





























Categories
Discover our diverse collection of categories covering multiple topics to meet your various interestsDa\'wa cards that highlight great meanings of the verses of the Holy Quran and the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
No Ayat found for this category
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။“ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။” ဟူသည် ကုရ်အာန်ကျမ်းမြတ်အား အမြဲတစေ ပုံမှန်ရွတ်ဖတ်ကြပါဟု ဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော်၏ မိန့်ကြားချက်ဖြစ်သည့် “အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။”ဟူသောမိန့်ကြားချက်တွင် ပါရှိသည့် (အုကုလ်)ဟူသည့်စကားလုံးသည် (အိကာလ်) ၏ ဗဟုဝုစ်ကိန်းဖြစ်ပြီး ကုလားအုတ်အား ၎င်း၏အရှေ့ခြေဒူခေါင်းနားတွင် ချည်နှောင်ရန်အတွက် အသုံးပြုသည့် ကြိုးကို ခေါ်ဆိုသည်။ နှလုံးသားထဲတွင် အလွတ်ကျက်မှတ်ထားသော ကုရ်အာန်ကျမ်းမြတ်သည် ချည်တိုင်တွင် ကြိုးချည်ထားသော်လည်း ထွက်ပြေးသွားသည့် ကုလားအုတ်နှင့်တူကြောင်း ပမာပေးထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏စွမ်းအားဖြင့် ၎င်း (ကုရ်အာန်ကျမ်းမြတ်ကို အလွတ်ကျက်မှတ်ထားသူ)တို့အား ထိုကြီးကျယ်လှသည့် ကျေးဇူးတော်ကို ချီးမြှင့်ထားတော်မူသဖြင့် ၎င်းတို့သည် ကုရ်အာန်ကျမ်းမြတ်အား အမြဲကျက်မှတ်ပြီး ထိန်းသိမ်းထားရန်လိုအပ်သည်။ သို့ဖြစ်၍ ကုရ်အာန်အား မမေ့လျော့စေရန်အတွက် အပိုင်းလိုက်သတ်မှတ်ကာ နေ့စဥ်ပုံမှန်ရွတ်ဖတ်ရမည်ဖြစ်သည်။ သဘာဝအလျောက်ဖြစ်တတ်သည့်သဘောမျိုးဖြင့် ကုရ်အာန်ကျမ်းမြတ်အားမေ့လျော့သူသည် ဆိုးကျိုးမရှိသော်လည်း၊ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်အား အလွတ်ကျက်မှတ်နိုင်စွမ်း ချီးမြှင့်ထားပြီးနောက်အလေးမထားဘဲ လျစ်လျူရှုထားခြင်းကြောင့် မေ့သွားသူသည် အပြစ်ပေးခံရမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်အား ရင်ထဲတွင် ထိန်းသိမ်းထားနိုင်ရန်အတွက် အမြဲဂရုတစိုက် ရွတ်ဖတ်နေသင့်သည်။ထို့အတူ ကုရ်အာန်ကျမ်းမြတ်အတိုင်း လက်တွေ့လိုက်နာကျင့်သုံးရန်လည်း လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာကို လက်တွေ့ဆောင်ရွက်ခြင်းသည် ထိုအရာအား ထိန်းသိမ်းစောင့်ရှောက်ပေးပြီး အမြဲကျန်ရှိနေစေမည်ဖြစ်သည်။
အွတ်စ်မာန်ဗင်န်အဖ္ဖာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။
ဗုခါရီကျမ်း။“သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။”ဟူသော ဩဝါဒသည် အွမ္မသ်ထုတစ်ရပ်လုံးအား ရည်ညွှန်း၍မိန့်ဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် လူတို့အနက် အကောင်းဆုံးသူမှာ ကုရ်အာန်ကျမ်းမြတ်အား သင်ယူခြင်းနှင့် ပြန်လည်သင်ကြားပေးခြင်း ဟူသည့် အရည်အချင်းနှစ်ရပ်ဖြင့် ပြည့်စုံပင်သူဖြစ်သည်။ ၎င်းသည် ကုရ်အာန်ကျမ်းမြတ်အား အခြားသူထံမှသင်ယူပြီးနောက် အခြားသူများကို ပြန်လည်သင်ကြားပေးသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကုရ်အာန်ကျမ်းမြတ်အား သင်ယူခြင်းသည် အမွန်မြတ်ဆုံးပညာရပ်ပင်ဖြစ်သည်။ ထိုသို့ သင်ယူခြင်း၊ သင်ပေးခြင်းတွင် စကားလုံးများကို သင်ယူခြင်း၊ အဓိပ္ပါယ်များကို သင်ယူခြင်း အားလုံးပါဝင်သည်။ အကြင်သူသည် ကုရ်အာန်ကျမ်းမြတ်ကို အလွတ်ကျက်မှတ်ပြီး လူတို့အား ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်သည့်နည်းစနစ်ကို သင်ကြားပေးသည်ဖြစ်စေ၊ ကုရ်အာန်ကျမ်းမြတ်အား အလွတ်ကျက်မှတ်ရန် သင်ပြပေးသည်ဖြစ်စေ (စကားလုံးများကို) ပြန်လည်သင်ကြားပို့ချပေးခြင်း၌ အကျုံးဝင်ပေသည်။ မည်သူမဆို အထက်ပါ နည်းလမ်းအတိုင်း ကုရ်အာန်ကျမ်းမြတ်ကို သင်ယူခဲ့လျှင် ထိုသူသည် ကုရ်အာန်(၏စကားလုံးများကို) သင်ယူခြင်းတွင် အကျုံးဝင်သည်။ ဒုတိယအမျိုးအစားမှာ - အဓိပ္ပါယ်(သဖ်စီရ်အကျယ်ဖွင့်ဆိုမှု)ကို သင်ကြားပေးခြင်းဖြစ်သည်။ လူတစ်ဦးသည် ထိုင်ဝိုင်းပြုလုပ်ကာ လူတို့အား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်အား အကျယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်၍ သင်ကြားပေးခြင်းမျိုးဖြစ်သည်။ လူတစ်ဦးသည် အခြားသူများကို ကုရ်အာန်ကျမ်းမြတ် အကျယ်ဖွင့်ဆိုပုံနှင့် ထိုသို့ဖွင့်ဆိုရန် လိုအပ်သည့် စည်းမျဉ်းဥပဒေများကို သင်ကြားပေးပါက ဤသည် ကုရ်အာန်ကျမ်းမြတ်အား ပြန်လည်သင်ကြားပို့ချခြင်း၌ အကျုံးဝင်ပေသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။
မွတ်စ်လင်မ်ကျမ်း။အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ပြောပြခဲ့သည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နေအိမ်များတွင် ဆွလာသ်ဆောက်တည်ခြင်း၊ ကုရ်အာန်ကျမ်းမြတ်ရွတ်ဖတ်ခြင်းတို့ မပြုဘဲသင်္ချိုင်းများကဲ့သို့ ပြုလုပ်ထားခြင်းမှ တားမြစ်ထားသည်။ ဆွလာသ်ဆောက်တည်ခြင်းမရှိသော အိမ်များကို သင်္ချိုင်းများဟု ခေါ်ဆိုထားခြင်းမှာ သင်္ချိုင်းများ၌ ဆွလာသ်ဆောက်တည်ခွင့် မရှိသောကြောင့်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အမှန်ပင်ရှိုင်သွာန်သည် အိမ်သူအိမ်သားများက စူရဟ်ဗကရဟ် ရွတ်ဖတ်သည့်အိမ်မှ ထွက်ပြေးလေသည်။ထိုသို့ထွက်ပြေးရခြင်းမှာ စူရဟ်ဗကရဟ်ရွတ်ဖတ်သည့် ဗရကသ် မင်္ဂလာတော်နှင့် အိမ်သားတို့က ယင်းစူရဟ်တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးကြသည့်အတွက် ရှိုင်သွာန်သည် ၎င်းတို့အားလှည့်ဖျားရန်နှင့် လမ်းမှားစေရန်အတွက် မျှော်လင့်ချက်မဲ့သွားသောကြောင့်ဖြစ်သည်။
အဗူမတ်စ်အူးဒ်အလ်ဗဒရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ မည်သူမဆိုညမအိပ်မီအလျင် စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ဖတ်ရွတ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား မကောင်းခြင်းဟူသမျှနှင့်မနှစ်မြို့ဖွယ်ရာကိစ္စများမှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ အချို့သာသနာ့ပညာရှင်များက “၎င်းသူအတွက်လုံလောက်သွားပြီဖြစ်သည်”ဟူသည့် ဩဝါဒတော်၏ ဆိုလိုရင်းအား သဟဂျ်ဂျုဒ် ညဆွလာသ်အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က မိမိရွတ်ဖတ်လေ့ရှိသော ဇိကိရ်၊သိလာဝသ် စသည်တို့အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က သဟဂျ်ဂျုဒ် ညဆွလာသ်အထမြောက်စေရန်အတွက် အနိမ့်ဆုံး ဖတ်ရွတ်ရမည့် အတိုင်းအတာဖြစ်ကြောင်း စသည်ဖြင့် တင်ပြကြပြီး အချို့ကလည်း အခြားအဆိုများကို တင်ပြကြသည်။ တင်ပြခဲ့သော အဆိုတိုင်းသည် ဟဒီးဆ်စာသား၏ အလိုသဘောတွင် ပါရှိသဖြင့် အားလုံး မှန်ကန်ပေသည်။
အိဗ်နုမတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆိုအလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကိုရွတ်ဖတ်ခဲ့လျှင် ၎င်းသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။ ငါကိုယ်တော်သည်(အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည်အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။
