟဟ်ရွတ်ဖတ်ပြီး (غَيْرِ ٱلْمَغْضُوبِ عَلَيْهِمْ وَلَا ٱلضَّآلِّينَ) (စူရဟ် ဖာသိဟဟ် :၇)ကို ရွတ်ဆိုသည့်အခါ အသင်တို့ အာမီးန် ဆိုကြပါ။ အကယ်၍ သင်တို့ထိုအတိုင်းဆိုကြပါက အသင်တို့ (၏တောင်းဆု)ကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည်ဖြစ်သည်။ ၎င်းက သက္ကဗီရ်ဆိုပြီး ဦးညွှတ်သည့်အခါ အသင်တို့လည်း သက္ကဗီရ်ဆိုပြီး ဦးညွှတ်ကြပါ။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးညွှတ်ရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ သင်တို့သည် အိမာမ်ရှ့ဆောင်ထက် အလျင်မလုပ်ရပါ။ အဘယ့်ကြောင့်ဆိုသော် အီမာမ်က သင်တို့ထက်အလျင် ဦးညွှတ်လိုက်သည့် အခိုက်အတန့်သည် အီမာမ် ဦးညွှတ်ရာမှ ထပြီးနောက် သင်တို့ ဦးညွှတ်ခြင်း၌ ကျန်ခဲ့သည့် အခိုက်အတန့်နှင့် ကြာချိန်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ပထမကြာချိန်နှင့် ဒုတိယကြာချိန်သည် တူညီသွားသည်။ သို့ဖြစ်၍ အသင်တို့ဦးညွှတ်သည့် အချိန်အတိုင်းအတာသည် အိမာမ်ဦးညွှတ်သည့် အချိန်အတိုင်းအတာနှင့် တူညီသွားသည်။ အိမာမ်က ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အရှင်မြတ်လက် ခံတော်မူပါ)ဟု ဆိုလျှင် အသင်တို့က ‘အလ္လာဟွမ္မ ရဗ္ဗနာလကလ်ဟမ်ဒ်’(အို ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာလျှင်ဖြစ်ပါ၏)ဟု ဆိုကြပါ။ အကယ်၍ အနောက်မှလိုက်ဖတ်သူ မုဆွလ္လီများ ထိုသို့ဆိုကြပါက အလ္လာဟ်အရှင်မြတ်သည် သူတို့၏တောင်းဆုကို ကြားသိတော်မူ၏။ ဧကန်မုချ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအားချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းထောမနာပြုမှုကို လက်ခံတော်မူကြောင်း မိမိ၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နှုတ်တော်မှတဆင့် အမိန့်ရှိတော်မူခဲ့သည်။ ထို့နောက် အိမာမ်က သက္ကဗီရ်ဆိုပြီး ဦးချသည့်အခါ နောက်မှလိုက်ဖတ်သူများလည်း သက္ကဗီရ်ဆိုပြီး ဦးချရမည်ဖြစ်သည်။ ဧကန်အမှန်ပင် အိမာမ်ရှေ့ဆောင်သည် အသင်တို့အလျင် ဦးချရမည်ဖြစ်ပြီး အသင်တို့ထက်အလျင် ပြန်ထရမည်။ ထို့ကြောင့် ပထမကြာချိန်နှင့် ဒုတိယကြာချိန်သည် တူညီသွားသည်။ ဦးချရာတွင် အိမာမ်နှင့် နောက်လိုက်တို့၏ကြာမြင့်ချိန် နှစ်ခုသည် အတူတူပင်ဖြစ်သည်။ သရှဟ်ဟုဒ်ဖတ်ရန် ထိုင်သည့်အခါ အနောက်မှလိုက်ဖတ်သူအနေဖြင့် ပထမဦးဆုံးရွတ်ဖတ်ရမည့်အရာမှာ ‘အသ်ဟိယ္ယာသုသ် သွိုက်ယိဘာသုဆ် ဆွလဝါးသု လိလ်လာဟိ’ စိုးပိုင်အုပ်ချုပ်မှုသည်လည်းကောင်း၊ အမြဲထာဝရရှိနေခြင်းသည်လည်းကောင်း၊ ကြီးကျယ်မြင့်မြတ်မှုအလုံးစုံတို့သည်လည်းကောင်း မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်တော်မူသည်။ ထိုနည်းတူပင် ငါးကြိမ်ဆွလာသ်သည်လည်း အလ္လာဟ်အရှင်မြတ်အတွက်သာလျှင်ဖြစ်သည်။ ‘အတ်စ် စလာမုအလိုင်က အိုက်ယုဟန်နဗိယ္ယု ဝရဟ်မသွလ်လာဟိ ဝဘရကားသုဟူ၊ အတ်စ် စလာမုအလိုင်းနာ ဝအလာ အိဘာဒိလ်လာဟိစ်စွာလိဟီးန်’ ချွတ်ယွင်းမှု၊ ဘေးဒုက္ခ၊ ချို့တဲ့မှု၊ မကောင်းမှုများမှ ငြိမ်းချမ်းမှုရရှိရန် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံခြင်းဖြစ်သည်။ ထို့နောက် ကျွန်တော်တို့သည် တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်သို့လည်းကောင်း၊ မိမိတို့ အပေါ်သို့လည်းကောင်း၊ အရှင်မြတ်၏ ဝတ္တရားများနှင့် အရှင့်ကျေးကျွန်များ၏ ဝတ္တရားများကို ထမ်းဆောင်ကြသော အလ္လာဟ်အရှင်မြတ်၏ကျွန် သူတော်စင်၊ သူတော်ကောင်းများ အပေါ်သို့လည်းကောင်း ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်စေရန် တောင်းခံကြသည်။ ‘အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်’ ထို့နောက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုးတို့သက်သေခံကြသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် ဖရ်ဿ်ွ ဆွလာသ်တွင်ဖြစ်စေ၊ နဖ်လ်ဆွလာသ်တွင်ဖြစ်စေ၊ ရမ်ဿွာန်လတွင်ဖြစ်စေ၊ အခြားလများတွင်ဖြစ်စေ ဆွလာသ်တိုင်း၌ သက္ကဗီရ် ရွတ်ဆိုလေ့ရှိသည်။ သို့ဖြစ်၍ သာဝကြီးသည် မတ်တတ်ရပ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်သည့်အခါ သက္ကဗီရ် ရွတ်ဆိုသည်။ ထို့နောက် ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးမချမီ ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချရန် ကိုယ်ကိုကိုင်းညွှတ်သည့်အခါ ‘အလ္လာဟုအက္ကဗရ်’ ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် ‘စဂ်ျဒဟ်’ဦးချသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် မိမိဦးခေါင်းကို ‘စဂ်ျဒဟ်’ဦးချရာမှ ပြန်ကြွသည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ ထို့နောက် နှစ်ရကအသ်၌ ထိုင်ပြီးနောက် ပြန်လည်မတ်တတ်ရပ်သည့်အခါ သက္ကဗီရ်ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ရကအသ်တိုင်းတွင် ထိုအတိုင်းပင်ပြုလုပ်လေသည်။ ထို့နောက် ဆွလာသ်ပြီးဆုံးသွားသည့်အခါ ၎င်းကပြောကြားသည်မှာ အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။