သိရ်မိဇီကျမ်း။အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဤဟဒီးဆ်တော်၌ ဆင့်ပြန်ထားသည်မှာ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ မည်သည့်မွတ်စ်လင်မ်မဆို အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှ အက္ခရာတစ်လုံးကို ဖတ်ရွတ်ခဲ့လျှင် ၎င်းသူသည် အက္ခရာတစ်လုံးတိုင်းတွင် ကောင်းမှုဆယ်ခုရရှိမည်ဖြစ်သည်။ ကိုယ်တော်၏မိန့်ကြားချက်ဖြစ်သည့် “ငါကိုယ်တော်သည်(အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။” ၏ ဆိုလိုရင်းမှာ အက္ခရာသုံးလုံးပါရှိသော စကားလုံးကို အက္ခရာတစ်ခုဟု ငါကိုယ်တော်ဆိုလိုခြင်းမဟုတ်။ (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်ပြီး ထိုစကားလုံးအား ရွတ်ဖတ်သောသူသည် ကောင်းမှုသုံးဆယ် ရရှိမည်ဖြစ်သည်။ ဤသည်ကြီးကျယ်လှသော နိအ်မသ် စည်းစိမ်နှင့် အကျိုးကုသိုလ်ပင်ဖြစ်သည်။ ထို့ကြောင့်လူသားသည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်အား မြောက်မြားစွာရွတ်ဖတ်သင့်သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား အချိန်တိုင်း သတိရတသလျက် ရှိနေသည်။
အိမာမ် ဗုခါရီက ခိုင်မာပြတ်သားသော စာသားဖြင့် မုအလ္လက်(စနဒ်မပါဘဲ တမန်တော်မြတ်အမိန့်ရှိခဲ့သည်ဟု တိုက်ရိုက်) ဆင့်ပြန်ခဲ့သည်။“တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား အချိန်တိုင်း သတိရတသလျက် ရှိနေသည်။” ဟူသည့် ဟဒီးဆ်တော်၏အဓိပ္ပါယ်တွင် စွဗ်ဟာနလ္လာဟ်၊ လာအိလာဟအိလ္လလ္လာဟ်၊ အလ္လာဟုအက္ကဗရ်၊ အလ်ဟမ်ဒုလိလ္လာဟ် စသည့် ဇိက်ရ်တော် အမျိုးစားအားလုံးအပြင် ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ခြင်းလည်း ပါဝင်သည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ ဇိက်ရ်တော်များအနက်မှပင်ဖြစ်ပြီး အမွန်မြတ်ဆုံး ဇိက်ရ်တော်လည်းဖြစ်သည်။ “အချိန်တိုင်း”ဟူသည့် အလိုသဘောမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (ဟဒတ်စ် အဆ်ွဂရ်) ဝူဿွူမရှိသည့် အခြေနေမျိုး၌ဖြစ်စေ (ဟဒတ်စ် အက်ဗရ်) ရေချိုးရန် တာဝန်ထိုက်သည့် အခြေအနေမျိုး၌ ဖြစ်စေ အချိန်တိုင်း အလ္လာဟ်အရှင်မြတ်အား ဇိက်ရ်ပြုနေတော်မူသည်။ သို့သော် သာသနာ့ပညာရှင်များက အလ္လာဟ်အရှင်မြတ်အား ဇိက်ရ်တသခြင်းများအနက် (ဂျနာဗသ်) သံဝါသမှုကြောင့် ရေချိုးရန် တာဝန်ထိုက်သည့် ကိုယ်မသန့်ဖြစ်နေချိန်တွင် ကုရ်အာန်ကျမ်းမြတ်အား ဖတ်ရွတ်ခွင့်မရှိကြောင်း ခြွင်းချက်အနေဖြင့် တင်ပြကြသည်။ ထို့ကြောင့် ကိုယ်မသန့်ဖြစ်နေသူသည် ကိုယ်မသန့်ဖြစ်နေသည့် အခြေအနေမျိုး၌ ကုရ်အာန်ကျမ်းမြတ်အား ကြည့်၍ဖြစ်စေ၊ အလွတ်ဖြစ်စေ မည်သို့မျှ ဖတ်ရွတ်ခွင့်မရှိပေ။ အလီ(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည့် ဩဝါဒတော်၌ လာရှိသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် “ဂျုနုဗ်” ရေချိုးရန် တာဝန်ထိုက်သူ ဖြစ်နေသည့်အခြေနေမျိုးမှလွဲ၍ (အခြားအချိန်များတွင်)ကျွန်တော်တို့အား ကုရ်ကျမ်းတော်မြတ် ရွတ်ဖတ်ပြတော်မူသည်။ (အဟ်မဒ်ကျမ်း၊ အဗူဒါဝူးဒ်ကျမ်း၊ နစာအီကျမ်း၊ သိရ်မေဇီကျမ်း၊ အစ်ဗ်နုမာဂျဟ်ကျမ်း) ဓမ္မတာလာနေသော အမျိုးသမီးနှင့် မီးဖွားပြီး သွေးဆင်းနေသော အမျိုးသမီးတို့၏ အမိန့်သည် “ဂျုနုဗ်” သံဝါသမှုကြောင့် ရေချိုးရန် တာဝန်ထိုက်သူ၏ ပညတ်ချက်တွင် ပါဝင်မှု ရှိ၊မရှိနှင့် စပ်လျဥ်း၍ သာသနာ့ပညာရှင်များထံတွင် အဆိုများကွဲပြားကြသည်။ အထင်ရှားဆုံးအဆိုမှာ ထိုအမျိုးသမီး နှစ်မျိုးစလုံးသည် ကုရ်အာန်ကျမ်းမြတ်ကို အလွတ်ဖတ်ရွတ်ခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဓမ္မတာလာခြင်းနှင့် မီးဖွားပြီး သွေးဆင်းခြင်းတို့၏ ကာလသည် ရှည်လျားပြီး “ဂျုနုဗ်”နှင့်မတူဘဲ သူမတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်အား အခြေအနေတိုင်းတွင်ဖတ်ရွတ်ခွင့်ရှိသော်လည်း အပေါ့၊အလေးသွားချိန်၊ သံဝါသပြုချိန်နှင့် ကုရ်အာန်ကျမ်းမြတ်၏ ကြီးကျယ်မှုနှင့် မလျော်ကန်သော နေရာများ၊ ဥပမာ - ရေချိုးခန်းများ၊ အိမ်သာများနှင့် အခြားမသန့်ရှင်းသည့်နေရာများ၌ ဖတ်ရွတ်ခွင့်မရှိကြောင်း ခြွင်းချက်အဖြစ် သတ်မှတ်ထားသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ဆွလာသ်ဆောက်တည်သည့်အခါ ‘အွမ်မုလ်ကုရ်အာန်’(ကုရ်အာန်ကျမ်းမြတ်၏မိခင်) စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ချို့ယွင်းချက်ဖြစ်မည်၊ ချို့ယွင်းချက်ဖြစ်မည်၊ ချို့ယွင်းချက်ဖြစ်မည်၊ ပြည့်စုံမည်မဟုတ်ပေဟု မိန့်ကြားတော်မူခဲ့သည်။ အဗူဟုရိုင်ရဟ်အား ကျွန်ုပ်တို့သည် အိမာမ်ရှေ့ဆောင်၏နောက်မှ နောက်လိုက်အဖြစ်ဝတ်ပြုလျှင် မည်သို့ပြုရမည်နည်းဟု မေးမြန်းရာ ၎င်းက (စူရဟ် ဖာသိဟဟ်အား)တီးတိုးစွာဖတ်ပါဟု ဖြေကြားခဲ့သည်။ထို့နောက် ဆက်လက်ပြောကြားသည်မှာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား အရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်က “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ကျွန်က “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲမြတ်ထွဋ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ တစ်ခါတစ်ရံတွင် ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။ ၎င်းကျွန်က “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။ ထိုအခါကျွန်က “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။
မွတ်စ်လင်မ်ကျမ်း။အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဟဒီးဆ်သြဝါဒတော်တစ်ရပ်ကို ဆင့်ပြန်ခဲ့သည်မှာ အိမာမ်ရှေ့ဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ သို့မဟုတ် တစ်ဦးချင်းဆောက်တည်သူဖြစ်စေ မည်သူမဆို ဆွလာသ်ဆောက်တည်သည့်အခါ အသံထွက်ဖတ်ရသည့် ဆွလာသ်၌ဖြစ်စေ၊ တီးတိုးစွာဖတ်ရသည့် ဆွလာသ်၌ဖြစ်စေ၊ ဖရ်ဿ်ွ ဆွလာသ်၌ဖြစ်စေ၊ နဖ်လ် ဆွလာသ်၌ဖြစ်စေ ‘ကုရ်အာန်ကျမ်းမြတ်၏မိခင်’ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက ၎င်း၏ဆွလာသ်သည် ချို့ယွင်းချက်ဖြစ်မည် ပြည့်စုံမည်မဟုတ်ပေ။ ဆိုလိုသည်မှာ ၎င်း၏ဆွလာသ်သည် အထမြောက်မည်မဟုတ်ပေ။ ကိုယ်တော်သည် ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။ ဤဩဝါဒတော်သည် ဆွလာသ်တိုင်းတွင် စူရဟ်ဖာသိဟဟ်ဖတ်ခြင်း ဝါဂျိဗ်ဖြစ်ကြောင်း ခိုင်မာသည့်အထောက်အထား တစ်ရပ်ပင်ဖြစ်သည်။ ထိုအခါ အဗူဟုရိုင်ရဟ်အား ကျွန်ုပ်တို့သည် အိမာမ်ရှေ့ဆောင်၏နောက်မှ နောက်လိုက်အဖြစ်ဝတ်ပြုလျှင် မည်သို့ပြုရမည်နည်းဟု မေးမြန်းခဲ့ကြသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အိမာမ်ရှေ့ဆောင်၏နောက်မှ ‘မွက်သဒီ’ နောက်လိုက်အဖြစ် ဝတ်ပြုကြသည်။ သို့ဖြစ်၍ အိမာမ်နှင့်အတူ ဖတ်သည့်အခါ ကျွန်ုပ်တို့ စူရဟ်ဖာသိဟဟ် မဖတ်ရွတ်ပါက အပြစ်တစ်စုံတစ်ရာ ရှိပါသလားဟု မေးမြန်းကြရာ ၎င်းက (စူရဟ် ဖာသိဟဟ်အား)တီးတိုးစွာဖတ်ပါဟု ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ စူရာဖာသိဟဟ်အား အသံကျယ်စွာမဟုတ်ဘဲ အသံတိုးတိုးရွတ်ဖတ်ရမည်ဖြစ်သည်။ ထိုသို့ တီးတိုးစွာဖတ်ခြင်းကို အသံမထွက်ဘဲ စိတ်ထဲမှဖတ်ခြင်းဟု အဓိပ္ပါယ်ကောက်ယူခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘာသာဗေဒ ကျွမ်းကျင်သည့် ပညာရှင်များအားလုံးက ထိုသို့စိတ်ထဲမှဖတ်ခြင်းကို ရွတ်ဖတ်ခြင်းဟု မခေါ်ဆိုကြောင်း တညီတညွတ်တည်း လက်ခံထားကြသည်။ ထို့နောက် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)သည် မိမိတင်ပြသည့် အထောက်အထားကို ပို၍ခိုင်မာအားကောင်းစေရန်အတွက် အထောက်အထားတစ်ခုမှ နောက်အထောက်အထားတစ်ခုသို့ ပြောင်းလဲတင်ပြခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား အရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူသည်။ ဩဝါဒတော်၌ စူရဟ် ဖာသိဟဟ်ကို ဆွလာသ်ဟုခေါ်ဆိုခြင်းသည် ထိုစူရဟ်မပါဘဲ ဆွလာသ်အထမမြောက်သည့်အတွက်ဖြစ်သည်။ ဤနေရာတွင် အရာတစ်ခုလုံး၏အမည်ဖြင့် အစိတ်အပိုင်းတစ်ခုကို ခေါ်ဆိုထားခြင်းဖြစ်သည်။ တစ်ဝက်စီခွဲထားခြင်းဟူသည် အဓိပ္ပါယ်အရခွဲခြားထားခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် စူရာဖာသိဟဟ်၏ ပထမတဝက်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်း၊ အရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို မြွက်ဟခြင်း၊ အရှင်မြတ်အား ချီးကျူးထောမနာပြုခြင်း၊ အရှင်မြတ်သည် တစ်ဆူတည်းတစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းဖော်ပြခြင်း စသည်တို့ပါဝင်သည်။ ဒုတိယတဝက်တွင် ကျေးကျွန်သည် မိမိ၏မတတ်စွမ်းနိုင်မှု မိမိ၏လိုအပ်ချက်ရှိမှုတို့ကို ဝန်ခံခြင်း၊ ‘ဟိဒါယသ်’ လမ်းမှန်တရားပေါ်တွင် ခိုင်မြဲစွာရပ်တည်နိုင်ရန်နှင့် ထိုအပေါ် ကူညီဆောင်မတော်မူရန် တောင်းခံခြင်း စသည်တို့ပါဝင်သည်။ ဤသို့ခွဲခြားထားခြင်းကပင် “بسم الله الرحمن الرحيم” သည် စူရဟ်ဖာသိဟဟ်ထဲတွင် မပါဝင်ကြောင်းနှင့် ၎င်းသည် စူရဟ်တိုင်း၏အစတွင် လာရှိသော သီးသန့်အာယသ်တော်တစ်ပါးဖြစ်ကြောင်း အထောက်အထားတစ်ခုဖြစ်သည်။ ‘ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကိုရရှိမည်’ ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်က မိမိ၏ကျွန်၏ဒုအာကို လက်ခံမည်ဖြစ်ကြောင်း ကတိပြုထားခြင်းပင်ဖြစ်သည်။ ကျေးကျွန်က “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ဤသည်အရှင်မြတ်က ငါ၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကျယ်၍ ပြည့်စုံသည့်ဂုဏ်တော်များဖြင့်ချီးမွမ်းနေသည်ဟု မိန့်ကြားခြင်းဖြစ်သည်။ ကျေးကျွန်က “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပြီး ငါအရှင်မြတ်၏အဖန်ဆင်းခံများပေါ်တွင်ရှိသည့် အလုံးစုံသော နိအ်မသ်ကျေးဇူးတော်များကို ဝန်ခံသည့်အနေဖြင့် လှပသည့်ဂုဏ်တော်များကို ထပ်တလဲလဲရွတ်ဆိုနေသည် ဟုအမိန့်ရှိတော်မူ၏။ ၎င်းကျွန်က “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က “ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲမြတ်ထွဋ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။”ဆိုလိုသည်မှာ ငါ၏ကျွန်သည် ငါအရှင်မြတ်၏ကြီးကျယ်မှုကိုဖော်ထုတ်ပြီးမြင့်မြတ်လှသည့် ဂုဏ်တော်များနှင့် ငါအရှင်မြတ်အားချီးမွမ်းနေသည်။ ငါအရှင်မြတ်၏ ကြီးကဲမြတ်ထွဋ်မှုကို ဝန်ခံထွက်ဆိုနေသည်။ ကိုယ်တော်မြတ်မိန့်ကြားခဲ့သည့် “တစ်ခါတစ်ရံ ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။” ဟူသည်မှာ အရှင်မြတ်သည် အထက်တွင်ဖော်ပြခဲ့သည့် စကားနှစ်မျိုးစလုံး မိန့်ကြားတော်မူကြောင်းဆိုလိုခြင်းဖြစ်သည်။ သို့သော် “ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏” ဟူ၍ မိန့်ကြားခြင်းမှာ နည်းပါးသည်။ အရှင်မြတ်ထံ လွှဲအပ်ခြင်းဟူသည် အရှင်မြတ်အပေါ် ‘သဝက္ကုလ်’ ယုံပုံအားကိုးခြင်းကို ဆိုလိုသည်။ “၎င်းကျွန်က “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။” ယင်းသည် အလ္လာဟ်အရှင်မြတ်နှင့် ကျေးကျွန်ကြားတွင် တစ်ဝက်စီဖြစ်ရခြင်းမှာ ၎င်း၏ပထမတစ်ဝက်သည် အရှင်မြတ်၏ကြီးကျယ်မှုနှင့် သောင်ဟီးဒ်တရားတော်ကို ဖော်ကျူးထားခြင်းဖြစ်ပြီး ၎င်းမှာ “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။”ဟူ၍ဖြစ်သည်။ ဒုတိယတစ်ဝက်၌ ကျေးကျွန်သည် မိမိ၏အရေးကိစ္စတိုင်းအတွက် အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံခြင်းဖြစ်သည်။ ၎င်းမှာ “ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏” ဟူ၍ဖြစ်သည်။ ထိုအာယသ်တော်၌ ကျေးကျွန်သည် အရှင်မြတ်ထံတော်တွင် ရိုကျိုးနှိမ့်ချခြင်း၊ အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံခြင်း၊ အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုနှင့် အရှင်မြတ်သည် မိမိထံမှ တောင်းခံသည့်အရာများကို ချီးမြှင့်နိုင်တော်မူသောအရှင်ဖြစ်ကြောင်းဖော်ပြခြင်း တို့ပါဝင်သည်။ “ထိုအခါကျွန်က ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။” စူရဟ်၏နောက်ဆုံးပိုင်းတွင် ကျေးကျွန်ကမိမိအတွက်မိမိ တောင်းခံခြင်းဖြစ်သောကြောင့် အရှင်မြတ်က ဤသည်ငါအရှင်မြတ်၏ကျွန်အတွက်သာဖြစ်ပြီး ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူလိုက်ပြီဟု မိန့်ကြားတော်မူခြင်းဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ကျွန်အား ၎င်း၏အရေးကိစ္စများအတွက် တောင်းခံသည့်အကူအညီကို ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း ကတိပြုထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် စူရဟ်ဖာသိဟဟ်အား ဆွလာသ်ဟုခေါ်ဆိုထားပြီး ယင်းအား မိမိနှင့် မိမိကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူကြောင်း ဤဟဒီးဆ်တော်မှ ညွှန်ပြထားသည်။ သို့ဖြစ်၍ မည်သူမဆို မိမိ၏ဆွလာသ်၌ ထိုစူရဟ်ကို မဖတ်ပါက ၎င်းသည် ဆွလာသ်ဝတ်ပြုသူဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် အိမာမ်ရှေ့ဆောင်ဖြစ်စေ၊ အိမာမ်နောက်မှ လိုက်ဖတ်သူဖြစ်စေ၊ တစ်ကိုယ်တည်းဝတ်ပြုသူဖြစ်စေ ဆွလာသ်ဝတ်ပြုသူတိုင်းသည် စူရဟ်ဖာသိဟဟ်အား အဖြစ်မနေရွတ်ဖတ်ရမည်ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုအချိန်သည် (ရှေးဦးမဆွကအီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။) (ကုရ်အာန် ၆:၁၅၈) ဟုဆိုထားသော အချိန်ပင်ဖြစ်သည်။ လူနှစ်ယောက်သည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကို ဖြန့်ကာ အရောင်းအဝယ် မလုပ်ရသေးမီ၊ ၎င်းအဝတ်ကို မခေါက်ရသေးမီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏နို့စားကုလားအုတ်မှ နို့ညှစ်ပြီး ပြန်သွားခဲ့ရာ ၎င်းနို့ကိုမသောက်မီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် မိမိရေကန်(၏အက်ကွဲကြောင်းများကို)ဖာထေးပြီး(ရေဖြည့်၍) မိမိ၏တိရစ္ဆာန်ကိုရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထမင်းလုတ်ကိုမြှောက်ပြီး ပါးစပ်ထဲမသွင်းရသေးမီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကနောက်ဆုံးခေတ်၌ဖြစ်ပေါ်လာမည့် ကိယာမသ်၏နိမိတ်လက္ခဏာများနှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်မှာ ကိယာမသ်သည် အနောက်အရပ်မှနေမထွက်မချင်း ဆိုက်ရောက်လိမ့်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်လာသောအခါ လူတို့မြင်တွေ့ကြပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုသို့ အနောက်အရပ်မှ နေထွက်ပေါ်လာသည့်အခါတွင် (ရှေးဦးမဆွကအီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူးဖြစ်ထွန်းစေမည်မဟုတ်ပေ။) ဤအာယသ်တော်၏ အလိုသဘောမှာ အနောက်အရပ်မှ နေထွက်ခြင်းနှင့် ကြုံကြိုက်ခဲ့သည့် ကာဖိရ်တစ်ဦးသည် ယခင်ကတည်းက အီမာန်သက်ဝင်ယုံကြည်မှု မရှိခဲ့သည့်အတွက် ထိုသို့ နေထွက်ပြီးနောက်မှ အီမာန်သက်ဝင်ယုံကြည်ခြင်းသည် ၎င်းအား မည်သို့မျှအကျိုးဖြစ်ထွန်းစေလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ အီမာန်သက်ဝင်ယုံကြည်ခြင်း၊ အမလ်ကောင်းမှုများ ဆောက်တည်ခြင်းသည် (ဂရ်ဂရဟ်) အသက်ထွက်ရန်ဝိညာဉ်သည် လည်မျိုသို့ရောက်သည့်အချိန်၌အီမာန်ယူပြီး အမလ်ကောင်းမှုများ ဆောက်တည်သည့်အမိန့်နှင့် အတူတူပင်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အီမာန်သက်ဝင်ယုံကြည်ခြင်းသည် မည်သို့မျှ အကျိုးရှိလိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (သို့တစေလည်း ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ ၎င်းတို့၏”အီမာန်” သက်ဝင်ယုံကြည်မှုသည် ၎င်းတို့အား အကျိုးပေးခဲ့သည် မဟုတ်ပေ။) ကုရ်အာန် (၄၀:၈၅) ဆွဟီးဟ် ဟဒီးဆ်တော်၌လာရှိသည်မှာ “လူတစ်ဦး၏ ‘သောင်ဝ်ဗဟ်’အမှားဝန်ချတောင်းပန်မှုသည် (အသက်ထွက်ရန်)ဝိညာဉ်သည် လည်မျိုသို့မရောက်မခြင်း လက်ခံခြင်းခံရလိမ့်မည်ဖြစ်သည်။”သဖ်စီးရ်ပညာရှင်အများစုက အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည့်((အမှန်စင်စစ်သော်ကား) အသင့်အားမွေးမြူတော်မူသောအရှင်မြတ်၏(ကြီးကျယ်သော)အချို့လက္ခဏာတော်ရောက်ရှိလာသောနေ့တွင်၊) ကုရ်အာန်(၆:၁၅၈)ဟူသော အာယသ်တော်တွင် ပါရှိသည့်“အချို့လက္ခဏာတော်”ဟူသည် အနောက်အရပ်မှ နေထွက်ခြင်းကို ဆိုလိုကြောင်း ဤဟဒီးဆ်တော်တွင် အထောက်ထားပါရှိသည်ဟု မိန့်ဆိုကြသည်။ နေသည်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးစွမ်းအားဖြင့်သွားလာ လည်ပတ်နေသည်ကို သိနားလည်ထားရမည်။ နေသည်(အနောက်အရပ်သို့) ဝင်ပြီးနောက် အရှင်မြတ်အား ဦးချတော်မူသည်။ ထို့နောက် နေသည် အရှင်မြတ်ထံတော်၌ မိမိအား( အရှေ့အရပ်မှ) ထွက်ခွင့်ပြုရန် ခွင့်တောင်းခဲ့ပြီး အရှင်မြတ်ကခွင့်ပြုလိုက်သည့်အခါ ၎င်းသည် နေထွက်ရာအရပ်သို့ပြန်လှည့်သွားသည်။ သို့သော် ထိုညသို့ရောက်သောအခါ အလ္လာဟ်အရှင်မြတ်က ၎င်းအားမိမိအလိုရှိသည်အထိ ထွက်ခွင့်ပြုမည်မဟုတ်ပေ။ထို့နောက် အရှင်မြတ်က (အသင်လာခဲ့သည့်နေရာသို့ ပြန်သွားလော့)ဟု မိန့်တော်မူမည်။ ထိုအခါ နေသည် နေဝင်ခဲ့သည့် အနောက်အရပ်သို့ပြန်လှည့်၍ ထိုနေရာမှပင် ထွက်ပေါ်လာမည်ဖြစ်သည်။ ဤအချိန်မတိုင်မီ ကာဖိရ်အဖြစ်ရှိခဲ့သူအား ၎င်း၏အီမာန်ယုံကြည်က သူ့အားမည်သို့မျှ အကျိုးပေးလိမ့်မည်မဟုတ်ပေ။ ရောင်းသူနှင့် ဝယ်သူနှစ်ဦးသည် မိမိတို့နှစ်ဦးကြား၌ မိမိတို့၏အဝတ်အထည်ကိုဖြန့်ကာအရောင်းအဝယ်မလုပ်ရသေးမီအလျင်၊ ၎င်းအဝတ်ကို မခေါက်မီအလျင် ကိယာမသ်ဆိုက်ရောက်လာမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိ၏နို့စားကုလားအုတ်မှ နို့ညှစ်ပြီး နို့ကိုမသောက်မီအလျင် ကိယာမသ် ဆိုက်ရောက်လာမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိရေကန်(၏အက်ကွဲကြောင်းများ)ကို ရွှံ့ဖြင့်ပြုပြင်ဖာထေးပြီး(ရေဖြည့်၍မိမိ၏တိရစ္ဆာန်ကို)ရေမတိုက်ရသေးမီအလျင် ကိယာမသ်ဆိုက်ရောက်လာမည်ဖြစ်သည်။ လူတစ်ဦးသည်ထမင်းစားရန်အတွက် ထမင်းလုတ်ကို ပါးစပ်နားသို့မြှောက်လိုက်ပြီး ၎င်းကိုမစားရသေးမီအလျင် ကိယာမသ် ဆိုက်ရောက်လာမည်ဖြစ်သည်။ ဤအကြောင်းအရာများအားလုံးသည်ကိယာမသ်နှင့်ပတ်သက်၍လာရှိထားခြင်းဖြစ်သည်။ ကိယာမသ်သည် ရုတ်တရက် ဆိုက်ရောက်လာမည်ဖြစ်ပြီး ထမင်းလုတ်ကို ပါးစပ်ထဲသို့ထည့်ခြင်းထက်ပင် ပို၍လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (ထိုမှတစ်ပါး ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှိတ်ကဲ့သို့သာလျှင် လျင်မြန်စွာဖြစ်မည်။ ထိုသို့ အလျင်းမဟုတ်။ စင်စစ်မှာကား (ထိုထက်ပင်)ပို၍ လျင်မြန်စွာဖြစ်မည်။)ကုရ်အာန် (၁၆:၇၇)