متفق عليهသာဝကကြီး အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုပုံစံ တစ်စိတ်တစ်ပိုင်းကို ဆင့်ပြန်ခဲ့သည်။ ၎င်းကပြသသည်မှာ သူသည် ဆွလာသ်ဆောက်တည်ရန် မတ်တပ်ရပ်သည့်အခါ သက္ကဗီရ်သဟ်ရီမဟ် ရွတ်ဆိုသည်။ ထို့နောက် ‘ရုကူအ်’ ဦးညွှတ်ရန်သွားသည့်အခါ၊ စဂ်ျဒဟ်ဦးချရန်သွားသည့်အခါ၊ စဂ်ျဒဟ်မှပြန်ထသည့်အခါ၊ ဒုတိယ စဂျ်ဒဟ်ဦးချသည့်အခါ၊ ၎င်းမှပြန်ထသည့်အခါ၊ သုံးရကအသ်ရှိသည့်ဆွလာသ် (သို့) လေးရကအသ်ရှိသည့်ဆွလာသ်တွင် ပထမ နှစ်ရကအသ်ပြီးနောက် ပထမသရှဟ်ဟုဒ်အတွက် ထိုင်ပြီးနောက် မတ်တပ်ပြန်ရပ်ရာတွင် သက္ကဗီရ် ရွတ်ဆိုသည်။ သူသည် ဆွလာသ်ပြီးဆုံးသည်အထိ ဆွလာသ်ထဲတွင် ထိုအတိုင်းပြုလုပ်ခဲ့သည်။ ရုကူအ်မှမိမိ၏ကျောကို ပြန်ကြွသည့်အခါ ‘စမိအလ္လာဟု လိမန်ဟမိဒဟ်’ ဆိုသည်။ ထို့နောက် မတ်တပ်ရပ်လျက် ‘ရဗ္ဗနာဝလကလ်ဟမ်ဒ်’ဟုဆိုသည်။ ထို့နောက် အဗူဟုရိုင်ရဟ်ရဿွိယလ္လာဟုအန်ဟု)က ဆွလာသ်ပြီးဆုံးသွားသည့်အခါပြောကြားသည်မှာ- အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိဉာဥ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုကဲ့သို့ပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
رواه ابن حبانတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မိမိဆွလာသ်အား ခိုးဝှက်သူသည် လူတို့အနက် အဆိုးရွားဆုံး ခိုးဝှက်သူပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းသည် တစ်ခါတစ်ရံ လောကီဘဝတွင် အကျိုးဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဆွလာသ်သူခိုးမှာမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် မိမိရရှိမည့်အကျိုးကုသိုလ်ကို ခိုးဝှက်လိုက်ခြင်းဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်သာဝကကြီးများက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည်‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့ကို ကောင်းမွန်ပြည့်စုံစွာမပြုဘဲ အလျင်အမြန် ပြုလုပ်ခြင်းဖြစ်သည်။
အစ်ဗ်နုအဗီအောင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကိုပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ္လာဟု လိမန်ဟမိဒဟ်၊ အလ္လာဟုမ္မ ရဗ္ဗနာလကလ်ဟမ်ဒ် မိလ်အတ်စ် စမာဝါသိ ဝမိလ်အလ် အရ်ဿွိ ဝမိလ်အ မာရှိအ်သ မင်န်ရှိုင်းအင်န် ဗအ်ဒု” (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။).
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ်လမ်)သည် ဆွလာသ်၌ ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကို ပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ်လာဟုလိမန်ဟမိဒဟ်” ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပြီး အကျိုးကုသိုလ်ချီးမြှင့်တော်မူသည်။ ထို့နောက် ဤဒုအာကိုရွတ်ဆိုကာ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုတော်မူသည်။ “အလ္လာဟုမ္မ ရဗ္ဗနာလကလ်ဟမ်ဒ် မိလ်အတ်စ် စမာဝါသိ ဝမိလ်အလ် အရ်ဿွိ ဝမိလ်အ မာရှိအ်သ မင်န်ရှိုင်းအင်န် ဗအ်ဒု” ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော မိုးနှင့်မြေကြားနှင့်အမျှဖြစ်သော၊ အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။
မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု)၏စာရေး ဝရ်ရားဒ်က ဆင့်ပြန်ပြောကြားခဲ့သည်။ မုဂီရဟ်ဗင်န်ရှုအ်ဗဟ်(ရဿွိယလ္လာဟုအန်ဟု)သည် မုအာဝိယဟ်(ရဿွိယလ္လာဟုအန်ဟု)ထံ ပေးပို့မည့်စာတွင် ရေးသားရန် ကျွန်တော့်အား ဤသို့နှုတ်တိုက်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ “လာအိလာဟ အိလ်လလ္လာဟု ဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိ ရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု“ (တုဖက်ယှဉ်ဖက်မရှိဘဲ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်းမရှိ၊ စိုးပိုင်မှုဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ချီးမွမ်းထောမနာခြင်းအပေါင်းတို့သည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ အို - အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသောအရာကိုလည်း ပေးကမ်းချီးမြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။)
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿွ်ဆွလာသ်ဝတ်ပြုပြီးတိုင်း ဤသို့ရွတ်ဆိုလေ့ရှိတော်မူသည်။ "လာအိလာဟ အိလ်လလ္လာဟုဝဟ်ဒဟူလာရှရီကလဟူ လဟုလ်မုလ်ကု ဝလဟုလ်ဟမ်ဒု ဝဟုဝအလာ ကုလ်လိရှိုင်အင်န်ကဒီးရ်၊ အလ္လာဟုမ်မ လာမာနိအ လိမာအအ်သွိုင်းသ ဝလာမုအ်သွိယ လိမာမနအ်သ ဝလာယန်ဖအုဇလ်ဂျဒ်ဒိ မင်န်ကလ်ဂျဒ်ဒု" ကျွန်တော်မျိုးသည် ကလိမဟ် သောင်ဝ်ဟီးဒ်(လာအိလာဟ အိလ္လလ္လဟ်)ကို သက်သေခံအပ်ပါသည်။ စစ်မှန်သည့် ခဝပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြောင်း ကျွန်တော်မျိုးအတည်ပြုပြီး အခြားအရာများအတွက် မဟုတ်ကြောင်း ကျွန်တော်မျိုးငြင်းဆိုသည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိပါ၊ စစ်မှန်ပြည့်စုံသောအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။ မိုးကောင်းကင်နှင့် မြေပထဝီ၌ရှိရှိသမျှ ဝေနေယျအပေါင်းတို့၏ ချီးမွမ်းထောမနာမှုအလုံးစုံကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကသာ ခံယူထိုက်သည်။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။ အရှင်မြတ် သတ်မှတ်ထားသော ပေးကမ်းချီးမြှင့်မှုကို တားမြစ်နိုင်သူ၊ အရှင်မြတ် သတ်မှတ်ထားသော တားဆီးပိတ်ပင်မှုကို ပေးကမ်းချီးမြှင့်နိုင်သူဟူ၍ မရှိပါ။ အရှင်မြတ်ထံတော်၌ ဥစ္စာဓနရှင်၏ ကြွယ်ဝချမ်းသာမှုသည် မည်သည့်အကျိုးမျှမပြုနိုင်ပါ။ ကောင်းမြတ်သည့် အကျင့်သီလသည်သာလျှင် ၎င်းအား အကျိုးပြုနိုင်မည်ဖြစ်သည်။
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” (အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အို - အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။) ကို ရွတ်ဆိုလေ့ရှိသည်။
رواه أبو داود والنسائي وابن ماجه وأحمدတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ်နှစ်ခုကြားတွင် ထိုင်သည့်အခါ “ ရဗ်ဗိဂ် ဖိရ်လီး၊ ရဗ်ဗိဂ် ဖိရ်လီး” ကိုအကြိမ်ကြိမ်ရွတ်ဆိုတော်မူသည်။ ဤသည် ဗန္နဟ်ကျေးကျွန်အနေဖြင့် မိမိ၏ဖန်ဆင်းရှင်ထံတွင် မိမိ၏အပြစ်အကုသိုလ်များကိုပယ်ဖျက်ပေးရန်နှင့် မိမိ၏အမှားများကို ဖုံးကွယ်ပေးရန် တောင်းခံခြင်းဖြစ်သည်။