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။ ၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့ကခေါင်းထောင်ပြီးကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟုမေးလိမ့်မည်။ ၎င်းတို့ကဟုတ်ကဲ့ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား (သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထို့နောက်၎င်းက ကြေညာမည်မှာ အို-ငရဲသားအပေါင်းတို့ ၎င်းတို့ကခေါင်းထောင်ကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟု မေးလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား(သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထိုအခါသေခြင်းတရားသည်(သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ထို့နောက် ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့ သေခြင်းတရားမရှိတော့သည့်ထာဝရ(အကျိုး)ကိုခံစားကြကုန်။ တဖန်အို-ဂျဟန္နမ်ငရဲသားတို့ သေခြင်းတရားမရှိတော့သည့် ထာဝရ(ဒုက္ခ)ကို ခံစားကြကုန်။ ထို့နောက် ကိုယ်တော်မြတ်သည် (ဤအာယသ်တော်အား)ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) ကုရ်အာန် (၁၉း၃၉) ထိုမေ့လျော့မှု၌ ရှိနေကြသူတို့သည် လောကီသမားများပင် ဖြစ်ကြပေသည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉)
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ သေခြင်းတရားအား ကိယာမသ်နေ့၌ အနက်ရောင်နှင့် အဖြူရောင်အမွေးပါရှိသော သိုးတစ်ကောင်ပုံစံနှင့်ယူဆောင်လာမည်။၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့က ကြည့်ရှုရန်အတွက် လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်လိုက်ကြမည်။ ထိုအခါကြေညာသူက အသင်တို့ ဤသိုးကို သိကြလေသလောဟုမေးမြန်းလိမ့်မည်။ ထိုအခါ ဂျန္နသ်သုခဘုံသားတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် မိမိတို့အသက်ဝိညာဥ်ရုပ်သိမ်းခံရစဥ်အခါက ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ၎င်းက အို-ငရဲသားအပေါင်းတို့ဟု ခေါ်လိုက်ရာ ၎င်းတို့က ကြည့်ရှုရန်အတွက်လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်လိုက်ကြမည်။ထိုအခါကြေညာသူက အသင်တို့ ဤသိုးကိုသိကြလေသလောဟု မေးမြန်းလိမ့်မည်။ ထိုအခါ ငရဲဘုံသားတို့က ဟုတ်ကဲ့ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် မိမိတို့အသက်ဝိညာဥ်ရုပ်သိမ်းခံရစဥ်အခါက ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ထိုအခါ သေခြင်းတရားသည် (သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ ထို့နောက်ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့၊ ဂျန္နသ်၌အမြဲထာဝရ နေထိုင်ကြလော့။ ပထအကြိမ် သေဆုံးခဲ့ကြပြီးနောက် မည်သည့်အခါတွင်မျှ သင်တို့သေဆုံးကြတော့မည်မဟုတ်ပေ။ ထို့နောက်ကြေညာသူကပြောမည်မှာ အို-ငရဲဘုံသားတို့၊ သေခြင်းတရားလည်းမရှိ၊ စိတ်ချမ်းသာမှုလည်းမရှိ၊ အကျိုးရှိသောရှင်သန်ခြင်းလည်းမရှိတော့ဘဲ ဂျဟန္နမ်ငရဲ၌ အမြဲထာဝရနေထိုင်ကြလော့။ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအာယသ်တော်အား ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) နောင်တမလွန် အာခိရသ်သည် မေ့လျော့ပေါ့ဆသည့် နေရာဌာန မဟုတ်သောကြောင့် ကိုယ်တော်က အာယသ်တော်တွင်ပါရှိသော သူများဘက်သို့ညွှန်းဆိုကာ ဤသူတို့သည် လောကီသမားများပင်ဖြစ်ကြသည်ဟု ရှင်းပြတော်မူခဲ့သည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ဆိုလိုသည်မှာ ၎င်းတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြပြီး မေ့လျော့ပေါ့ဆစွာနေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် လောကီသမားများပင်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရနေထိုင်ရန် ထိုက်တန်သွားကြသည်။
No Benefits found for this category